China Myanmar Relations Archives - ISP Myanmar China Desk

တရုတ်၏ အလွှာစုံဆက်ဆံရေးမဟာဗျူဟာနှင့် မြန်မာနိုင်ငံ၏ ပကတိအခြေအနေ
စာတမ်းခေါင်းစဉ် – တရုတ်၏ အလွှာစုံဆက်ဆံရေးမဟာဗျူဟာနှင့် မြန်မာနိုင်ငံ၏ ပကတိအခြေအနေ

ရေးသားသူ – ခင်ခင်ကျော်ကြီး

ထုတ်ဝေသည့်အဖွဲ့အစည်း – ISP-Myanmar

ထုတ်ဝေသည့်ကာလ – ၂၀၁၈၊ ဖေဖော်ဝါရီ

စာတမ်းအပြည့်အစုံရယူရန် – မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ထုတ်ဝေဖြန့်ချိထားသည့် စာတမ်းအပြည့်အစုံကို အင်းဝစာအုပ်ဆိုင်(ပန်းဆိုးတန်း၊ လှည်းတန်း)၊ ရာပြည့်စာအုပ်ဆိုင်(ပန်းဆိုးတန်း)၊ မျိုးဆက်သစ်စာပေ၊ လူထုစာအုပ်ဆိုင်(မန္တလေး) တို့တွင် ဝယ်ယူနိုင်သလို စာတိုက်မှတဆင့် အိမ်အရောက်ဝန်ဆောင်မှု ရယူလိုပါက ဖုန်း – ၀၉ ၂၆၃၉၁၆၆၃၃ သို့ ဆက်သွယ်နိုင်ပါသည်။

စာတမ်းအကျဉ်းချုပ်

ယခုစာတမ်းသည် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု(ISP-Myanmar)က ထုတ်ဝေသည့် ဆေးနွေးချက်စာတမ်းများ၏ ပထမဆုံး ခြေလှမ်းဖြစ်သည်။ တရုတ်နိုင်ငံအရေး သုတေသနစီမံချက်အတွက် ထုတ်ဝေသည့် စာတမ်းများအနက်လည်း ပထမဆုံးဖြစ်သည်။

တရုတ်သည် မြန်မာ့လူ့အဖွဲ့အသီးသီးနှင့် ဆက်ဆံရေးတည်ဆောက်ခြင်းဖြင့် တရုတ်၏ စီးပွားရေး၊ မဟာဗျူဟာအကျိုးစီးပွားနှင့်ဆိုင်သော စီမံကိန်းများ၌ မြန်မာလူထု၏ထောက်ခံမှုကို ရယူလိုခြင်း၊ တရုတ်၏အုပ်ချုပ်မှုနှင့် စီးပွားရေးစနစ်ပေါ် မြန်မာနိုင်ငံမှ မူဝါဒချမှတ်သူများ၊ အများပြည်သူအပေါ် လွှမ်းမိုးနိုင်သူများနှင့် မြန်မာပြည်သူလူထု အားကျနှစ်သက်လာစေရန် ဖြန့်ဝေလိုခြင်း၊ တရုတ်၏အလွှာစုံဆက်ဆံရေးသည် မြန်မာနိုင်ငံမှ တရုတ်အကျိုးစီးပွားကိစ္စများအပြင် တရုတ်နိုင်ငံတွင်းနှင့် နိုင်ငံတကာတွင် ဖော်ဆောင်နေသော တရုတ်မူဝါဒများကို အထောက်အပံ့ဖြစ်စေရန် ဆောင်ရွက်ခြင်း စသည့် အချက်များကို စာတမ်းတွင် ထောက်ပြထားသည်။

ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းရပ်ဆိုင်းပြီးနောက်ပိုင်း တရုတ်သည် မြန်မာနိုင်ငံမှ နိုင်ငံရေးပါတီများ၊ သတင်းမီဒီယာများ၊ လူနည်းစုတိုင်းရင်းသားများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများ အစရှိသဖြင့် မြန်မာ့လူ့အဖွဲ့အစည်းအသီးသီးနှင့် ဆက်ဆံရေးများ တည်ဆောက်ခဲ့ပြီး မြန်မာနိုင်ငံမှ ထောင်နှင့်ချီသောသူများကို တရုတ်နိုင်ငံသို့ အလည်အပတ်လေ့လာရေးခရီးစဉ်များ ဖိတ်ခေါ်ခဲ့သည်။

