Security Archives - ISP Myanmar China Desk

ရွှေကုက္ကိုစီမံကိန်း
၁။ စီမံကိန်းအကျဉ်းချုပ်

ရွှေကုက္ကို နိုင်ငံတကာအဆင့်မီ မြို့သစ်စီမံကိန်းသည် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့၏ မြောက်ဘက်ဆယ်မိုင်အကွာ (၁၅ ကီလိုမီတာခန့်) အကွာတွင် အကောင်အထည်ဖော်နေသော စီမံကိန်းတခုဖြစ်သည်။ ရွှေကုက္ကိုမြိုင်မြို့သစ်စီမံကိန်းသည် ကရင်ပြည်နယ်၏ China Town ဟု လူသိများသည်။

အဆိုပါစီမံကိန်းကို ဒီမိုကရက်တစ်ကရင်ဗုဒ္ဓဘာသာတပ်မတော် (DKBA) မှခွဲထွက်ခဲ့ပြီး တပ်မတော်လက်အောက်ရှိ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းခဲ့သော ဗိုလ်မှူးကြီးစောချစ်သူ ဦးဆောင်သည့် နယ်ခြားစောင့်တပ်ဖွဲ့နှင့်အတူ ဟောင်ကောင်တွင် မှတ်ပုံတင်ထားသော တရုတ်ကုမ္ပဏီ ရထိုက်နိုင်ငံတကာဦးပိုင်အုပ်စု (Yatai International Holdings Group) တို့ ပူးပေါင်းလုပ်ကိုင်လျက်ရှိသည်။

ထိုမြို့သစ်စီမံကိန်းသည် ဧက သုံးသောင်းနီးပါး အကျယ်အဝန်းအထိ ဖြန့်ကျက်ရန်ရည်ရွယ်ထားပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံအထိ ကုန်ကျနိုင်မည်ဟု တွက်ချက်ထားသည်။ တရုတ်-မြန်မာစီးပွားရေးစင်္ကြံ၏ အရေးပါသော စီမံကိန်းတခုဖြစ်သည်ဟု အကောင်အထည်ဖော်နေသော ကုမ္ပဏီက အခိုင်အမာပြောဆိုထားသည်။ တရုတ်နိုင်ငံ၌ ၂၀၁၉ ခုနှစ်က ဘေဂျင်းတွင်ကျင်းပခဲ့သော ဒုတိယအကြိမ် ခါးပတ်တကွင်း လမ်းတစင်းစီမံကိန်း (BRI) ဖိုရမ်တွင် YIHG ကဖော်ပြသော အဆိုပါ စီးပွားရေးစင်္ကြံဖော်ဆောင်ရန် ထုတ်ပြန်ကြေညာခြင်း၊ ဆွေးနွေးခြင်းများ မရှိခဲ့ပါ။ ၂၀၁၉ ခုနှစ် မေ ၁၄ ရက်တွင် YIHG ၏ ဥက္ကဋ္ဌ မစ္စတာစယ်လွင်ခိုက်သည် တရုတ်- မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ရေးအသင်း ဥက္ကဋ္ဌ Mr. Li Fuquan နှင့် မြန်မာနိုင်ငံသို့ လာရောက်တွေ့ဆုံခဲ့ပြီး တရုတ်- မြန်မာ စီးပွားရေးစင်္ကြံ ထိပ်သီးအစည်းအဝေး ကျင်းပနိုင်ရေးနှင့် “One Belt One Road” ၏ အစီအစဉ်များကို ဆွေးနွေးခဲ့သည်။ ဘလော့ချိန်းနည်းပညာကိုအသုံးပြုသည့် အဆင့်မြင့်မြို့ပြအိမ်ရာစီမံကိန်းအနေနှင့် ခရီးသွားများကို ဆွဲဆောင်ရန် အပန်းဖြေနေရာများ၊ လောင်းကစားရုံများ၊ ဈေးဝယ်စင်တာများ၊ သယ်ယူပို့ဆောင်ရေးနေရာများ၊ နိုင်ငံတကာအဆင့်မီလေဆိပ်၊ စက်မှုဇုန်တည်ဆောက်ရေး၊ နိုင်ငံတကာ ဘဏ္ဍာရေးနှင့် ကုန်သွယ်ရေးစင်တာအထိ ပါဝင်ပြီး တရုတ်လုပ်ငန်းရှင်များ၊ ခရီးသွားများကို အဓိကဆွဲဆောင်မည့် မကာအိုစတိုင် ကာစီနိုလောင်းကစားမြို့တော်တခုအဖြစ် အကောင်အထည်ဖော်မည့် စီမံကိန်းကြီးဖြစ်သည်။ ထိုင်းနိုင်ငံနယ်စပ် မဲဆောက်နှင့် မြန်မာနိုင်ငံနယ်စပ်မြို့ မြဝတီတို့ကို ဆက်သွယ်ထားသော အဓိကကျသည့် နယ်စပ်ဖြတ်ကျော်ဂိတ်နှင့် အဆိုပါစီမံကိန်းသည် ကီလိုမီတာ ၂၀ ခန့်သာ ကွာဝေးသည်။ စီမံကိန်းသည် အာရှအရှေ့ပိုင်း၊ အရှေ့တောင်ပိုင်း၊ တောင်ပိုင်းနှင့် အနောက်ပိုင်းတို့ကို ဆက်သွယ်မည့် ဒေသတွင်းရှိ မဟာဗျုဟာကျ လမ်းမကြီးဖြစ်လာရန် အလားအလာရှိသည့် ထိုင်းနှင့် မြန်မာကို ချိတ်ဆက်ထားသော အာရှအဝေးပြေးလမ်းမကြီး အမှတ် (၁) နှင့်လည်း ချိတ်ဆက်ရန် လွယ်ကူသည့် အနီးဆုံးနေရာတွင် တည်ရှိနေသည်။

၂။ စီမံကိန်းနောက်ခံ

“မြန်မာ-ရထိုက် ရွှေကုက္ကိုအထူးစီးပွားရေးဇုန်” ကို အထူးပြဋ္ဌာန်းချက်များဖြင့် အကောင်အထည်ဖော်နေသော စီမံကိန်းအဖြစ် ရွှေကုက္ကိုစီမံကိန်းကို ကုမ္ပဏီ၏ တရားဝင်ဝဘ်ဆိုက်တွင် ဖော်ပြထားသည်။ စီမံကိန်းသည် ကရင်ပြည်နယ်ခြားစောင့်တပ်၏ ထိန်းချုပ်ရာရှိ မြဝတီမြို့ မြောက်ဘက် သောင်ရင်းမြစ်ကမ်းပါးတွင် တည်ထားသည်။ ထိုစီမံကိန်းကို ရထိုက်နိုင်ငံတကာဦးပိုင်လုပ်ငန်းစု (Yatai International Holding Group) နှင့် ဗိုလ်မှုးကြီး စောချစ်သူဦးဆောင်သော နယ်ခြားစောင့်တပ် (ယခင် ဒီမိုကရက်တစ်ကရင်ဗုဒ္ဓဘာသာတပ်မတော်-DKBA) ပိုင် ချစ်လင်းမြိုင်ကုမ္ပဏီတို့ ပူးပေါင်းကာ အကောင်အထည်ဖော်နေခြင်းဖြစ်သည်။

၂၀၁၀ ခုနှစ်တွင် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလိုက်သော DKBA သည် နယ်စပ်တွင် စီးပွားရေးလုပ်ငန်းများစွာကို လုပ်ဆောင်ခွင့်ရနေသည်။ ရထိုက်နိုင်ငံတကာဦးပိုင်လုပ်ငန်းစုသည် ဘန်ကောက်တွင် အခြေစိုက်ကာ ဟောင်ကောင်တွင် မှတ်ပုံတင်ထားသော လုပ်ငန်းဖြစ်သည်။ သို့သော် လုပ်ငန်းစုကို ဦးဆောင်နေသူများမှာ ကမ္ဘောဒီးယားနှင့် မလေးရှားနိုင်ငံသားများအဖြစ် ခံယူထားသော တရုတ်လူမျိုးများဖြစ်သည်။

၂.၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက် စီမံကိန်းအခြေအနေ

၂၀၁၇ ခုနှစ်တွင် တည်ထောင်ခဲ့သော ထိုလုပ်ငန်းစုသည် ခရီးသွားကဏ္ဍ၊ ဖျော်ဖြေရေးကဏ္ဍနှင့် အိမ်ခြံမြေကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်နေသော ကုမ္ပဏီတခုဖြစ်ကြောင်း ၎င်း၏ တရားဝင်သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ရထိုက်လုပ်ငန်းစုသည် စီမံကိန်းအကောင်အထည်ဖော်ရန်၂၀၁၆ ခုနှစ်တွင် စတင်ပြင်ဆင်ခဲ့ပြီး ကုမ္ပဏီနှင့် နယ်ခြားစောင့်တပ်တို့က ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် တွေ့ဆုံကာ အစီအမံကို ကနဦးဆွေးနွေးခဲ့သည်။ သို့သော် စီမံကိန်းအစီအမံသည် ပြည်နယ်က အတည်ပြုပေးနိုင်သော ရင်းနှီးမြှုပ်နှံမှုပမာဏထက် များပြားနေသောကြောင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံသို့ တင်ပြရန် လွှဲပြောင်းပေးခဲ့သည်။

၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်တွင် ရထိုက်လုပ်ငန်းစုနှင့် နယ်ခြားစောင့်တပ်တို့ ပူးပေါင်းကာ မြန်မာ- ရထိုက် နိုင်ငံတကာဦးပိုင်လုပ်ငန်းစု (Myanmar Yatai International Holding Group) အဖြစ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီမျာမှတ်ပုံတင်ဦးစီးဌာနတွင် မှတ်ပုံတင်ခဲ့သည်။ ထို့အပြင် စီမံကိန်း အကောင်အထည်ဖော်ရန် ဘေဂျင်းအခြေစိုက် ပြည်ပရောက် တရုတ်လူမျိုးစွန့်ဦးတီထွင်လုပ်ငန်းရှင်များအဖွဲ့ချုပ် (China Federation of Overseas Chinese Entrepreneurs) ၏ စီစဉ်မှုဖြင့် ရန်ကုန်မြို့တွင် ကျင်းပနေသော ၁၄ ကြိမ်မြောက် ကမ္ဘာ့တရုတ်စွန့်ဦးတီထွင်ပညာရှင်များညီလာခံအတွင်း၂၀၁၇ ခုနှစ် စက်တင်ဘာလတွင် ဗိုလ်မှုးကြီး စောချစ်သူနှင့်လည်း သဘောတူညီမှုစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ ကုမ္ပဏီများမှတ်ပုံတင်ဦးစီးဌာန၏ မှတ်တမ်းအရ ကုမ္ပဏီရှယ်ယာကို ကမ္ဘောဒီးယားနိုင်ငံသားက ၆၇ ဒသမ ၆၈ ရာခိုင်နူန်း၊ မလေးရှားလုပ်ငန်းရှင်နှစ်ဦးက ၁၂ ဒသမ ၃၂ ရာခိုင်နူန်း၊ နယ်ခြားစောင့်တပ်မှ ၂၀ ရာခိုင်နှုန်း ပိုင်ဆိုင်သည်။

