Geopolitics Archives - ISP Myanmar China Desk

On the Road to Kyauk Phyu
စာတမ်းအမည် – On the Road to Kyauk Phyu

ရေးသားသူ – Felix Sternagel

ထုတ်ဝေသည့်အဖွဲ့ – Heinrich Boll Stiftung

ထုတ်ဝေသည့်ခုနှစ် – ၂၀၁၈၊ အောက်တိုဘာ

စာတမ်းအပြည့်အစုံ – On the Road to Kyauk Phyu

စာတမ်းအကျဉ်းချုပ်

ရပ်ဝန်းနှင့်
လမ်းကြောင်းအဆိုပြုချက်၏ တစိတ်တဒေသအဖြစ် တရုတ်နိုင်ငံသည် တရုတ်-မြန်မာစီးပွားရေးစင်္ကြံလမ်းကို
တည်ဆောက်ရန် စီစဉ်လျက်ရှိသည်။

တရုတ်နိုင်ငံသည်
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ရှိ မြို့ငယ်တစ်မြို့ဖြစ်သော ကျောက်ဖြူမြို့မှတဆင့်
အိန္ဒိယသုမုဒ္ဒရာအား တိုက်ရိုက်ချိတ်ဆက်နိုင်ရန်ရည်ရွယ်ပြီး တချိန်တည်းမှာပင် မလက္ကာရေလက်ကြားအား
မှီခိုမှုလျော့နည်းသွားစေရန် ဖြစ်သည်။ ကျောက်ဖြူနှင့် တရုတ်နိုင်ငံကို
ချိတ်ဆက်ထားသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို ဆောက်လုပ်ထားပြီးလည်း ဖြစ်သည်။
ထိုပိုက်လိုင်းလမ်းကြောင်းအတိုင်း မီးရထားလမ်းဖောက်လုပ်ရန်ကိုလည်း စီစဉ်ထားသည်။

ကျောက်ဖြူတွင်
စက်မှုဇုန်နှင့် ရေနက်ဆိပ်ကမ်းတို့ပါဝင်သော အထူးစီးပွားရေးဇုန်ဆောက်လုပ်ရန် နှစ်နိုင်ငံအကြား
သဘောတူညီမှုရထားပြီးဖြစ်သည်။ ဤအစီရင်ခံစာသည် ထိုစီမံကိန်းများနှင့် စပ်လျဉ်းသော
အောက်ပါမေးခွန်းများကို အဖြေရှာနိုင်ရန်ဖြစ်သည်။

၁။
ဒေသအဆင့်တွင် ဒေသခံပြည်သူများက စီမံကိန်းများကို မည်သို့မြင်သနည်းနှင့် မည်သို့သော
လိုလားတောင်းဆိုချက်များရှိကြသနည်း။

၂။
နိုင်ငံအဆင့်တွင်  မြန်မာနိုင်ငံအတွက်
အကျိုးဖြစ်ထွန်းစေရန်နှင့် ကြွေးမြီ၀န်မပိစေရန် စီမံကိန်းများကို
မည်သို့အကောင်အထည်ဖော် ဆောင်ရွက်သင့်ပါသနည်း။

၃။
ပထဝီနိုင်ငံရေးအဆင့်တွင် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် မည်သည့်အကျိုးစီးပွားများ
ရှိသနည်းနှင့် ထိုအကျိုးစီးပွားများသည် စီမံကိန်းကို မည်သို့ ပုံပေါ်လာစေသနည်း။

၁။
ဒေသအဆင့်

ကျောက်ဖြူသည်
မြန်မာနိုင်ငံ၏ အဆင်းရဲဆုံးဒေသများထဲမှ တစ်ခုဖြစ်သည်။ ယင်းဒေသရှိ လူငယ်များသည်
အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှုကြောင့် ရေကြည်ရာမြက်နုရာရှာဖွေရန်
မိမိတို့နေရပ်ကိုစွန့်ခွာလာကြသည်။ ဒေသခံပြည်သူများနှင့် ဆွေးနွေးရာတွင်
ကျောက်ဖြူမြို့နေလူတန်းစားများသည် ပိုမိုသော အလုပ်အကိုင်အခွင့်အလမ်းများကို
မျှော်လင့်ကာ အထူးစီးပွားရေးဇုန်စီမံကိန်းကို ကြိုဆိုကြသည်။