နိုင်ငံအဆင့်ဆက်ဆံရေးများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဦးဆောင်သောအစိုးရနှင့် ဆက်ဆံရေးတိုးမြှင့်တည်ဆောက်ခဲ့သည့်နည်းတူ မြန်မာ့နိုင်ငံရေးတွင် ဩဇာလွှမ်းမိုးနိုင်မှုများစွာရှိနေသေးသည့် တပ်မတော်နှင့်လည်း ဗျူဟာမြောက်ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းခဲ့သည်။

မြန်မာ့ငြိမ်းချမ်းရေးနှင့် စီးပွားရေးနယ်၌ရှိနေသော တရုတ်၏အခန်းကဏ္ဍအပြင် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခ၊ ဒုက္ခသည်များနှင့် လူ့အခွင့်အရေးကိစ္စရပ်များ၌ ပေါ်ပေါက်ခဲ့သော နိုင်ငံတကာဖိအားများကြောင့် မြန်မာ့နိုင်ငံခြားဆက်ဆံရေးတွင် တရုတ်၏အခန်းကဏ္ဍကို ပိုမိုမြင့်မားလာစေသည်။

NLD ဦးဆောင်သော အစိုးရအပေါ် မြန်မာပြည်သူများ၏ ထောက်ခံအားပေးမှုသည်လည်း မြန်မာနိုင်ငံနှင့် ဆက်ဆံရေးပြည်လည်တည်ဆောက်ရာတွင် တရုတ်အတွက် အထောက်အပံ့ကောင်းတစ်ခုဖြစ်ခဲ့သည်။ ထို့အပြင် ပုံစံပြောင်းလဲလာသော တရုတ်၏ဆက်ဆံရေးဗျူဟာများနှင့် မြန်မာ၏ ငြိမ်းချမ်းရေး၊ စီးပွားရေး၊ ရခိုင်ပြည်နယ်မြောက်ပိုင်းအရေး စသည့် ပကတိအခြေအနေများကြောင့် မြန်မာအပေါ် တရုတ်၏ဩဇာလွှမ်းမိုးနိုင်မှု တဖန်များပြားလာရာ မြန်မာနိုင်ငံ၌ တရုတ်၏ စီးပွားရေးနှင့် မဟာဗျူဟာမြောက်စီမံကိန်းများအကောင်အထည်ဖော်ရာ၌ အသာစီးယူနိုင်သည့်အခြေအနေတရပ် ဖြစ်လာသည်။

အထက်ပါအခြေအနေများနှင့်ပတ်သက်၍လည်း စာတမ်းက သုံးသပ်ထားပါသည်။

ယခုစာတမ်းသည် တရုတ်၏ အလွှာစုံဆက်ဆံရေးမူဝါဒကို လေ့လာခြင်းဖြင့် ယင်း၏ မူဝါဒလိုလားချက်များကို ပုံဖော်ကာ မြန်မာအပေါ်သက်ရောက်နိုင်မှုများကို သုံးသပ်ထားခြင်း ဖြစ်သည်။

The post တရုတ်၏ အလွှာစုံဆက်ဆံရေးမဟာဗျူဟာနှင့် မြန်မာနိုင်ငံ၏ ပကတိအခြေအနေ appeared first on ISP Myanmar China Desk.

The March 2015 Bombings of Yunnan and the Decline in Sino- Myanmar Relations 2015
စာတမ်းအမည် – The March 2015 Bombings of Yunnan and the Decline in Sino-

Myanmar Relations 2015

ရေးသားသူ – Alvin Cheng-Hin Lim

ထုတ်ဝေသည့်အဖွဲ့ – The Asia Pacific Journal

ထုတ်ဝေသည့်ခုနှစ် – ၂၀၁၅၊ ဧပြီ

စာတမ်းအပြည့်အစုံ – The March 2015 Bombings of Yunnan and the Decline in Sino- Myanmar Relations 2015

စာတမ်းအကျဉ်းချုပ်

၂၀၁၅ ခုနှစ်၊ မတ်လ ၈ ရက်နှင့် ၁၃ ရက်နေ့တို့တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်အတွင်းသို့ မြန်မာနိုင်ငံဘက်မှ မတော်တဆဗုံးကြဲချခဲ့ခြင်းသည် လက်ရှိတရုတ်-မြန်မာဆက်ဆံရေးကို လျော့ကျသွားစေသည့် ရှေ့ပြေးလက္ခဏာ ဖြစ်သည်။