စီမံကိန်းသည် စုစုပေါင်းအမေရိကန်ဒေါ်လာ ၁၅ ဘီလီယံကုန်ကျမည့် နိုင်ငံတကာ အဆင့်မီမြို့တော်တခုကို မြေဧက ၂၉၆၅၂ ဒသမ ၆ ပေါ်တွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း ၂၀၁၇ ခုနှစ် သြဂုတ်လတွင် ရထိုက်က တရားဝင်ထုတ်ပြန်ထားသော စီမံကိန်း အသေးစိတ်အချက် ဗီဒီယိုတွင် ဖော်ပြထားသည်။ ကနဦး ရင်းနှီးမြှုပ်နှံမှုအတွက် အမေရိကန်ဒေါ်လာ သန်း ၅၀၀ကျော် ကုန်ကျမည်ဟုလည်း ခန့်မှန်းထားသည်။ စီမံကိန်းတခုလုံး၏ ရည်မှန်းချက်မှာ အဆင့်မြင့်နည်းပညာသုံး မြို့တမြို့တည်ဆောက်ရန်၊ ဒေသတွင်းတွင် နည်းပညာအခြေပြု ဗဟိုချက်တခု ဖြစ်လာစေရန် ဖြစ်သည်ဟုဆိုသည်။ နိုင်ငံတကာ လေဆိပ်၊ ဇိမ်ခံအိမ်ရာများ၊ အခန်း ၁၂၀၀ ပါဝင်သော ဟိုတယ်၊ လောင်းကစားရုံများ၊ အပန်းဖြေအဆောက်အဦး အမျိုးမျိုး၊ ဈေးဝယ်စင်တာများ၊ စက်မှုဇုန်များ၊ ကုန်တင်သိုလှောင်ရုံ၊ ဆိပ်ကမ်း၊ နိုင်ငံတကာအဆင့်မီတက္ကသိုလ်များ၊ သိပ္ပံနှင့် နည်းပညာဇုန်၊ ခရီးသွားများအတွက် အပန်းဖြေဇုန်၊ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုဇုန်၊ စီးပွားရေးဇုန်၊ စိုက်ပျိုးရေးဇုန်၊ ရုပ်ရှင်ရုံများနှင့် ရေပူစမ်းများ တည်ဆောက်ရန် ရည်ရွယ်ထားသည်။ စီမံကိန်းကြီးတခုလုံးကို ၂၀၂၇ ခုနှစ်တွင် ပြီးစီးရန် ရည်မှန်းထားသည်။ ရွှေကုက္ကိုစီမံကိန်းမှာ ရထိုက်လုပ်ငန်းစု၏ ပြည်ပရင်းနှီးမြှုပ်နှံမှုများတွင် ငွေကြေးပမာဏအများဆုံးရင်းနှီးမြှုပ်နှံခြင်းလည်း ဖြစ်သည်။

၂၀၁၇၊ ဧပြီတွင် မြန်မာရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံတွင် စီမံကိန်းအကောင်အထည်ဖော်ရန် တင်ပြခဲ့သည်။ မြန်မာရင်းနှီးမြှုပ်နှံမှုကော်မရှင်က အတည်မပြုသေးခင်မှာပင် စီမံကိန်းအတွက် မြေယာရှင်းလင်းခြင်းများကို ပြုလုပ်နေကြောင်း မှတ်တမ်းများက ဆိုသည်။ ကုမ္ပဏီ၏ တရားဝင်ဝဘ်ဆိုက်တွင်၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် စီမံကိန်းကို စတင်ခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၅၀၀ ခန့် ရင်းနှီးမြှုပ်နှံထားပြီးပြီဖြစ်ကြောင်း ဖော်ပြထားသည်။ စီမံကိန်းပထမအဆင့်အဖြစ် ဇိမ်ခံအိမ်ရာ ၅၉ လုံးကို မြေ ၂၅ ဒသမ ၅ ဧကပေါ်တွင် တည်ဆောက်ရန် ၂၀၁၈ ခုနှစ် ဇူလိုင် ၃၀ ရက်တွင် ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုခဲ့ပေးသည်။

ရင်းနှီးမြှုပ်နှံငွေမှာ အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၅ သန်းဖြစ်ပြီး ၂၀၂၁ ခုနှစ်တွင် ပြီးစီးရန် ခန့်မှန်းသတ်မှတ်ထားသည်။ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အဆိုအရ ကုမ္ပဏီက တင်ပြထားသည့် စီမံကိန်းပထမဆင့်တွင် လောင်းကစားရုံများ၊ လေဆိပ်နှင့် နိုင်ငံတကာအဆင့်မီ တက္ကသိုလ်များ တည်ဆောက်မည့် အစီအစဉ်များ မပါဝင်ချေ။ စာချုပ်အရ မြေပိုင်ဆိုင်ခွင့် သက်တမ်းမှာ နှစ်ပေါင်း ၇၀ ဖြစ်ပြီး ၉၉ နှစ်သက်တမ်း အထိ တိုးနိုင်ကြောင်းကိုလည်း ဖော်ပြထားသည်။ ၂၀၁၉ ခုနှစ်၊ နှစ်ဦးပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုပေးထားသော အဆောက်အဦးများထက် ပိုမိုကျော်လွန်ကာ ဆောက်လုပ်နေကြောင်း တွေ့ရှိရသဖြင့် ပြည်သူအများက ပြည်နယ်အစိုးရထံတွင် တိုင်ကြားခဲ့သည်။ ထိုတည်ဆောက်ရေးလုပ်ငန်းများကို ရပ်နားရန် ပြည်နယ်အစိုးရက ကုမ္ပဏီသို့ သတိပေးခဲ့သည်။

၂၀၁၉၊ မေတွင် ကရင်ပြည်နယ်အစိုးရက ကွင်းဆင်းစစ်ဆေးခဲ့သည်။ ထို့အပြင် ဇွန် ၂၁ ရက်တွင်လည်း ပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးကလည်း သွားရောက်စစ်ဆေးခဲ့ကြောင်း မြန်မာရင်းနှီးမြှုပ်နှံမှုကော်မရှင်က သတင်းထုတ်ပြန်ခဲ့သည်။ စီမံကိန်းအတွင်းတွင် ဆောက်လက်စဖြစ်နေပြီး ကြီးမားသော အဆောက်အဦး ၈ လုံးဝန်းကျင်ကို ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ စည်းမျဉ်းစည်းကမ်းများနှင့် မကိုက်ညီသောကြောင့် ခေတ္တရပ်ဆိုင်းထားလိုက်ရသည်။ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကလည်း စီမံကိန်းနှင့်ပတ်သတ်ပြီး တွေ့ရှိချက်များကို နိုင်ငံတော်သမ္မတရုံးသို့ တင်ပြခဲ့သည်။ စုံစမ်းစစ်ဆေးမှုများကြောင့် ခွင့်ပြုချက်ထက်ကျော်လွန်ကာ ဆောက်လုပ်ထားသော စီမံကိန်းများကို ယာယီရပ်ဆိုင်းထားကြောင်း ၂၀၁၉၊ သြဂုတ် ၂၀ ရက်၊ နယ်ခြားစောင့်တပ်၏ ၉ နှစ်မြောက် အခမ်းအနားတွင် ပြောဆိုခဲ့သည်။ မတ်လကထုတ်ပြန်ခဲ့သည့် ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက်၏ အစီရင်ခံစာတွင် ရွှေကုက္ကိုစီမံကိန်းသည် တားမြစ်ချက်များကိုကျော်လွန်ကာ ရပ်နားထားသည်ဟုကြေညာထားသော စီမံကိန်းများအား ဆက်လက်အကောင်အထည်ဖော်နေဆဲ ဖြစ်ကြောင်း ဖော်ပြထားသည်။

ဧပြီ ၈ ရက်တွင်မူ မြန်မာရထိုက်လုပ်ငန်းစုသည် စီမံကိန်းနှင့်ပတ်သတ်ပြီး ပွင့်လင်းမြင်သာမှုအားနည်းကြောင်းဝန်ခံထားသည့် ကြေညာချက်တစောင်ကို ထုတ်ပြန်ခဲ့သည်။ ကြေညာချက်တွင်COVID-19 ကပ်ရောဂါကြောင့် စီမံကိန်း တည်ဆောက်ရေးမှာကို ခေတ္တဆိုင်းငံ့ထားကြောင်း၊ ဒေသခံပြည်သူထု၏ ဓလေ့ထုံးစံများကို လိုက်နာကာ ရထိုက်မြို့ကို ရေရှည်ဖွံ့ဖြိုးတိုးတတ်သောနည်းပညာရပ်ဝန်းတခု၊ ခရီးသွားကဏ္ဍတခုအဖြစ် ရပ်တည်မည့် ဒေသတခုဖြစ်ရန် ရည်ရွယ်ထားကြောင်း ဖော်ပြထားသည်။ ထို့အပြင် အဆိုပါစီမံကိန်းမှ တရုတ်အစိုးရနှင့် မြန်မာအစိုးရအကြား ပူးပေါင်းဆောင်ရွက်သော စတုတ္တစက်မှုတော်လှန်ရေးအတွက် မြန်မာ့စီးပွားရေးကို ဖွံ့ဖြိုးစေမည့် စီမံကိန်းဖြစ်ကြောင်း ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဇွန် ၁၅ ရက်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်မြင့်က ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းနှင့်ပတ်သတ်ပြီး အငြင်းပွားဖွယ်ရာများကို စုံစမ်းရန် စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့ထားကြောင်း ပြောဆိုခဲ့သည်။ ထိုခုံရုံးတွင် ဒုတိယဝန်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည်။ ရွှေကုက္ကိုလ်စီမံကိန်းနှင့်ပတ်သတ်ပြီး ဥပဒေအတိုင်းလိုက်နာရန်ဆောင်ရွက်ရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကရင်ပြည်နယ်အစိုးရကို ညွှန်ကြားထားသည်။ ပြည်ထောင်စုအစိုးရအနေနှင့် ရွှေကုက္ကိုလ်တွင် လောင်းကစားဝိုင်း (အွန်လိုင်းလောင်းကစားအပါအဝင်) များကို တရားဝင်ခွင့်ပြုထားခြင်း မရှိသေးကြောင်း၊ အခွန်ငွေကြေးများလည်းရယူထားခြင်း မရှိသေးကြောင်း ဦးတင်မြင့်ကပြောသည်။

