Interviews Archives - ISP Myanmar China Desk

ပထဝီနိုင်ငံရေးအားပြိုင်မှုများအကြား မြန်မာနိုင်ငံ၏အခန်းကဏ္ဍ – ဒေါက်တာသီတာထွန်းအား မေးမြန်းခြင်း
ပထဝီနိုင်ငံရေးအားပြိုင်မှုများအကြား မြန်မာနိုင်ငံ၏အခန်းကဏ္ဍ

ဒေါက်တာသီတာထွန်းအား မေးမြန်းခြင်း

ဒေါက်တာသီတာထွန်းသည် မန္တလေးတက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးပညာဌာန၏ ပါမောက္ခ(ဌာနမှူး) ဖြစ်သည်။

(ယခု ဖော်ပြထားသည့် အင်တာဗျူးသည် ISP-Myanmar မှ ထုတ်ဝေနေသော မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးဂျာနယ် (The Myanmar Quarterly) အမှတ်-၅ အတွက် မေးမြန်းထားခြင်း ဖြစ်သည်။ မေးမြန်းမှုကို လွန်ခဲ့သည့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၂၈ ရက်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ယခုအင်တာဗျူးတွင် ပါဝင်သော သုံးသပ်ချက်များနှင့် အချက်အလက်များသည် ထိုအချိန်မတိုင်ခင်က (အထူးသဖြင့် ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုကြောင့် ဖြစ်ပေါ်ခဲ့သော အခင်းအကျင်းမတိုင်ခင်) အခြေအနေများကို ထင်ဟပ်ပါကြောင်း သိစေအပ်ပါသည်။ ယင်းအပြင် ကမ္ဘာလုံးဆိုင်ရာ အပြောင်းအလဲများ ဖြစ်ပေါ်စေသည်အထိ ရိုက်ခတ်မှုကြီးခဲ့သော ကိုဗစ်-၁၉ အခြေအနေများကြောင့် ယခု သုံးသပ်ချက်များအပြင် လေ့လာတွေ့ရှိချက်အသစ်များ ထွက်ပေါ်မှုရှိနိုင်သည်ကို ထည့်သွင်းစဉ်းစားသင့်ပါသည်။)

မေး။      ၂၀၁၈ ခုနှစ်ကစပြီး တရုတ်နဲ့ အမေရိကန်အကြား ကုန်သွယ်ရေးစစ်ပွဲတွေကအစ တောင်တရုတ် ပင်လယ်တွင်း အားပြိုင်မှုတွေအထိ  ပထဝီနိုင်ငံရေးပြိုင်ဆိုင်မှုတွေ အဘက်ဘက်မှာများလာခြင်းဟာ မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေပေါ်မှာ ဘယ်လိုသက်ရောက်မှုတွေ ရှိနိုင်ပါသလဲ။

ဖြေ။      ၂၀၁၈ ခုနှစ် တရုတ်နဲ့အမေရိကန် ကုန်သွယ်ရေးစစ်ပွဲမှာလည်း မြန်မာနဲ့ အရှေ့တောင်အာရှနိုင်ငံတွေ အပေါ် သက်ရောက်မှုရှိတယ်။ အရှေ့တောင်အာရှနိုင်ငံတွေက တရုတ်အပေါ် မှီခိုနေရတာလည်း ရှိတယ်။ အမေရိကန် တိုက်ရိုက်ကုန်သွယ်တဲ့နိုင်ငံတွေလည်းရှိနေတော့ အဓိက သူတို့နှစ်နိုင်ငံဖြစ်တော့ သက်ရောက်မှု ရှိတာပေါ့။ အရှေ့တောင်အာရှနိုင်ငံတွေဆီကို ရင်းနှီးမြှုပ်နှံမှုတွေ အရွှေ့အပြောင်းလုပ်ဖို့ လုပ်လာတယ်။ ရင်းနှီးမြှုပ်နှံသူတွေကလည်း စောင့်ကြည့်နေတယ်။ အဲဒီအခွင့်အရေးကို အခွင့်ကောင်း လုပ်ကြတယ်။ ဗီယက်နမ်ဆိုရင် ရှိနေပြီးသား ရင်းနှီးမြှုပ်နှံမှုကို ဆက်ထိန်းထားနိုင်သလို ကုန်သွယ်ရေးစစ်ပွဲကြောင့် ပြောင်းရွှေ့လာတဲ့ ရင်းနှီးမြှုပ်နှံမှုကိုလည်း ဆက်ပြီး ဆွဲဆောင်နိုင်တယ်။ မြန်မာကျတော့ အဲဒီအခွင့်အရေး ရခဲ့ပေမယ့် Infrastructure အားနည်းတာကြောင့်နဲ့ ပြည်တွင်းအခြေအနေကြောင့် အခွင့်အရေးကို ကောင်းကောင်း အသုံးမချနိုင်ခဲ့ဘူး။ တောင်တရုတ်ပင်လယ်တွင်း အားပြိုင်မှုမှာလည်း မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေပေါ်မှာ သက်ရောက်မှုတွေ ရှိနေပါတယ်။  သက်ဆိုင်ရာ ပါဝင်ပတ်သက်တဲ့ နိုင်ငံတွေ အနေနဲ့ တိုက်ရိုက်သက်ရောက်မှုတွေရှိနေပေမယ့် တိုက်ရိုက်မပတ်သက်တဲ့ နိုင်ငံတွေအနေနဲ့ကတော့ ဒေသတွင်းလုံခြုံရေးနဲ့ ပတ်သက်နေရပြန်တယ်။ တရုတ်ကိုလည်း ဒေသတွင်းနိုင်ငံတွေက မကင်းနိုင်ကြတဲ့အပြင် တိုင်လည်း တရုတ်ကအရေးမလုပ်တော့ ASEAN Statement ထုတ်တာတောင် လိမ္မာပါးနပ်စွာ သတိထားပြီး ထုတ်နေကြတာ တွေ့ရတယ်။ အမေရိကန်အနေနဲ့က တရုတ်ရဲ့အပြုအမူ ဆောင်ရွက်မှုတွေဟာ လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်နဲ့ ပျံသန်းခွင့်တွေကို ခြိမ်းခြောက်စိန်ခေါ်နေတယ်လို့ ယူဆတယ်၊ Code of Conduct ကိုပဲ အတည်ပြုဖို့ကြိုးစားနေကြရတယ်။  ရေပိုင်နက်ဧရိယာကိုအပြိုင်တောင်းဆိုကြရင် စစ်ရေးအသွင်မြင့်တက်ခြင်းက ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုမှာ လျော့ကျစေတာကြောင့် ဒေသရဲ့ ကုန်သွယ်ရေးကို အခြေပြုတဲ့ စီးပွားရေးမှာ ထိခိုက်မှုက ရှိနေတယ်။

မေး။      တရုတ်နိုင်ငံကလည်း ရပ်ဝန်းလမ်းကြောင်း စီမံကိန်းကို အကောင်အထည်ဖော်နေချိန်မှာ အမေရိကန်နဲ့ ဒေသတွင်းမဟာမိတ်တွေဖြစ်တဲ့ ဂျပန်၊ အိန္ဒိယ၊ ဩစတြေးလျ စတဲ့ နိုင်ငံတွေကလည်း လွတ်လပ်တဲ့၊ ပွင့်လင်းတဲ့ အင်ဒို–ပစိဖိတ်ဒေသဆိုပြီး ပထဝီနိုင်ငံရေး ဦးစီးဦးဆောင် ပြုမှုတစ်ရပ်ကို ကျယ်ကျယ်လောင်လောင် ပြောဆို လာကြပါတယ်။ ဒီ အင်ဒို–ပစိဖိတ်အဆိုပြုချက်တွေမှာ မြန်မာနိုင်ငံရဲ့ အခန်းကဏ္ဍက ဘယ်လိုအနေထားမှာ ရှိပါသလဲ။ ဒီအဆိုပြုချက်တွေဟာ မြန်မာနိုင်ငံရဲ့ ပထဝီနိုင်ငံရေး အရေးပါမှုကို ပိုမိုမြင့်တက်လာစေပါသလား။ ဘေးကျပ် နံကျပ် ပိုဖြစ်လာစေပါသလား။

ဖြေ။      တရုတ်ကလည်း ရပ်ဝန်းလမ်းကြောင်း စီမံကိန်းကို အကောင်အထည်ဖော်နေတယ်။ အမေရိကန်နဲ့ ဒေသတွင်း မဟာမိတ်တွေကလည်း Indo-Pacific Strategy ကို ပိုပြီး ဂရုစိုက်ဆောင်ရွက်လာကြတယ်။ အင်အားကြီးတဲ့နိုင်ငံတွေက အင်အားကြီးသလို လုပ်သွားပြီး အင်အားနည်းတဲ့နိုင်ငံတွေကတော့ အင်အားကြီး နိုင်ငံတွေလုပ်တာကို ခံနေရတဲ့ သဘောတွေ ရှိနေတယ်။ Dominant Power ဖြစ်တဲ့ အမေရိကန်နဲ့ Rising Power ဖြစ်တဲ့ တရုတ်ရဲ့ အားပြိုင်မှုက မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေမှာ သိသာထင်ရှားစွာ တွေ့နေရတယ်။ မြန်မာနိုင်ငံလို အင်အားချင်းမမျှတဲ့နိုင်ငံလေးတွေအတွက်ကတော့ သေချာစဉ်းစားပြီး ဆုံးဖြတ်ရမှာတွေ အများကြီး ရှိနေတယ်။ မြန်မာနိုင်ငံရဲ့ ပထဝီနိုင်ငံရေး အရေးပါမှုကတော့ မြင့်တက်လာမလား ဆိုတာထက် အင်အားကြီးနှစ်နိုင်ငံ ပြိုင်ဆိုင်တဲ့ Arena ဖြစ်နေတာတော့ အမှန်ပဲ။ အဲ့ဒီအရေးပါမှုကို အသုံးချတတ်ဖို့လည်း လိုသေးတယ်။ ဆုပေး ဒဏ်ပေးတာတွေလည်း အပြိုင်အဆိုင်လုပ်နေတယ်။ ဘေးကျပ် နံကျပ်တွေလည်း ပိုဖြစ်လာတယ်လို့ ယူဆရတယ်။ ကိုယ့်မှာရှိတဲ့ အားသာချက်ဟာ ကိုယ်သုံးတတ်ရင် ကိုယ့်အတွက်ရမယ်လေ။ ကိုယ်မသုံးတတ်ရင်၊ မှားသွားရင်တော့ ပထဝီနိုင်ငံရေး Concept ဖြစ်တဲ့ Shatter belt လို ပဲပေါ့။ ပြည်တွင်းပြည်ပ အခြေအနေတွေကြားမှာ ဆူးကြားက ဘူးခါးလေးလိုပါပဲ။

NLD အစိုးရလက်ထက်မှာ ရခိုင်ကိစ္စကြောင့် အမေရိကန်နဲ့ ဆက်ဆံရေး အနည်းငယ် တင်းမာခဲ့တော့ တရုတ်လွှမ်းမိုးမှုက ပိုမြင်သာလာတယ်။ အထူးသဖြင့် ရခိုင်ကိစ္စနဲ့ ငြိမ်းချမ်းရေး ကိစ္စတွေမှာ တရုတ်အခန်းကဏ္ဍကို တွေ့ရမယ်။ NLD အစိုးရလက်ထက်မှာ တရုတ်နဲ့ဆက်ဆံရေးက Balancing Strategy သုံးမရဘူး။ တရုတ်ရဲ့ နောက်မြီးဆွဲ (Bandwagoning) လုံးလုံးလည်းမဟုတ်ဘူး။ အင်အားအချိုးမညီတဲ့ ဆက်ဆံရေးဖြစ်နေလို့ မိမိအကျိုးစီးပွားကို အတတ်နိုင်ဆုံး ရအောင်ယူတဲ့ Hedging Strategy ကို သုံးနေတာတွေ့ရတယ်။

မေး။      တရုတ်၊ အမေရိကန်နဲ့ အခြား ဒေသတွင်း အင်အားကြီးနိုင်ငံတွေအကြား ပထဝီနိုင်ငံရေးပြိုင်ဆိုင်မှုတွေ ကို မြန်မာနိုင်ငံဟာ ဘယ်လိုမူဝါဒတွေနဲ့ ကိုင်တွယ်နေတယ်လို့ သုံးသပ်ပါသလဲ။

ဖြေ။      ဒီမေးခွန်းကို ဖြေရတာ အငြင်းပွားစရာပဲ။ ဘာလို့လဲဆိုတော့ ကိုယ့်အမြင် သူ့အမြင် ကွဲနိုင်ပါတယ်။ သေချာတာကတော့ မြန်မာနိုင်ငံဟာ အင်အားကြီးနှစ်နိုင်ငံရဲ့ ပထဝီနိုင်ငံရေး ပြိုင်ဆိုင်မှုနယ်ပယ်ထဲ ရောက်နေတယ်။ လက်ရှိ NLD အစိုးရလက်ထက်မှာ  တရုတ်နဲ့ဆက်ဆံရေးဟာ တပ်မတော်အစိုးရလက်ထက်က တရုတ်နဲ့ ဆက်ဆံရေးနဲ့ ခပ်ဆင်ဆင် တူတယ်။ တရုတ်ရဲ့ လွှမ်းမိုးမှုရှိနေတာ တွေ့နေရတယ်။ USDP အစိုးရလက်ထက်က တရုတ်နဲ့ဆက်ဆံရေးမှာ မြန်မာဘက်က တရုတ်လွှမ်းမိုးမှုကို ငြင်းဆန်တဲ့ (ဥပမာ- မြစ်ဆုံကိစ္စ) ဗျူဟာတွေကို တွေ့ရတယ်။ အမေရိကန်နဲ့ ဆက်ဆံရေးကလည်း အထိုက်အလျောက် အဆင်ပြေနေတယ်။ အဲ့ဒီတော့ တရုတ်ကို Soft Balancing လုပ်နိုင်တယ်။ NLD အစိုးရလက်ထက်မှာ ရခိုင်ကိစ္စကြောင့် အမေရိကန်နဲ့ ဆက်ဆံရေး အနည်းငယ် တင်းမာခဲ့တော့ တရုတ်လွှမ်းမိုးမှုက ပိုမြင်သာလာတယ်။ အထူးသဖြင့် ရခိုင်ကိစ္စနဲ့ ငြိမ်းချမ်းရေး ကိစ္စတွေမှာ တရုတ်အခန်းကဏ္ဍကို တွေ့ရမယ်။ NLD အစိုးရလက်ထက်မှာ တရုတ်နဲ့ဆက်ဆံရေးက Balancing Strategy သုံးမရဘူး။ တရုတ်ရဲ့ နောက်မြီးဆွဲ (Bandwagoning) လုံးလုံးလည်းမဟုတ်ဘူး။ အင်အားအချိုးမညီတဲ့ ဆက်ဆံရေးဖြစ်နေလို့ မိမိအကျိုးစီးပွားကို အတတ်နိုင်ဆုံး ရအောင်ယူတဲ့ Hedging Strategy ကို သုံးနေတာတွေ့ရတယ်။ တရုတ်လွှမ်းမိုးမှုကို ပိုတွေ့ရတဲ့ Limited Bandwagoning ဗျူဟာကို သုံးနေတယ်လို့ မြင်မိတယ်။ စီးပွားရေးအရ၊ နိုင်ငံရေးအရ၊ လုံခြုံရေးအရ ဆက်ဆံတဲ့နေရာမှာ အချိုးမညီတဲ့ ဆက်ဆံရေး (Asymmetric Relations) ဖြစ်လို့ ရလာတဲ့ အကျိုးအမြတ်ကလည်း အချိုးညီမှာတော့ မဟုတ်ဘူး။ အကျိုးစီးပွားမရဘူးလို့တော့ ပြောလို့မရပါဘူး။

မေး။      ၂၀၁၆ ခုနှစ်နောက်ပိုင်းကစပြီး အထူးသဖြင့် ၂၀၁၇ ခုနှစ်နောက်ပိုင်းမှာ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအပေါ်မှာ စီးပွားရေးအရ၊ နိုင်ငံရေးအရ၊ သံတမန်ရေးအရ သက်ရောက်လွှမ်းမိုးနိုင်မှုတွေဟာ ဘယ်ခေတ်နဲ့မှ မတူအောင်များလာခဲ့ပါတယ်။ တဖက်မှာလည်း မြန်မာနိုင်ငံရဲ့ နိုင်ငံခြားဆက်ဆံရေး နယ်ပယ်နဲ့ သံတမန်ဆက်ဆံရေးတွေဟာ တစတစ ဘောင်ကျဉ်းလာခဲ့ပါတယ်။ ဒီလိုအခြေအနေမှာ မြန်မာနိုင်ငံဟာ လွန်ဆန်ရမလွယ် အခြေအနေရောက်သွားနိုင်တဲ့ တရုတ်ရဲ့လွှမ်းမိုးမှုကို တစုံတရာ ပြန်ထိန်းညှိပြီး မိမိရဲ့ အကျိုးစီးပွားအတွက် လွတ်လပ်ပြီးတက်ကြွတဲ့ နိုင်ငံခြားရေးမူဝါဒအစဉ်အလာကို ဆက်လက်ထိန်းထားနိုင်မယ့် အခြေအနေမျိုး ရှိပါသလား။