သို့သော်
ကျေးလက်နေလူတန်းစားများကမှု မိမိတို့၏မြေယာများသိမ်းဆည်းခံရမည့်အရေးနှင့်
အထူးစီပွားရေးဇုန်ကြောင့် ပေါ်ထွက်လာမည့် အလုပ်အကိုင်များတွင် ဝင်ရောက်ဆောင်ရွက်ရန်
မိမိတို့၌ လိုအပ်သောအရည်အချင်းများ ပြည့်မီခြင်းမရှိ ဖြစ်နေမည်ကို စိုးရိမ်ကြသည်။
သို့ဖြစ်ရာ မိမိတို့၏ မြေယာများအတွက် သင့်တင့်သော လျော်ကြေးငွေနှင့်
အလုပ်အကိုင်အခွင့်အလမ်းသစ်များတွင် ဝင်ရောက်လုပ်ကိုင်နိုင်ရန် ပြင်ဆင်ပေးသည့်
သင်တန်းများကို လိုလားကြသည်။

ထိုတောင်းဆိုလိုလားချက်များသည်
ရန်ကုန်တွင်အကောင်အထည်ဖော်လျက်ရှိသော သီလဝါ အထူးစီးပွားရေးဇုန်မှရရှိသည့်
အတွေ့အကြုံများနှင့်လည်း ကိုက်ညီသည်။ မြေယာများအတွက် လျော်ကြေးငွေများထုတ်ပေးခဲ့သော်လည်း
ရွေ့ပြောင်းခံရသူများသည် အထူးစီးပွားရေးဇုန်အတွင်းသော်လည်းကောင်း၊
အခြားနေရာများတွင်သော်လည်းကောင်း ဝင်ရောက်အလုပ်လုပ်ကိုင်နိုင်ခြင်း မရှိခြင်းကြောင့်
လူမှုဘဝပျက်စီးဆုံးရှုံးမှုများနှင့် ကြွေးမြီနွံနစ်ခြင်းများဖြစ်ခဲ့ရသည့် သာဓကများလည်းရှိသည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းများ စီစဉ်အကောင်အထည်ဖော်ရာတွင်
ပွင့်လင်းမြင်သာမှုနှင့် ဒေသခံများ၏ပါဝင်မှုများ ပိုမိုရှိလာစေရန် လိုအပ်သည်။

၂။
နိုင်ငံအဆင့်

ရေနက်ဆိပ်ကမ်းနှင့်
အထူးစီးပွားရေးဇုန်များ ဆောက်လုပ်ရာတွင် မြန်မာအစိုးရသည် ငွေကြေးပမာဏအမြောက်အမြား ထည့်ဝင်ရန်လိုအပ်သည်ဖြစ်ရာ
ချေးငွေများကို ပြန်မဆပ်နိုင်ပါက သီရိလင်္ကာနိုင်ငံ၏ ဟန်ဘန်တိုတာဆိပ်ကမ်းကဲ့သို့ပင်
တရုတ်နိုင်ငံအား ၀ကွက်အပ်လိုက်ရမည်ကို စိုးရိမ်မှုများရှိကြသည်။

လက်ရှိအခြေအနေတွင်
မြန်မာနိုင်ငံမှထည့်၀င်ရမည့် ရင်းနှီးမြုပ်နှံမှုကုန်ကျစရိတ်ကို တစုံတရာ
လျော့ချနိုင်ခဲ့သော်လည်း ကမ္ဘာတဝန်းရှိ အထူးစီးပွားရေးဇုန်များအား လေ့လာဆန်းစစ်ချက်များအရ
အထူးစီးပွားရေးဇုန်စီမံကိန်းများ အောင်မြင်မှုစေရန် ထိုဇုန်များကို
နိုင်ငံ၏စီးပွားရေးနှင့် ချိတ်ဆက်ပေါင်းစည်းနိုင်ရန်လိုအပ်သည် ဟုထောက်ပြခဲ့ကြသည်။

ထိုသို့ပြုလုပ်နိုင်ရန်  မြန်မာနိုင်ငံအနေဖြင့် ပထမဦးစွာ သယ်ယူပို့ဆောင်ရေး
အခြေခံအဆောက်အအုံများကို အဆင့်မြှင့်တင်နိုင်ရန်လိုအပ်သည်။ ထို့အပြင်
အထူးစီးပွားရေးဇုန်သည် အထည်ချုပ်စက်ရုံကဲ့သို့သော လုပ်ငန်းများကို ဆွဲဆောင်နိုင်မည်ဖြစ်သော်လည်း
ထိုလုပ်ငန်းများသည် လူမှုနှင့် သဘာ၀၀န်းကျင် ထိခိုက်မှုများရှိနေသလို
ထိုလုပ်ငန်းများ ဖွံ့ဖြိုးလာစေရန် အချိန်တခုလိုအပ်မည်ဖြစ်သည်။