လက်ရှိအချိန်တွင် ကရင်ပြည်နယ်အစိုးရ၊ မြေစာရင်းနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက စီမံကိန်း၏ မြေပြင်အနေအထားကို စစ်ဆေးရန်ပြင်ဆင်နေသည်။ ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၂၅ ရက်က “ရွှေကုက္ကိုမြို့သစ်” စီမံကိန်းသည် တတိယနိုင်ငံမှ ရင်းနှီးမြှုပ်နှံခြင်းဖြစ်ပြီး “Belt and Road” အဆိုပြုချက်နှင့် လုံးဝမသက်ဆိုင်ကြောင်း၊ “ရွှေကုက္ကိုမြို့သစ်” စီမံကိန်းအရေးကိစ္စကို တရားဥပဒေသတ်မှတ်ချက်နှင့်အညီ မြန်မာအစိုးရမှ စုံစမ်းစစ်ဆေးဖြေရှင်းနေခြင်းကို တရုတ်အစိုးရက ထောက်ခံအားပေးပါသည် ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ရွှေကုက္ကိုစီမံကိန်းနှင့်ဆက်စပ်သည့် ငွေကြေးလည်ပတ်မှု အများစု (စီမံကိန်းတွင် လည်ပတ်နေသော အွန်လိုင်းလောင်းကစားလုပ်ငန်းများတွင် သုံးစွဲနေသည့် ငွေကြေးများ၊ ဝန်ထမ်းများ၏ လစာနှင့် စီမံကိန်းနှင့်ဆက်စပ်သော အခြားအသုံးစရိတ်များ စသည်) တို့တွင် စင်ကာပူနိုင်ငံအခြေစိုက် ငွေကြေး ဝန်ဆောင်မှုတခုဖြစ်သော Fincy ပလက်ဖောင်းမှတဆင့် သုံးစွဲနေသည်မှာ ကြာမြင့်နေပြီဖြစ်သည်။

ဗဟိုဘဏ်၏ ခွင့်ပြုချက်မရှိသော Fincy ကို သုံးစွဲနေခြင်းသည် ကရင်ပြည်နယ်ရှိ တရားမဝင်လောင်းကစားလုပ်ငန်းများကို စင်ကာပူအခြေစိုက် ငွေကြေးဝန်ဆောင်မှုပလက်ဖောင်းက ထောက်ပံ့ရာရောက်သည်ဟု သတင်းမီဒီယာများက ထောက်ပြခဲ့ကြသည်။ ထိုသို့ထောက်ပြခံရပြီးနောက် ရွှေကုက္ကိုစီမံကိန်းတွင် Fincy ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုကို ရုပ်သိမ်းမည်ဖြစ်ကြောင်း ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာတွင် ကုမ္ပဏီက ကြေညာခဲ့သည်။

ကြေညာချက်ထုတ်ပြန်ပြီးနောက် Fincy App သည် ဂူးဂဲလ်ပလေးစတိုး (Google Play Store) တွင်  မူလအစကဖော်ပြထားသည့်  “ရွှေကုက္ကိုလ် (သို့) ရထိုက်မြို့သစ်၏ တဦးတည်းသော အထူး ငွေကြေးဆိုင်ရာဝန်ဆောင်မှု ပေးသူ” ဆိုသည့် ကြော်ငြာစာကိုလည်း ဖြုတ်ချခဲ့သည်။ ထို့အပြင် ရွှေကုက္ကိုမြို့သစ်စီမံကိန်းနှင့် ပတ်သက်၍ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) အဖွဲ့က ပေးသည့် လာဘ်ငွေများကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလတွင် လက်ခံရယူသည်ဟု သံသယရှိသဖြင့် တပ်မတော် အရာရှိကြီး သုံးဦးကို တပ်မတော်ကလည်း စုံစမ်းစစ်ဆေးခဲ့ကြောင်း ဧရာ၀တီသတင်းဌာနက ဖော်ပြခဲ့သည်။

ထိုစုံစမ်းစစ်ဆေးမှုတွင် သံသယဖြစ်စရာ အချက်များတွေ့ရှိသဖြင့် ကရင်ပြည်နယ်ရှိ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ) ၁၃ မှ တပ်မမှူး၊ ဗျူဟာမှူးနှင့် ခလရ ၉၇ တပ်ရင်းမှူးတို့ကို တပ်မတော်က နေပြည်တော်သို့ ခေါ်ယူ စစ်ဆေးခဲ့သည်။ သို့ရာတွင် စုံစမ်းစစ်ဆေးမှု၏ တွေ့ရှိချက်များနှင့် ၎င်းတို့ကို မည်ကဲ့သို့အရေးယူထားကြောင်းကိုမူ တရားဝင် ထုတ်ပြန်ခြင်း မရှိသေးချေ။

ထိုင်းနိုင်ငံဘက်မှ မြန်မာနိုင်ငံအတွင်းသို့ ကားဟောင်း အစီး ၁၀၀ ကျော်ကို တရားမဝင်တင်သွင်းမှုအား ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၁ နှင့် ၁၂ ရက်တို့တွင် ဖမ်းဆီးခဲ့ပြီးနောက် မြဝတီမြို့တွင် တပ်မတော်က လုံခြုံရေးတိုးမြှင့်ခဲ့သည်။ ထို့အတူ မြဝတီမြို့အတွင်းရှိ တရားမဝင် လောင်းကစားရုံများကို နှိမ်နင်းရန်အတွက် ရဲတပ်ဖွဲ့နှင့်ပူးပေါင်းဆောင်ရွက်နေကြောင်းလည်း တပ်မတော်က ထုတ်ဖော်ပြောဆိုခဲ့သည်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ဒုတိယအပတ်အတွင်း ဗိုလ်မှူးကြီး စောချစ်သူ၏ နယ်ခြားစောင့်တပ် (BGF) ထိန်းချုပ်ရာ မြဝတီမြို့နယ် ပူလွဲပူကျေးရွာအုပ်စု၊ ရွှေကုက္ကိုလ်မြိုင် ကျေးရွာကို အစိုးရအုပ်ချုပ်ရေး ရုံးစိုက်ရာ မြို့အဆင့် သတ်မှတ်ပေးရေးအတွက် လိုအပ်သည့် ကွင်းဆင်းစစ်ဆေးမှုများကို မြဝတီမြို့နယ် အုပ်ချုပ်ရေးအဖွဲ့က လုပ်ဆောင်ခဲ့သည်။

ဗိုလ်မှူးကြီး စောချစ်သူသည် ရွှေကုက္ကိုမြို့သစ်စီမံကိန်း စတင်ပြီးနောက်ပိုင်း ၂၀၁၈ ခုနှစ်ကလည်း ရွှေကုက္ကိုလ်မြိုင်ကျေးရွာကို မြို့အဆင့် တိုးမြှင့်ပေးရန်အတွက် ပြည်နယ်အစိုးရကို တင်ပြခဲ့ဖူးသည်။  မူလ ရွှေကုက္ကိုလ်မြိုင်ကျေးရွာ ဧရိယာသည် ဧက ၂၀၀ မှ ၃၀၀ ကြား အကျယ်အဝန်းရှိသည်။ မြို့အဆင့် တိုးမြှင့်ပေးရန်အတွက် နယ်ခြားစောင့်တပ်မှ ထပ်မံလျှောက်ထားခဲ့သော မြို့ဧရိယာသည် စုစုပေါင်း ၁၄၆၁ ဒသမ ၂၇ ဧက ဖြစ်ပြီး မြို့သစ်စီမံကိန်း အပါအဝင် သောင်ရင်းမြစ်ကမ်းအထိ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

မြို့အဖြစ် အဆင့်မြှင့်တင့်ခြင်း ရှိ၊ မရှိကို ပြည်ထောင်စုအစိုးရနှင့် ပြည်ထောင်စုလွှတ်တော်တို့တွင် အဆုံးအဖြတ်ယူရမည်ဖြစ်သည်။ အကယ်၍ မြို့အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ပါက မြို့အုပ်ချုပ်ရေးအဆင့်ရှိ ရုံးများ အခြေစိုက်ကာ အစိုးရအုပ်ချုပ်ရေး ယန္တရားအောက်သို့ ဝင်ရောက်ရမည်ဖြစ်ကြောင်း အထွေထွေအုပ်ချုပ်ရေးဌာနက ထုတ်ဖော်ပြောဆိုထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်တွင် ရွှေကုက္ကိုစီမံကိန်းကို တရားဝင်ရပ်နားရန် ဖိအားပေးမှုများအပြင် စီမံကိန်းအကောင်အထည်ရေး လာဘ်ငွေများကို လက်ခံသည်ဟု သံသယရှိသောတပ်မတော်အရာရှိများကို အထူးစုံစမ်းမှုများပြုလုပ်ခဲ့သည်။ ရွှေကုက္ကိုစီမံကိန်းသည် တပ်မတော်၏ ဂုဏ်သိက္ခာကို ညိုးနွမ်းစေသည်ဟု ပြောကြားချက်များနှင့် ဖိအားပေးမှုများကို တုန့်ပြန်သည့်အနေဖြင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီတွင် BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ၊ အရာရှိကြီး သုံးဦးနှင့် အခြားတပ်ဖွဲ့ဝင် ခုနှစ်ဆယ်ကျော် စုပေါင်းကာ တပ်မတော်ထံမှ နှုတ်ထွက်စာတင်ခဲ့ကြသည်။ ထို့အပြင် အခြားအဆင့်တပ်ဖွဲ့များကလည်း အုပ်စုလိုက် နှုတ်ထွက်မည်ဟု ခြိမ်းခြောက် ပြောဆိုခြင်းများ ရှိခဲ့သည်။ ထို့နောက် တပ်မတော်နှင့် ပြန်လည်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး မူလအတိုင်းဆက်လက် တာဝန်ထမ်းဆောင်ခဲ့ကြသည်။