ဖြေ။      လွတ်လပ်ပြီးတက်ကြွတဲ့ နိုင်ငံခြားရေးမူဝါဒကတော့ အစိုးရအဆက်ဆက် ကျင့်သုံးလာတဲ့ မူဝါဒပါပဲ။ ဘယ်အတိုင်းအတာထိ လွတ်လပ်လဲ၊ တက်ကြွလဲပဲ ကွာသွားကြတာပါ။ ကိုယ့်တိုင်းပြည်ရဲ့ အခြေအနေ၊ နိုင်ငံတကာစနစ်ရဲ့ အခြေအနေ၊ Decision-makers တွေရဲ့အခြေအနေ၊ အားလုံးခြုံငုံသုံးသပ်ပြီးတော့ အမျိုးသား အကျိုးစီးပွားကို အများဆုံး ကိုယ်ဘယ်လိုရနိုင်မယ်ဆိုတာ ဆုံးဖြတ်ပြီး မူဝါဒတွေကို ချမှတ်ကျင့်သုံးနေရတာပါပဲ။ Vital Interest ကို အထိပါးမခံဘဲ ကိုယ်လိုချင်တာကိုရအောင် လုပ်ရမှာပဲလေ။ ဒါ ငြင်းလို့မှမရတာပဲ။ အင်အားအရကိုက အချိုးမညီတဲ့ ဆက်ဆံရေးတွေ ဖြစ်နေတော့ ရတဲ့ အကျိုးကလည်း အချိုးညီစရာ မရှိပါဘူး၊ ဒါပေမဲ့ ကိုယ့်အတွက်လည်း ကျန်တယ်ဆိုရင်တော့ ကိုယ် လိမ္မာပါးနပ်ဖို့ပဲ လိုပါတယ်။ လက်ရှိနိုင်ငံခြားရေး မူဝါဒကို ဆက်ပြီးထိန်းထားနိုင်မလား ဆိုတာကတော့ တကယ်မူဝါဒချမှတ်တဲ့ အစိုးရရဲ့ မဟာဗျူဟာ ကျွမ်းကျင်မှုကလည်း အရေးကြီးတယ်။ ပြီးတော့ မြန်မာနိုင်ငံအပေါ်မှာ တရုတ်ရဲ့ လွှမ်းမိုးမှုကလည်း တရုတ်-အမေရိကန်အားပြိုင်မှုအပေါ်မှာလည်း မှီတည်နေတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံခြားရေးမူဝါဒကိုလည်း သက်ရောက်မှုတွေ ရှိလာမယ်။ မြန်မာနိုင်ငံအနေနဲ့ ဘယ်လိုအခြေအနေမှာ ဘယ်လိုမူဝါဒ၊ ဘယ်လိုဗျူဟာ ကျင့်သုံးရမယ် ဆိုတာကို အဆင်သင့်ပြင်ဆင်ထားဖို့ လိုအပ်တယ်။ ဥပမာအနေနဲ့ပြောရရင် အမေရိကန်နဲ့ တရုတ်အားပြိုင်မှု Power Relations က အားမျှနေရင် ဘယ်လိုမူဝါဒချမလဲ။ အင်အားကြီးနှစ်နိုင်ငံအနက် တဖက်ဖက်က ပိုပြီး Aggressive Intention ရှိနေရင် သေချာတာက မြန်မာနိုင်ငံကို ခြိမ်းခြောက်မှု ပိုအားကြီးလာမယ်။ အဲဒီတော့ (Neutral) ကြားနေရေးပဲ ဆက်နေမလား။ အမေရိကန်ကို ဆက်ဆံရေးကောင်းအောင်လုပ်ပြီး တရုတ်ကို Balancing လုပ်မလား။ ဒါမှမဟုတ် တရုတ်ရဲ့ နောက်မြီးဆွဲ လုပ်မှာလား။ လက်ရှိအတိုင်း Hedging Strategy နဲ့ သွားပြီး လွတ်လပ်ပြီးတက်ကြွတဲ့ နိုင်ငံခြားရေးမူဝါဒ ဆက်ထိန်းထားမလား။ ထိန်းထားနိုင်မယ့်အခြေအနေရော ရှိမှာလားဆိုတာ အစိုးရရဲ့ မဟာဗျူဟာကျတဲ့ လိမ္မာပါးနပ်မှုပေါ်မှာ မူတည်နေတယ်လို့ သုံးသပ်မိပါတယ်။

မေး။      ဒီပြောင်းလဲလာနေတဲ့ ပထဝီနိုင်ငံရေးအခင်းအကျင်းကို မဟာဗျူဟာမြောက် ရင်ဆိုင်နိုင်ဖို့ဆို မြန်မာနိုင်ငံအနေနဲ့ ဘယ်လို အကြောင်းအချက် အခြေအနေတွေကို သတိထား ကိုင်တွယ်ရမလဲ။ ဘယ်လိုပြင်ဆင်မှုမျိုးတွေက အထောက်အကူပြုစေနိုင်ပါသလဲ။

ဖြေ။      မဟာဗျူဟာမြောက် ရင်ဆိုင်နိုင်ဖို့ဆိုရင် ကိုယ့်မှာရှိတဲ့ အားသာချက်ဟာ ကိုယ်သုံးတတ်ရင် ကိုယ့်အတွက်ရမယ်လေ။ ကိုယ်မသုံးတတ်ရင်၊ မှားသွားရင်တော့ ပထဝီနိုင်ငံရေး Concept ဖြစ်တဲ့ Shatter belt လို ပဲပေါ့။ အခြေအနေကတော့ မိမိရဲ့ပြည်တွင်းအင်အား ကောင်းအောင်လုပ်ရင်း ပြည်ပကို ကိုင်တွယ်နိုင်ဖို့ကိုလည်း လက်တွေ့ဆန်တဲ့ မဟာဗျူဟာတွေ ချမှတ်သင့်ပါတယ်။ ပြည်တွင်းအင်အား ယူရမယ့်အချိန်မှာ Internal Balancing လုပ်ရမယ်။ ဆိုလိုတာက စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ လုံခြုံရေး ဘက်စုံ အင်အားကောင်းအောင် တည်ဆောက်ကြရမယ်။ External Balancing လည်း လုပ်ရမယ်။ မိမိမိတ်ဖက်နိုင်ငံများ၊ အာဆီယံနိုင်ငံများနဲ့လည်း ပူးပေါင်းပြီး အင်အားကောင်းအောင် လုပ်ရမယ်။ မိတ်ဆွေနိုင်ငံများ၏အားကို မိမိအားဖြစ်အောင်လုပ်ရမယ်။ မိမိကို ခြိမ်းခြောက်လာမယ့် အင်အားကြီး နိုင်ငံ၏ ပြိုင်ဖက်အင်အားကြီးနိုင်ငံကို Engagement Policy ကျင့်သုံးပြီး  မိမိတို့လမ်းကြောင်းပေါ်သို့ ရောက်ရှိလာအောင် လုပ်ရမယ်။ သို့မှသာ ခြိမ်းခြောက်နေတဲ့ အင်အားကြီးနိုင်ငံ၏ Aggressive Behaviour ကို ပြန်လည်ထိန်းချုပ်နိုင်မှာ ဖြစ်တယ်။

The post ပထဝီနိုင်ငံရေးအားပြိုင်မှုများအကြား မြန်မာနိုင်ငံ၏အခန်းကဏ္ဍ – ဒေါက်တာသီတာထွန်းအား မေးမြန်းခြင်း appeared first on ISP Myanmar China Desk.

ပထဝီနိုင်ငံရေးအားပြိုင်မှုများအကြား မြန်မာနိုင်ငံ၏အခန်းကဏ္ဍ – ဦးခင်မောင်လင်းအား မေးမြန်းခြင်း
ပထဝီနိုင်ငံရေးအားပြိုင်မှုများအကြား မြန်မာနိုင်ငံ၏အခန်းကဏ္ဍ

ဦးခင်မောင်လင်းအား မေးမြန်းခြင်း

ဦးခင်မောင်လင်းသည် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ (MISIS) ၏ တွဲဖက်အတွင်းရေးမှူး- ၁ ဖြစ်သည်။

(ယခု ဖော်ပြထားသည့် အင်တာဗျူးသည် ISP-Myanmar မှ ထုတ်ဝေနေသော မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးဂျာနယ် (The Myanmar Quarterly) အမှတ်-၅ အတွက် မေးမြန်းထားခြင်း ဖြစ်သည်။ မေးမြန်းမှုကို လွန်ခဲ့သည့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၂၆ ရက်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ယခုအင်တာဗျူးတွင် ပါဝင်သော သုံးသပ်ချက်များနှင့် အချက်အလက်များသည် ထိုအချိန်မတိုင်ခင်က (အထူးသဖြင့် ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုကြောင့် ဖြစ်ပေါ်ခဲ့သော အခင်းအကျင်းမတိုင်ခင်) အခြေအနေများကို ထင်ဟပ်ပါကြောင်း သိစေအပ်ပါသည်။ ယင်းအပြင် ကမ္ဘာလုံးဆိုင်ရာ အပြောင်းအလဲများ ဖြစ်ပေါ်စေသည်အထိ ရိုက်ခတ်မှုကြီးခဲ့သော ကိုဗစ်-၁၉ အခြေအနေများကြောင့် ယခု သုံးသပ်ချက်များအပြင် လေ့လာတွေ့ရှိချက်အသစ်များ ထွက်ပေါ်မှုရှိနိုင်သည်ကို ထည့်သွင်းစဉ်းစားသင့်ပါသည်။)

မေး။      ၂၀၁၈ ခုနှစ်ကစပြီး တရုတ်နဲ့ အမေရိကန်အကြား ကုန်သွယ်ရေးစစ်ပွဲ တွေကအစ တောင်တရုတ်ပင်လယ်တွင်း အားပြိုင်မှုတွေအထိ  ပထဝီနိုင်ငံရေးပြိုင်ဆိုင်မှုတွေ အဘက်ဘက်မှာများလာခြင်းဟာ မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေပေါ်မှာ ဘယ်လိုသက်ရောက်မှု တွေရှိနိုင်ပါသလဲ။

ဖြေ။      သက်ရောက်မှုတွေက Negative ရော Positive ရော ရှိတယ်။ Positive Effect အနေနဲ့ကတော့ Trade War Impact ကြောင့် အာဆီယံနိုင်ငံတွေဆီကို တရုတ်မှာရှိတဲ့ စက်ရုံ၊ အလုပ်ရုံ၊ ပြောင်းရွှေ့မှုတွေ ရှိလာတယ်။ နည်းပညာပိုင်းအရ ထိုင်းတို့၊ စင်ကာပူတို့လို နိုင်ငံတွေမှာ ရှိတဲ့ Tech ကုမ္ပဏီတွေက အကျိုးအမြတ် ရသွားကြတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံအနေနဲ့ကတော့ နည်းပညာ၊ Infrastructure, Doing business ပိုင်းတွေ အားနည်းတော့ ဒီလိုအခွင့်အရေးတွေ ရှိတာတောင် မဖမ်းဆုပ်နိုင်တဲ့အနေအထားမှာ ရှိပါတယ်။

Negative Effect အနေနဲ့ကတော့ Trade War ကြောင့် ငွေကြေး မတည်ငြိမ်မှုတွေ ဖြစ်တယ်။ ငွေကြေးမတည်ငြိမ်မှုတွေကြောင့် သွင်းကုန်၊ ထုတ်ကုန်တွေ လည်ပတ်တဲ့အခါ အရှုံးအမြတ်တွေက ခန့်မှန်းမရ ဖြစ်လာတယ်။ ဒါကြောင့် အာဆီယံနိုင်ငံများအတွင်း ကုန်သွယ်မှုတွေပါ မတည်ငြိမ်ဘူး။

နောက်တချက်က Trade War Impact ကြောင့် ကုန်သွယ်မှုလမ်းကြောင်းတွေ ပြောင်းတယ်။ စက်ရုံတွေ ရွှေ့သလိုပေါ့။ တရုတ်အနေနဲ့ အမေရိကန်နဲ့ တိုက်ရိုက်ကုန်သွယ်တဲ့အခါ အခွန်အခတွေ များတာကြောင့် အမေရိကန်နဲ့အဆင်ပြေတဲ့ အာဆီယံနိုင်ငံတွေ အဓိကအားဖြင့် ဗီယက်နမ်လိုနိုင်ငံမျိုးတွေကတဆင့် အမေရိကန်ကိုပို့တယ်။ ဒီလို Supply Chain တွေ ရွှေ့တာကို အမေရိကန်ဘက်က သိတဲ့အခါ အာဆီယံဒေသအတွင်း အချို့နိုင်ငံတွေအပေါ်မှာ ဖိအားပေးမှုတွေရှိလာတယ်။

မိမိအမြင်ကိုပြောရမယ်ဆိုရင် BRI က လက်တွေ့ကျကျ အကောင်အထည်ဖော်တဲ့ နိုင်ငံတကာစီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ဦးတည်ပြီး Indo-Pacific strategy ကတော့ နိုင်ငံရေး လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ရည်မှန်းဦးတည်ပါတယ်။ ဒါကြောင့် ဒီနှစ်ခုရဲ့ ဦးတည်ချက်က မတူဘူး။ မြန်မာနိုင်ငံက ဒီနှစ်ခုကြားမှာ Balance လုပ်နိုင်ရင်တော့ မြန်မာနိုင်ငံရဲ့  Geopolitic အရေးပါမှုက ပိုပြီးမြင့်တက်လာစေနိုင်တယ်။

မေး။      တရုတ်နိုင်ငံရဲ့ BRI နဲ့ အမေရိကန်နိုင်ငံတွေရဲ့ Indo-Pacific strategy တွေရဲ့ကြားထဲ မြန်မာပြည်ရဲ့အခန်းကဏ္ဍနဲ့ မြန်မာနိုင်ငံရဲ့ ပထဝီနိုင်ငံရေး အရေးပါမှု ပိုမိုမြင့်တက်စေသလား၊ ဘေးကျပ်နံကျပ်ဖြစ်စေလား။

ဖြေ။      မိမိအမြင်ကိုပြောရမယ်ဆိုရင် BRI က လက်တွေ့ကျကျ အကောင်အထည်ဖော်တဲ့ နိုင်ငံတကာစီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ဦးတည်ပြီး Indo-Pacific strategy ကတော့ နိုင်ငံရေး လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ရည်မှန်းဦးတည်ပါတယ်။ ဒါကြောင့် ဒီနှစ်ခုရဲ့ ဦးတည်ချက်က မတူဘူး။ မြန်မာနိုင်ငံက ဒီနှစ်ခုကြားမှာ Balance လုပ်နိုင်ရင်တော့ မြန်မာနိုင်ငံရဲ့  Geopolitic အရေးပါမှုက ပိုပြီးမြင့်တက်လာစေနိုင်တယ်။ မိမိနိုင်ငံရဲ့ အကျိုးစီးပွားကို မထိခိုက်ရန် သတိထားဖို့တော့ လိုပါတယ်။ မြန်မာပြည်ရဲ့ ပထဝီအနေအထားဟာ အင်အားကြီးနိုင်ငံတွေအတွက်သာမက အာရှပစိဖိတ်ဒေသတခုလုံး အတွက်ပါ အရေးပါတဲ့နေရာမှာရှိပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဒီနှစ်ခုကြားမှာ မိမိနိုင်ငံအကျိုးအတွက် လက်တွေ့ကျစွာ ရပ်တည်နိုင်ရင်တော့ မြန်မာနိုင်ငံဟာ ပထဝီနိုင်ငံရေးအရ အရေးပါမှုကို မြှင့်တင်နိုင်မှာဖြစ်ပါတယ်။ ဘေးကျပ်နံကျပ်မဖြစ်အောင်  အမြော်အမြင်ရှိစွာနဲ့ နေတတ်ထိုင်တတ် ပြောတတ်ဆိုတတ် ပါးနပ်မှုရှိပြီး သက်ဆိုင်ရာနိုင်ငံများနဲ့ အဆင်ပြေစွာပေါင်းသင်းဆက်ဆံတတ်ဖို့ အရေးကြီးပါတယ်။

မေး။      တရုတ်-အမေရိကန် အားပြိုင်မှုတွေအကြား မြန်မာက ဘယ်လိုမူဝါဒတွေနဲ့ ကိုင်တွယ်နေတယ်လို့ သုံးသပ်ပါသလဲ။

ဖြေ။      မြန်မာနိုင်ငံအနေနဲ့ လွတ်လပ်ရေးရကတည်းက ကျင့်သုံးခဲ့တဲ့ နိုင်ငံခြားရေးမူဝါဒအတိုင်း ဆက်လက်ကျင့်သုံးရမှာ ဖြစ်ပါတယ်။ အချိန်အခါနဲ့ အခြေအနေကွာဟစဉ် ပြောင်းလဲလျက်ရှိနေသော်လည်း မြန်မာနိုင်ငံ အစဉ်တစိုက် ကျင့်သုံးခဲ့တဲ့ လွတ်လပ်သော နိုင်ငံခြားရေးဝါဒ၊ နိုင်ငံအားလုံးနဲ့ မိတ်ဖက်မပျက်ဆက်ဆံရေး၊ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများနှင့်ဆက်ဆံရာမှာ ကောင်းမွန်ရေး၊ အခြားနိုင်ငံများနဲ့ ဆက်ဆံရေးမှာ ငြိမ်းချမ်းစွာ အတူယဉ်တွဲနေထိုင်ရေးမူကြီး ငါးချက်နှင့် အညီ ကျင့်သုံးနေထိုင်ရေးဆိုတဲ့ အခြေခံမူကြီးများကို ဆက်လက်ထိန်းသိမ်း ကျင့်သုံးပြီး မိမိနိုင်ငံအပေါ် အထင်သေးမခံရအောင် တိုင်းရင်းသားအားလုံး ပြည်ထောင်စုစိတ်ဓာတ်နဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး သူများ မစော်ကားရဲတဲ့ နိုင်ငံမျိုးဖြစ်အောင် ကြိုးစားတည်ဆောက်ကြဖို့ လိုပါတယ်။

မေး။      ၂၀၁၇ နောက်ပိုင်းကစပြီးတော့  အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေက ရခိုင်အရေးနဲ့ပတ်သက်ပြီးတော့ အပြစ်တင်တာမျိုး၊ ဖယ်ကြဉ်တာမျိုး လုပ်လာတယ်။ တဖက်မှာ တရုတ်ကလည်း သူ့ BRI ကိစ္စတို့၊ ငြိမ်းချမ်းရေးကိစ္စတို့ ရှိလာတဲ့အခါကျတော့ တရုတ်နဲ့ ပိုပြီး နီးကပ်လာတယ်။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအပေါ်မှာ စီးပွားရေးအရ၊ နိုင်ငံရေးအရ၊ သံတမန်ရေးအရ သက်ရောက်လွှမ်းမိုးနိုင်မှုတွေဟာ ဘယ်ခေတ်နဲ့မှမတူအောင်ကို များလာခဲ့ပါတယ်။ တဖက်မှာလည်း မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးနယ်ပယ်နဲ့ သံတမန်ဆက်ဆံရေးတွေဟာ တစတစ ဘောင်ကျဉ်းလာခဲ့တယ်။ ဒီလိုအခြေအနေမှာ မြန်မာနိုင်ငံဟာ လွန်ဆန်ရမလွယ်တဲ့ အခြေအနေ ရောက်သွားနိုင်တဲ့ တရုတ်ရဲ့လွှမ်းမိုးမှုကို တစုံတရာ ပြန်ထိန်းညှိပြီး မိမိရဲ့ အကျိုးစီးပွားအတွက် လွတ်လပ်ပြီး တက်ကြွတဲ့ နိုင်ငံခြားရေးမူဝါဒ အစဉ်အလာကို ဆက်လက်ထိန်းထားနိုင်မယ့် အခြေအနမျိုး ရှိပါသေးသလား။