၃။
ပထဝီဗျူဟာအဆင့်

ရခိုင်ပြည်နယ်အရေးခင်းကြောင့်
မြန်မာနှင့် အနောက်နိုင်ငံတို့အကြား ဆက်ဆံရေး ခွာပြဲနေချိန်တွင်  တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အနည်းစုသော
နိုင်ငံရေးမဟာမိတ်အဖြစ် ပြန်လည်ပေါ်ထွက်လာခဲ့သည်။

တရုတ်သည်
ယခုဆက်ဆံရေးအခြေအနေကို အခွင့်ကောင်းယူပြီး မြန်မာနိုင်ငံမှ အိန္ဒိယသမုဒ္ဒရာသို့ ထွက်ပေါက်ရရန်
ကြိုးပမ်းလာနိုင်သည်။ လက်ရှိအခြေအနေအရ တရုတ်နိုင်ငံသည် ကျောက်ဖြူစက်မှုဇုန်ကို အဆောတလျင်
တည်ဆောက်ရန် စီးပွားရေးစေ့ဆော်မှုများစွာ ရှိဟန်မတူသော်လည်း ရေနက်ဆိပ်ကမ်းနှင့်
ရထားလမ်းများဆောက်လုပ်ရန် တွန်းအားတခုဖြစ်လာနိုင်သည်။ မြန်မာနိုင်ငံအနေနှင့်လည်း
ကျောက်ဖြူဒေသအား အာရုံစိုက်လာမှုများကိုအသုံးချပြီး
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်သည်။ သို့သော် အားလုံးအကျုံးဝင်သော
စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုများဖြစ်စေရန် စီမံကိန်းများအား စီစဉ်ရေးဆွဲအကောင်အထည်ဖော်ရာတွင်
ဒေသခံပြည်သူလူထု၏ပါဝင်မှုသည် အရေးကြီးသည်။

The post On the Road to Kyauk Phyu appeared first on ISP Myanmar China Desk.

Geopolitics, Ethnic Conflicts along the Border, and Chinese Foreign Policy Changes toward Myanmar
စာတမ်းအမည် – Geopolitics,
Ethnic Conflicts along the Border, and Chinese Foreign Policy Changes toward
Myanmar

ရေးသားသူ – Enze Han

ထုတ်ဝေသည့်အဖွဲ့ – Routledge

ထုတ်ဝေသည့်ခုနှစ် – ၂၀၁၇၊ ဖေဖော်ဝါရီ

စာတမ်းအပြည့်အစုံ – Geopolitics, Ethnic Conflicts along the Border, and Chinese Foreign Policy Changes toward Myanmar

စာတမ်းအကျဉ်းချုပ်

ဒီမိုကရေစီနိုင်ငံသို့ စတင်အသွင်ကူးပြောင်းချိန်၊ ၂၀၁၀ ခုနှစ်မှစတင်ပေါ်ပေါက်ခဲ့သော
မြန်မာ့နိုင်ငံခြားရေးမူဝါဒပြောင်းလဲမှုများအကြားတွင် မြန်မာနှင့် အနောက်နိုင်ငံတို့အကြားဆက်ဆံရေးမှာ
တိုးတက်လာသည်။

တရုတ်နှင့် အမေရိကန်တို့၏ ပထဝီနိုင်ငံရေး အားပြိုင်မှုတွင် တရုတ်အစိုးရအနေနှင့်
မြန်မာနိုင်ငံအပေါ် မည်သို့ ပြောင်းလဲချဉ်းကပ်မည်နည်း၊ တရုတ်နိုင်ငံ၏မဟာဗျူဟာနှင့်
စီးပွားရေးအကျိုးအပေါ်  မထင်မှတ်ထားသော
ဖိအားပေးမှုများကို မည်သို့ ရင်ဆိုင်မည်နည်း။