အာဏာသိမ်းပြီးနောက်တွင် တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ကြား ဖြစ်ပွားသော တိုက်ပွဲများတွင် ကရင်နယ်ခြားစောင့်တပ် (BGF) က ဝင်ရောက် ကူညီတိုက်ခိုက် ပေးခဲ့သည်ဟု သတင်းဌာနများကဖော်ပြခဲ့သည်။ သို့ရာတွင် BGF က KNU နယ်မြေအတွင်းဝင်ရောက်မှုမရှိဘဲ တိုက်ပွဲများတွင်လည်း ဝင်ရောက်တိုက်ပေးခဲ့ခြင်းမရှိကြောင်း ငြင်းဆိုထားသည်။

၂.၂။ အာဏာသိမ်းပြီးနောက်ပိုင်း စီမံကိန်းအခြေအနေ

၂၀၂၁ ခုနှစ် မေလတွင် Frontier သတင်းဌာနက  တပ်မတော်ကို တိုက်ပွဲကူတိုက်ပေးသည့် အကျိုးအမြတ်အနေဖြင့် BGF မှ အကောင်အထည်ဖော်နေသည့် အငြင်းပွားဖွယ် စီမံကိန်းအားလုံးကို ပြန်လည်စတင်ရန် သဘောတူညီသည့်အပြင် ထိုင်း-မြန်မာနယ်စပ်ရှိ လောင်းကစားရုံများနှင့် တရားမဝင်ကုန်သွယ်ရေးဂိတ်များ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ကြောင်း ရေးသားခဲ့သည်။ ထို့အပြင် ရွှေကုက္ကိုစီမံကိန်းကိုလည်း တပ်မတော်နှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်း ဖြင့် ပြန်လည်စတင်ရန် ဆွေးနွေးမှုများရှိနေကြောင်း ရေးသားထားသည်။  တရုတ်လူမျိုးများ အများဆုံး အသုံးပြုသည့် WeChat စာမျက်နှာများတွင်လည်း စီမံကိန်းအတွင်းရှိ လောင်းကစားရုံများ အတွက် အလုပ်ခေါ်သည့်စာများ အများအပြား ကြေညာထားသည်ကိုတွေ့ရသည်။

၂၀၂၁ ခုနှစ် ဇွန်လ ဒုတိယအပတ်မှ စတင်ပြီး မြို့သစ်စီမံကိန်းအတွင်းတွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုများ ရှိလာခြင်းကြောင့် စီမံကိန်းဧရိယာနှင့် ကျေးရွာကို သွားလာလှုပ်ရှားမှုများ ကန့်သတ်ထိန်းချုပ်ခြင်း (Lockdown) ပြုလုပ်လိုက်ရကြောင်း ဧရာဝတီသတင်းဌာနက ဖော်ပြခဲ့သည်။ မြို့သစ်စီမံကိန်းအတွင်း နေထိုင်သူများ၊ အလုပ်လုပ်နေသူများအား ရောဂါပိုး ရှိ မရှိ စစ်ဆေးမှုများ ပြုလုပ်နေကာ ပိုးတွေ့ရှိသူပေါင်း ၁၀၀ ခန့်ရှိပြီး တရုတ်နိုင်ငံသားများပါ ကူးစက်ခံထားရသည်ဟု ဖော်ပြထားသည်။ ရွှေကုက္ကိုစီမံကိန်း တာဝန်ရှိသူများကလည်း ရောဂါပိုးတွေ့ရှိသည်မှာ မှန်ကန်ပြီး အများစုမှာ မြန်မာနိုင်ငံအတွင်းမှ အလုပ်လုပ်ရန် လာရောက်သူများထံက တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

ကိုဗစ်ကာလအတွင်း ကာစီနိုရုံများနှင့် လောင်းကစားရုံလုပ်ငန်းများကို ရပ်တန့်လိုက်ရပြီးနောက် ကိုဗစ်အလွန်ကာလတွင် ရွှေကုက္ကိုစီမံကိန်းဧရိယာသည် အွန်လိုင်းမှတဆင့်ငွေကြေးလိမ်လည်သည့် (ကျားဖြန့်)လုပ်ငန်းများ အခြေစိုက်ရာ နေရာအသစ်အဖြစ် အသွင်ကူးပြောင်းသွားခဲ့သည်။ အဆိုပါ အွန်လိုင်းမှတဆင့် ငွေကြေးလိမ်လည်သည့် (ကျားဖြန့်) လုပ်ငန်းများသည် အရှေ့တောင်အာရှနိုင်ငံများအတွင်း လာအို၊ ကမ္ဘောဒီးယား စသည့် ဖွံ့ဖြိုးမှု၊ ပွင့်လင်းမြင်သာမှုနှင့် ဗဟိုအစိုးရ၏အုပ်ချုပ်ရေး အားနည်းသော နိုင်ငံများတွင် အခြေစိုက်သည့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများဖြစ်သည်။ အာဏာသိမ်းပြီးနောက်ပိုင်း နယ်စပ်ဒေသများတွင် စစ်ကောင်စီ၏ ဩဇာအာဏာလျော့ကျလာခြင်းနှင့်အတူ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများလည်း တိုးပွားလာပြီး ထိုင်း-မြန်မာနယ်စပ်ဒေသ ရွှေကုက္ကိုမှာ အဆိုပါရာဇဝတ်မှုများကို အခြေစိုက် လုပ်ကိုင်နိုင်သည့် နေရာတခုအဖြစ် မျက်စိကျလာကြသည်။ ရွှေကုက္ကိုစီမံကိန်းအကောင်အထည်ဖော်သည့် ဧရိယာအတွင်းတွင် တရားမဝင်ကာစီနိုလုပ်ငန်းများ၊ ကျားဖြန့်လုပ်ငန်းများ အဆမတန် ကြီးထွားလာခြင်းနှင့်အတူ နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်ရပ်များလည်း ဆက်တိုက်ပေါ်ပေါက်လာကာ စီမံကိန်းဧရိယာသည် ရာဇဝတ်မှုများ တင်းကြမ်းဖြစ်ပွားရာမြို့ (Scam City) အဖြစ် အသွင်ပြောင်းသွားခဲ့သည်။

ရွှေကုက္ကိုစီမံကိန်းကို အကောင်အထည်ဖော်နေသည့် ‘Myanmar Yatai International Holding Group Co., Ltd.’ ၏ ဒါရိုက်တာလေးဦးအနက် တဦးဖြစ်သူ တရုတ်လူမျိုး ကမ္ဘောဒီးယားနိုင်ငံသား ဒါရိုက်တာ မစ္စတာရှူကျွီ့ကျန်း (Mr. She Zhijiang) ကို ထိုင်းအာဏာပိုင်များက ၂၀၂၂ ခုနှစ် ဩဂုတ် ၁၀ ရက်တွင် ဖမ်းဆီးခဲ့သည်။ တရားမဝင် အွန်လိုင်းလောင်းကစားလုပ်ငန်းများလုပ်ကိုင်မှုအတွက် တရုတ်နိုင်ငံက သာမက နိုင်ငံတကာရဲတပ်ဖွဲ့ (Interpol) က အနီရောင်အဆင့် သတိပေးထုတ်ပြန်ထားသည့် မစ္စတာရှူကျွီ့ကျန်းသည် ရွှေကုက္ကိုစီမံကိန်းကို အကောင်အထည်မဖော်မီကတည်းကပင် ကမ္ဘောဒီးယားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံနှင့် တရုတ်နိုင်ငံတို့တွင် တရားမဝင်လောင်းကစား လုပ်ကိုင်မှုနှင့် ငွေကြေးလိမ်လည်မှုများကြောင့် အမည်ပျက်စာရင်း (Blacklist) သွင်းခံထားရသည်။ မစ္စတာရှူကျွီ့ကျန်း ဖမ်းဆီးခံရမှုသည် စီမံကိန်းကို ထိခိုက်မှုမရှိကြောင်းနှင့် ဆက်လက်လည်ပတ်နေမည် ဖြစ်ကြောင်း ဗိုလ်မှူးကြီးစောချစ်သူက တုံ့ပြန်ခဲ့သည်။ ၂၀၁၂ ခုနှစ်ကတည်းက တရုတ်အာဏာပိုင်များထံမှ ထွက်ပြေးတိမ်းရှောင်လာခဲ့သော မစ္စတာရှူကျွီ့ကျန်းကို ထိုင်းနိုင်ငံကလည်း ၂၀၂၃ ခုနှစ် မေ ၂၅ ရက်တွင် ပြည်နှင်ဒဏ်ပေးခဲ့သည်။ သို့သော်လည်း အယူခံဝင်ရန် ရက် ၃၀ အတွက် ထိုင်းနိုင်ငံက ပြည်နှင်ဒဏ်ပေးထားမှုကို ခေတ္တရုပ်သိမ်းခဲ့သည်။ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးပြီး တရုတ်အစိုးရထံ လွှဲပြောင်းပေးခဲ့ကြောင်း နိုင်ငံတကာ သတင်းဌာနများတွင်ဖော်ပြခဲ့သော်လည်း တရားစီရင်မှုနှင့် ပတ်သက်၍ တရုတ်နှင့် ထိုင်းနိုင်ငံတို့က တရားဝင်ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ပါ။

စီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်နေခြင်းနှင့်အတူ ကျားဖြန့်လုပ်ငန်းနှင့် ကာစီနိုရုံများတွင် အလုပ်ခွင်အတွင်း ညှင်းပန်းနှိပ်စက်ခံရမှု၊ လူကုန်ကူးမှု စသည့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ ဆက်လက်ဖြစ်ပွားနေခဲ့သည်။ ၂၀၂၂ ခုနှစ်အတွင်းတွင် မြန်မာနိုင်ငံသားများသာမက လာအို၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ထိုင်းနှင့် တရုတ်နိုင်ငံသားများကို လူကုန်ကူးသည့်ဖြစ်ရပ်များ ခပ်စိပ်စိပ် ဖြစ်ပေါ်လာသည်။ ISP-Myanmar က စုစည်းသိုမှီးထားသည့် အချက်အလက်များအရ ထိုင်း-မြန်မာနယ်စပ်တလျှောက်တွင် တာချီလိတ်နှင့် ရွှေကုက္ကိအပြင် မြဝတီ၊ ဖလူး၊ ကျောက်ခက်၊ ဆုံဆည်းမြိုင်၊ ဝေါလေ၊ ဘုရားသုံးဆူ၊ ထီးခီး၊ ကော့သောင်း စသည့်မြို့များတွင် ကျားဖြန့်လုပ်ငန်းပေါင်း ၅၀ နီးပါး ပေါ်ပေါက်လာခဲ့သည်။
(မြန်မာနိုင်ငံရှိ ကျားဖြန့်လုပ်ငန်းများနှင့် ဦးတည်ဝင်ရောက်ရာ လမ်းကြောင်းများကို ISP-Myanmar ကပြင်ရပ်ဝန်းတွင်ရှုပါ။)