ဖြေ။      တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံအပေါ် လွှမ်းမိုးမှုများပြားလာတယ် ဆိုတဲ့အမြင်ဟာ အထူးသဖြင့် အနောက်နိုင်ငံတွေရဲ့အမြင် ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ ထိရောက်သော စီးပွားရေးပြုပြင်ပြောင်းလဲမှု၊ ပညာရေး၊ စက်မှုနဲ့ အဆင့်မြင့်နည်းပညာများ တိုးတက်အောင် အားပေးမှု၊ တမျိုးသားလုံး အလုပ်ကြိုးစားလုပ်ကိုင်ပြီး ခေါင်းဆောင်များကောင်းတဲ့အတွက် နှစ်ပေါင်း ၄၀ အတွင်း ကမ္ဘာ့ဒုတိယစီးပွားရေး အင်အားကြီးဆုံးနိုင်ငံ ဖြစ်လာခဲ့ပါတယ်။ မြန်မာနိုင်ငံအပေါ် လွှမ်းမိုးတယ်ဆိုတာလည်း စီးပွားရေးအခြေအနေအရလို့ပြောရင် ပိုမှန်ပါမယ်။ တရုတ်နိုင်ငံဟာ စီးပွားရေးအင်အားကြီးလာတာနဲ့အမျှ အခြားအာဆီယံနိုင်ငံများနဲ့လည်း အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု များပြားစွာ ပြုလုပ်ထားလို့ စီးပွားရေးအရ လွှမ်းမိုးထားတယ်လို့ ဆိုနိုင်ပါတယ်။ စီးပွားရေးနဲ့ နိုင်ငံရေးဟာလည်း ဆက်နွှယ်မှုရှိတာကြောင့် မြန်မာအပါအဝင် အာဆီယံနိုင်ငံတွေဟာ စည်းလုံးညီညွတ် အင်အားတောင့်တင်းတဲ့ အာဆီယံအသိုက်အဝန်းကို အောင်မြင်အောင် ထူထောင်နိုင်ဖို့ လိုပါတယ်။ မိမိအမြင်အရ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအပေါ် နိုင်ငံရေးအရ လွှမ်းမိုးမှုရှိတယ်လို့ မယူဆပါဘူး။ မြန်မာနိုင်ငံရေးသမားတွေဟာ စားတတ်ဖားတတ်ဖို့ထက် ပါးနပ်ဖို့ ပိုပြီး အရေးတကြီးလိုပါတယ်။ လွတ်လပ်ရေးရပြီးခါစနဲ့  ဘက်မလိုက်လှုပ်ရှားမှု ခေတ် အစပျိုးချိန်က ရှိခဲ့တဲ့ တကယ်ချစ်ကြည်ရင်းနှီး အကျွမ်းတဝင်ရှိပြီး နားလည်မှု၊ အပြန်အလှန် ကူညီရိုင်းပင်းမှုနဲ့ ပုဂ္ဂိုလ်ရေးအရ ခင်မင်ရင်းနှီးမှုရှိတဲ့ မြန်မာ-တရုတ်ဆက်ဆံရေးမျိုးကို ယခုလိုအချိန်မှာ ပြန်လည်ပျိုးထောင် တည်ဆောက်ဖို့လိုပါတယ်။

အခု မိမိတို့ကျင့်သုံးနေတာ ကျဉ်းမြောင်းတဲ့ နိုင်ငံခြားရေးမူဝါဒ မဟုတ်ပါဘူး။ မြန်မာနိုင်ငံအနေနဲ့ ယခင်က ဒုက္ခရောက်တဲ့နိုင်ငံများကို စားနပ်ရိက္ခာ ပေးပို့ကူညီခြင်း၊ ကုလသမဂ္ဂနဲ့ ဘက်မလိုက်အဖွဲ့မှာ တက်ကြွစွာပါဝင်လှုပ်ရှားခြင်း။ မိတ်ဆွေနိုင်ငံ ပေါများခြင်းတို့ကြောင့် နိုင်ငံခြားဆက်ဆံရေးမှာ အောင်မြင်ခဲ့သလို အောင်မြင်သော ဒီမိုကရေစီကိုအခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုအဖြစ် တည်ဆောက်နိုင်ခဲ့ရင် နိုင်ငံခြားဆက်ဆံရေးမှာလည်း ယခင်ကလို အောင်မြင်အောင် ကြိုးစားရပါမယ်။ အဲဒါကိုမျှော်မှန်းပြီး အခုကတည်းက ပညာရေး မြင့်မားပြီး အရည်အချင်းပြည့်ဝသော ခေါင်းဆောင်များ၊ နိုင်ငံရေးသမားများ၊ သံတမန်များ၊ အစရှိသူတွေ မွေးထုတ်နိုင်ဖို့ လိုအပ်ပါတယ်။ အခုလို နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးစနစ် အပြောင်းအလဲ ပြုလုပ်နေတဲ့ကာလမှာ မြန်မာနိုင်ငံအပေါ် အထူးသဖြင့် အနောက်နိုင်ငံတွေရဲ့ အထင်အမြင် လွဲမှားမှုများကြောင့် နိုင်ငံခြားရေးမူဝါဒ ကျဉ်းမြောင်းတယ်လို့ တချို့က မှားယွင်းစွာ ယူဆကြခြင်း ဖြစ်နိုင်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ လက်ရှိနဲ့ အနာဂတ်မှာလည်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ်ကို ဆက်လက်စွဲကိုင်ပြီး ဆက်လက် ကျင့်သုံးသွားရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ တိုင်းရင်းသားပြည်သူတွေရဲ့ ယဉ်ကျေးပျူငှာခင်မင်ဖော်ရွေတတ်မှု၊ ငြိမ်းချမ်းစွာ အေးအေးချမ်းချမ်း နေထိုင်လိုမှု၊ မေတ္တာတရားထားရှိနိုင်မှု စတဲ့ ကောင်းတဲ့အစဉ်အလာတွေကို ကမ္ဘာက ပိုပြီး သိအောင်လုပ်ကြဖို့ လိုအပ်ပါတယ်။

နိုင်ငံအချင်းချင်း ဒေသဆိုင်ရာ၊ ကမ္ဘာလုံးဆိုင်ရာ ပြဿနာများကို အမြင်ချင်းဖလှယ် တွေ့ဆုံဆွေးနွေးတဲ့ နည်းလမ်းကိုသုံးပြီး ငြိမ်းချမ်းစွာ ဖြေရှင်းသင့်ကြောင်း Common Sense  ရှိသူတိုင်းက လက်ခံကြမှာပါ။ ရန်ကိုရန်ချင်းတုံ့ပြန်ခြင်းအားဖြင့် ဘယ်တော့မှ ငြိမ်းချမ်းမှုကို မရနိုင်ပါ။ နိုင်ငံအများအပြားဟာ မိမိတို့ နိုင်ငံအသီးသီးရှိ သုတေသီ အဖွဲ့အစည်းများရဲ့ လွတ်လပ်ပွင့်လင်းတဲ့ အကြံပြုချက်များကို အလေးထားပြီး ပြည်တွင်း၊ ပြည်ပမူဝါဒများ ချမှတ်ရာမှာ အသုံးပြုလေ့ရှိကြပါတယ်။

မေး။      ဒီလို ပြောင်းလဲလာတဲ့ ပထဝီနိုင်ငံရေးအခင်းအကျင်းကို ဘယ်လို သတိထားကိုင်တွယ်ရမလဲ။ ဘယ်လို ပြင်ဆင်ရမလဲ။

ဖြေ။      ကမ္ဘာ့အင်အားကြီးနိုင်ငံတွေဟာ မိမိတို့ရဲ့ ကိုယ်ကျိုးဓနဥစ္စာစီးပွားနဲ့ နိုင်ငံရေးဩဇာ မကျဆင်းအောင် တိုးသထက်တိုးဖို့သာ လုပ်ဆောင် ကြမှာ သဘာဝပါပဲ။ အဲဒီလိုလုပ်တဲ့အတွက်လည်း ပထဝီနိုင်ငံရေး အခင်းအကျင်းတွေ၊ နိုင်ငံရေး စီးပွားရေး အခြေအနေတွေ ပြောင်းလဲနေပြီး အများအားဖြင့် စိန်ခေါ်မှုအသစ်တွေ၊ ပြဿနာပဋိပက္ခတွေ၊ အငြင်းပွားမှု၊ မတည်ငြိမ်မှု၊ မငြိမ်းချမ်းမှုတွေ ဒီနေ့ကမ္ဘာမှာ နေ့စဉ်ကြုံတွေ့နေကြရပါတယ်။

ဒီလို ပြဿနာပေါင်းသောင်းခြောက်ထောင်ကို ရှောင်ပြေးဖို့တော့ မကြိုးစားပါနဲ့။ လက်တွေ့ကျမှာ မဟုတ်ပါ။ အချို့ပြဿနာတွေကို ဉာဏ်အမြော်အမြင်နဲ့ ကြိုတင်တွေးဆပြီး ရှောင်နိုင်အောင်၊ သက်သာအောင်၊ မီးမလောင်ခင်ကတား ဆိုသလို ရှောင်လွှဲနိုင်ကောင်းပေမယ့် ပြဿနာ တခုပြီးတခု တက်နေတဲ့ ဒီနေ့ကမ္ဘာမှာ ဘယ်ပုံဘယ်နည်း ဘယ်သူနဲ့ ပူးပေါင်းဖြေရှင်းကြမလဲ ဆိုတာကိုသာ စဉ်းစားကြရပါမယ်။

နိုင်ငံအချင်းချင်း ဒေသဆိုင်ရာ၊ ကမ္ဘာလုံးဆိုင်ရာ ပြဿနာများကို အမြင်ချင်းဖလှယ် တွေ့ဆုံဆွေးနွေးတဲ့ နည်းလမ်းကိုသုံးပြီး ငြိမ်းချမ်းစွာ ဖြေရှင်းသင့်ကြောင်း Common Sense  ရှိသူတိုင်းက လက်ခံကြမှာပါ။ ရန်ကိုရန်ချင်းတုံ့ပြန်ခြင်းအားဖြင့် ဘယ်တော့မှ ငြိမ်းချမ်းမှုကို မရနိုင်ပါ။ နိုင်ငံအများအပြားဟာ မိမိတို့ နိုင်ငံအသီးသီးရှိ သုတေသီ အဖွဲ့အစည်းများရဲ့ လွတ်လပ်ပွင့်လင်းတဲ့ အကြံပြုချက်များကို အလေးထားပြီး ပြည်တွင်း၊ ပြည်ပမူဝါဒများ ချမှတ်ရာမှာ အသုံးပြုလေ့ရှိကြပါတယ်။ တရုတ်သမ္မတရှီ ဟာဆိုရင် သုတေသီအဖွဲ့များရဲ့ အကြံဉာဏ် ကို တန်ဖိုးထားသူတဦး ဖြစ်ကြောင်းသိရပါတယ်။ ကဏ္ဍအလိုက် ကျွမ်းကျင်ပြီး ဉာဏ်အမြော်အမြင်ရှိတဲ့ ပညာရှင်များရဲ့  နိုင်ငံနဲ့ ပြည်သူများ အကျိုးအတွက် ဘက်မလိုက်သော၊ မျှတသော၊ အမှန်အတိုင်း ဝေဖန် အကြံပြုချက်များကို မူဝါဒများချမှတ်ရာမှာ ထည့်သွင်းစဉ်းစားတယ်ဆိုရင် အမှားနည်းပြီး မလိုလားအပ်သော ပြဿနာများကို ရှောင်လွှဲနိုင်မှာဖြစ်ပါတယ်။

ပြောင်းလဲနေတဲ့ ပထဝီနိုင်ငံရေးအခင်းအကျင်းကို မြန်မာနိုင်ငံအနေနဲ့ နိုင်ငံခြားဩဇာ သက်ရောက်မှုမရှိ လွတ်လပ်သော ကိုယ်ကျိုးမဖက် ပြည်သူနဲ့နိုင်ငံဘက်က ရပ်တည်ပြီး အမှန်အတိုင်း ပွင့်လင်းစွာ အကြံပြုတဲ့ သုတေသီအဖွဲ့များရဲ့ အကြံဉာဏ်များကိုရယူပြီး ဆောင်ရွက်သင့်ပါ တယ်။ မြန်မာဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်တဲ့အလျောက် အာဆီယံရဲ့ စည်းလုံးညီညွတ်သောအင်အားကို တည်ဆောက်ကာ ဩဇာရှိ ထိရောက်သော အာဆီယံမိသားစု အသိုက်အဝန်းအဖြစ်နဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ် ကဏ္ဍအားလုံးမှာ ပြင်ပ အင်အားကြီး နိုင်ငံများရဲ့ ချယ်လှယ်ချင်တိုင်းမရတဲ့ အင်အားကောင်းသော ဒေသဆိုင်ရာ အဖွဲ့အစည်းကြီးတခုအဖြစ် ပြောင်းလဲနေတဲ့ ပထဝီနိုင်ငံရေး အခင်းအကျင်းမှာ ပါဝင်လှုပ်ရှားသင့်ပါတယ်။ ဒေသရေးကိစ္စရပ်များဟာ နွားကွဲရင် ကျားဆွဲမယ်ဆိုတဲ့ စကားပုံကို သတိမူပြီး ဥမကွဲ သိုက်မပျက် ညီညွတ်စွာနဲ့ ပြဿနာများ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းကြဖို့ လိုပါတယ်။

The post ပထဝီနိုင်ငံရေးအားပြိုင်မှုများအကြား မြန်မာနိုင်ငံ၏အခန်းကဏ္ဍ – ဦးခင်မောင်လင်းအား မေးမြန်းခြင်း appeared first on ISP Myanmar China Desk.

ပထဝီနိုင်ငံရေးအားပြိုင်မှုများအကြား မြန်မာနိုင်ငံ၏အခန်းကဏ္ဍ – အမရသီဟအား မေးမြန်းခြင်း
ပထဝီနိုင်ငံရေးအားပြိုင်မှုများအကြား မြန်မာနိုင်ငံ၏အခန်းကဏ္ဍ

အမရသီဟအား မေးမြန်းခြင်း

အမရသီဟသည် Myanmar Institute for Peace and Security (MIPS) ၏ Senior Research Manager ဖြစ်ပြီး China Research Desk ကိုဦးဆောင်သူ ဖြစ်သည်။

(ယခု ဖော်ပြထားသည့် အင်တာဗျူးသည် ISP-Myanmar မှ ထုတ်ဝေနေသော မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးဂျာနယ် (The Myanmar Quarterly) အမှတ်-၅ အတွက် မေးမြန်းထားခြင်း ဖြစ်သည်။ မေးမြန်းမှုကို လွန်ခဲ့သည့် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၁ ရက်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ယခုအင်တာဗျူးတွင် ပါဝင်သော သုံးသပ်ချက်များနှင့် အချက်အလက်များသည် ထိုအချိန်မတိုင်ခင်က (အထူးသဖြင့် ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုကြောင့် ဖြစ်ပေါ်ခဲ့သော အခင်းအကျင်းမတိုင်ခင်) အခြေအနေများကို ထင်ဟပ်ပါကြောင်း သိစေအပ်ပါသည်။ ယင်းအပြင် ကမ္ဘာလုံးဆိုင်ရာ အပြောင်းအလဲများ ဖြစ်ပေါ်စေသည်အထိ ရိုက်ခတ်မှုကြီးခဲ့သော ကိုဗစ်-၁၉ အခြေအနေများကြောင့် ယခု သုံးသပ်ချက်များအပြင် လေ့လာတွေ့ရှိချက်အသစ်များ ထွက်ပေါ်မှုရှိနိုင်သည်ကို ထည့်သွင်းစဉ်းစားသင့်ပါသည်။)

မေး။      ၂၀၁၈ ခုနှစ်ကစပြီး တရုတ်နဲ့ အမေရိကန်အကြား ကုန်သွယ်ရေးစစ်ပွဲက အစ တောင်တရုတ်ပင်လယ်အတွင်း အားပြိုင်မှုတွေအထိ ပထဝီ နိုင်ငံရေးပြိုင်ဆိုင်မှုတွေ အဘက်ဘက်မှာများလာခြင်းဟာ မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှ နိုင်ငံတွေအပေါ်မှာ ဘယ်လို သက် ရောက်မှုတွေ ရှိနိုင်ပါသလဲ။

ဖြေ။      ၁၉၅၀ ပြည့်နှစ်က ပထဝီနိုင်ငံရေးပုံစံအရကြည့်ရင်တော့ အုပ်စုနှစ်ခု အားပြိုင်တယ်၊ အရှေ့တောင်အာရှနိုင်ငံတွေ ဘယ်မှာနေမလဲဆိုပြီး တွေးပုံမျိုး၊ နောက်တော့ သီးခြားအင်အားစု အာဆီယံပေါ်လာတယ်ဆိုတာမျိုး။  အဲဒီလိုမျိုးဟာ အုပ်စုကြီးတွေ အားပြိုင်တယ် ဘက်ရွေးဆိုသောပုံက လက်ရှိအချိန်မှာ အသုံးချလို့ရမလားဆိုတော့ လက်ရှိအချိန်မှာ သိပ်အသုံးချလို့ မရတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိ အခြေအနေအားပြိုင်မှုဟာ အတွေးအခေါ်ပိုင်း မဟုတ်တော့ဘူး။ ကွန် မြူနစ်နဲ့အရင်းရှင် ပြိုင်တဲ့ကိစ္စလည်း မဟုတ်ဘူး။ နောက်တခုက ကျတော့ အရှေ့တောင်အာရှနိုင်ငံတွေက တနည်းမဟုတ် တနည်းနဲ့ မှီခိုရတယ်။ တရုတ်ကလည်း အရှေ့တောင်အာရှနိုင်ငံတွေကို ပြန်လည်မှီခိုရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဈေးကွက်လိုတယ်၊ အရင်းအမြစ် လိုတယ်။ လက်ရှိမှာ  အရင်းရှင်စနစ်ဖြစ်တဲ့ အားလျော်စွာ တယောက်နဲ့ တယောက်က အပြန်အလှန် မှီခိုနေရတယ်။ အကျိုးစီးပွားအတွက် ချိတ်ဆက်နေတယ်။ Market ကြီးက တခုတည်း သွားနေတာကိုး။ အထူးသဖြင့် ပြန်ပြောရရင် ဩစတြေးလျက တရုတ်ရဲ့လွှမ်းမိုးမှုကို အရှေ့တောင်အာရှမှာ များလာမှာကို ကြောက်ပေမယ့်လည်း သူ့ရဲ့ အများဆုံးကုန်သွယ်ဖက်က တရုတ်ဖြစ်နေတာမျိုး၊ သူ့နိုင်ငံရဲ့ သတ္တု တွင်းလုပ်ငန်းတွေကို တရုတ်ကော်ပိုရိတ်ကြီးတွေပိုင်နေတာမျိုး အခြေ အနေတွေရှိတယ်။ ဒီလိုပဲ အမေရိကန်ရဲ့ အကြီးဆုံးကုန်သွယ်ဖက်ကလည်း တရုတ်ဖြစ်နေတယ်။ ဒီကိစ္စက အချင်းချင်း အပြန်အလှန်မှီခိုနေရတဲ့အတွက် အားပြိုင်မှုဆိုတာကြီးက အကြီးဆုံး အရင်းရှင်နိုင်ငံ ကြီးက နောက်တက်လာတဲ့ အရင်းရှင်နိုင်ငံတခုကို အမြန်မကျော်သွားစေလိုတဲ့အတွက် ထိန်းထားဖို့ ခေတ္တအားပြိုင်တဲ့ ပုံစံမျိုးပါပဲ။ စစ်အေးကာလ ပုံစံမျိုးတော့ ပြန်ဖြစ်မှာ မဟုတ်ပါဘူး။

မေး။      တရုတ်နိုင်ငံကလည်း ရပ်ဝန်းလမ်းကြောင်း စီမံကိန်းကို အကောင် အထည်ဖော်နေချိန်မှာ အမေရိကန်နဲ့ ဒေသတွင်းမဟာမိတ်တွေဖြစ်တဲ့ ဂျပန်၊ အိန္ဒိယ၊ ဩစတြေးလျ စတဲ့နိုင်ငံတွေကလည်း လွတ်လပ်တဲ့၊ ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ်ဒေသဆိုပြီး ပထဝီနိုင်ငံရေး ဦးစီးဦးဆောင်ပြုမှုတရပ်ကို ကျယ်ကျယ်လောင်လောင် ပြောဆိုလာကြပါတယ်။ ဒီ အင်ဒိုပစိဖိတ် အဆိုပြုချက်တွေမှာ မြန်မာနိုင်ငံရဲ့ အခန်းကဏ္ဍက ဘယ်လို အနေထားမှာ ရှိပါသလဲ။