ယခုစာတမ်းတွင် ပထမဦးစွာ ယူနန်ပြည်နယ်ဘက်သို့ ဗုံးကြဲချမှုကို ဦးတည်စေသော မြန်မာနိုင်ငံ၊ ကိုးကန့်ဒေသဘက်က လက်ရှိမငြိမ်မသက်မှုကို လေ့လာထားသည်။ ကိုးကန့်ဒေသတွင်ဖြစ်ပေါ်ခဲ့သည့် မငြိမ်မသက်မှုများကို တရုတ်နှင့် ဗမာပြည်ကွန်မြူနစ်ပါတီတို့ကြား ဆက်ဆံရေးများကြောင့် တရုတ်နိုင်ငံအပေါ်တွင် ကာလရှည်ကြာရှိနေခဲ့သော မြန်မာအစိုးရ၏ သံသယတို့နှင့် ချိတ်ဆက်ထားသည်။ ထို့နောက်တွင် ၁၉၈၈ မှ စတင်ကာ ၂၀၁၁ မတိုင်မီအထိ နိုင်ငံတကာမှ ပိတ်ဆို့ထားခဲ့သောကြောင့် တရုတ်နိုင်ငံနှင့် ပိုမိုရင်းနှီးသော ဆက်ဆံရေးတည်ဆောက်ရန်မှာ မြန်မာနိုင်ငံအတွက် လိုအပ်ချက်တစ်ခုဖြစ်လာခဲ့သည်။

သို့သော် ထိုရင်းနှီသောဆက်ဆံရေးသည်  ၂၀၁၁ ခုနှစ်တွင်ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကြောင့် အမေရိကန်နှင့် ဆက်ဆံရေးတို့  ပြန်လည်နီးကပ်မလာခင်အချိန်အထိသာ ဖြစ်သည်။

နောက်ဆုံးပိုင်း၌ ၂၀၁၁ ခုနှစ်တွင် မြန်မာအစိုးရက တရုတ်၏ မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းပြီးနောက်ပိုင်း တရုတ်ရင်းနှီးမြှုပ်နှံမှုများပြိုလဲခြင်းကို ထောက်ပြထားပြီး အိန္ဒိယသမုဒ္ဒရာမှ ယူနန်ပြည်နယ်သို့ ချိတ်ဆက်ထားသော ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းတွင် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ ရေရှည်စွမ်းအင်လုံခြုံရေးအတွက် မရှိမဖြစ် အရေးပါခြင်းကိုလည်း ပြောဆိုထားသည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံနှင့် ကောင်းမွန်သော ဆက်ဆံရေးတည်ဆောက်ခြင်းမှာ တရုတ်နိုင်ငံခြားရေးမူဝါဒ အသိုင်းအဝိုင်းအတွက် အရေးပါသည်ကို တွေ့ရသည်။

The post The March 2015 Bombings of Yunnan and the Decline in Sino- Myanmar Relations 2015 appeared first on ISP Myanmar China Desk.

China-Myanmar Relations Since Naypyidaw’s Political Transition: How Beijing Can Balance Short-Term Interests And Long-Term Values
စာတမ်းခေါင်းစဉ် – China-Myanmar Relations Since Naypyidaw’s Political Transition: How Beijing Can Balance Short-Term Interests And Long-Term Values

ရေးသားသူ – Chenyang Li နှင့် James Char

ထုတ်ဝေသည့်အဖွဲ့ – Nanyang Technological University

ထုတ်ဝေသည့်ခုနှစ် – ၂၀၁၅၊ မတ်

စာတမ်းအပြည့်အစုံ – China-Myanmar Relations Since Naypyidaw’s Political Transition: How Beijing Can Balance Short-Term Interests And Long-Term Values

စာတမ်းအကျဉ်းချုပ်

၂၀၁၁ ခုနှစ်တွင် မြန်မာနိုင်ငံသည် အရပ်သားပုံပြောင်းတပ်မတော်အစိုးရကို တည်ထောင်ခဲ့သည်။ ယင်းနှင့်ပတ်သက်သည့် နိုင်ငံရေးပြုပြင်ဆောင်ရွက်မှုများအကြောင်း ဆွေးနွေးရာတွင် လေ့လာသုံးသပ်သူအများစုသည် ဘေဂျင်းနှင့် နေပြည်တော်ကြား ဆက်ဆံရေးကျဆင်းလာမှုကို အလေးစိုက်ကြသည်။