နိုင်ငံတနိုင်ငံ၏ လုံခြုံရေးနှင့် နိုင်ငံသားများ၏ လူ့အခွင့်အရေးများကို မထိပါးစေရေး နယ်စပ်ဖြတ်ကျော် ငွေကြေးလိမ်လည်မှုများကို နှိမ်နင်းရန် ၂၀၂၃ ခုနှစ် မေလတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာချင်ကန်းက မြန်မာနိုင်ငံသို့လာရောက်စဉ် တိုက်တွန်းခဲ့သည်။ ထို့အပြင် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအတွက် ထိုင်း-မြန်မာ-တရုတ် သုံးနိုင်ငံပူးပေါင်းဖြေရှင်းမည်ဖြစ်ကြောင်း ကတိကဝတ် ပြုခဲ့သည်။ ထိုတိုက်တွန်းမှုအပြီး ၂၀၂၃ ခုနှစ် ဇွန်လတွင် စီမံကိန်းနေရာများကို မီးဖြတ်ပေးရန် ထိုင်းနိုင်ငံ ဘန်ကောက်မြို့အခြေစိုက် မြန်မာသံရုံးက ထိုင်းနိုင်ငံ လျှပ်စစ်မီးအာဏာပိုင်အဖွဲ့ကနေတဆင့် တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူးရုံးနှင့် မဲဆောက်မြို့တော်ဝန်ရုံးကို တောင်းဆိုခဲ့သည်။ ရွှေကုက္ကိုနှင့် လေးကေ့ကော်ဒေသအတွက် လျှပ်စစ်မီးဖြန့်ဖြူးနိုင်ရန် ထိုင်းနိုင်ငံ ခရိုင်လျှပ်စစ်ဓာတ်အားအာဏာပိုင်နှင့် ရွှေမြစ်သောင်ရင်းကုမ္ပဏီတို့အကြား လျှပ်စစ်ဓာတ်အားဝယ်ယူမှု စာချုပ်ကို ရပ်တန့်ရန် စစ်ကောင်စီက ထိုင်းနိုင်ငံအား တောင်းဆိုခဲ့သည်။ တောင်းဆိုပြီး ငါးရက်အကြာတွင် ရွှေကုက္ကိုမြို့သစ်နှင့် လေးကေ့ကော်မြို့တို့ကို ထိုင်းနိုင်ငံဘက်က လျှပ်စစ်မီးဖြတ်တောက်ခဲ့သည်။ အဆိုပါလုပ်ရပ်အတွက် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားကိုပိတ်ပစ်မည်ဖြစ်ကြောင်း BGF က ခြိမ်းခြောက်ခဲ့သည်။ အဆိုပါ ဒေသများတွင် မီးဖြတ်ရုံမျှဖြင့် ကျားဖြန့်လုပ်ငန်းများနှင့် တရားမဝင်လောင်းကစားလုပ်ငန်း ကွန်ရက်များကို မရပ်တန့်နိုင်ခဲ့ပါ။ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားများနှင့် မီးစက်များဖြင့် လုပ်ငန်းများကို ဆက်လက်လည်ပတ်ခဲ့သည်။ တဖန် ဇွန် ၂၀ ရက်တွင် ထိုင်းနိုင်ငံဘက်က ထောက်ပံ့ပေးသည့် အင်တာနက်လိုင်းများကိုလည်း ဖြတ်တောက်ခဲ့ရာ ထိုလုပ်ရပ်ကြောင့် စီမံကိန်းဧရိယာတွင် အခြေစိုက်သည့် ကာစီနိုလုပ်ငန်းများနှင့် ကျားဖြန့်လုပ်ငန်းများ ခေတ္တခဏ ရပ်တန့်ခဲ့သည်။ လျှပ်စစ်မီးဖြတ်တောက်ခြင်းဖြင့် အရေးယူမှုမှာ အလုပ်မဖြစ်ခဲ့ပေ။ စစ်ကောင်စီ ကရင်ပြည်နယ်အစိုးရ သယံဇာတရေးရာဝန်ကြီးဌာနက ထိုင်းနိုင်ငံကနေလျှပ်စစ်ဓာတ်အားဝယ်ယူပြီး ရွှေကုက္ကိုကျေးရွာအပါအဝင် မြဝတီမြို့မြောက်ဘက်ခြမ်းရှိ ကျေးရွာများကို လျှပ်စစ်ဓာတ်အား ပြန်လည်ဖြန့်ဖြူးရန် ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၀ ရက်တွင် တင်ဒါခေါ်ယူခဲ့သည်။ သို့သော်လည်း အင်တာနက်လိုင်းများနှင့် လျှပ်စစ်ဓာတ်အားလိုင်းများကို ဖြတ်တောက်စေကာမူ ငွေကြေးအမြောက်အများ အမြတ်အစွန်းရရှိသည့် အဆိုပါလုပ်ငန်းများအပြင် စီမံကိန်းအကောင်အထည်ဖော်နေမှုကိုပါ မတားဆီးနိုင်သေးသည့် အခြေအနေတွင် ရှိနေသည်။

၂.၃။ စီမံကိန်းအပေါ် ‘စစ်ဆင်ရေး ၁၀၂၇’ ၏ သက်ရောက်မှု

ကျားဖြန့်လုပ်ငန်းများကို အမြစ်ပြတ်ဖြိုခွင်းဖို့ရည်ရွယ်ခဲ့သည့် ‘စစ်ဆင်ရေး ၁၀၂၇’ စတင်ပြီး နောက်တွင် မြန်မာ-တရုတ်နယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက်သည့် ကျားဖြန့်လုပ်ငန်းအများစုမှာ ရပ်တန့်ခဲ့သည်။ ကျားဖြန့်လုပ်ကိုင်မှုဖြင့် ဖမ်းဆီးရမိသူအများစုသည် တရုတ်နိုင်ငံသားများဖြစ်ပြီး သက်ဆိုင်ရာနိုင်ငံအသီးသီးထံ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။ အဆိုပါ ဖြိုခွင်းမှုသည် ရွှေကုက္ကိုစီမံကိန်းရှိ တရားမဝင်ကျားဖြန့်လုပ်ငန်းများအထိ အလှုပ်အခတ်ရှိလာပြီးနောက် နိုင်ငံခြားသားများ၏ နယ်စပ်ဖြတ်သန်းသွားလာခွင့်ကို ကရင်နယ်ခြားစောင့်တပ် (BGF) က ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၃ ရက်မှ ဒီဇင်ဘာ ၃ ရက်ထိ တလပိတ်ခဲ့သည်။ ထို့အပြင် BGF တပ်ဖွဲ့များသည် စီမံကိန်းဧရိယာသာမက စီမံကိန်းအနီးတဝိုက် ဧရိယာများဖြစ်သည့် လေးကေကော်မြို့သစ်၊ မယ်ထော်သလေး KK Park၊ ကျောက်ခက်ကျေးရွာများအထိ လုံခြုံရေးတိုးမြှင့်ခဲ့သည်။ ‘စစ်ဆင်ရေး ၁၀၂၇’ အတွင်း ကျားဖြန့်လုပ်ငန်းကျူးလွန်သူ သုံးသောင်းကျော်ကို တရုတ်နိုင်ငံကို စစ်ကောင်စီအပါအဝင် လက်နက်ကိုင်တပ်ဖွဲ့အသီးသီးက လွှဲပေးခဲ့သော်လည်း ရွှေကုက္ကိုစီမံကိန်းနှင့် အနီးပတ်ဝန်းကျင်က ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူများကိုမူ လွှဲပြောင်းပေးခဲ့ခြင်းမရှိခဲ့ပေ။ ၂၀၂၄ ခုနှစ် မတ်လတွင် ဗိုလ်မှူးကြီးစောချစ်သူနှင့် ဗိုလ်မှူးတင်ဝင်းတို့သည် တရုတ်နိုင်ငံဘက်က တောင်းဆိုသည့် ကျားဖြန့်ကျူးလွန်သူ ၁,၄၈၀ ဦးကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့သလို နိုင်ငံခြားသား ၉၉၇ ဦးကိုလည်း ထိုင်းနိုင်ငံမှတဆင့် ပထမဆုံးအကြိမ်အဖြစ် လွှဲပြောင်းပေးခဲ့သည်။
စီမံကိန်းအခြေအနေနှင့်ပတ်သက်၍ BGF ဥက္ကဋ္ဌ ဗိုလ်ချုပ်စောထွန်းလှိုင်က စီမံကိန်းသည် အပန်းဖြေနေရာဆောက်လုပ်ရန်အတွက်သာ ရည်ရွယ်ကြောင်းနှင့် အစိုးရက ခွင့်မပြုသည့်အတွက် ဖြတ်လမ်းနည်းများဖြစ်သည့် ကာစီနိုရုံများကို လုပ်ကိုင်ခဲ့ကြောင်းပြောခဲ့သည်။ သို့သော်လည်း ကျားဖြန့်လုပ်ငန်းများနှင့်ပတ်သက်၍ မသိကြောင်း ငြင်းဆိုခဲ့သည်။ စီမံကိန်းအတွင်း ကျားဖြန့်လုပ်ကိုင်နေသူများကို တဖြည်းဖြည်းချင်းပြန်ပို့ပေးရန် ရည်ရွယ်ထားကြောင်း ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၄ ရက်က ပြုလုပ်ခဲ့သည့် Karen Information Center နှင့် အင်တာဗျူးတွင် ပြောဆိုခဲ့သည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးဆောင်ဝစ်နွန်ဖက်ဒီးနှင့် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တွေ့ဆုံကာ စီမံကိန်းထဲရှိ ကျားဖြန့်လုပ်ငန်းများကို တိုက်ဖျက်ရန် ဆွေးနွေးခဲ့သည်။ အခြားတဖက်တွင်မူ ရွှေကုက္ကိုစီမံကိန်းအတွင်းရှိ ကာစီနိုလုပ်ငန်းများအတွက် အထပ်မြင့်အဆောက်အအုံများကို ဆက်လက်အကောင်အထည်ဖော်လျက်ရှိသည်။ ထို့အပြင် ကာစီနိုလုပ်ငန်းအတွက်သာမက ကျားဖြန့်လုပ်ငန်းအတွက် တရုတ်စကားကျွမ်းကျင်သူများကို မြင့်မားသောလစာဖြင့် ခေါ်ယူနေသည်ကို မြဝတီမြို့နှင့် ရွှေကုက္ကိုအခြေစိုက် လူမှုကွန်ရက်မီဒီယာများတွင် တွေ့ခဲ့ရသည်။ ရွှေကုက္ကိုစီမံကိန်းအတွင်း လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို ပြန်ခေါ်နိုင်ရန် သက်ဆိုင်ရာနိုင်ငံအသီးသီးက ကြိုးပမ်းချက်များလည်း ရှိခဲ့သည်။