ဖြေ။      အင်ဒိုပစိဖိတ်ကရော တရုတ်ကို Balance လုပ်လားဆိုပြီး တွေးတာ တွေလည်း ရှိတယ်။ ဒါပေမဲ့ အဲဒါကလည်း ဟုတ်လားဆိုတော့ ဟုတ် တယ်၊ တရုတ်ချဲ့လာလို့ ငါတို့လည်း တစုဖွဲ့ရမယ်ဆိုတဲ့ အတွေးနဲ့။ ဟုတ်ပေမယ့်လို့ အင်ဒိုပစိဖိတ် ဘာလဲ၊ ဘယ်လဲကိစ္စကလည်း ဘယ်သူ မှ ရေရေရာရာ မသိဘူး။ စတင်ပြောတဲ့ လူတွေကိုယ်တိုင်ကိုက ရှင်းရှင်းလင်းလင်း မသိတာ။ အင်ဒိုပစိဖိတ်ဆိုတဲ့ အသုံးအနှုန်းကို အခုထက်ထိ မူပိုင် ဘယ်သူလဲဆိုတာမျိုးကိုလည်း ဂျပန်ကလည်း သူ စပြောတာ၊ ကိုရီးယားကလည်း ဒီကိစ္စက သူစတယ်၊ ထိုင်ဝမ်ကလည်း South-bound နဲ့ကြည့်ပြီး ချိတ်တယ်။ အိန္ဒိယကလည်း Act East ဆိုပြီး ပြောတော့ အားလုံးက လုံးလုံးလုံးလုံး ဖြစ်နေတယ်။ ပြီးတော့ အင်ဒို-ပစိဖိတ်မှာပါလို့ ငါတို့ကဘာရမှာလဲ ဆိုတဲ့ဟာကလည်း မေးခွန်းတခုရှိတယ်။ နောက်တခုဖြစ်လာတာက အင်ဒိုပစိဖိတ်မူဝါဒထဲကို ကိုယ်ကလည်း မဟာဗျူဟာနှင့် ပါလာပြီ။ အဲဒါဆိုရင် တရုတ်လိုမျိုး ချေးငွေရမှာလား၊ Development Aid ရမှာလား၊ Funding ရမှာလား ဆိုတာကလည်း ဘာမှမသေချာတော့ပြန်ဘူး။  အခုဟာက တဖြည်းဖြည်းနဲ့ ဝေဝါးလာတဲ့ပုံ ဖြစ်နေပါတယ်။ BRI ကိုယ်တိုင်ကလည်း ပထမပိုင်းမှာ နိုင်ငံရေးအရ ချေးထားတာတွေကအလုပ်မဖြစ်၊ အကြွေးဆုံးတာတွေ ဖြစ်လာတော့၊ သူ့ဟာသူ လုံးလုံးလုံးလုံး ဖြစ်လာပြီ။ တချို့ကိစ္စတွေဆို BRI က သူ့ပိုက်ဆံနဲ့သူ မလောက်တဲ့အခါမှာ စီမံကိန်းအတွက် တခြားက ပိုက်ဆံယူရတာတွေရှိတယ်။ ဒီတော့ ပထဝီနိုင်ငံရေးအရ သူ့အစုအဖွဲ့နဲ့ သူကတော့ ရှိနေပေမယ့်လို့ ဘာမှကြီး သီးသီးသန့်သန့်ရယ်လို့ အားပြိုင်တဲ့ပုံစံမျိုးတော့ မလုပ်နိုင်ဘူး ဖြစ်နေတယ်။ အရင်ကလို အရှေ့အုပ်စုက ဒါ၊ အနောက်အုပ်စုက ဒါ ဆိုတာမျိုးမဟုတ်သလို အင်ဒိုပစိဖိတ်ထဲပဲပါပါ၊ BRI ပဲပါပါ ဒီကော်ပိုရိတ်ကြီးတွေကပဲ ရင်းနှီးပြီး ဒီဘဏ်တွေကပဲ ငွေချေးတာပဲလုပ်တာကိုး။

မေး။      ဒီအဆိုပြုချက်တွေဟာ မြန်မာနိုင်ငံရဲ့ ပထဝီနိုင်ငံရေးအရေးပါမှုကို ပိုမို မြင့်တက်လာစေပါသလား။ ဘေးကျပ်နံကျပ် ပိုဖြစ်လာစေပါသလား။

ဖြေ။      မြန်မာနိုင်ငံက ပွင့်ပွင့်လင်းပြောရရင် အမြဲတမ်း ဘေးကျပ်နံကျပ်ဖြစ်တဲ့ အခြေအနေမှာရှိသလို နှစ်ခုစလုံးက ပြိုင်ဆိုင်မှုက အမြတ်ထွက်တဲ့ အခြေအနေမှာလည်း ရှိခဲ့ဖူးတယ်။ စစ်အေးကာလတုန်းကဆိုရင် လည်း မြန်မာနိုင်ငံက ဘေးကျပ်နံကျပ်ဖြစ်တဲ့ နေရာတခုမှာ ရှိခဲ့ဖူးတယ်။ SEATO စတော့ တချို့တွေက ပါချင်တယ်။ အဲဒီလို ပါခြင်း မပါခြင်းကိစ္စနဲ့ ပတ်သက်ပြီးတော့ ရှမ်းပြည်နယ်စော်ဘွားအရေးကိစ္စနဲ့ အာဏာသိမ်းတဲ့ကိစ္စတွေတောင် ဖြစ်သွားဖူးသေးတာကိုး။ တချိန်တည်းမှာပဲ လက်ဝဲမုန်း၊ လက်ယာနဲ့လည်းမနီးတဲ့အတွက် အမေရိကန် ကနေ Non-Left Aid အကူအညီတွေရခဲ့ပြီး ဗကပနဲ့ တိုင်းရင်းသားတွေကို  စစ်တိုက်ဖို့ အကူအညီရခဲ့တာမျိုး အခြေအနေမျိုးလည်း ရှိခဲ့ဖူး တယ်။

မြန်မာနိုင်ငံက ဒီအခြေအနေမှာ အကျပ်အတည်းဖြစ်သလား ဆိုရင်တော့ အကျပ်အတည်းကြီးလည်းမဖြစ်ဘူး။ ရွေးချယ်စရာတွေရှိတယ်။ အခွင့်အရေး ဘာရလဲဆိုရင်လည်း လက်ရှိအခြေအနေမှာ BRI ကနေ ချေးငွေတွေ Early Harvest ဆိုပြီး အရင်လိုပေါပေါပဲပဲနဲ့ မရတော့ဘူး၊ တရုတ်က အဲလိုပေးတာ ခေတ်ကုန်သွားပြီ။ အဲဒီအပိုင်းကို မြန်မာက လွတ်သွားတယ်။ ဒါပေမယ့် အင်ဒိုပစိဖိတ်မှာ မြန်မာနိုင်ငံကပါဖို့ ဆိုရင်တော့လည်း ပြဿနာက မြန်မာနိုင်ငံရဲ့ လက်ရှိ အင်ဒိုပစိဖိတ်နိုင်ငံတွေနဲ့ ဆက်သွယ်မှုနဲ့ နိုင်ငံရေးအရ လက်ခံနိုင်ခြေတွေ ဘယ်လောက်အထိ ကောင်းလဲဆိုတဲ့ အခြေအနေက အဲဒီလောက်လည်း ထင်သလောက် မကောင်းပြန်ဘူး။ ဆက်သွယ်မှုအားနည်းတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဒါကို သေသေချာချာလေး မဟာဗျူဟာရေးဆွဲပြီးတော့ တွန်းအားပေး ပိုကောင်းအောင်လုပ်ဖို့အတွက် သူတို့မှာ မဟာဗျူဟာအတည်ပြုဖို့ ဆုံးဖြတ်ချက်ချနိုင်ဖို့အတွက် အဟန့်အတားတွေ အများကြီး ရှိနေသေးတာကို။ ဒီတော့ လက်ရှိအခြေအနေကတော့ ဒီအတိုင်းပဲ လုံးလည်ချာလည်ပုံစံနဲ့ သွားနေပါတယ်။

ကိုယ်ဖြစ်ချင်တဲ့ ရည်မှန်းချက်ကို မဟာဗျူဟာကျကျနဲ့ လွတ်လပ်စွာ အကောင် အထည်ဖော်တာ ဖြစ်ပါတယ်။ မူဝါဒတွေကို Strategic Autonomy ဖြစ်စွာနဲ့ ဆုံးဖြတ်ချက်တွေ ချဖို့လိုတယ်။ ဒါပေမဲ့ လက်ရှိအနေအထားမှာက ဘာကိုလိုချင်တာလဲဆိုတာရယ်၊ လိုချင်တာရဖို့ မဟာဗျူဟာ ရည်မှန်းချက် ဘာလဲဆိုတာရယ်ကို မကွဲဘူး။

မေး။      တရုတ်၊ အမေရိကန်နဲ့ အခြားဒေသတွင်း အင်အားကြီး နိုင်ငံတွေ အကြား ပထဝီနိုင်ငံရေး ပြိုင်ဆိုင်မှုတွေကို ကိုင်တွယ်ရာမှာ  မြန်မာနိုင်ငံအနေနဲ့ ဘယ်လို မဟာဗျူဟာ‌‌တွေ၊ ဘယ်လိုတိကျတဲ့ မူဝါဒ စဉ်းစားချက်မျိုး‌‌တွေနဲ့ ကိုင်တွယ်သင့်ပါသလဲ။

ဖြေ။      မြန်မာနိုင်ငံရဲ့ လက်ရှိ မူဝါဒက ဘယ်တော့မှလည်း မပြောင်းဘူး၊ နောက်လည်း ပြောင်းမှာမဟုတ်ဘူး။ ဒီအတိုင်းပဲ ဘာလို့လဲဆိုတော့ လွတ်လပ်၍တက်ြွကသောမူဝါဒက အမြဲတမ်းရှိတယ်။ အဲဒီဟာက ကောင်းလားဆိုတော့လည်း မကောင်းဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က ဘာဖြစ်ချင်တာလဲ။ ဘာလိုချင်တာလဲဆိုတာကို ကိုယ့် ဘာကိုမသိဘူး။ ကောင်းတာလည်းရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရမ်း Flexible ဖြစ်တော့ အချိန်နဲ့တပြေးညီ ကိုယ်လုပ်ချင်တာ ကိုယ်လုပ်လို့ရတယ်။

မြန်မာနိုင်ငံအနေနဲ့ ဘယ်လိုမျိုးမူဝါဒနဲ့ သွားမလဲဆိုတဲ့အခါ နှစ်ပိုင်း ပါပါတယ်။ တပိုင်းက Strategic Autonomy။ ဒါက ကိုယ်ဖြစ်ချင်တဲ့ ရည်မှန်းချက်ကို မဟာဗျူဟာကျကျနဲ့ လွတ်လပ်စွာ အကောင် အထည်ဖော်တာ ဖြစ်ပါတယ်။ မူဝါဒတွေကို Strategic Autonomy ဖြစ်စွာနဲ့ ဆုံးဖြတ်ချက်တွေ ချဖို့လိုတယ်။ ဒါပေမဲ့ လက်ရှိအနေအထားမှာက ဘာကိုလိုချင်တာလဲဆိုတာရယ်၊ လိုချင်တာရဖို့ မဟာဗျူဟာ ရည်မှန်းချက် ဘာလဲဆိုတာရယ်ကို မကွဲဘူး။ ပြဿနာက အကြောင်း အရာ တခုချင်းကိုပဲ လိုက်မဲသလိုဖြစ်နေတယ်။ တရုတ်ဆို အားလုံး တရုတ်၊ ICJ အချိန်ဆို အားလုံး ICJ ၊ တခုချင်း မဲနေရတယ်။  အဲဒီလို မဟာဗျူဟာရည်မှန်းချက်မရှိတော့ Foreign Engagement တွေ Track-1, Track-2  တွေမှာ ဘာတွေရအောင်လုပ်ကြမှာလဲလို့ မေးရင် အဖြေက မရှင်းတော့ဘူး။

နောက်တပိုင်းက စီးပွားရေး။ နိုင်ငံခြားဆက်ဆံရေးနဲ့မူဝါဒတွေ တခြားသော မူဝါဒ အစည်းအဝေးတွေမှာ စီးပွားရေးအုပ်စုကို ကျနော်တို့က များသောအားဖြင့် မေ့မေ့ပျောက်ပျောက် ထားထားလေ့ရှိတယ်။  စီးပွားရေးဆိုင်ရာအုပ်စုတွေရဲ့ အမြင်တွေ သူတို့ရဲ့ ရည်မှန်းချက်၊ လိုအပ်တဲ့ Policy တွေ၊ သူတို့လိုအပ်တဲ့ အထောက်အကူပြမှု စတာတွေကို ကျနော်တို့က နိုင်ငံရေး၊ နိုင်ငံတကာဆက်ဆံရေးဘက်ကလည်း အထောက်အပံ့မပေးနိုင်သလို သူတို့ရဲ့ အမြင်တွေကိုလည်း နိုင်ငံရေးထဲမှာ ဘယ်တော့မှ ထည့်မစဉ်းစားဘူး။ တခါတရံ မူဝါဒ ချမှတ်သူတွေဟာ စီးပွားရေးလုပ်သူများကို ပြိုင်ဘက်လိုမျိုး တွေးတာတောင် တွေ့ရတယ်။ ကျနော်တို့အနေနဲ့က မြန်မာနိုင်ငံမှာရှိတဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်တဲ့သူတွေ၊ မြန်မာနိုင်ငံမှာရှိတဲ့ လုပ်ငန်းရှင်တွေက သူတို့ ဘယ်နိုင်ငံနဲ့ Engage ပိုလုပ်ချင်တာလဲ၊ ဘာကိုလုပ်ချင်တာလဲ၊ ဘာကြောင့်လုပ်ချင်တာလဲဆိုတာကို အခြေခံပြီးတော့ ကျနော်တို့က စဉ်းစားသင့်တယ်။ အမေရိကန်နဲ့ ပိုကုန်သွယ်ချင်တာလား။ ဒါဆိုရင် ဘယ်လမ်းကြောင်း ကိုသွားမလဲ။  ဒါမှမဟုတ်ရင်လည်း တရုတ်နဲ့ ဒီထက်ပိုပြီး နီးစပ်ချင် တာလား။ သူတို့ရဲ့အမြင်တွေကို  နိုင်ငံတကာဆက်ဆံရေး မဟာဗျူဟာတွေမှာ ထည့်သွင်းဖို့ အများကြီးလိုအပ်တယ်လို့ ထင်ပါတယ်။

မေး။      ၂၀၁၆ ခုနှစ်နောက်ပိုင်းကစပြီး အထူးသဖြင့် ၂၀၁၇ ခုနှစ်နောက်ပိုင်းမှာ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအပေါ်မှာ စီးပွားရေးအရ၊ နိုင်ငံရေးအရ၊ သံတမန်ရေးအရ သက်ရောက်လွှမ်းမိုးနိုင်မှုတွေဟာ ဘယ်ခေတ်နဲ့မှ မတူအောင် များလာခဲ့ပါတယ်။ တဖက်မှာလဲ မြန်မာနိုင်ငံရဲ့ နိုင်ငံခြား ဆက်ဆံရေးနယ်ပယ်နဲ့ သံတမန်ဆက်ဆံရေးတွေဟာ တစတစ ဘောင်ကျဉ်းလာခဲ့ပါတယ်။ ဒီလိုအခြေအနေမှာ မြန်မာနိုင်ငံဟာ လွန်ဆန်ရမလွယ် အခြေနေရောက်သွားနိုင်တဲ့  တရုတ်ရဲ့ လွှမ်းမိုးမှုကို တစုံတရာ ပြန်ထိန်းညှိပြီး မိမိရဲ့ အကျိုးစီးပွားအတွက် လွတ်လပ်ပြီး တက်ကြွတဲ့ နိုင်ငံခြားရေးမူဝါဒအစဉ်အလာကို ဆက်လက်ထိန်းထားနိုင်မယ့် အခြေအနေမျိုး ရှိပါသလား။

ဖြေ။      ကျနော်တို့က တကယ်ပဲ တရုတ်ရဲ့လွှမ်းမိုးမှု အများကြီးဖြစ်လားဆိုတော့ ဦးသိန်းစိန်လက်ထက်နဲ့ ယှဉ်ပြီးကြည့်ရင်တော့ ဟုတ်တယ်။ တရုတ်ရဲ့ မြန်မာနိုင်ငံအပေါ်လွှမ်းမိုးမှုက ပိုပြီး သိသာလာတယ်။ ဘာလို့လဲဆို တော့ အနောက်နိုင်ငံတွေနဲ့ Engagement တွေက  နည်းသွားတာကိုး။ ဒါပေမဲ့ ပြန်စဉ်းစားရင် တကယ်ကော မြန်မာနိုင်ငံက တရုတ်ကိုပဲ မှီခိုနေတာလားဆိုတော့လည်း မဟုတ်ပြန်ဘူး။ ဘာလို့လဲ ဆိုတော့ နအဖခေတ်တုန်းက တရုတ်ကို မှီခိုတဲ့ကိစ္စက ဒီထက် အများကြီး ပိုများတယ်။ ဒီတော့ လက်ရှိအခြေအနေမှာက အဲလောက်တော့ မဆိုးသေးဘူး။ လူးသာလွန့်သာ ရှိသေးတယ်။ အချိန်အတိုင်းအတာတခုအတွင်းမှာတော့ ကျနော်တို့ အနောက်နဲ့ ပြန်လည်အဆင်ပြေအောင် လုပ်လို့ရတဲ့ အတိုင်းအတာတွေ အများကြီးရှိတယ်။ ဒါပေမဲ့ တဖက်မှာ ပြန်ကြည့်တော့လည်း ဘောင်ကျဉ်းလာတယ်လို့ ပြောလို့ရတယ်။ အရင်တုန်းက တရုတ်က မြန်မာနိုင်ငံကို လွှမ်းမိုးတယ်ဆိုတာက နိုင်ငံရေးအရ အထောက်အပံ့ပေးထားတာ တခုရယ်၊ စစ်အစိုးရနဲ့ State Oriented Capitalism ကို တရုတ်က အထောက်အပံ့ပေးထားတဲ့ Financing အဆင့်ကနေပြီးတော့ အခုက တဖြည်းဖြည်းနဲ့ Economic Hegemony ဖြစ်လာတယ်။ တရုတ်နိုင်ငံကို စီးပွားရေးအရ မြန်မာနိုင်ငံက ၅၀ ရာခိုင်နှုန်းလောက် မှီခိုရတဲ့အခြေအနေ ဖြစ်လာတယ်။ နောက်နှစ်တွေဆိုရင် ပိုသိသာလာလိမ့်မယ်။ ကျနော်တို့နိုင်ငံရဲ့ သွင်းကုန်၊ ပို့ကုန်၊ နည်းပညာဆိုင်ရာမှီခိုမှုတွေ၊ Payment System တွေ ပြန်စဉ်းစားဖို့ လိုအပ်လာပြီ။ တယ်လီဖုန်းတွေ၊ Critical Infrastructure တွေ ဒါတွေ အားလုံးမှာ လွှမ်းမိုးမှု အများကြီးရှိလာမယ်။ ဒါကလည်း ကျနော်တို့ နိုင်ငံတခုတည်းရဲ့ ပြဿနာမဟုတ်ဘူး တကမ္ဘာလုံး ဖြစ်လာတဲ့ ကိစ္စဖြစ်တယ်။