မြန်မာ့နိုင်ငံရေးတံခါး ဖွင့်လိုက်ခြင်းနှင့်အတူ တရုတ်က အစိုးရမဟုတ်သောပါဝင်ပတ်သက်သူများ၏ အသံများကို ပိုမိုနားထောင်လာခဲ့သည်။ နိုင်ငံတကာအသိုင်းအဝန်းက မြန်မာ့နိုင်ငံခေါင်းဆောင်ပိုင်းများနှင့် ဆက်ဆံရေးထူထောင်ကြရန် အပြိုင်အဆိုင်ကြိုးပမ်းလာချိန်တွင် တရုတ်နိုင်ငံသည်လည်း  ၎င်း၏ မဟာဗျူဟာတို့ကို ပြန်လည်ချိန်ဆလာခဲ့သည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမူဝါဒကို ပြုပြင်မှုများဆောင်ရွက်ခဲ့သည်ဖြစ်ရာ ယခုစာတမ်းတွင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားနှင့် ဖွံ့ဖြိုးရေးလိုအပ်ချက်ကို ကူညီခြင်းဖြင့် ၎င်း၏ အကျိုးစီးပွားကိုလည်း တိုးမြှင့်နိုင်ကြောင်းထောက်ပြထားသည်။

တချိန်တည်းမှာပင် မဝေးလှသည့်အနာဂတ်ကာလ၌ ယခင်ကကဲ့သို့ ခိုင်ခံ့သော နှစ်နိုင်ငံဆက်ဆံရေးအခြေအနေသို့ ပြန်လည်ရောက်ရှိရန်မှာ မလွယ်ကူသော်လည်း နေပြည်တော်၏ နိုင်ငံရေး အသွင်ကူးပြောင်းမှုကြောင့် ဖြစ်ပေါ်လာသော စိန်ခေါ်ချက်များကို ဘေကျင်းအနေဖြင့် ရေရှည်တွင် အမီလိုက်နိုင်မည်ဆိုလျှင် ကျော်လွှားရန်မျှော်လင့်ချက်ရှိသေးကြောင်း စာတမ်းတွင် နိဂုံးချုပ်ဖော်ပြထားသည်။

The post China-Myanmar Relations Since Naypyidaw’s Political Transition: How Beijing Can Balance Short-Term Interests And Long-Term Values appeared first on ISP Myanmar China Desk.

Myanmar’s China Policy since 2011: Determinants and Directions
စာတမ်းခေါင်းစဉ် – Myanmar’s China Policy since 2011: Determinants and Directions

ရေးသားသူ – Maung Aung Myoe

ထုတ်ဝေသည့်အဖွဲ့ – Journal of Current Southeast Asian Affairs

ထုတ်ဝေသည့်ခုနှစ် – ၂၀၁၅

စာတမ်းအပြည့်အစုံ – Myanmar’s China Policy since 2011: Determinants and Directions

စာတမ်းအကျဉ်းချုပ်

ယခုစာတမ်း၏ အဆိုပြုချက်သည် ၂၀၁၁ နှစ်မှစတင်ကာ မြန်မာနိုင်ငံက တရုတ်အပေါ် မူဝါဒပုံစံအသစ်နှင့် ချဉ်းကပ်လာစေသည့် အဓိကတွန်းအားတစ်ခုမှာ နိုင်ငံတကာနှင့် ပြန်လည်ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်သည့် မြန်မာနိုင်ငံအစိုးရ၏ နိုင်ငံခြားရေးမူဝါဒရည်မှန်းချက် ဖြစ်သည်။