၂၀၂၄ ခုနှစ်တွင် စီမံကိန်းအတွင်းရှိ ကာစီနိုနှင့် ကျားဖြန့်လုပ်ငန်းများကို တားဆီးနိုင်ရန်အတွက် ထိုင်းနိုင်ငံဘက်ကရော မြန်မာနိုင်ငံဘက်ကပါ အချက်နှစ်ချက်လုပ်ဆောင်ခဲ့သည်။ ပထမတချက်မှာ အွန်လိုင်းလုပ်ငန်းလုပ်ကိုင်နေကြသည့် နိုင်ငံခြားသားများအနေနှင့် အောက်တိုဘာလကုန်နောက်ဆုံးထားပြီး မိမိလာရာလမ်းအတိုင်း ထွက်ခွာပေးရန် BGF က မေ ၃ ရက်တွင် သတိပေးစာ ထုတ်ပြန်ခဲ့သည်။ ဒုတိယတချက်မှာ ၂၀၂၄ ခုနှစ် ဇွန်လအတွင်း ထိုင်းနိုင်ငံ ခရိုင်လျှပ်စစ် ဓာတ်အားအာဏာပိုင်များက ဒုတိယအကြိမ် လျှပ်စစ်မီးဖြတ်တောက်ခဲ့သည်။ အဆိုပါ တုံ့ပြန်မှုများသည် ကျားဖြန့်လုပ်ငန်းများအပေါ်တွင် တစုံတရာသက်ရောက်မှုရှိခဲ့သော်လည်း လက်နက်ကိုင်အဖွဲ့အစည်းများ အကြားတွင် ကိုယ်ကျိုးစီးပွားယှက်နွယ်နေသည့်အတွက် မြန်မာနိုင်ငံတွင်သာမက အိမ်နီးချင်းနိုင်ငံများအထိပါ အမြစ်တွယ်နေသည့် ကျားဖြန့်လုပ်ငန်းများကို အပြီးတိုင်ဖြိုခွင်းရန် မဖြစ်နိုင်သေးသည့် အနေအထားတွင် ရှိနေသည်။

မှတ်ချက်။ ။ စီမံကိန်း အခြေအနေများကို ၂၀၂၄ ခုနှစ် သြဂုတ် ၆ ရက်တွင် ထပ်မံဖြည့်စွက်ထားပါသည်။

၃။ အချိန်ကာလပြဖြစ်စဉ်

၂၀၁၇ – စီမံကိန်းအတွက် ဒေသခံများ၏ လယ်ယာမြေများကို စတင်သိမ်းဆည်းခဲ့။

၂၀၁၇ – YHG နှင့်ချစ်လင်းမြိုင်ကုမ္ပဏီတို့အကြား မြေဧက ၂၀၀၀ ကျော်တွင် နှစ် ၅၀ မြေငှားရမ်းခြင်းဖြင့် မြို့သစ်စီမံကိန်းကို အကောင်အထည်ဖော်ရန် သဘောတူလက်မှတ်ရေးထိုး။

၂၀၁၇၊ ဖေဖော်ဝါရီ ၁၄ – မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ညွှန်ကြားမှုဦးစီးဌာနမှ အများနှင့်မသက်ဆိုင်သော နိုင်ငံခြားကုမ္ပဏီအဖြစ် မှတ်ပုံတင်ခွင့်ရရှိ။

၂၀၁၈၊ ဇူလိုင် ၂၆ – မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအဖြစ် ခွင့်ပြုခဲ့။

၂၀၁၈ – ခွင့်ပြုမိန့်ရရှိပြီးနောက်ပိုင်း တရုတ်အလုပ်သမား အများအပြား ရောက်ရှိလာခဲ့။

၂၀၁၉၊ မေ၊ ဇွန်၊ ဩဂုတ် – မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် ပြည်နယ်အစိုးရမှ ကွင်းဆင်းစုံစမ်းခဲ့။

၂၀၁၉၊ ဩဂုတ်၂၀ – ရင်းနှီးမြှုပ်နှံမှု ဥပဒေစည်းမျဉ်းစည်းကမ်းများ ချိုးဖောက်မှုကြောင့် ယာယီဆိုင်းငံ့။

၂၀၂၀၊ အောက်တိုဘာ ၇ – စီမံကိန်းတွင် ငွေကြေးဝန်ဆောင်မှုပေးနေသည့် စင်ကာပူအခြေစိုက် Fincy ကဝန်ဆောင်မှုကို ရုပ်သိမ်း။

၂၀၂၀၊ အောက်တိုဘာ – နယ်ခြားစောင့်တပ်က ပေးသည့်လာဘ်ငွေများကို လက်ခံရယူသည်ဟု သံသယရှိသဖြင့် တပ်မတော်အရာရှိများကို တပ်မတော်က စစ်ဆေး။

၂၀၂၁၊ ဇန်နဝါရီ – စီမံကိန်းနှင့်ပက်သတ်ပြီး ဖိအားပေးမှုကြောင့် ဗိုလ်မှူးကြီးစောချစ်သူနှင့် အရာရှိများ၊ တပ်ဖွဲ့ဝင်ပေါင်း ခုနှစ်ဆယ်ကျော် နုတ်ထွက်စာတင်။

၂၀၂၁၊ မေ – စီမံကိန်းပြန်လည်စတင်ရန် ဆွေးနွေးမှုများပြုလုပ်။

ရွှေကုက္ကိုစီမံကိန်း ဖြစ်စဉ်

၄။ စီမံကိန်းအသေးစိတ်အချက်အလက်များ

စီမံကိန်းအမည်

မြန်မာ-ရထိုက် ရွှေကုက္ကိုမြို့သစ်စီမံကိန်း။

တည်နေရာ

ကရင်ပြည်နယ်၊ မြဝတီမြို့၏မြောက်ဘက် ဆယ်မိုင်အကွာ သောင်ရင်းမြစ်ကမ်းပါး။

စီမံကိန်းခန့်မှန်းဧရိယာ

၂၉၆၅၂ ဒသမ ၆ ဧက။

စီမံကိန်းပြီးစီးမည့် ခန့်မှန်းကာလ

၂၀၂၇ ခုနှစ်။

စီမံကိန်းစတင်သည့်ကာလ

၂၀၀၇။

စီမံကိန်းလက်ရှိအခြေအနေ

ဆုံးဖြတ်ချက်တရပ်ကို စောင့်ဆိုင်းနေသည့် ကြားကာလ။

လုပ်ငန်းစတင်လည်ပတ်သည့်ရက်စွဲ

၂၀၀၈ ဇူလိုင်။

လုပ်ငန်းဆောင်ရွက်ခွင့် ကနဦးကာလ

နှစ် ၃၀(ငါးနှစ် နှစ်ကြိမ် သက်တမ်းတိုးခွင့်ရှိ)။

ဆောက်လုပ်ရေးလုပ်ငန်း ဆောင်ရွက်ခွင့်ပြုကာလ

၃၆ လ။

စီမံကိန်းတွင် ပါဝင်မည့်အဆောက်အဦးများ

ဇိမ်ခံအိမ်ရာများ၊ အခန်း ၁၂၀၀ ပါ ဟိုတယ်၊ လောင်းကစားရုံများ၊ အပန်းဖြေအဆောက်အဦး အမျိုးမျိုး၊ ဈေးဝယ်စင်တာများ၊ နိုင်ငံတကာလေဆိပ် ၊စက်မှုဇုန်၊ ကုန်သိုလှောင်ရုံ၊ ဆိပ်ကမ်း၊ နိုင်ငံတကာအဆင့်မီတက္ကသိုလ်များ၊ သိပ္ပံနှင့် နည်းပညာဇုန်၊ ခရီးသွားများအတွက် အပန်းဖြေဇုန်၊ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုဇုန်၊ငွေကြေးဆိုင်ရာဇုန်၊ စိုက်ပျိုးရေးဇုန်၊ ရုပ်ရှင်ရုံများနှင့် ရေပူစမ်းများ။

ရင်းနှီးမြှုပ်နှံမှုပမာဏ

အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံ။

ကနဦးရင်းနှီးမြှုပ်နှံမှု

အမေရိကန်ဒေါ်လာ သန်း ၅၀၀။

ကုမ္ပဏီအမည်

မြန်မာ-ရထိုက် နိုင်ငံတကာဦးပိုင်လုပ်ငန်းစု။

ပါဝင်ပတ်သက်သော အဖွဲ့အစည်းများ

ရထိုက်နိုင်ငံတကာဦးပိုင်လုပ်ငန်းစုနှင့် နယ်ခြားစောင့်တပ်မှ တည်ထောင်ထားသော ချစ်လင်းမြိုင်ကုမ္ပဏီ(မှတ်ချက်။   ။ DICA မှတ်တမ်းအရ ချစ်လင်းမြိုင်တွင် ပါဝင်သော နယ်ခြားစောင့်တပ်မှ ဒါရိုက်တာနှင့် မြန်မာ- ရထိုက် နိုင်ငံတကာဦးပိုင်လုပ်ငန်းစုတွင် ပါဝင်သောသူမှာ တဦးတည်း ဖြစ်သည်။ ချစ်လင်းမြိုင်နာမည်နှင့် မှတ်ပုံတင်ထားသော လုပ်ငန်းငါးခုရှိပြီး မိခင်မူရင်းကုမ္ပဏီမှာ သက်တမ်းကုန်ဆုံးနေပြီ ဖြစ်သည်။)။

ရှယ်ယာခွဲဝေမှု

ရထိုက်နိုင်ငံတကာဦးပိုင်လုပ်ငန်းစုမှ ၈၀ ရာခိုင်နူန်း၊ နယ်ခြားစောင့်တပ်မှ၂၀ ရာခိုင်နူန်း။