အဓိကအနေနဲ့ သုတေသန အများကြီး လုပ်ဖို့လိုတယ်။ ဥပမာ- လက်ရှိ တရုတ်ဆိုတဲ့သိမှုကို လူထုအကြား ဘယ်လို တည်ဆောက်ထားလဲ ဆိုတာမျိုးကို သေချာလေး လေ့လာတာ ခုချိန်ထိမရှိခဲ့ဖူးဘူး။

မေး။      ဒီ ပြောင်းလဲလာနေတဲ့ ပထဝီနိုင်ငံရေးအခင်းအကျင်းကို မဟာဗျူဟာမြောက် ရင်ဆိုင်နိုင်ဖို့ဆို မြန်မာနိုင်ငံအနေနဲ့ ဘယ်လိုအကြောင်းအချက် အခြေအနေတွေကို သတိထားကိုင်တွယ်ရမလဲ။ ဘယ်လိုပြင် ဆင်မှုမျိုးတွေက အထောက်အကူပြုစေနိုင်ပါသလဲ။

ဖြေ။      အရေးအကြီးဆုံးကတော့ ကိုယ်ဘာလိုချင်လဲဆိုတာ သိဖို့ပါပဲ။ လက်ရှိ ပြဿနာတော်တော်များများမှာ Stakeholder တော်တော်များများက မူဝါဒချဖို့ ဘာလိုချင်လဲဆိုတာ မသိတာ အဆင်မပြေလှဘူး။ ဥပမာ- တရုတ်ဆီက ဘာလိုချင်တာလဲ။ ဘာမှမလိုချင်ဘူးလို့ ပြောလည်း ရတယ်။ ဒါပေမဲ့ တရုတ်က အမြဲတမ်း အိမ်နီးချင်းအနေနဲ့ ရှိနေမှာဆိုတော့ သီးခြားကြီးနေလို့လည်း မရဘူး။ တခုခုတော့ သူ့ဆီက ယူဖို့ ကြိုးစားရတော့မှာပဲ။ ရတဲ့နေရာကနေ ဘယ်လိုအမြတ်ထုတ်မလဲ ဆိုတာမျိုး။

ဒီလိုပဲ အင်ဒို-ပစိဖိတ်မှာ ဆိုရင်လည်း ဘာရအောင်ယူမှာလဲ။ ကာကွယ်ရေးနဲ့ဆိုင်တဲ့ ကတိကဝတ်တွေကို ယူမှာလား၊ စီးပွားရေးနဲ့ဆိုင်တဲ့ ကုန်သွယ်ခွန်လျှော့ချရေးကို ယူမှာလား။ ဒါမှမဟုတ် ဒီနိုင်ငံတွေနဲ့ ပေါင်းလို့ ဘာအကျိုးအမြတ်ရမလဲ။ တစ်အချက်က ကိုယ်ဘာလိုချင်လဲ ဆိုတာ သိဖို့ အရေးကြီးတယ်။ သိတဲ့အခါမှာလည်း ဘာအကျိုးအမြတ် ရမှာလဲဆိုတာ အရေးကြီးတယ်။ အဲဒီအကျိုးအမြတ်ကလည်း လက်ရှိ ရှိနေတဲ့ Business Community တွေနဲ့ အခြား အလွှာအဆင့်ဆင့်က လူတန်းစားများအပေါ် လူတန်းစားအခြေပြု အမြင်နဲ့ ဘယ်လောက်အထိ အကျိုးအမြတ်ရှိမလဲဆိုတာမျိုး တွေးဖို့ အရေးကြီးတယ်။ ဒီတော့ ဘာလိုချင်လဲ၊ ဘာအကျိုးအမြတ်ရမလဲ၊ လူတန်းစားအားလုံးအတွက် အဆင်ပြေလား။ အဲဒီသုံးခုကို ကျနော်တို့က စဉ်းစားသင့်တယ်။

အဓိကအနေနဲ့ သုတေသန အများကြီး လုပ်ဖို့လိုတယ်။ ဥပမာ- လက်ရှိ တရုတ်ဆိုတဲ့သိမှုကို လူထုအကြား ဘယ်လို တည်ဆောက်ထားလဲ ဆိုတာမျိုးကို သေချာလေး လေ့လာတာ ခုချိန်ထိမရှိခဲ့ဖူးဘူး။ မြန်မာ နိုင်ငံက လူတန်းစားအလွှာအဆင့်ဆင့်က CMEC ဆိုတာ ဘယ်လို နားလည်ထားတယ်ဆိုတာ ခုချိန်အထိ မသိဘူး။  ကျနော်နေတဲ့ လမ်းထိပ်ကွမ်းယာဆိုင်က လူတယောက်ကို CMEC ဆိုတာကို ဘာကြီးလဲ မေးရင် ဘယ်သူမှမသိဘူး၊ လူတွေရဲ့သိမှုကို ဘယ်လိုတည်ဆောက်ထားလဲဆိုတဲ့ ကိစ္စက တော်တော်အရေးကြီးတယ်ဗျ။ ဒီစီမံကိန်းတွေ လုပ်ဖို့ အောင်မြင်ဖို့ဆိုတာလည်း လူတွေရဲ့သိမှုထဲမှာ အတိုင်းအတာ တခုထိ ဒီစီမံကိန်းကြီးတွေဟာ ငါတို့နဲ့ဆိုင်တယ်။ အကျိုးရှိတယ်။ Ownership ရှိတယ်ဆိုတဲ့ ခံစားမှုရဖို့လည်း အရေးကြီးတယ်။ လက်ရှိ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံ ဆက်ဆံတဲ့အခါမျိုးမှာ တရုတ်က Origin ဖြစ်ခြင်းမဖြစ်ခြင်းဆိုတာထက် ကျနော်တို့မှာ Sense of Ownership ဘယ်လောက်ရှိလဲဆိုတဲ့ကိစ္စက ပိုအရေးကြီးတယ်။ အဲဒါ တရုတ်မှ မဟုတ်ဘူး၊ အမေရိကန် Investment လာလည်း ဒီအတိုင်း လာမှာပဲ။ ဂျပန် Investment လာလည်း ဒီအတိုင်းနေမှာပဲ။ ဘယ် Investment လာလာ ဒီအတိုင်းနေမှာပဲ။ ဒီတော့ ကျနော်တို့အနေနဲ့က ဒီဟာတွေပြင်ဆင်ဖို့ဆိုရင် လက်ရှိလူတွေမှာရှိတဲ့ သူတို့သိမှုတွေကို ဘယ်လို တည်ဆောက်ထားလဲ။ လူတွေ ဘယ်လိုနားလည်နေလဲ ဆိုတာကို လေ့လာဖို့က လိုနေတဲ့တပိုင်းပဲ။ ဒါကို အချိန်ပေး လေ့လာသင့်တယ်လို့ ကျနော်ထင်ပါတယ်။ နောက်ပညာရပ်ဆိုင်ရာ လေ့လာမှုမှာ အရေးကြီးတာတခုကတော့ အတွေးအခေါ်အပိုင်းပါ။ ကျနော်တို့က ဒီ အားပြိုင်မှုကြီးဟာ အရင်းရှင်နိုင်ငံကြီးတွေ အားပြိုင်တယ်ဆိုတာကို သိနေဖို့ပါပဲ။ ဘယ်သူ့ဘက်မှာဖြစ်ဖြစ် တူညီချိတ်ဆက်နေတဲ့ ကော်ပိုရိတ်ကြီးတွေ၊ ဘဏ်ကြီးတွေ၊ အပြန်အလှန် ရင်းနှီးမှုတွေပါတယ် ဆိုတာပဲ။ ဒါကြောင့် လက်ရှိ ရှိနေတဲ့ နိုင်ငံတကာစနစ်ကို လူတန်းစားအခြေပြု လက်ဝဲသစ်အမြင်ကနေပြီး တတ်နိုင်သလောက် ချဉ်းကပ်လေ့လာဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။

The post ပထဝီနိုင်ငံရေးအားပြိုင်မှုများအကြား မြန်မာနိုင်ငံ၏အခန်းကဏ္ဍ – အမရသီဟအား မေးမြန်းခြင်း appeared first on ISP Myanmar China Desk.

ပထဝီနိုင်ငံရေးအားပြိုင်မှုများအကြား မြန်မာနိုင်ငံ၏အခန်းကဏ္ဍ – ဦးခိုင်ဝင်းအား မေးမြန်းခြင်း
ပထဝီနိုင်ငံရေးအားပြိုင်မှုများအကြား မြန်မာနိုင်ငံ၏အခန်းကဏ္ဍ

ဦးခိုင်ဝင်းအား မေးမြန်းခြင်း

ဦးခိုင်ဝင်းသည် သန္ဓိအုပ်ချုပ်စီမံမှုအဖွဲ့၏ အမှုဆောင်ဒါရိုက်တာဖြစ်သည်။

(ယခု ဖော်ပြထားသည့် အင်တာဗျူးသည် ISP-Myanmar မှ ထုတ်ဝေနေသော မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးဂျာနယ် (The Myanmar Quarterly) အမှတ်-၅ အတွက် မေးမြန်းထားခြင်း ဖြစ်သည်။ မေးမြန်းမှုကို လွန်ခဲ့သည့် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၄ ရက်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ယခုအင်တာဗျူးတွင် ပါဝင်သော သုံးသပ်ချက်များနှင့် အချက်အလက်များသည် ထိုအချိန်မတိုင်ခင်က (အထူးသဖြင့် ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုကြောင့် ဖြစ်ပေါ်ခဲ့သော အခင်းအကျင်းမတိုင်ခင်) အခြေအနေများကို ထင်ဟပ်ပါကြောင်း သိစေအပ်ပါသည်။ ယင်းအပြင် ကမ္ဘာလုံးဆိုင်ရာ အပြောင်းအလဲများ ဖြစ်ပေါ်စေသည်အထိ ရိုက်ခတ်မှုကြီးခဲ့သော ကိုဗစ်-၁၉ အခြေအနေများကြောင့် ယခု သုံးသပ်ချက်များအပြင် လေ့လာတွေ့ရှိချက်အသစ်များ ထွက်ပေါ်မှုရှိနိုင်သည်ကို ထည့်သွင်းစဉ်းစားသင့်ပါသည်။)

မေး။    ၂၀၁၈ ခုနှစ် နှစ်ပိုင်းကစပြီး တရုတ်နဲ့ အမေရိကန်အကြား ကုန်သွယ်ရေး စစ်ပွဲတွေကအစ တောင်တရုတ်ပင်လယ်အတွင်း အားပြိုင်မှုတွေအထိ ပထဝီနိုင်ငံရေး ပြိုင်ဆိုင်မှုတွေ အဘက်ဘက်မှာ များလာခြင်းဟာ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေအပေါ်မှာ ဘယ်လိုသက်ရောက်မှုတွေ ရှိနိုင်ပါသလဲ။

ဖြေ။     တကယ်တော့ အမေရိကန်နဲ့ တရုတ်ရဲ့ ကုန်သွယ်ရေးစစ်ပွဲလို့ ဆိုရာမှာလည်း ကုန်သွယ်ရေးစစ်ပွဲထက်ပိုတယ်။ Technology War (နည်းပညာပါ ပြိုင်ဆိုင်မှု) ဖြစ်လာကြတယ်။ ကုန်သွယ်ရေးလို့ပြောရင် အမေရိကန်က သူတို့ဘက်က အမြဲ Deficit (လိုငွေပြတာ) ဖြစ်နေတယ်။ တရုတ်က အမြဲပိုပြီးပို့တယ်လို့ ပြောတယ်။ အဲဒါကို စီးပွားရေး ပညာရှင်တွေက လက်မခံကြဘူး။ နည်းပညာစစ်ပွဲလို့ အချို့က သုံးသပ်ကြတယ်။ Intellectual Property Rights (အသိဉာဏ် မူပိုင်ခွင့် ပစ္စည်း)တွေပါ တရုတ်ကို ခိုးတယ်။ Cyber Attack (ဆိုင်ဘာ တိုက်ခိုက်မှု)တွေ လုပ်တယ်။ အဲဒါတွေ သုံးပြီး Intellectual Property (အသိဉာဏ်မူပိုင်ခွင့်) ကို ချိုးဖောက်တယ်။ အဲဒီလိုမျိုး ပြောကြတယ်။ မှန်သင့်သလောက်လည်း မှန်တယ်။

ဒါပေမဲ့ တကယ့်တကယ်တော့ နောက်ပိုင်းမှာ Data က အရေးကြီးလာပါတယ်။ တရုတ်က Technology Research and Development (နည်းပညာသုတေသနနဲ့ ဖွံ့ဖြိုးမှု)ကို အားပေးတယ်။ ကမ္ဘာပေါ်က ကုမ္ပဏီတွေကို ကြည့်တဲ့အခါ တကယ်နည်းပညာအဆင့်မြင့်တဲ့ ၁၀ ခု လောက်မှာ တရုတ်ကလည်း တော်တော်များများ တွေ့ရတယ်။ Tencent တို့၊ Alibaba တို့၊ Think Tank တို့မှာ သူဟာ ရှေ့ကိုရောက်တယ်။ Right Sharing ကားကုမ္ပဏီ DD တို့၊ Platform Economy မှာလည်း သူဟာ တော်တော်လေးကို ရှေ့ရောက်လာတယ်။ Huawei ဆိုရင် 5G Network တွေ လုပ်တယ်။ စီးပွားရေးအရရော စိန်ခေါ်မှု တွေရှိလာတာက အမေရိကန်ကုမ္ပဏီကြီးတွေ ကိုယ်တိုင်ကိုက စိုးရိမ်ပူပန်လာတာ ဖြစ်နိုင်တယ်။

တရုတ်ရဲ့ သဘောသဘာဝကလည်း ဘာဖြစ်နေလဲဆိုတော့ တရုတ်ရဲ့ အစိုးရက တပါတီအာဏာရှင်စနစ် ဖြစ်နေတယ်။ တရုတ်နဲ့ မဆက်ဆံ လို့ကလည်း မရဘူး။ အဲဒီတော့ ဘာလုပ်လဲဆိုတော့ ဥရောပသမဂ္ဂ ဆိုရင် EU-China Strategy (ဥရောပ-တရုတ် မဟာဗျူဟာ) ဆိုပြီး စာတမ်းတွေ ပြန်ပြီးထုတ်တယ်။ အမေရိကန်ကလည်း National Security Strategy အမျိုးသားလုံခြုံရေး မဟာဗျူဟာ ၂၀၁၇၊ ၂၀၁၈ ဆိုပြီး ထုတ်ကြတယ်။ ဘာတွေ့ရလဲဆိုတော့ တရုတ်အပေါ်မှာ အားပြိုင်မှုတွေ ရှိလာတယ်။

ဒေသတွင်းနိုင်ငံတွေ စင်ကာပူ အပါအဝင်၊ ဂျပန်တို့ကလည်း ဘယ်ဘက်ကိုမှ လိုက်ချင်တဲ့ ဆန္ဒမျိုးမရှိဘူး။ တကယ်တမ်းပြန်ကြည့်ရင် ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက်ကိုလည်း တရုတ်ရဲ့ ဖွံ့ဖြိုး တိုးတက်မှုအပေါ်မှာ အများကြီး မူတည်တယ်။ တရုတ်က သိပ်ကျသွားလို့လည်း မရဘူး။ အမေရိကန်ဘက် လိုက်မလား၊ တရုတ်ဘက် လိုက်မလား၊ ဘယ်ဘက်လိုက်မလဲဆိုတဲ့ ရွေးချယ်မှုမျိုးကို ဘယ်သူမှ လက်မခံကြဘူး။

ဒေသတွင်းနိုင်ငံတွေမှာလည်း တရုတ်အပေါ် စိုးရိမ်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။ အထူးသဖြင့် သမ္မတရှီကျင့်ဖျင် လက်ထက်မှာ အရှေ့ တောင်အာရှက တောင်တရုတ်ပင်လယ်မှာ ကျွန်းတွေ တည်ဆောက်တာ ဖြစ်လာတယ်။ ဖိလစ်ပိုင်နဲ့ နယ်နိမိတ်သတ်မှတ်တဲ့ အငြင်းပွားမှုတွေ ဖြစ်တယ်။ ဂျပန်နဲ့လည်းဖြစ်တယ်။ အင်ဒိုနီးရှားနဲ့လည်း ဖြစ်လာတယ်။ ဗီယက်နမ်နဲ့လည်း ဖြစ်တယ်။ အမျိုးမျိုးပြန်ပြီးတော့ စဉ်းစားသုံးသပ်စရာ ဖြစ်တယ်။ မြန်မာနိုင်ငံအနေနဲ့လည်း အချက်အချာတော့ကျတယ်။ အိန္ဒိယသမုဒ္ဒရာနဲ့ ပစိဖိတ်သမုဒ္ဒရာ ဆက်ထားတဲ့နေရာမှာရှိတယ်။ နယ်နိမိတ်မှာလည်း တရုတ်နဲ့နယ်နိမိတ်မှာ မိုင်တွေအများကြီး ထိစပ်နေတယ်။ လက်ရှိမှာလည်း စီးပွားရေးမှာ၊ ကုန်သွယ်မှုတွေမှာ အများကြီး ထိစပ်နေတယ်။ FDI (နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု)မှာလည်း စင်ကာပူပြီးရင် တရုတ်က အများဆုံးဖြစ်နေတယ်။ ကျန်တဲ့ စီမံကိန်းတွေလည်း အများကြီး ရှိနေတယ်။ အများကြီးတော့ သတိထားပြီး ဆက်ဆံရမယ်ပေါ့။ တရုတ်နဲ့လည်း မိတ်ပျက်လို့မဖြစ်ဘူး။ ကျန်တဲ့နိုင်ငံတွေနဲ့ကလည်း တတ်နိုင်သမျှ ဆက်ဆံရေးကောင်းအောင် တည်ဆောက်ထားဖို့လိုတယ်။