ယင်းချဉ်းကပ်မှု အောင်မြင်ရန်မှာ မြန်မာနိုင်ငံနှင့် အမေရိကန်တို့အကြား ဆက်ဆံရေး ပြန်လည်ကောင်းမွန်မှုအပေါ်တွင် မူတည်သည်။  မြန်မာနိုင်ငံ၏ ပြည်တွင်းနိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှင့် တရုတ်-အမေရိကန် နှစ်နိုင်ငံ၏ အင်ဒို-ပစိဖိတ်ဒေသတွင် မဟာဗျူဟာမြောက်အားပြိုင်မှုတို့နှင့်အတူ တရုတ်အပေါ် မှီခိုမှုလျော့ချနိုင်မည့် မြန်မာနိုင်ငံ၏နိုင်ငံခြားရေးမူဝါဒကို ပြန်လည်ချိန်ညှိမှုများသည် အောင်မြင်သော မြန်မာ-အမေရိကန်ဆက်ဆံရေး၏ လိုအပ်ချက်များဖြစ်သည်။

၂၀၁၁ ခုနှစ်မှစတင်ကာ အရှိန်ရလာသော မြန်မာနိုင်ငံ၏ တရုတ်မူဝါဒအပေါ်လွှမ်းမိုးသည့်အချက်များမှာ တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ်များ၊ မြန်မာနိုင်ငံရေးရာများတွင် တရုတ်နိုင်ငံ၏ ပိုမိုဝင်ရောက်စွက်ဖက်မှုအပေါ်တွင် စိုးရိမ်ပူပန်မှုများနှင့် အမေရိကန်နိုင်ငံနှင့် ပြန်လည်သင့်မြတ်ခြင်းတို့ ဖြစ်ပြီး ယင်းတို့သည် တရုတ်-မြန်မာဆက်ဆံရေးနှင့်စပ်လျဉ်း၍ နှစ်နိုင်ငံဆက်ဆံရေးကို လွှမ်းမိုးသက်ရောက်လျက်ရှိသော အချက်များဖြစ်သည်။

မြန်မာနိုင်ငံ၏ တရုတ်နိုင်ငံနှင့်ပတ်သက်သည့် မူဝါဒအရွေ့မှာ တရုတ်နိုင်ငံအပေါ်မှီခိုမှုမှ အကြွင်းမဲ့ ကင်းလွတ်ရန်ဟု ဆိုလိုသည်မဟုတ်ဘဲ နှစ်နိုင်ငံအနေနှင့် အပြန်အလှန် တိုး၍မှီခိုမှုရှိခြင်းကို ဆိုလိုသည်။

The post Myanmar’s China Policy since 2011: Determinants and Directions appeared first on ISP Myanmar China Desk.

A Multi-level Analysis of Sino-Myanmar Relations amidst Political Changes in Myanmar
စာတမ်း‌ခေါင်းစဉ် – A Multi-level Analysis of Sino-Myanmar Relations amidst Political Changes in Myanmar

ရေးသားသူ – Bill Chou

ထုတ်ဝေသည့်အဖွဲ့ – Department of Government and Public Administration, University of Macau

ထုတ်ဝေသည့်ခုနှစ် – ၂၀၁၅

စာတမ်းအပြည့်အစုံ – Cannot find the link

စာတမ်းအကျဉ်းချုပ်

ယခုစာတမ်းတွင် တရုတ်နှင့် မြန်မာအကြား ဆက်ဆံရေးကို အလွှာစုံ အုပ်ချုပ်ရေးဆန်းစစ်ယူဆနည်းအား အသုံးပြုထားသည်။

နှစ်နိုင်ငံဆက်ဆံရေး အရွေ့အား ဒေသန္တရအဆင့်၊ နိုင်ငံတော်အဆင့်နှင့် ဒေသတွင်းနိုင်ငံများအဆင့်တို့ဖြင့် လေ့လာထားသည်။ မြန်မာနိုင်ငံ၏ အားနည်းချက်မှာ နယ်စပ်ဖြတ်ကျော်ကိစ္စရပ်များအား ကိုင်တွယ်ရာတွင် သေချာဆောင်ရွက်နိုင်မှု မရှိခြင်းဖြစ်သည်ဟု ဆိုကြသည်။ သို့သော် ထိုအယူအဆနှင့် ဆန့်ကျင်စွာပင် မြန်မာသည် ဒေသတွင်းနိုင်ငံများအဆင့်၌ တရုတ်နှင့်ဆက်ဆံရာတွင် ထိပ်တန်းအရည်အသွေးများပြသနိုင်သည်။ တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုများနှင့် အင်အားကြီးနိုင်ငံများ၏ လှုပ်ရှားမှုတို့သည် များပြားလာသည့် အခြေအနေမျိုးရှိသော်လည်း မြန်မာနိုင်ငံသည် တရုတ်ပြုသမျှနုရမည့် သားကောင်နိုင်ငံမျိုးမဟုတ်ဘဲ နိုင်ငံတကာ အဖွဲ့အစည်းများ၊ ပြိုင်ဆိုင်လျက်ရှိကြပြီး မတူညီသောနိုင်ငံများ၏ စံနှုန်းများနှင့် အကျိုးစီးပွားများကို ကိုင်တွယ်အသုံးချပြီး  မိမိ၏လွတ်လပ်သော အချုပ်အခြာအာဏာနှင့် အစိုးရတည်တံ့ရေးကို အောင်မြင်စွာထိန်းသိမ်းနိုင်သည်ကိုတွေ့ရသည်ဟု ဆိုထားသည်။