ယခုစာတမ်းတွင် မြန်မာနိုင်ငံ၏ မူဝါဒပြောင်းလည်းမှုအလိုက် တရုတ်-မြန်မာနယ်စပ်ဒေသရှိ
လက်နက်ကိုင်ပဋိပက္ခများကို တရုတ်နိုင်ငံ၏ တုံ့ပြန်ပုံသည် မည်သို့ပြောင်းလဲခဲ့သည်ကို
လေ့လာထားခြင်းဖြစ်ပါသည်။

တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်နှင့် ၂၀၀၉ နှင့် ၂၀၁၅ တို့တွင်
ဖြစ်ပွားခဲ့သည့် ကိုးကန့် ဒေသစစ်ပွဲများနှင့် ၂၀၁၁ နှင့် ၂၀၁၃ ခုနှစ်တို့တွင်
ဖြစ်ပွားခဲ့သည့် ကချင်ပြည်နယ်စစ်ပွဲများကိစ္စနှင့်ပတ်သက်၍ တရုတ်နိုင်ငံသတင်းမီဒီယာများမှ
သတင်းအရ မြန်မာနိုင်ငံအပေါ် တရုတ်၏ မူဝါဒပြောင်းလဲ ချဉ်းကပ်ပုံကို
ပထဝီနိုင်ငံရေးအပြောင်းအလဲနှင့် ပြည်တွင်းရှိ အမျိုးသားရေးဝါဒ ရူထောင့်များမှ
နားလည်နိုင်ပါသည်။

ဤစာတမ်းသည်  တရုတ်နှင့် အမေရိကန် ပထဝီနိုင်ငံရေးအားပြိုင်မှုတွင်
အရှေ့တောင်အာရှသို့ တရုတ်၏ မူဝါဆိုင်ရာချဉ်းကပ်မှုများကို နားလည်နိုင်ရန်
အထောက်ပံ့ဖြစ်စေနိုင်ပါသည်။

The post Geopolitics, Ethnic Conflicts along the Border, and Chinese Foreign Policy Changes toward Myanmar appeared first on ISP Myanmar China Desk.

China’s Engagement in Myanmar: From Malacca Dilemma to Transition Dilemma
စာတမ်းအမည် – China’s Engagement in Myanmar: From Malacca Dilemma to
Transition Dilemma

ရေးသားသူ –

ထုတ်ဝေသည့်အဖွဲ့ – Transnational Institute

ထုတ်ဝေသည့်ခုနှစ် – ၂၀၁၆၊ ဇူလိုင်

စာတမ်းအပြည်အစုံ – China’s Engagement in Myanmar: From Malacca Dilemma to Transition Dilemma

စာတမ်းအကျဉ်းချုပ်

၂၀၁၁ ခုနှစ်၊ မတ်လတွင်
မြန်မာနိုင်ငံ၌ အစိုးရသစ်ပေါ်ပေါက်လာခြင်းနှင့်အတူ လူမှုနိုင်ငံရေးအခင်းအကျင်း
ပြောင်းလဲလာသည်။ ယင်းက တရုတ်-မြန်မာဆက်ဆံရေး၏ နိုင်ငံရေးနှင့် စီးပွားရေးကဏ္ဍတွင်
သိသာထင်ရှားသော စိန်ခေါ်မှုများကို ဖြစ်ပေါ်လာစေခဲ့သည်။ ယခင်က တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏
နိုင်ငံခြားဆက်ဆံရေးတွင် အသာစီးရနေရာမှ အမေရိကန်နှင့် ဂျပန်တို့ပါဝင်သော
နိုင်ငံတကာအသိုင်းအဝိုင်းက နိုင်ငံရေးနှင့် စီးပွားရေးကဏ္ဍတွင်
လွှမ်းမိုးရန်ကြိုးပမ်းလာသောအခါ တရုတ်အနေနှင့် မြန်မာနိုင်ငံအပေါ် အလွှာစုံအခင်းအကျင်းနှင့်
ဆက်ဆံလာရတော့သည်။