မေး။    တရုတ်နိုင်ငံကလည်း ရပ်ဝန်းလမ်းကြောင်းစီမံကိန်းကို အကောင်အထည်ဖော်နေချိန်မှာ အမေရိကန်နဲ့ ဒေသတွင်းမဟာမိတ်တွေဖြစ်တဲ့ ဂျပန်၊ အိန္ဒိယ၊ ဩစတြေးလျစတဲ့ နိုင်ငံတွေကလည်း လွတ်လပ်ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ်ဒေသဆိုပြီး ပထဝီနိုင်ငံရေး ဦးစီးဦးဆောင်ပြုမှုတရပ် ကို ကျယ်ကျယ်လောင်လောင် ပြောဆိုလာကြပါတယ်။ ဒီ အင်ဒို-ပစိဖိတ် အဆိုပြုချက်တွေမှာ မြန်မာနိုင်ငံရဲ့ အခန်းကဏ္ဍက ဘယ်လို အနေအထား ရှိပါသလဲ။ ဒီအဆိုပြုချက်တွေဟာ မြန်မာနိုင်ငံရဲ့ ပထဝီနိုင်ငံရေး အရေးပါမှုကို ပိုမိုမြင့်တက်လာစေပါသလား။ ဘေးကျပ်နံကျပ် ပို ဖြစ်လာစေပါသလား။

ဖြေ။     အရင်တုန်းက တရုတ်ပြည်က Low Profile (ခပ်ငြိမ်ငြိမ်) နေတာ။ အရင်တုန်းက တိန့်ရှောင်ဖိန်ပြောတဲ့စကားလို လက်သည်းဝှက်ထားပြီး နေခဲ့ကြတယ်။ အခုက တရုတ်က အင်အားကြီးလာတယ်။

အခုတော့ အင်ဒို-ပစိဖိတ်ဆိုပြီး တရုတ်ကိုတန်ပြန်ဖို့ လုပ်ကြတယ်လို့ တချို့က မြင်တယ်။ တရုတ်က အနီးအနားရှိ တောင်တရုတ်ပင်လယ်တင် မဟုတ်တော့ဘဲ ဩစတြေးလျနား ပါပူဝါနယူးဂီနီအထိ ချဲ့ထွင်ဖို့ လုပ် နေတယ်။ အမေရိကန်တို့ဘက်ကလည်း သူတို့မဟာဗျူဟာအရ  တောင်တရုတ်ပင်လယ်က ပထမစည်းပေါ့။ သူ့ရဲ့ အမှတ်(၇)ရေတပ် လည်း အဲဒီမှာရှိတယ်။ အဲဒီကဆုတ်ရင်တောင် ပစိဖိတ်သမုဒ္ဒရာကိုတော့ လက်လွှတ်ဆုံးရှုံးလို့ မရဘူးပေါ့။ ဂျပန်ဆိုလည်း သမိုင်းကြောင်းအရ တရုတ်နဲ့ ပြဿနာတွေရှိခဲ့တယ်။  အဲဒီအတွက် လုံခြုံရေးအတွက် တန်ပြန်ဖို့ သူတို့ ပြင်ဆင်လာကြတာပေါ့။ ထရမ့်လက်ထက်မှာ သူက ပူးပေါင်းဆောင်ရွက်မှုတွေအားလုံးကို ဖြတ်ပစ်ပြီး Isolationist policy (အထီးကျန်နေရေး မူဝါဒ)ကို သုံးတယ်။ ဥခွံထဲပြန်ဝင်တဲ့ စကားပေါ့။ အဲဒီ နိုင်ငံခြားရေးပေါ်လစီကို ပြန်သုံးပြီး America First (အမေရိကန် ပထမ)ကို လုပ်လိုက်တော့ တရုတ်က တက်လာတယ်လို့ တချို့က သုံး သပ်ကြတယ်။ အဲဒါကြောင့် အာရှတိုက်မှာဆိုလည်း အမေရိကန်ရဲ့ ဩဇာအာဏာ ကျလာတယ်လို့ လေ့လာချက်တွေမှာ ဖော်ပြကြတယ်။ ဘယ်လိုပဲပြောပြောပေါ့။ ဂျပန်တို့ တောင်ကိုရီးယားတို့က Smart Power  (စမတ်ပါဝါ) ကို ပြန်သုံးတယ်။ Trans-Pacific Partnership (ပစိဖိတ်သမုဒ္ဒရာကျော် မိတ်ဖက်ဖွဲ့ရေး)ကိုလည်း အပျက်မခံဘဲ ဂျပန်က ဆက်ဦးဆောင်တယ်။ အခြေခံ အဆောက်အဦတွေ တည်ဆောက်တယ်။

တရုတ် BRI ရဲ့ ထူးခြားချက်က Hardware (အမာထည်)ပိုင်းကို အသားပေးတာ တွေ့ရတယ်။ ADB (အာရှဖွံ့ဖြိုးရေးဘဏ်)က ထုတ်တဲ့ အစီရင်ခံစာအရလည်း အာရှတိုက်မှာ အခြေခံအဆောက်အဦ လိုအပ်ချက် ၁ ဒသမ ၇ ထရီလီယံလောက် လိုတယ်။ ၂၀၃၀ အထိဆိုရင် ၂၆ ထရီလီယံလောက် အခြေခံအဆောက်အဦ ရင်းနှီးမြှုပ်နှံမှု လိုအပ်မယ်လို့ သူတို့က ခန့်မှန်းထားတယ်။ မြန်မာနိုင်ငံဆိုရင်လည်း ပိုတောင်လိုဦးမယ်။ ဒီလို ဖြည့်ပေးမယ့်လူကို ပြည်သူတွေအပါအဝင် အားလုံးက ကြိုက်ကြတာပေါ့။

အဲဒီနေရာကို တရုတ်ကို ယှဉ်နိုင်တာဆိုလို့ အာရှတိုက်မှာဆိုရင် ဂျပန် ပဲရှိတယ်။ ဂျပန်နဲ့ တရုတ် ကွာခြားချက်က သူက Quietly လုပ်တယ်။ အရှေ့တောင်အာရှမှာ ဂျပန်ကအဓိကပဲ။ တရုတ်က BRI လုပ်နေချိန်မှာ ဂျပန်က အရှေ့အနောက်စင်္ကြံဆိုတာ စတယ်။ တကယ့် Connectivity (ဆက်သွယ်မှုအားကောင်းရေး)ကို အာရှတိုက်မှာ ဂျပန်က အဓိက အာရုံထားတယ်။ အိန္ဒိယနဲ့လည်း ဆက်ဆံရေးကို တိုးမြှင့်လာတယ်။ အရှေ့တောင်အာရှမှာလည်း အခြေခံအဆောက်အဦ ရင်းနှီးမြှုပ်နှံမှု တွေမှာ ပိုပြီး လုပ်လာတာ တွေ့ရတယ်။

ဒီလိုအခြေအနေမှာ မြန်မာနိုင်ငံရဲ့ ပထဝီနိုင်ငံရေးအရေးပါမှုက ပိုမြင့်တက်လာတယ်လို့ မြင်ပါတယ်။ ကိုယ့်နိုင်ငံမှာလည်း လိုအပ်ချက်တွေက များနေတယ်။ ဒါကြောင့် တခြားကရင်းနှီးမြှုပ်နှံမှု မရှိရင်တော့ ဒီဘက်က တရုတ်ကိုပဲ လက်ခံရမယ်။ အဲဒီတော့ တခြားနိုင်ငံတွေအနေနဲ့ အကူအညီတွေရော ရင်းနှီးမြှုပ်နှံမှုတွေလာရင် လုပ်ရမှာပဲ။ ပထဝီအနေအထားအရလည်း မြန်မာက တရုတ်နဲ့အိန္ဒိယ နှစ်နိုင်ငံကြားမှာ ရှိတယ်။ အနောက်နဲ့ပဲဖြစ်ဖြစ် အားလုံးနဲ့ သင့်မြတ်အောင် ဆက်ဆံရမယ်။

မြန်မာနိုင်ငံရဲ့ ပထဝီနိုင်ငံရေးအရေးပါမှုက ပိုမြင့်တက်လာတယ်လို့ မြင်ပါတယ်။ ကိုယ့်နိုင်ငံမှာလည်း လိုအပ်ချက်တွေက များနေတယ်။ ဒါကြောင့် တခြားက ရင်းနှီးမြှုပ်နှံမှု မရှိရင်တော့ ဒီဘက်က တရုတ်ကိုပဲ လက်ခံရမယ်။ အဲဒီတော့ တခြားနိုင်ငံတွေအနေနဲ့ အကူအညီတွေရော ရင်းနှီးမြှုပ်နှံမှုတွေလာရင် လုပ်ရမှာပဲ။

မေး။    တရုတ်၊ အမေရိကန်နဲ့ အခြားဒေသတွင်း အင်အားကြီးနိုင်ငံတွေအကြား ပထဝီနိုင်ငံရေးပြိုင်ဆိုင်မှုတွေကို မြန်မာနိုင်ငံဟာ ဘယ်လိုမူဝါဒတွေနဲ့ ကိုင်တွယ်နေတယ်လို့ သုံးသပ်ပါသလဲ။

ဖြေ။     အပေါ်ယံကြည့်မယ်ဆိုရင်တော့ NLD အစိုးရဟာ  ရွေးချယ်စရာမရှိလို့ တရုတ်နဲ့ပိုနီးစပ်သွားတယ်လို့ ပြောတဲ့လူတွေလည်း ရှိတာပေါ့။ ရခိုင် အရေးနဲ့ပတ်သက်လို့ ICJ က မြန်မာနိုင်ငံအပေါ် အထီးကျန်အောင် လုပ်တယ်။ သှူမှာ ရွေးချယ်စရာမရှိဘူး။ ရင်းနှီးမြှုပ်နှံသူတွေက စိတ်ဝင်စားမှု နည်းသွားတယ်။ ဒါက မှန်သင့်သလောက် မှန်သော်လည်း လက်တွေ့မှာ ပြန်ကြည့်မယ်ဆိုရင်တော့ ဘက်ညီတယ်လို့ ပြောရမှာပဲ။ တတ်နိုင်သမျှ ဘာကို ထိန်းကျောင်းနေလဲဆိုတော့ အားလုံးနဲ့ အဆင်ပြေအောင် ဆက်ဆံမယ်၊ ကိုယ့်တိုင်းပြည် အကျိုးရှိဖို့ပဲ အဓိကကျတယ်ဆိုတဲ့ မူဝါဒ ထားတယ်။

တရုတ်နဲ့က ဒီလောက်ကြီးမဟုတ်ဘဲ NLDအစိုးရလက်ထက်မှာ လက်တွေ့ အကောင်အထည်ဖော်မှုများတာက ဂျပန်နဲ့ ပိုများတယ်။ သီလဝါ လုပ်တယ်။ တောင်ကိုရီးယားနဲ့ဆိုလည်း များတယ်။ ဥပမာ- လှည်းကူး မှာလုပ်တဲ့ တောင်ကိုရီးယားအစိုးရ ဆောက်လုပ်ရေးဝန်ကြီးဌာန (Ministry of Construction) နဲ့ ပေါင်းပြီးတော့ မြို့သစ်စီမံကိန်းတွေ၊ စက်မှုဇုန်တွေ၊ ဒလတံတားစီမံကိန်းတွေ လုပ်ကြတယ်။ ကိုယ်နဲ့ ဆက်ဆံလို့ရသမျှ လူတွေနဲ့ အကုန်လုံး တတ်နိုင်သမျှလုပ်တယ်။

ပြန်ပြီးကြည့်မယ်ဆိုရင် ဘယ်လိုဆက်ဆံနေလဲဆိုတော့ အမျိုးသား အကျိုးစီးပွားကို ရှေ့တန်းတင်လာတာ တွေ့ရတယ်။ BRI Steering Committee မှာလည်း ဒေါ်အောင်ဆန်းစုကြည် ပြောထားတာရှိတယ်။ (National Priority) နိုင်ငံတော်ရဲ့ ဦးစားပေးဖြစ်ရမယ်။ ရှီကျင့်ဖျင်နဲ့ တွေ့တဲ့အခါမှာလည်း သူပြောတယ်။ အားလုံးက Rules & Regulation (ဥပဒေစည်းမျဉ်း)က နိုင်ငံရဲ့ ဥပဒေတွေအတိုင်း၊ သဘာဝပတ်ဝန်းကျင် ကိစ္စတွေပါ ထည့်ပြောတာပေါ့။

မေး။    ၂၀၁၆ ခုနှစ်နောက်ပိုင်းကစပြီး အထူးသဖြင့် ၂၀၁၇ ခုနှစ်နောက်ပိုင်းမှာ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအပေါ်မှာ စီးပွားရေးအရ၊ နိုင်ငံရေးအရ၊ သံတမန်ရေးအရ သက်ရောက်လွှမ်းမိုးနိုင်မှုတွေဟာ ဘယ်ခေတ်နဲ့မှ မတူအောင် များလာခဲ့ပါတယ်။ တဖက်မှာလည်း မြန်မာနိုင်ငံရဲ့ နိုင်ငံခြားဆက်ဆံရေးနယ်ပယ်နဲ့ သံတမန်ဆက်ဆံရေးတွေဟာ တစတစ ဘောင်ကျဉ်းလာခဲ့တယ်။ ဒီလိုအခြေအနေမှာ မြန်မာနိုင်ငံဟာ လွန် ဆန်ရမလွယ်တဲ့ အခြေအနေ ရောက်သွားနိုင်တဲ့ တရုတ်ရဲ့ လွှမ်းမိုးမှုကို တစုံတရာ ပြန်ထိန်းညှိပြီး မိမိရဲ့ အကျိုးစီးပွားအတွက် လွတ်လပ်ပြီး တက်ကြွတဲ့ နိုင်ငံခြားရေးမူဝါဒ အစဉ်အလာကို ဆက်လက်ထိန်းနိုင်မယ့် အခြေအနေမျိုး ရှိနေပါသလား။

ဖြေ။     တရုတ်ရဲ့ ဩဇာအာဏာလွှမ်းမိုးမှုဟာ စစ်အစိုးရလက်ထက်မှာ အကြီးဆုံးပဲ။ တကယ်တော့ ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းမှသာ ပြောင်းသွားတာပေါ့နော်။ ဒါတောင်မှ အဲဒီအချိန်မှာ ရေနံပိုက်လိုင်း၊ ဂက်စ်ပိုက် လိုင်းတွေ၊ လက်ပံတောင်း အဲဒါတွေက စစ်အစိုးရမဆင်းခင် လုပ်သွားတာ။ ဦးသိန်းစိန်ခေတ် မြစ်ဆုံ ရပ်လိုက်ပြီးနောက်ပိုင်းမှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှု ကျသွားတယ်။  ကျသွားပြီးတော့မှ ပြန်ပြီးတော့ တက်လာတယ်။ ကျောက်ဖြူကလည်း ဦးသိန်းစိန် အစိုးရလက်ထက်မှာ တင်ဒါခေါပြီး ရသွားပြီးတော့ ဆင်းခါနီးမှာ လက်မှတ်ထိုးသွားတာ။ တရုတ်က မြန်မာနိုင်ငံအတွက် အဓိက Player တော့ အခုထက်ထိ ဖြစ် နေတာပဲ။

ပထမမေးခွန်းနဲ့လည်း ဆက်စပ်တယ်။ လွတ်လပ်ပြီး တက်ကြွတဲ့ဝါဒက ဘယ်လိုအကောင်အထည်ဖော်မလဲဆိုတာ။ နယ်နိမိတ်ချင်း ထိစပ်နေတယ်။ အင်အားကြီးနိုင်ငံလည်းဖြစ်တယ်။ ကုန်သွယ်တဲ့ပမာဏလည်း များတယ်။ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေကိုလည်း သူ ဘယ်လိုပဲ ငြင်းငြင်းပေါ့။ သမ္မတရှီကျင့်ဖျင်က လက်နက်မထောက်ပံ့ပါဘူးပဲ ပြောပြော။ ဘယ်သူမှ မယုံကြဘူး။ သူ တိုက်ရိုက် မထောက်ပံ့တောင်မှ သွယ်ဝိုက်တဲ့နည်းနဲ့ သူ ခွင့်ပြုထားလို့ပေါ့။ ကိုယ့်အချင်းချင်း စည်းလုံးနေမယ်၊ သဘောထားတွေ တူနေမယ်ဆိုရင် တရုတ်အပေါ် အားကိုးစရာ မလိုတော့ဘူး။ တရုတ်က ဝင်ပြီးပါမှ၊ သူ့ရဲ့ အာဏာနဲ့လုပ်မှ ငြိမ်းချမ်းရေးရမယ်ဆိုရင် ဒါက ရေရှည်အတွက်တော့ ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး ဖြစ်နိုင်ချင်မှဖြစ်နိုင်မယ်။

မန္တလေးကို ကြည့်လိုက်ပေါ့။ သူတို့ဆီက ရွှေ့ပြောင်းတွေ ဝင်လာတယ် ပြည်တွင်းကမှ မဟုတ်တာ။ စီးပွားရေးတွေ လွှမ်းမိုးတယ်။ မြေတွေ ဝယ်တယ် တည်ဆောက်ကြတယ်။ အဲဒီအပေါ်မှာ လူတွေဟာ အများ ကြီးအဆိုးမြင်တယ်။ အဲဒီအပေါ်မှာ ရိုက်ခတ်မှုတွေက အခုလာမယ့် တရုတ်စီမံကိန်းတွေအပေါ် ကျလာတယ်။ ဒါကလည်း နှစ်ဖက်စလုံးရဲ့ အုပ်ချုပ်စီမံမှုတွေ တချိန်က မကောင်းခဲ့လို့ပါ။ တရုတ်အနေနဲ့ ပြန် စဉ်းစားဖို့လိုတာက မြန်မာနိုင်ငံ အပါအဝင် တခြား BRI စီမံကိန်းတွေ မှာ သူတို့ တကယ်အကျိုးရှိပါ့မလား ဆိုတာကိုပဲ။ တချို့ပညာရှင်တွေ ပြောတာက Debt Trap (ကြွေးမြီထောင်ချောက်) ဆိုတဲ့ဟာက တခြား နိုင်ငံမဟုတ်ဘူး ကိုယ့်နိုင်ငံ ပြန်ဖြစ်မယ်ဆိုတာ။

အရေးကြီးတယ်လို့ထင်တာက တရုတ်ပြည်မှာလည်း အစိုးရက တရပ်တည်းရှိတာ မဟုတ်ဘူး။ သူတို့ရဲ့ အကျိုးစီးပွားတွေကလည်း အများကြီး ကွဲနေတယ်။ အစိုးရပိုင် စီးပွားရေးလုပ်ငန်းများ (SOEs) တွေရဲ့ အကျိုးစီးပွားနဲ့ တရုတ်ဗဟိုအစိုးရရဲ့ အကျိုးစီးပွားကလည်း တူတာ မဟုတ်ဘူး။ တရုတ်ပြည်ကိုယ်တိုင်က တကယ်တော့ Governance (အုပ်ချုပ်မှုစနစ်) ကောင်းတဲ့နိုင်ငံ မဟုတ်ဘူး။ အဂတိလိုက်စားမှု (Corruption) ကလည်း များတဲ့နိုင်ငံဖြစ်တော့ သက်ဆိုင်တဲ့ အကျိုးစီးပွားတွေကလည်း များတယ်။

မေး။    ဒီ ပြောင်းလဲနေတဲ့ ပထဝီနိုင်ငံရေး အခင်းအကျင်းကို မဟာဗျူဟာမြောက် ရင်ဆိုင်နိုင်ဖို့ဆို မြန်မာနိုင်ငံအနေနဲ့ ဘယ်လိုအကြောင်းအချက် အခြေအနေတွေကို သတိထားကိုင်တွယ်ရမလဲ။ ဘယ်လိုပြင်ဆင်မှုမျိုးတွေက အထောက်အကူ ပြုစေနိုင်ပါသလဲ။