၅။ အစုရှယ်ယာရှင်များ

ဟောင်ကောင်တွင် မှတ်ပုံတင်ထားသော Yatai International Holdings Group-YIHG နှင့် ချစ်လင်းမြိုင် ကုမ္ပဏီတို့ ပေါင်းစပ်ဖွဲ့စည်းထားသည့်“Myanmar Yatai International Holding Group Co., Ltd.” ကို အစုရှယ်ယာအားဖြင့် တာဝန်ကန့်သတ်ထားသည့် အများနှင့်မသက်ဆိုင်သော နိုင်ငံခြားကုမ္ပဏီအဖြစ်၂၀၁၇၊ ဖေဖော်ဝါရီ ၁၄ ရက်တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ညွှန်ကြားမှုဦးစီးဌာနက မှတ်ပုံတင်ခွင့်ပြုခဲ့သည်။

သို့သော် ရွှေကုက္ကိုစီမံကိန်းကို ရင်းနှီးမြှုပ်နှံလျက်ရှိသော YIHG ကုမ္ပဏီနှင့် ဥက္ကဋ္ဌ စယ်လွင်ခိုက်၏ နောက်ခံသမိုင်းမှာ ရှင်းရှင်းလင်းလင်းမရှိပေ။ YIHG သည် ကော်ပိုရိတ်စီမံအုပ်ချုပ်ပုံကိုသော်လည်းကောင်း၊ ယခင်ဆောင်ရွက်ခဲ့ဖူးသော လုပ်ငန်းရာဇဝင်ကိုသော်လည်းကောင်း လူသိရှင်ကြား ထုတ်ပြန်ထားသည်မှာ အနည်းအကျဉ်းသာ ရှိသည်။ YIHG ၏ ဥက္ကဋ္ဌ မစ္စတာ စယ်လွင်ခိုက်သည် China Federation of Overseas Chinese Business Association ၏ ဒုဥက္ကဋ္ဌလည်း ဖြစ်သည်။ ထိုသို့ တရုတ်နိုင်ငံကိုယ်စားပြု အသင်းများတွင် ရာထူးကြီးကြီးများကို ရယူထားသော YIHG ဥက္ကဋ္ဌ စယ်လွင်ခိုက်တွင် အမည်များစွာ ရှိနေသည်။ သူသည် စယ်လွင်ခိုက်(သို့မဟုတ်) ဒိုင်လန်စယ်ဟူသော အမည်အပြင် တခါတရံတွင် မျိုးရိုးအမည် ထန် သို့မဟုတ် ကျန်း ကို အသုံးပြုသည်။

တန်ဖိုးကြီး အဆင့်မြင့်အိမ်ရာများ ဆောက်လုပ်ရန်အတွက် မြန်မာရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်တွင် ထန်ခရိုင်အန်ခရိုင်း (Tang KriangKrai) ဟု ဖြည့်သွင်းထားပြီး ကမ္ဘောဒီးယားနိုင်ငံသားတဦးအဖြစ် သတ်မှတ်ဖော်ပြထားသည်။ ထို့အပြင် ၎င်း၏ ရာထိုက်နိုင်ငံတကာဦးပိုင်လုပ်ငန်းစု YIHG မှာလည်း သတင်းမီဒီယာများတွင် တရုတ်အစိုးရ၏ နာမည်ကြီး နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းစု ကျိလင်ရာထိုက်အုပ်စုJilin Yatai (Group) Co Ltd ၏ အမည်နှင့် မှားယွင်း အမည်တပ်ဖော်ပြမှုများ ကြိမ်ဖန်များစွာရှိခဲ့သည်။ Burma Campaign UK က ထုတ်ပြန်ထားသော မြန်မာတပ်မတော်နှင့် ဆက်စပ်လုပ်ကိုင်နေသော စီးပွားရေး လုပ်ငန်းများအား ပိတ်ဆို့ရန်ထုတ်ပြန်ထားသည့် အမည်ပျက်စာရင်းတွင် YIHG လည်း ပါဝင်နေသည်။

“Myanmar Yatai International Holding Group Co., Ltd.” ကို ဒါရိုက်တာ လေးဦးဖြင့် မှတ်ပုံတင်ထားပြီး ဒါရိုက်တာ အဖွဲ့ဝင်များမှာ မလေးရှားနိုင်ငံသား နှစ်ဦး၊ ကမ္ဘောဒီးယားနိုင်ငံသား တဦးနှင့် မြန်မာနိုင်ငံသား တဦး တို့ပါဝင်သည်။ ၁။ CHOW TIAN YU (ဒါရိုက်တာ၊ မလေးရှား)၊ ၂။ LIM JUN JIE (ဒါရိုက်တာ၊ မလေးရှား)၊  ၃။ MR. SHE ZHI JIANG (ဒါရိုက်တာ၊ ကမ္ဘောဒီးယား)နှင့် ၄။U SAW MIN MIN OO (ဒါရိုက်တာ၊ မြန်မာ) တို့ ဖြစ်သည်။

ရင်းနှီးမြှုပ်နှံမှု ကုန်ကျငွေများကို တရုတ်ကုမ္ပဏီက ၈၀ ရာခိုင်နှုန်း ကျခံမည်ဖြစ်ပြီး ချစ်လင်းမြိုင် ကုမ္ပဏီက ၂၀ ရာခိုင်နှုန်း ဖြစ်သည်။ အကျိုးအမြတ်ခွဲဝေမှုတွင် ချစ်လင်းမြိုင်ကုမ္ပဏီက ၃၀ ရာခိုင်နှုန်း၊ YIHGက ၇၀ ရာခိုင်နှုန်း ရရှိမည်ဖြစ်သည်။

ရွှေကုက္ကိုစီမံကိန်း ရှယ်ယာပိုင်ဆိုင်မှုအချိုးအစားနှင့် အကျိုးအမြတ်ခွဲဝေမှု

၆။ သက်ရောက်မှုလေ့လာဆန်းစစ်ချက်များ

တရားဝင်ထုတ်ပြန်ထားသော သက်ရောက်မှုလေလာစမ်းစစ်ချက်အစီရင်ခံစာကို မတွေ့ရှိရသေးပါ။ ရွှေကုက္ကိုမြို့သစ်စီမံကိန်းနှင့်ပတ်သတ်ပြီး လုပ်ဆောင်ခဲ့သော သဘာဝပတ်ဝန်းကျင်စစ်တမ်း၊ လူမူဘဝထိခိုက်မှုစစ်တမ်းများကို ကုမ္ပဏီက တရားဝင်ထုတ်ပြန်ခဲ့ခြင်းမရှိပါ။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ ဝဘ်ဆိုက်ရှိ အများပြည်သူကြည့်ရူ့နိုင်ရန် စုစည်းထားသော မှတ်တမ်းများတွင်လည်း ဖော်ပြထားခြင်းမရှိပါ။

၇။ လူထုတုံ့ပြန်မှု

ရွှေကုက္ကိုမြို့သစ်တွင်ပါဝင်သည့် လောင်းကစားရုံများ၊ တရုတ်လူမျိုးများကိုပစ်မှတ်ထား ဆွဲဆောင်သော အပန်းဖြေ အဆောက်အဦးများကြောင့် ဒေသခံပြည်သူများအကြားတွင် အငြင်းပွားဖွယ်ရာ စီမံကိန်းတခုဖြစ်သည်။ စီမံကိန်းစတင်ချိန်က နယ်ခြားစောင့်တပ်သည် ဒေသခံများကို စီမံကိန်းအသေးစိတ်အကြောင်းအရာ၊ အစီအမံများကို သေချာစွာ ရှင်းလင်းခဲ့ခြင်း မရှိဟု စွပ်စွဲခံထားရသည်။ စီမံကိန်းကြောင့် ဒေသခံများထံမှ မြေသိမ်းမှုများ ဖြစ်ပေါ်ခဲ့ပြီး တဧကလျှင် ဘတ်ငါးသောင်း၊ အိမ်ပါဝင်လျှင် ဘတ်တသိန်းမှ တသိန်းခွဲအထိ လျော်ကြေးပေးရန် ကုမ္ပဏီဘက်က အဆိုပြုခဲ့သည်။ နယ်ခြားစောင့်တပ်၏ အရှိန်အဝါကြောင့် ဒေသခံများသည် လျော်ကြေးယူရုံမှတပါး ရွေးချယ်စရာမရှိဘဲ မြေသိမ်းမှုများကို လက်ခံခဲ့ရသည်ဟု ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက်၏ အစီရင်ခံစာက ဆိုသည်။ ၂၀၁၈ ခုနှစ်တွင် တရုတ်လုပ်သား တသောင်းကျော်ဝန်းကျင် စီမံကိန်းဆောက်လုပ်ရန် ဝင်ရောက်လာပြီး ရွှေကုက္ကိုဒေသတွင် အခြေချနေထိုင်နေကြောင်း၊ ထိုအထဲတွင် လုပ်သားတထောင်ကျော်သည်  စီမံကိန်း၏ လုံခြုံရေးကို တာဝန်ယူထားကြောင်း အစီရင်ခံစာကဆိုသည်။

၂၀၁၉ ခုနှစ် မတ်လတွင် မြို့သစ်စီမံကိန်း၌ လောင်းကစားရုံများဖွင့်လှစ်ပြီးနောက်တွင် တရုတ်လူမျိုး အများအပြား ဝင်ရောက်လာပြီး ဒေသခံများနှင့် မကျေနပ်မှုများ တင်းမာလာခဲ့သည်။ ရွှေကုက္ကိုစီမံကိန်းသည် ဒေသခံများအတွက် လုပ်ငန်းခွင်များ ဖန်တီးပေးစွမ်းနိုင်မည်ဖြစ်ရာ ၎င်းတို့အနေနှင့် လယ်ယာစိုက်ပျိုးစရာ မလိုတော့ဘဲ သက်တောင့်သက်သာ နေထိုင်သွားနိုင်မည်ဖြစ်ကြောင်း လယ်ယာမြေသိမ်းယူစဉ်က BGF တာဝန်ရှိသူများက ပြောကြားခဲ့သော်လည်း လက်တွေ့တွင် တရုတ်လုပ်သားများကြောင့် လုပ်သားဈေးကွက်မှာ အခွင့်အလမ်းနည်းပါးနေသည်။ စီမံကိန်း ဧရိယာအတွင်း တရုတ်နိုင်ငံသားများနေထိုင်သည့် တိုက်တန်းလျားများ၊ အွန်လိုင်းဂိမ်း ကစားသည့်အခန်းများ၊ သပ်ရပ်ခေတ်မီသော လုံးချင်းအိမ်များ၊ KTV၊ Spa၊ Club နှင့် ဖျော်ဖြေရေး ခန်းမများ၊ ကာစီနိုရုံပါဝင်သည့် ဟိုတယ်များ တည်ဆောက်ထားသောကြောင့် ဒေသခံများနှင့် မီဒီယာများက ၂၀၁၉ ခုနှစ်အတွင်း ကျယ်ကျယ်လောင်လောင်ဝေဖန်ခဲ့သည်။ အထူးသဖြင့် ၁၅ ကီလိုမီတာသာ ကွာဝေးသော မြဝတီမြို့တွင် တရုတ်လုပ်သားများက လိုင်စင်မဲ့ မော်တော်ကားများ မောင်းနှင်ကာ ယာဉ်တိုက်မှုများ၊ ခိုက်ရန်ဖြစ်ပွားမှုများ ဓားထိုးမှုများ စသည့် ဥပဒေမဲ့ ကျူးလွန်မှူများကြောင့် တရုတ်နိုင်ငံသားများအပေါ် အရေးယူပေးရန် ဒေသခံများက လှုံဆော်မှုဖြစ်ရပ်များ ဖြစ်ပေါ်ခဲ့သည်။