မြန်မာ့အပြောင်းအလဲများကို အသိအမှတ်ပြုသောအားဖြင့် တရုတ်အနေနှင့်  အရေးပါသော ခြေလှမ်းများကို လှမ်းလာခဲ့သည်။ ယခင်တပ်မတော်အစိုးရလက်ထက်က အစိုးရချင်းဆက်ဆံရေးကိုသာ အမှီပြုခဲ့ရာမှ ယခုအခါတွင် ၎င်း၏အကျိုးစီးပွားအတွက် မြန်မာ့နိုင်ငံရေး၊ လူ့အဖွဲ့အစည်းတို့နှင့် ပိုမိုကျယ်ပြန့်စွာ ဆက်ဆံလာခဲ့သည်။ တရုတ်နိုင်ငံကို ဘင်္ဂလားပင်လယ်အော်နှင့် ချိတ်ဆက်ရန် ရည်ရွယ်သော ယူနန်ပေါင်းကူး မဟာဗျူဟာမှ ပိုမိုရည်ရွယ်ချက်ကြီးမားသော ခါးပတ်တစ်ကွင်း လမ်းတစ်စင်းစီမံကိန်းဖြင့် အစားထိုးလာသည်။ ၎င်းစီမံကိန်းကို တရုတ်သမ္မတ ရှီကျင့်ဖျင်က ချမှတ်ခဲ့ခြင်းဖြစ်ပြီး တရုတ်နိုင်ငံကို အနောက်ဖက်ရှိ အာရှ-ဥရောပ၊ အာဖရိကနိုင်ငံများနှင့် ကုန်းလမ်း၊ ရေလမ်းမှတို့တဆင့် ချိတ်ဆက်လိုခြင်းဖြစ်သည်။

အစိုးရအပြောင်းအလဲ၊
တိုင်းရင်းသားပဋိပက္ခနှင့် ၂၀၁၅ ခုနှစ်၊ ကိုးကန့် အရေးအခင်းတို့က
နိုင်ငံရေးအရဆက်နွှယ်မှု၊ နယ်စပ်ဒေသတည်ငြိမ်မှု၊ လူမျိုးရေးတင်းမာမှုများ၊
တရုတ်နိုင်ငံသားတို့၏ လုံခြုံရေးနှင့် မြန်မာပြည်တွင်းရှိ ပိုင်ဆိုင်မှုတို့အပေါ်
မေးခွန်းထုတ်စရာများ ဖြစ်လာခဲ့သည်။ ထိုစိန်ခေါ်ချက်များနှင့် တချိန်တည်းတွင်ပင်
တရုတ်ရင်းနှီးမြှုပ်နှံမှုများသည် ဝေဖန်ဆန့်ကျင်မှုများ ခံနေရသည်။
ယခင်တပ်မတော်အစိုးရလက်ထက်က သဘောတူညီထားခဲ့သည့် စီမံကိန်းကြီးများမှာ အထူးအားဖြင့်
ကန့်ကွက်ခံနေရသည်။ ကျွန်းသစ်နှင့် ကျောက်စိမ်းကဲ့သို့ သဘာဝသယံဇာတများကို
တရားမဝင်မြောက်များစွာ ကုန်သွယ်နေခြင်းကြောင့် ဒေသခံပြည်သူများအတွက်
အကျိုးအမြတ်ရရှိခြင်းမရှိဘဲ ၎င်းတို့၏လူမှုဘဝနှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေခြင်းများသာ
ဖြစ်ပေါ်နေရာ ယင်းတို့အပေါ် မကျေနပ်မှုများ ပျံ့နှံ့လျက်ရှိသည်။

တရုတ်နိုင်ငံအနေနှင့်
၎င်း၏အကျိုးစီးပွားအတွက် မြန်မာနိုင်ငံတွင် တည်ငြိမ်ရေးကို ဦးစားပေးသည်။
နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်လာစေရန်လုပ်ဆောင်ခြင်းနှင့် ငြိမ်းချမ်းရေးကို
ကူညီလျက်ရှိပြီး  တချိန်တည်းမှာပင်
တရုတ်အာဏာပိုင်တို့က လက်ရှိအုပ်ချုပ်ရေးစနစ် ရေရှည်တည်တံ့ခြင်းနှင့်
တရုတ်နိုင်ငံအပေါ်သက်ရောက်လာနိုင်သည့် အကျိုးဆက်ကို စောင့်ကြည့်လျက်ရှိသည်။

မြန်မာနိုင်ငံနှင့်ပတ်သက်သည့်
အမေရိကန်၏အခန်းကဏ္ဍသည် တရုတ်၏မဟာဗျူဟာစဥ်းစားချက်ထဲတွင် ခေါင်းခဲစရာတခု ဖြစ်သည်။
၂၀၁၆ ခုနှစ်၊ မတ်လတွင် အရပ်သားဦးဆောင်သည့် NLD အစိုးရပေါ်ပေါက်လာသည့်အခါ ယင်းကိစ္စအပေါ် တရုတ်နိုင်ငံကို စိုးရိမ်ဝေဝါးမှုများ
မြင့်တက်စေခဲ့သည်။