ဖြေ။     အင်အားကြီးတွေပြိုင်ဆိုင်မှု (Great Power Rivalry) မှာတော့ ဘက်မလိုက်ချင်ဘူး။ နှစ်ယောက် အားပြိုင်မှုတွေကနေ အကျိုးအမြတ် အများဆုံးရအောင် လိုချင်တယ်။ တတ်နိုင်သမျှ ဖြစ်နိုင်တဲ့ အန္တရာယ် ဖြစ်နိုင်တဲ့ဟာတွေကို လျှော့ချမယ်။ အဲဒါ ချဉ်းကပ်မှု အကောင်းဆုံး လို့ပဲ ထင်တယ်။ ဘယ်လိုလုပ်မလဲဆိုရင်တော့ Hedge (အကာအကွယ်ယူ) လုပ်ရမယ်။ အဓိကကတော့ မြန်မာအတွက် အာဆီယံနိုင်ငံဖြစ်တယ်။ အာဆီယံကလည်း ဘာပဲပြောပြော ဒေသတွင်းမှာ အရေးပါတော့ အာဆီယံကို Hedge (အကာအကွယ်ယူ) လုပ်ဖို့ လိုတယ်။ ဒါ့အပြင် အာဆီယံထက် အင်အားရှိတဲ့ နိုင်ငံတွေ ဩစတြေးလျ၊ ဂျပန်၊  တောင်ကိုရီးယား၊ အိန္ဒိယတို့နဲ့လည်း Hedge (အကာအကွယ်ယူ) လုပ်ဖို့လိုတယ်။ ဒါက အာဆီယံ +၃ တို့ +၅ တို့ လုပ်နေတာပဲ။ နောက်ထပ်ပြီးတော့ အာဆီယံနဲ့ အီးယူနဲ့ ဆက်ဆံရေးရှိတယ်။ ဥရောပသမဂ္ဂ ကိုလည်း Hedge (အကာအကွယ်ယူ) လုပ်ဖို့လိုတယ်။ အမေရိကန် ကတော့ ဝေးပေမယ့် သူကလည်း  အင်အားကြီးနိုင်ငံများ ပြိုင်ဆိုင်မှု (Great Power Rivalry) မှာ ပါတော့ တဆင့်အနေနဲ့ ရောက်လာပြီး ဒီမှာ ရှုပ်နိုင်တဲ့ အနေအထား။ ဆိုတော့ အဲလိုမဖြစ်အောင်တော့ တတ် နိုင်သမျှ သတိထားရမယ့် အချက်တွေပါ။

ကိုယ့်မှာလည်း မဟာမိတ်တွေ ရှိဖို့လိုတယ်။ တရုတ်က ကျနော်တို့နိုင်ငံ ကို အထောက်အပံ့ ဖြစ်စေနိုင်တဲ့ဟာက Labour intensive industries (လုပ်အားအခြေပြု လုပ်ငန်း)တွေပဲ။ ကျနော်တို့နိုင်ငံဆီ အဲဒါတွေ ဝင်လာမယ်ဆိုရင်လည်း ကိုယ်တွေနိုင်ငံမှာက ဘာမှမရှိဘူး။ ပျမ်းမျှ ကျောင်းနေမှုတောင် လေးတန်းပဲရှိတာ။ လူတွေက ဘာမှ Skill (ကျွမ်းကျင်မှု) လည်း မရှိတော့ အဲဒီလိုလူတွေ၊ လယ်ယာကဏ္ဍမှာ ပိုနေတဲ့ လူတွေကို ပေးနိုင်တာက Labour intensive (လုပ်အားအခြေပြု) လုပ်ငန်းတွေပဲရှိတယ်။ ဘာက အရေးကြီးပြန်လဲ ဆိုတော့ လူ့စွမ်းအား ဖွံ့ဖြိုးတိုးတက်မှုမြန်ဆန်ဖို့က အရေးကြီးတယ်။ မြန်ဆန်ပြီးတော့ စနစ် တကျ လုပ်တတ်ဖို့ကတော့ တကယ် လိုတယ်။ အဲဒီ ပြဿနာတွေအတွက် နိုင်ငံတော်ကလည်း မူဝါဒ ချမှတ်ပြီး တဦးချင်းစွမ်းရည်တွေ တက်လာအောင် လုပ်ဖို့လိုတယ်။

The post ပထဝီနိုင်ငံရေးအားပြိုင်မှုများအကြား မြန်မာနိုင်ငံ၏အခန်းကဏ္ဍ – ဦးခိုင်ဝင်းအား မေးမြန်းခြင်း appeared first on ISP Myanmar China Desk.

ပထဝီနိုင်ငံရေးအားပြိုင်မှုများအကြား မြန်မာနိုင်ငံ၏အခန်းကဏ္ဍ – မုံရွာအောင်ရှင်အား မေးမြန်းခြင်း
ပထဝီနိုင်ငံရေးအားပြိုင်မှုများအကြား မြန်မာနိုင်ငံ၏အခန်းကဏ္ဍ

မုံရွာအောင်ရှင်အား မေးမြန်းခြင်း

ဆရာမုံရွာအောင်ရှင်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ဗဟိုပြန်ကြားရေးကော်မတီ၏ အတွင်းရေးမှူးဖြစ်သည်။

(ယခု ဖော်ပြထားသည့် အင်တာဗျူးသည် ISP-Myanmar မှ ထုတ်ဝေနေသော မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးဂျာနယ် (The Myanmar Quarterly) အမှတ်-၅ အတွက် မေးမြန်းထားခြင်း ဖြစ်သည်။ မေးမြန်းမှုကို လွန်ခဲ့သည့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၅ ရက်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ယခုအင်တာဗျူးတွင် ပါဝင်သော သုံးသပ်ချက်များနှင့် အချက်အလက်များသည် ထိုအချိန်မတိုင်ခင်က (အထူးသဖြင့် ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုကြောင့် ဖြစ်ပေါ်ခဲ့သော အခင်းအကျင်းမတိုင်ခင်) အခြေအနေများကို ထင်ဟပ်ပါကြောင်း သိစေအပ်ပါသည်။ ယင်းအပြင် ကမ္ဘာလုံးဆိုင်ရာ အပြောင်းအလဲများ ဖြစ်ပေါ်စေသည်အထိ ရိုက်ခတ်မှုကြီးခဲ့သော ကိုဗစ်-၁၉ အခြေအနေများကြောင့် ယခု သုံးသပ်ချက်များအပြင် လေ့လာတွေ့ရှိချက်အသစ်များ ထွက်ပေါ်မှုရှိနိုင်သည်ကို ထည့်သွင်းစဉ်းစားသင့်ပါသည်။)

မေး။     ပထမဆုံးမေးခွန်းကတော့ ၂၀၁၈ ခုနှစ်မှာစတဲ့ အမေရိကန်နဲ့ တရုတ် ကုန်သွယ်ရေးစစ်ပွဲတွေကအစ တောင်တရုတ်ပင်လယ်အတွင်း အားပြိုင်မှုတွေအထိ ပထဝီနိုင်ငံရေးပြိုင်ဆိုင်မှုတွေဟာ အဘက်ဘက်မှာ များလာခြင်းဟာ မြန်မာနိုင်ငံနဲ့ အရှေ့တောင်အာရှနိုင်ငံတွေအပေါ်မှာ သက်ရောက်မှုက ဘယ်လိုမျိုးတွေ ဖြစ်လာတယ်လို့  ထင်ပါသလဲ။

ဖြေ။     ပထမ ပြောချင်တာကတော့ ဒီ တရုတ်နဲ့ အမေရိကန်နဲ့ Trade War (ကုန်သွယ်ရေးစစ်)က သူတို့ ဖြစ်လာတဲ့အခြေခံက ဘာလဲဆိုတော့ အမေရိကန်က American First (အမေရိကန်ပထမ)ပေါ့။ အဲဒီ အယူအဆ ရှိလာတဲ့အခါ သူ့ရဲ့ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒကို ဆက်ပြီးတော့ ဆုပ်ကိုင်ထားတယ်။ နောက်ပြီး စီးပွားရေးနဲ့ပတ်သက်တဲ့ ကန့်သတ်မှုတွေ အမြဲတမ်း သူ လုပ်တယ်။ အဲဒီအပေါ်မှာ တရုတ်နိုင်ငံနဲ့ စပြီးတော့ ပွတ်တိုက်မှုတွေ ရှိခဲ့တာ။ ရှိခဲ့တော့ အဲဒီ Trade War ဟာ တကယ်တမ်းပြောရရင် မြန်မာနိုင်ငံအပေါ်မှာတော့ သိပ်ပြီးတော့ Impact ပေါ့လေ၊ ထိခိုက်မှုသိပ်မရှိလှဘူး။ မရှိဘူး။ ရှိတာက ဘယ်နိုင်ငံ တွေမှာရှိလဲဆိုတော့ အတော်အတန် ဖွံ့ဖြိုးတဲ့ ဥပမာဆိုပါတော့၊ စင်ကာပူတို့လို၊ မလေးရှားတို့လို အဲဒီလို အာဆီယံထဲက ဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာ ထိခိုက်မှုရှိတယ်။ မြန်မာနိုင်ငံမှာကတော့ ထိခိုက်မှု ဒီလောက်မရှိဘူးလို့ ပြောချင်ပါတယ်။

သူတို့ရဲ့ အဲဒီ ကုန်သွယ်ရေးစစ်ပွဲကြောင့်မို့ အနောက်နိုင်ငံနဲ့ နိုင်ငံတကာတွေရဲ့ တရုတ်မှာရှိတဲ့ စက်ရုံတွေကို ပြန်ရုပ်သွားတဲ့ဟာမျိုး ရှိတယ်ပေါ့နော်။ ရုပ်သွားပြီးတော့ တခြားနိုင်ငံတွေကို ရွှေ့သွားတယ်။ အဲဒီမှာ တချို့ ပြောကြတာက မြန်မာနိုင်ငံက အဲဒီအခွင့်အရေးကို မရလိုက်ဘူးဆိုတာ၊ အဲဒါလည်းမှန်ပါတယ်။ သတင်းတွေ တက်လာတာတွေ တွေ့တယ်။ ခုနကပြောတဲ့ စင်ကာပူတို့လို၊ ဟောင်ကောင်တို့လို ဒေသတွေကနေပြီးတော့ Investment (ရင်းနှီးမြှုပ်နှံမှု)တွေပေါ့လေ၊ မြန်မာပြည်ထဲကို လာဖို့ ကြိုးစားကြတယ်။ ကြိုးစားကြတော့ မြန်မာနိုင်ငံမှာက အဆင်သင့်မဖြစ်ဘူး။ Investment နဲ့ပတ်သက်လို့ Investment Law (ရင်းနှီးမြှုပ်နှံမှုဥပဒေ)တို့ ဘာတို့က အဆင်သင့်ရှိရင် ကောင်းတယ်။ အဆင်သင့်ဖြစ်တယ်၊ ကောင်းတယ်ဆိုပေမယ့်လို့၊ ပြင်ဆင်ထားမှု ရှိပေမယ့်လို့ လက်တွေ့ပေါ့လေ၊ ဒီ Investment ကို လက်ခံပြီးတော့ လုပ်နိုင်တဲ့ အခင်းအကျင်းကျတော့ အားနည်းတယ်။ ဒါကြောင့်မို့ မြန်မာပြည်ကိုလာချင်တဲ့ Investment  တွေက မလာဘဲနဲ့ တန့်သွားတာ။ အဲဒါက ကိုယ့်နိုင်ငံရဲ့ အဆင်သင့်မဖြစ်မှုကြောင့် ဖြစ်တာလို့ ပြောချင်တာ။

မေး။     အခု တရုတ်ကလည်း BRI လုပ်ဖို့ ရှိတယ်၊ BRI ကလည်း မြန်မာနိုင်ငံကို ဖြတ်မယ့်ဟာတွေလည်း ရှိတာပေါ့။ နောက်ပြီး အမေရိကန်နဲ့ သှူရဲ့မဟာ မိတ်ပေါ့နော်၊ အိန္ဒိယတို့၊ ဂျပန်၊ ဩစတြေးလျ စတဲ့ နိုင်ငံတွေနဲ့ပေါင်းပြီး တော့ သူကလည်း အစီအစဉ်တခု ပြောလာတာက လွတ်လပ်ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ်ဒေသဆိုပြီး ပြောလာတာလည်း ရှိတယ်ပေါ့နော်။ ဆိုတော့ အဲဒီ အင်ဒို-ပစိဖိတ် အဆိုပြုချက်တွေမှာ မြန်မာနိုင်ငံရဲ့ အခန်း ကဏ္ဍက ဘယ်လိုအနေအထားမှာ ရှိပါသလဲ။ ဒီအဆိုပြုချက်တွေက မြန်မာနိုင်ငံရဲ့ ပထဝီနိုင်ငံရေးအရ အရေးပါမှုကို ပိုမိုမြင့်တက်လာစေပါသလား။ ဒါမှမဟုတ် ဘေးကျပ်နံကျပ် ပိုဖြစ်သွားစေပါသလား။

ဖြေ။     ဘေးကျပ်နံကျပ်၊ အဲဒါ မဖြစ်နိုင်ဘူး။ ကျနော်တော့ အဲဒီလိုပဲမြင်တယ်။ ဘာကြောင့်မဖြစ်နိုင်လဲဆိုတော့ မြန်မာနိုင်ငံက ခုနက BRI ထဲမှာ ပါပြီးတော့ လုပ်ရတဲ့ဟာက ဒါက အကန့်အသတ်တခုပဲ။ ဟိုဘက်မှာ ရှိတဲ့ ခုနက အင်ဒို-ပစိဖိတ်လမ်းကြောင်းနဲ့ ပတ်သက်လို့လည်း အကန့် အသတ်တခုပဲ။ အဲဒီတော့ မြန်မာနိုင်ငံအတွက် နှစ်ဖက်ပေါ့လေ၊ နှစ်ဖက်က အခွင့်အလမ်းတွေကို ပိုပြီးတော့ ရနိုင်စရာရှိတယ်။ ဒါက လမ်းကြောင်းအရ၊ မူအရ ပြောရတာပါ။ သို့သော်လည်းပဲ နှစ်ဖက်စလုံးရဲ့ အခွင့်အလမ်းကို ဆုံးရှုံးနိုင်စရာလည်း ရှိတယ်။ အဲဒါ ဘာကြောင့် ဆုံးရှုံးနိုင်စရာရှိသလဲဆိုရင် ကိုယ့်နိုင်ငံရဲ့ အဆင်သင့်မဖြစ်မှု။ နောက်တခုက ဒီလုပ်ငန်းကို အကောင်အထည် ဖော်တဲ့ ယန္တရားတွေ၊ အဲဒီယန္တရားတွေကလည်း အဆင်သင့်မဖြစ်တဲ့ အခြေအနေတွေ ရှိနေတယ်။ ဒါကြောင့်မို့ သိရသလောက်ကတော့ တဖက်ကလာတဲ့ Investment တွေက ပြန်ပြန်ပြီးတော့ နောက်ဆုတ် သွားကြတာ။ အဲဒါကြောင့်လို့ မြင်တယ်။

မေး။     အဲဒီလို အဆင်သင့်မဖြစ်တဲ့အခြေအနေက အစိုးရအဖွဲ့ အတွင်းမှာလား၊ ဒါမှမဟုတ် ဒီနိုင်ငံမှာဖြစ်နေတဲ့ အခြေအနေအရပ်ရပ်တွေကြောင့်လား။ ဥပမာ- ငြိမ်းချမ်းရေးတို့၊ ရခိုင်အရေးတို့။

ဖြေ။     အဲဒါကတော့ နှစ်ခုစလုံးပဲဗျ။ နံပါတ်တစ်ကတော့ ခုနကပြောတဲ့ ငြိမ်းချမ်းရေးပေါ့။ နံပါတ်တစ် ငြိမ်းချမ်းရေးကို အရင်ပြောမယ်၊ လက်နက်ကိုင်ပဋိပက္ခရှိနေရင် Investment က လာဖို့ခက်တယ်။ နှစ်အချက် ခုနကပြောတဲ့ အကောင်အထည်ဖော်တဲ့ ယန္တရား။ အဲဒီယန္တရားက တော်တော့်ကို အခြေအနေဆိုးတယ်။ နောက် တချို့နိုင်ငံတွေမှာ Investment လာလုပ်ချင်တယ်ဆိုရင် နှစ်လ သုံးလလောက်နဲ့ အခြေအနေတွေက ပြီးသွားကြတယ်။ ကိုယ့်နိုင်ငံမှာက စားပွဲ တခုနဲ့တခု အကူးကိုပဲ နှစ်လ သုံးလမက ကြာနေတယ်။ ပြောချင်တာကတော့ ဗျူရိုကရေစီယန္တရားပဲ။

အရပ်ထဲမှာပြောကြတာ ရှိတယ်လေ။ Red Carpet (ကော်ဇောနီ)ပေါ့။ Red Carpet နဲ့ ကြိုနေတာကို Red Tape (ကြိုးနီ) နဲ့ ကာတယ်ဆိုပြီး တော့ ပြောကြတာရှိတယ်။ ကော်ဇောနီခင်းပြီးတော့ ကြိုတာပဲ။ ဒါပေမဲ့ ကြိုးနီက တားထားတဲ့အခါကျတော့ ဝင်လို့မရဘူး။ အဲဒီ သဘောပဲလို့ မြင်တယ်။

မေး။     အမေရိကန်၊ တရုတ်နဲ့ အခြား ဒေသတွင်း အင်အားကြီးနိုင်ငံတွေ အကြား ပထဝီနိုင်ငံရေး အားပြိုင်နေတဲ့အချိန်မှာ မြန်မာနိုင်ငံကရော ဘယ်လိုမူဝါဒတွေ ရှိနေသင့်လဲ။ ဘယ်လိုစဉ်းစားချက်မျိုးတွေ ရှိနေ သင့်တယ်လို့ ယူဆပါသလဲ။