The post A Multi-level Analysis of Sino-Myanmar Relations amidst Political Changes in Myanmar appeared first on ISP Myanmar China Desk.

Sino-Myanmar Relations: Is Pauk-Phaw Pragmatic or Rhetoric?
စာတမ်းခေါင်းစဉ် – Sino-Myanmar Relations: Is Pauk-Phaw Pragmatic or Rhetoric?

ရေးသားသူ – Ricky Wai-Kay Yue

ထုတ်ဝေသည့်အဖွဲ့ – Journal of Comparative Asian Development

ထုတ်ဝေသည့်ခုနှစ် – ၂၀၁၄ သြဂုတ်

စာတမ်းအပြည့်အစုံရယူရန် – Sino-Myanmar Relations: Is Pauk-Phaw Pragmatic or Rhetoric?

စာတမ်းအကျဉ်းချုပ်

ယခုစာတမ်း၏ရည်ရွယ်ချက်မှာ အနောက်တိုင်းနိုင်ငံတကာဆက်ဆံရေးသီအိုရီများ၏ သရုပ်မှန်ဝါဒ၊ လစ်ဘရယ်ဝါဒနှင့် တည်ဆောင်ပြုပြင်ဝါဒတို့ကိုကျော်လွန်ပြီး ပေါက်ဖော်ဆက်ဆံရေးကို အကျယ်ချဲ့ပြထားခြင်းဖြစ်သည်။

ပေါက်ဖော်သည် ဗမာစကားဖြစ်ပြီး ဆွေမျိုးရင်းချာဆက်ဆံရေး၊ အထူးအားဖြင့် တရုတ်-မြန်မာ အချိုးမညီဆက်ဆံရေးကို ဖော်ပြလိုခြင်းဖြစ်သည်။ တရုတ်နိုင်ငံ၏သမိုင်းကြောင်းအစဉ်အလာအရ ကမ္ဘာကြီးကို ရှုမြင်ချက်သည် တရုတ်ဗဟိုပြုပဏ္ဍာဆက်စနစ်အပေါ် အခြေခံရာ ယနေ့အချိန်ထိ နိုင်ငံခြားရေးမူဝါဒ ချမှတ်ရာတွင်လည်း အနောက်တိုင်းနိုင်ငံတကာဆက်ဆံရေးသီအိုရီများနှင့် မကိုက်ညီသည့် ထိုအခြေခံစဉ်းစားချက်ကို ထည့်သွင်းစဉ်းစားလျက်ရှိခြင်းသည် တရုတ်နိုင်ငံ၏ မဟာဗျူဟာယဉ်ကျေးမှုတရပ်ပင် ဖြစ်သည်။ နိုင်ငံအချင်းချင်းဆက်ဆံရာ၌ ကွန်ဖြူးရှပ်ယဉ်ကျေးမှုနှင့် အယူဝါဒများကို အခြေခံထားသည့် ပေါက်ဖော်အယူအဆကို ဆန်းစစ်လေ့လာခြင်းဖြင့် အနောက်တိုင်း၏ သမားရိုးကျအစဉ်အလာများမှ ဖောက်ထွက်ကာ  တရုတ်နိုင်ငံနှင့် ယခင်ပဏ္ဍာဆက်နိုင်ငံများ၏ဆက်ဆံရေးအား နားလည်ရန် အထောက်အပံ့ဖြစ်စေနိုင်ပါသည်။

The post Sino-Myanmar Relations: Is Pauk-Phaw Pragmatic or Rhetoric? appeared first on ISP Myanmar China Desk.