နှစ်နိုင်ငံ
ကပ်လျက်တည်ရှိမှုနှင့် မပြေလည်မှုများရှိခဲ့သော သမိုင်းကြောင်းအရ
နှစ်နိုင်ငံဆက်ဆံရေးကောင်းမွန်ရန်မှာ သာတူညီမျှမှုရှိခြင်းနှင့်
အပြန်အလှန်လေးစားမှုရှိခြင်းတို့အပေါ် အခြေခံရန် အရေးကြီးသည်။ နှစ်နိုင်ငံလုံးမှ
လူထုအကြံဉာဏ်၊ သက်ဆိုင်ရာဒေသခံ၊ အဖွဲ့အစည်းများနှင့် ထိတွေ့ခြင်းကို အားပေးသင့်သည်။
တရုတ်၏ အဓိကအာရုံစိုက်မှုမှာ နိုင်ငံရေးပြောင်းလဲမှုထက် ၎င်း၏
ကိုယ်တိုင်အတွေ့အကြုံများအပေါ်အခြေခံသော စီးပွားရေးပြောင်းလဲမှုဖြစ်သည်။
တရုတ်အာဏာပိုင်များ နားလည်ရန်လိုအပ်သည်မှာ မြန်မာနိုင်ငံ စိန်ခေါ်မှုများ၏
အရင်းခံမှာ နိုင်ငံရေးဖြစ်ကြောင်း၊ ဝေဖန်မှုများသည် မသိနားမလည်၍၊ တရုတ်မုန်းတီးမှုအပေါ်အခြေခံ၍
မဟုတ်ကြောင်း၊ ဒေသခံပြည်သူလူထုအတွက် အကျိုးရှိစေသော ကောင်းမွန်သည့်
စီမံကိန်များသည် ကြိုဆိုခံရမည်ဖြစ်ပြီး ဒေသခံပြည်သူလူထု၏ ဦးစားပေးချက်များ၊
ဖွံ့ဖြိုးတိုးတက်မှုအလားအလာများကို လျစ်လျူရှုသော စီမံကိန်းဆိုးများအနေနှင့် ကြိုဆိုခံရလိမ့်မည်မဟုတ်ကြောင်း
သိရှိရန်လိုအပ်ပါသည်။

The post China’s Engagement in Myanmar: From Malacca Dilemma to Transition Dilemma appeared first on ISP Myanmar China Desk.

Myanmar’s foreign policy towards China 1988-2012: To what extent has Myanmar’s foreign policy towards China been determined by global geopolitical concerns in the period 1988-2012?
စာတမ်းခေါင်းစဉ် – Myanmar’s foreign policy towards China 1988-2012: To what extent has Myanmar’s foreign policy towards China been determined by global geopolitical concerns in the period 1988-2012?

ရေးသားသူ – Amanda Fang

ထုတ်ဝေသည့်အဖွဲ့ – The Harvard Undergraduate Research Journal

ထုတ်ဝေသည့်ခုနှစ် – ၂၀၁၅

စာတမ်းအပြည့်အစုံ – Myanmar’s foreign policy towards China 1988-2012: To what extent has Myanmar’s foreign policy towards China been determined by global geopolitical concerns in the period 1988-2012?

စာတမ်းအကျဉ်းချုပ်

ယခုစာတမ်းတွင် ၁၉၈၈-၂၀၁၂ အတွင်း တရုတ်နိုင်ငံအပေါ်ချမှတ်သော မြန်မာနိုင်ငံ၏နိုင်ငံခြားရေးမူဝါဒမှာ ပထဝီနိုင်ငံရေး သို့မဟုတ် ပြည်တွင်းနိုင်ငံရေးအပေါ် အခြေခံပြီး စဉ်းစားဆုံးဖြတ်သလားဟူ၍ မေးခွန်းထုတ်ထားသည်။