ဖြေ။     အခု NLD အစိုးရလက်ထက်မှာတော့ Investment ကို ဒေါ်အောင် ဆန်းစုကြည် ကိုယ်တိုင်ကလည်း ခဏခဏပြောပါတယ်။ Investment ကို ဖိတ်ခေါ်တာပဲ။ နိုင်ငံတကာကို သွားတယ်၊ ဂျပန်ကို သွားတယ်၊ ကိုရီးယား သွားတယ်၊ တရုတ်ကို သွားတယ်။ Investment ကို ဖိတ်ခေါ် တာပဲ။ ဥရောပသွားလည်း ဖိတ်ခေါ် တာပဲ။ ဖိတ်ခေါ်သော်ငြားလည်းပဲ မူကတော့ ရှိရမယ်။ ဥပမာဆိုပါစို့၊ နိုင်ငံရေးအရ ဘယ်နိုင်ငံနဲ့ပဲဖြစ်ဖြစ် တန်းတူဆက်ဆံရေးပဲ။ ဘယ်သူ့မို့ အောက်ကျို့ရမယ်၊ ဘယ်သူမို့ ခယ ရမယ်၊ ဘယ်သူမို့ ဦးစားပေးရမယ် ဆိုတာမျိုးတော့ မရှိဘူး။ နိုင်ငံရေး အရတော့ တန်းတူဆက်ဆံရေးနဲ့ သွားမယ်။ စီးပွားရေးအရတော့ စောစောကပြောသလိုပဲ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးပဲ။ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရမှာပဲ။ ဘယ်သူကတော့ သာစေ၊ ဘယ်သူ ကတော့ နာစေ ဆိုတာမျိုးတော့ မဖြစ်ဘူး။ အကျိုးတူ ပူးပေါင်းဆောင် ရွက်ရေး၊ ဒီမူနဲ့ပဲ သွားတာပဲ။ အထူးသဖြင့် NLD အစိုးရလက်ထက်မှာ ပိုပြီးတော့တောင်မှ သိသာတယ်။ အရင်အစိုးရတွေလက်ထက်တုန်းက လုပ်ထားတဲ့ စာချုပ်စာတမ်းတွေ၊ ကိစ္စတွေဆိုလို့ရှိရင် အခု ဒီဘက် NLD အစိုးရလက်ထက်မှာ အများကြီး ပြင်ဆင်နိုင်ခဲ့တယ်။ ကိုယ့်အတွက်၊ သူ့အတွက် နှစ်ဖက်စလုံး အခြေအနေကောင်းအောင် လုပ်ပေးနိုင်ခဲ့တယ်။

ကုန်သွယ်ရေးစစ်ပွဲကြောင့်မို့ အနောက်နိုင်ငံနဲ့ နိုင်ငံတကာတွေရဲ့ တရုတ်မှာရှိတဲ့ စက်ရုံတွေကို ပြန်ရုပ်သွားတဲ့ဟာမျိုး ရှိတယ်ပေါ့နော်။ ရုပ်သွားပြီးတော့ တခြားနိုင်ငံတွေကို ရွှေ့သွားတယ်။ အဲဒီမှာ တချို့ ပြောကြတာက မြန်မာနိုင်ငံက အဲဒီအခွင့်အရေးကို မရလိုက်ဘူးဆိုတာ၊ အဲဒါလည်းမှန်ပါတယ်။

မေး။     ဆိုတော့ ခုနက မူဝါဒတွေအပြင် တရုတ်နဲ့ အမေရိကန် ပထဝီနိုင်ငံရေးအရ အားပြိုင်တာကို မူတည်ပြီးတော့ ကိုယ့်အတွက် အကျိုးရှိအောင် ယူဖို့ဆို ဘယ်လိုမျိုး လုပ်ထားသင့်လဲ။

ဖြေ။     မြန်မာနိုင်ငံကတော့ ရင်းနှီးမြှုပ်နှံမှုကို အရှေ့ကလာလည်း ယူမှာပဲ၊ အနောက်ကလာလည်း ယူမှာပဲ။ ယူတဲ့အခါမှာ လာပုံလာနည်းကိုတော့ ကြည့်ရလိမ့်မယ်။ ဥပမာ- တရုတ်နိုင်ငံနဲ့ အစဉ်အဆက် ကုန်သွယ်ရေး လုပ်လာတဲ့အခါကျတော့ သူ့အထာ၊ ကိုယ့်အထာ သိတယ်လေ။ ဥရောပကျတော့ အဲဒီလို ဟုတ်ချင်မှဟုတ်မယ်။ ဥရောပကတော့ ရင်းနှီးမြှုပ်နှံမှု လုပ်တော့မယ်ဆိုလို့ရှိရင် ဒီနိုင်ငံမှာ နိုင်ငံရေးတည်ငြိမ်သလား၊ စီးပွားရေးအရ အခွင့်အလမ်းတွေကောင်းသလား၊ ဒါမှမဟုတ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ မရှိဘူးလားဆိုတဲ့ ဒီစံတွေနဲ့ ကြည့်တာကိုး။ ဒီစံတွေနဲ့ ကြည့်တဲ့အခါကျတော့ နှေးတတ်တယ်။

မေး။     နောက် မေးခွန်းတခုပါ။ အရင် မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒကတော့ တောက်လျှောက်ပဲ လွတ်လပ်ပြီးတော့ တက်ကြွတဲ့ နိုင်ငံခြားရေးမူဝါဒ ရှိတယ်။ ဒါပေမဲ့ အခုနောက်ပိုင်း၊ ၂၀၁၆၊ ၂၀၁၇ လောက်ကစပြီးတော့  အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေက ရခိုင်အရေးနဲ့ပတ်သက် ပြီးတော့ အပြစ်တင်တာမျိုး၊ ဖယ်ကြဉ်တာမျိုး လုပ်လာတယ်။ တဖက် မှာ တရုတ်ကလည်း သူ့ BRI ကိစ္စတို့၊ ငြိမ်းချမ်းရေးကိစ္စတို့ ရှိလာတဲ့အခါ ကျတော့ တရုတ်နဲ့ ပိုပြီး နီးကပ်လာတယ်။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံ အပေါ်မှာ စီးပွားရေးအရ၊ နိုင်ငံရေးအရ၊ သံတမန်ရေးအရ သက်ရောက် လွှမ်းမိုးနိုင်မှုတွေဟာ ဘယ်ခေတ်နဲ့မှမတူအောင်ကို များလာခဲ့ပါတယ်။ တဖက်မှာလည်း မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးနယ်ပယ်နဲ့ သံတမန်ဆက် ဆံရေးတွေဟာ တစတစ ဘောင်ကျဉ်းလာခဲ့တယ်။ ဒီလိုအခြေအနေမှာ မြန်မာနိုင်ငံဟာ လွန်ဆန်ရမလွယ်တဲ့ အခြေအနေ ရောက်သွားနိုင်တဲ့ တရုတ်ရဲ့လွှမ်းမိုးမှုကို တစုံတရာ ပြန်ထိန်းညှိပြီး မိမိရဲ့အကျိုးစီးပွား အတွက် လွတ်လပ်ပြီး တက်ကြွတဲ့ နိုင်ငံခြားရေးမူဝါဒ အစဉ်အလာကို ဆက်လက်ထိန်းထားနိုင်မယ့် အခြေအနေမျိုး ရှိပါသေးသလား။

ဖြေ။     ရှိပါတယ်။ ရှိပါတယ်။ ဗမာနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒက လွတ်လပ်ပြီးတော့ တက်ကြွတဲ့ မူဝါဒရှိတယ်။ နောက် ကြားနေပေါ့၊ ကြားနေ မူဝါဒ ရှိတယ်။ နောက်တခါ ထပ်ပြီးတော့ပြောရလို့ရှိရင် ဘန်ဒေါင်းမူ ငါးချက် ပေါ့။ ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေးမူ ငါးချက်အပေါ်မှာပဲ အခြေခံပြီးတော့ စေ့စပ်နေတာပဲ။ ပြဿနာက ဘာလဲဆိုတော့ ရခိုင်ကိစ္စပဲ။ ရခိုင် မြောက်ပိုင်းကိစ္စမှာကတော့ အမေရိကန် အပါအဝင်ပေါ့၊ ဥရောပနိုင်ငံ အချို့ ပါမယ်၊ ကုလသမဂ္ဂအဖွဲ့အစည်းတချို့ ပါမယ်၊ သူတို့ကတော့ မြန်မာနိုင်ငံအပေါ်မှာ အခုအချိန်အထိ အကောင်းမြင်တာ မတွေ့ရဘူး။ နောက်ဆုံး ICJ ပြဿနာ ဖြစ်လာတဲ့အအထိ အကောင်းမြင်တာ မတွေ့ ရဘူး။ နောက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားပြီးတော့ ဖြေ ရှင်းရတဲ့ အနေအထားမျိုး ဖြစ်လာတယ်။

အဲဒါဟာ ဒီမိုကရေစီအရ ကောင်းတဲ့အလားအလာ မဟုတ်ဘူး။ နိုင်ငံရဲ့  Investment တွေဟာ စဉ်းစားစရာတွေ အများကြီး ဖြစ်လာတယ်။ တရုတ်နိုင်ငံနဲ့ကျ ဒီလိုမဟုတ်ဘူး။ ဟိုတုန်းကတည်းက ကုန်သွယ် စီးပွားတွေ လုပ်လာတဲ့အခါကျတော့ ပြဿနာသိပ်မရှိဘူး။

မေး။     ဒါဆို အရင်တုန်းက NLD အစိုးရ တက်ခါစအထိရော၊ မတက်ခင်အချိန်ကပါ တောက်လျှောက်ပေါ့နော်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အနောက်ဘက်က အုပ်စုတွေနဲ့ ရင်းနှီးခဲ့တယ်။ သူတို့အကောင်းမြင်လာအောင် ဆိုရင်ရော ဒီဘက်ကနေ ဘယ်လိုပြန်ဖြေရှင်းလို့ရနိုင်မလဲ၊ ဘာတွေလုပ်လို့ ရနိုင်မလဲ။

ဖြေ။     အကောင်းမြင်လာဖို့ဆိုတာက ဒေါ်အောင်ဆန်းစုကြည်လည်း ခဏခဏတော့ ပြောပါတယ်။ အကောင်းဆုံးဖြစ်အောင် ဖန်တီးပေးနေတာပဲ။ သူတို့တောင်းဆိုတဲ့ဟာက ကိုယ့်နိုင်ငံရဲ့ ဂုဏ်သိက္ခာနဲ့၊ ကိုယ့် နိုင်ငံရဲ့ အချုပ်အခြာအာဏာကို မထိပါးတဲ့ တောင်းဆိုချက်မှန်သမျှကို လိုက်လျောပြီးတော့ လုပ်ပေးနေတာပဲလေ။ အဲဒီကြားထဲကမှ ကိုယ့် နိုင်ငံရဲ့ အချုပ်အခြာနဲ့  Identity (ကိုယ်ပိုင်လက္ခဏာ)ကို ထိပါးတဲ့ဟာ မျိုးဆိုရင်ကတော့ လိုက်လျောနိုင်မှာမဟုတ်ဘူး။ အဲဒီလိုနဲ့ ချိတ်ဆက် ပြီးတော့လာတဲ့ စီးပွားရေး Investment တွေကိုလည်း လုပ်မှာ မဟုတ်ဘူး။

မေး။     နောက်ဆုံးမေးခွန်းပါပဲ။ အရင်တုန်းကတော့ အမေရိကန်က က္ဘာမှာ အင်အားအကြီးဆုံးနိုင်ငံအနေနဲ့ ရှိခဲ့တယ်ပေါ့နော်။ အခုကျတော့ တရုတ်ကလည်း သူနဲ့ တန်းတူလို ပခုံးချင်းယှဉ်နိုင်တဲ့ အနေအထားမျိုး ဖြစ်လာတယ်။ ဒီပြောင်းလဲလာနေတဲ့ ပထဝီနိုင်ငံရေးအခင်းအကျင်းကို မဟာဗျူဟာမြောက် ရင်ဆိုင်နိုင်ဖို့ဆို မြန်မာနိုင်ငံအနေနဲ့ ဘယ်လို အကြောင်းအချက်၊ အခြေအနေတွေကို သတိထား ကိုင်တွယ်ရမလဲ၊ ဘယ်လိုပြင်ဆင်မှုမျိုးတွေက အထောက်အကူ ပြုစေနိုင်ပါသလဲ။

ဖြေ။     အဓိက သတိထားရမှာကတော့ ကိုယ့်အိမ်နီးချင်းဟာ အဓိကပဲ။ အမေရိကန်တို့၊ ဥရောပတို့ဆိုတာ အဝေးကြီးပဲ။ ပြဿနာကို လက်တွေ့ ဖြေရှင်းရမှာက ကိုယ့်အိမ်နီးချင်းပဲ ဖြေရှင်းရမှာ။ ဒီအိမ်နီးချင်း နီးလို့ လည်း ပြဿနာက မရှိဘူးမဟုတ်ဘူး၊ ရှိမှာပဲ။ ဒီဟာအပေါ်မှာ အခြေ ခံပြီးတော့ ဆက်ဆံရေးက လုပ်ရမှာလေ။

စီးပွားရေးလည်း ဒီလိုပဲ ဆက်ဆံရမှာလေ။ စကားပုံတခုရှိတယ်။ အိမ်နီးချင်းကောင်းက ဟိုးအဝေးကလူထက် စိတ်ချရတယ်ဆိုတဲ့ စကားပုံလိုပဲ။ အိမ်နီးချင်းကောင်းဖြစ်ဖို့၊ ဆက်ဆံဖို့ပဲ အရေးကြီးတယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း ပြောဖူးတယ်။ အိမ်နီးချင်းနိုင်ငံဆိုတာ ပြောင်းလို့မရဘူး။ ရွှေ့လို့မရဘူး။ ကျနော်တို့က ကိုယ့်အိမ်နီးချင်းနဲ့ပဲ သင့်တင့်လျောက်ပတ်တဲ့ ဆက်ဆံမှု ဖြစ်ကိုဖြစ်ရမယ်။ ဒါကြောင့်မို့ တရုတ်နဲ့ ကင်းကွာလို့မရဘူး။ တရုတ်နိုင်ငံနဲ့ စီးပွားရေးအရ၊ နိုင်ငံရေးအရ ကင်းလို့မရဘူးလို့ ပြောတာ။

ကင်းလို့မရလို့ အလျှော့ပေးရမယ်လို့ပြောတာ မဟုတ်ဘူးနော်။ ကင်းလို့မရတဲ့အတွက်ကြောင့် သူတို့နဲ့ သင့်တင့်လျောက်ပတ်တဲ့ ဆက်ဆံရေးကိုတော့ ဖြစ်အောင်လုပ်ရမယ်။ ဟို အဝေးကြီးက လူတွေကတော့ အဝေးကြီးပဲ ရှိနေတာပဲ။

မေး။     ဒါဆို မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာကို ဝင်ဆံ့ဖို့၊ ကမ္ဘာနဲ့ချီပြီးတော့ ဆက်သွယ်နိုင်ဖို့ဆိုရင်ရော ဘာတွေလိုမလဲ။

ဖြေ။     ကမ္ဘာနဲ့ဝင်ဆံ့ဖို့ဆိုရင်တော့ ကိုယ့်နိုင်ငံရဲ့အတွင်းမှာ ပြုပြင်ပြောင်းလဲမှု လုပ်ရမှာတွေရှိတယ်။ ဥပမာ ဆိုပါတော့၊ ငြိမ်းချမ်းရေးရဖို့ လုပ်ရမယ့် ဟာတွေလည်း ရှိတယ်၊ တည်ငြိမ်ရေးဖြစ်အောင် လုပ်ရမယ်။ တရား ဥပဒေစိုးမိုးအောင် လုပ်ရမယ်။ နောက်ဆုံး အဓိကရည်မှန်းချက်ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ပြီးတော့ တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက် အောင် လုပ်နိုင်မယ်။ ဒီလို Infrastructure (အခြေခံအဆောက်အဦ)တွေအပြင် တခြား လုပ်စရာရှိတဲ့ လုပ်ငန်းတွေ လုပ်မယ်ဆိုရင် နိုင်ငံတကာနဲ့ဆက်ဆံရေး ပိုပြီးတော့ ကောင်းလာလိမ့်မယ်လို့ ထင်ပါတယ်။

မေး။     မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေအရဆိုရင် မြန်မာနိုင်ငံဟာ အရင်လိုပဲ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ခြေတွေ ရှိလား။ တရုတ်နဲ့ ပိုပြီးနီးသွားလို့ သူ့ရဲ့လွှမ်းမိုးမှုကြောင့်မို့ နိုင်ငံတကာနဲ့ ဝေးသွားမလား။

ဖြေ။     ရှိပါတယ်။ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ့်အနေအထားက အမြဲတမ်းရှိတယ်။ ကျနော်တို့က ရန်လိုတဲ့နိုင်ငံမဟုတ်ဘူး။ မြန်မာ နိုင်ငံက သင့်တင့်လျောက်ပတ်တဲ့ဆက်ဆံရေးနဲ့ အမြဲတမ်းနေနေတဲ့ နိုင်ငံ။ ဘာသာတရားအရလည်း ဗုဒ္ဓဘာသာကိုးကွယ်တဲ့ နိုင်ငံ၊ ရန်လိုတဲ့နိုင်ငံလည်း မဟုတ်ဘူး။ အမြဲတမ်း သည်းခံနိုင်စွမ်းရှိတယ်။ အပြန်အလှန် သဘောပေါက်နားလည်တဲ့ နိုင်ငံဖြစ်တယ်။ အဲဒီတော့ မြန်မာနိုင်ငံနဲ့ စစ်ဖြစ်တယ်ဆိုတာ မရှိနိုင်ဘူး။ မြန်မာနိုင်ငံနဲ့ ပဋိပက္ခ ရှိတယ်ဆိုတာ မရှိနိုင်ဘူး။ ဘယ်သူနဲ့ပဲ ဖြစ်ဖြစ် သင့်တင့်လျောက်ပတ်တဲ့ အပြန်အလှန် ဆက်ဆံရေးမျိုးရှိမယ် ဆိုရင်တော့ ဗမာနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒဟာ ပြင်စရာမရှိဘဲနဲ့ အကောင်းဘက်ကချည်းပဲ ဖြစ်နေမယ်လို့ ထင်ပါတယ်။

မေး။     ဒါပေမဲ့ တရုတ်နိုင်ငံရဲ့ အခု BRI လို၊ CMEC စီမံကိန်းတွေလည်းရှိတော့ နိုင်ငံတကာနဲ့ဆက်ဆံတဲ့အချိန်မှာ အရိပ်မိုးနေသလို ဖြစ်နေမလား။

ဖြေ။     အဲဒီ တရုတ်ရဲ့အရိပ် လွှမ်းမိုးတယ်ဆိုတဲ့ဟာ ကျနော့်အမြင်ပေါ့လေ။ တရုတ်က ကျနော်တို့နဲ့ စီးပွားရေးအရ အဓိက ဆက်ဆံရတာပါ။ နိုင်ငံရေးအရကတော့ တရုတ်နိုင်ငံက ဘန်ဒေါင်းမူ ၅ ချက်အရ ဘယ်သူ့ကိုမှ မကျူးကျော်ဘူး၊ မနှောင့်ယှက်ဘူးဆိုတာ ပါနေပြီးသားပဲလေ။ အိန္ဒိယနဲ့လည်း ကျနော်တို့ နီးကပ်နေတာပဲလေ။ အာဆီယံနိုင်ငံတွေနဲ့လည်း ကျနော်တို့အများကြီး ဆက်ဆံနေတာပဲလေ။ ဘာပြဿနာမှ မရှိတာ။ တရုတ်နိုင်ငံ ကိုယ်တိုင်က အဲဒါကို အားပေးနေတာပဲလေ။

The post ပထဝီနိုင်ငံရေးအားပြိုင်မှုများအကြား မြန်မာနိုင်ငံ၏အခန်းကဏ္ဍ – မုံရွာအောင်ရှင်အား မေးမြန်းခြင်း appeared first on ISP Myanmar China Desk.