ပထမဦးစွာ ဝေဖန်ဆွေးနွေးမှုများမပြုမီ ၁၉၈၈-၂၀၁၂ ကာလအတွင်း တရုတ်-မြန်မာ သံတမန်ဆက်ဆံရေးနှင့် စီးပွားရေးဆက်ဆံရေးကို ခြုံငုံသုံးသပ်ထားသည်။ အဓိကဆွေးနွေးချက်မှာ မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒသည် နိုင်ငံတကာပထဝီနိုင်ငံရေးကို အလေးထားသည်။ ဆိုလိုသည်မှာ မြန်မာနိုင်ငံသည် မိမိ၏ အချုပ်အခြာအာဏာကို အမေရိကန်နှင့် တရုတ်တို့ လွှမ်းမိုးသော နိုင်ငံတကာ နိုင်ငံရေးစနှစ်အတွင်း ထိန်းသိမ်းရန်ကြိုးပမ်းသည်။ ထိုစဉ်းစားချက်မျိုးအရ ၁၉၉၀ နှစ်များမှ ၂၁-ရာစု အစပိုင်းများအထိ မြန်မာနိုင်ငံသည် တရုတ်နှင့် ပိုမိုရင်းနှီးစွာဆက်ဆံရေးမူဝါဒကို ကျင့်သုံးခဲ့သည်။ ယင်းနောက် တရုတ်နိုင်ငံအပေါ် မှီခိုနေရမှုတွင် စိုးရိမ်ပူပန်ဖွယ်ရာများရှိလာခြင်းများကြောင့် နှစ်နိုင်ငံဆက်ဆံရေးကို ဖြေလျော့နိုင်ရန် ကြိုးပမ်းလာခဲ့သည်ဟု သုံးသပ်ကြသည်။

အထက်ပါသုံးသပ်ချက်များသည် အတိုင်းအတာတခုအထိ မှန်နိုင်သော်လည်း ဤစာတမ်းတွင် ကောက်ချက်ချထားသည်မှာ မြန်မာနိုင်ငံ၏  တရုတ်နိုင်ငံအပေါ်ထားရှိသော မူဝါဒကို နားလည်ရန်အတွက် ပြည်တွင်းနိုင်ငံရေးအပေါ် မြန်မာအစိုးရ၏ ချဉ်းကပ်ပုံများကို ထည့်သွင်းစဉ်းစားရန်လိုအပ်ကြောင်း အကြံပြုထားသည်။ ပြည်တွင်းနိုင်ငံရေးကို လျစ်လျူရှုပြီး ပထဝီနိုင်ငံရေးကိုသာ စဉ်းစားလျှင် မှားယွင်းနိုင်ကြောင်း ရေးသားထားသည်။

မြန်မာနိုင်ငံ၏ ပြည်တွင်းရေးရာများသည် ၎င်း၏ နိုင်ငံတကာအပြုအမူအများအပေါ်တွင် သက်ရောက်မှုအား ထည့်သွင်းစဉ်းစားရန် ပျက်ကွက်ခြင်းမှာ အရှေ့အာရှ၏ နိုင်ငံရေးအခြေအနေများနှင့်ပတ်သက်၍ နားလည်မှု အားနည်းသွားစေနိုင်သည်။

စာတမ်း၏ တတိယနှင့် နောက်ဆုံးအပိုင်းတွင် ပြည်တွင်းရေးရာ အခြေအနေများကို လေ့လာသုံးသပ်ရာ၌ တရုတ်နှင့် ပတ်သက်သည့် မြန်မာ့နိုင်ငံခြားရေးမူဝါဒကို ချမှတ်ရာတွင် ပထဝီနိုင်ငံရေးအရ စဉ်းစားချက်သည် အတိုင်းအတာတစ်ခုအထိသာရှိပြီး ပြည်တွင်းနိုင်ငံရေးစဉ်းစားချက်များကသာ ပိုမိုအရေးပါသောအခန်းကဏ္ဍတွင်ပါဝင်လျက်ရှိသည်ကို တင်ပြထားသည်။ ယခုစာတမ်းကို ပြုစုရာတွင် တစ်ဆင့်ခံ စာအုပ်၊ စာတမ်းများသာမက တရုတ်-မြန်မာ နိုင်ငံရေး၊ စီးပွားရေး အီလစ်များ၊ အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ရှိ အရပ်ဖက်လူ့အဖွဲ့အစည်းများကို ၂၀၁၂ခု နှစ်၊ သြဂုတ်လက ပြုလုပ်ခဲ့သည့် လူတွေ့မေးမြန်းချက်များအပေါ် အခြေခံထားပါသည်။

The post Myanmar’s foreign policy towards China 1988-2012: To what extent has Myanmar’s foreign policy towards China been determined by global geopolitical concerns in the period 1988-2012? appeared first on ISP Myanmar China Desk.