ထိုအခါ မြဝတီဒေသခံများနှင့် ပြည်တွင်းမီဒီယာများသာမက ပြည်ပမီဒီယာများကပါ ရွှေကုက္ကိစီမံကိန်းအကြောင်းကို၂၀၁၉ ခုနှစ်အတွင်း အများအပြား ဖော်ပြလာကြသည်။ ထိုစီမံကိန်းကြောင့် ဒေသခံများသည် မြဝတီမြို့ပေါ်တွင် တရုတ်လူဦးရေ ပိုမိုများပြားလာခြင်းကြောင့်လူမျိုးရေးအရ လွှမ်းမိုးမှုများ၊ ဒေသခံပြည်သူများ၏ မူလအလုပ်အကိုင်များ ပျောက်ကွယ်သွားမည့်ပြဿနာ၊ လောင်းကစားရုံများကြောင့် လူကုန်ကူးမှုပြဿနာ၊ ဒေသခံအမျိုးသမီးများကို လောင်းကစားရုံများ၊ အပန်းဖြေစင်တာများတွင် ဝန်ထမ်းအဖြစ်ခိုင်းစေမှုများကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လာမည့် လူမူရေးပြဿနာများကိုလည်း စိုးရိမ်နေကြရသည်။ မြို့သစ်စီမံကိန်း ဧရိယာတွင်သာမကဘဲ မြဝတီမြို့ပေါ်တွင် တရုတ်လူမျိုးများ ဖွင့်လှစ်ထားသော ဆိုင်များ၊ စားသောက်ဆိုင်များ၊ တည်းခိုရိပ်သာများသည် တရုတ်စာများနှင့်သာ ဖော်ပြ ထားသည့်အတွက် ပြည်သူများ၏ ဝေဖန်မှုများလည်း ရှိနေသည်။ စက်တင်ဘာ ၁၅ ရက်တွင် ဒေသခံများ စုစည်းကာ မြဝတီမြို့တွင် ဝင်ရောက်နေသော တရားမဝင် တရုတ်လူမျိုးများကို စစ်ဆေးပေးရန်အစိုးရကို တောင်းဆိုခဲ့သည်။ အစိုးရအနေနှင့် ပျက်ကွက်ပါက ဆန္ဒပြတောင်းဆိုမှုများကို ဆက်လက်ပြုလုပ်သွားမည်ဟု ကြေညာခဲ့ကြသည်။

ကရင်ပြည်နယ်အစိုးရကလည်း ဒေသအတွင်းဝင်ရောက်နေသည့် တရားမဝင် တရုတ်လူမျိုးများကို ကြပ်မတ်စောင့်ကြည့်သွားမည်ဟု ပြန်လည်တုံ့ပြန်ခဲ့သည်။ သို့သော် ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက်၏ အစီရင်ခံစာအရ လောင်းကစားဝိုင်းများ၊ ဟိုတယ်များ၊ အပန်းဖြေနားနေစရာ နေရာများသည် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပတ်သက်နေသောကြောင့် ရဲတပ်ဖွဲ့က တရားဥပဒေစိုးမိုးရေးအတွက် ထိထိရောက်ရောက်အရေးယူနိုင်မည့် အနေအထားတွင် မရှိကြောင်း ဖော်ပြထားသည်။ တရုတ်အလုပ်သမားများသည် အစပိုင်း၌ မြဝတီမြို့တွင် နေထိုင်ခဲ့ကြသော်လည်း ယင်းအချက်များကြောင့် နောက်ပိုင်းတွင် BGF ၏ စောင့်ရှောက်မှုအောက်တွင်တည်ရှိသော ရွှေကုက္ကိုဒေသသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်ဟု ‘တို့မြေများကိုလောင်းကစားပစ်ခြင်း’ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ၂၀၂၀ ပြည့်နှစ် မတ် ၄ ရက်က ဖြစ်ပွားခဲ့သော ရွှေကုက္ကိုဒေသအား လာရောက်သတင်းရယူသော သတင်းထောက်နှစ်ဦးကို နယ်ခြားစောင့်တပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်မှာလည်း စီမံကိန်း၏ပွင့်လင်းမြင်သာမှုကို မေးခွန်းထုတ်စရာ အနေအထားဖြစ်ခဲ့သည်။

မှတ်ချက်-စီမံကိန်း အခြေအနေများကို ၂၀၂၁ ခုနှစ် ဇွန် ၂၈ ရက်တွင် ထပ်မံဖြည့်စွက်ထားပါသည်။

The post ရွှေကုက္ကိုစီမံကိန်း appeared first on ISP Myanmar China Desk.

တရုတ် ဒစ်ဂျစ်တယ် ပိုးလမ်းမစီမံကိန်းနှင့် မြန်မာနိုင်ငံ
ရပ်ဝန်းလမ်းကြောင်း အစီအမံ(BRI) ၏ အစိတ်အပိုင်းဖြစ်သည့်  ဒစ်ဂျစ်တယ်ပိုးလမ်းမ (Digital Silk Road – DSR)ကို ၂၀၁၅ ခုနှစ်တွင် တရုတ်အစိုးရက တရားဝင် မိတ်ဆက်ခဲ့သည်။ ဒစ်ဂျစ်တယ် ပိုးလမ်းမကြီးသည် စတုတ္ထ စက်မှုတော်လှန်ရေးတွင် တရုတ်၏ ဦးဆောင်မှုကဏ္ဍနှင့် တရုတ်၏ စံချိန်စံညွှန်းများကို ကမ္ဘာ့နိုင်ငံများအကြားတွင် မြှင့်တင်ရန်လည်း ဖြစ်သည်။ ဘေဂျင်းက ကမ္ဘာ့နည်းပညာရေးရာ ကဏ္ဍတွင် ဦးဆောင်သူ တဦးအဖြစ် ရပ်တည်ရန် ရည်ရွယ်သည့် “တရုတ် စံချိန်စံညွှန်းများ ၂၀၃၅ ခုနှစ်”ဆိုသည့် စက္ကူဖြူ စာတမ်းကို ထုတ်ဝေခဲ့သည်။ ထိုစာတမ်းတွင် DSR ၏ အဓိက မူဘောင်မှာ “သတင်းအချက်အလက် ပိုးလမ်းမကြီး”အကောင်အထည်ဖော်ရန် ဖြစ်သည်ဟု ဖော်ပြခဲ့သည်။

ထိုအစီအစဉ်တွင် 5G အင်တာနက်ကွန်ရက်များ၊ သမုဒ္ဒရာဖြတ်ကျော် ရေအောက်ကြေးနန်းများ၊ ဂြိုလ်တုဆက်သွယ်ရေးစနစ်များ အပါအဝင် ဆက်သွယ်ရေး ကွန်ရက်များ ချိတ်ဆက်ခြင်း၊ ဒစ်ဂျစ်တယ် အခြေခံအဆောက်အအုံများ တည်ဆောက်ရေး၊ နည်းပညာသုံး ကုန်သွယ်ရေးနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများ၊ သတင်းအချက်အလက် သိုမှီးရန် အိုင်တီနည်းပညာသုံးသော စင်တာများ တည်ထောင်ခြင်း၊ စမတ်စီးတီးများ တည်ထောင်ရာတွင် လိုအပ်သော နည်းပညာများ၊ အီလက်ထရောနစ် စနစ်ဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး လုပ်ကိုင်ခြင်း (E-commerce) များပါဝင်သည်။

၂၀၁၆ ခုနှစ်၊ မတ်တွင် တရုတ်နိုင်ငံတော်ကောင်စီက ထုတ်ပြန်သော “(၁၃) ကြိမ်မြောက် အမျိုးသား သတင်းအချက်အလက် ငါးနှစ် စီမံကိန်းတွင် “အွန်လိုင်းပိုးလမ်းမ”တည်ဆောက်ရန် ထည့်သွင်းထားပြီး အဓိကအားဖြင့် တရုတ်နှင့် အာဆီယံနိုင်ငံများအကြား အင်တာနက်ဆက်ကြောင်းများ ချိတ်ဆက်ရန် ရည်ရွယ်သည်။

၂၀၁၇ ခုနှစ်၊ မေတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်က “၂၁ ရာစု ဒစ်ဂျစ်တယ် ပိုးလမ်းမ”သည် BRI ၌ အရေးကြီးသော အခန်းကဏ္ဍတွင် ရပ်တည်နေကြောင်း၊ ဒစ်ဂျစ်တယ် စီးပွားရေး၊ ဉာဏ်ရည်တု (Artificial intelligence – AI) နည်းပညာ၊ နာနိုနည်းပညာ၊ ကွမ်တမ် နည်းပညာတို့ အပါအဝင် သတင်းအချက်အလက်များ၊ Cloud Computing နှင့် စမတ်စီးတီးများ တည်ဆောက်ရေးတို့တွင် ဒေသတွင်းနိုင်ငံများနှင့် နည်းပညာများ ပေါင်းစည်းရန် လိုအပ်ကြောင်း ပြောဆိုခဲ့သည်။

တရုတ် ဒစ်ဂျစ်တယ်ပိုးလမ်းမစီမံကိန်းနှင့် မြန်မာနိုင်ငံ အချိန်ကာလပြဇယား (၂၀၁၃-၂၀၂၀)

DSR ၏ အစီအမံများကို တရုတ်အစိုးရက မူဝါဒအရ ဦးဆောင်ပြီး Alibaba, Tencent နှင့် Baidu ကဲ့သို့သော တရုတ်နည်းပညာ ကုမ္ပဏီများ၊ ဟွာဝေး၊ China Mobile၊ China Telecom နှင့် China Unicom ကဲ့သို့သော အစိုးရ ကျောထောက်နောက်ခံပြု ဆက်သွယ်ရေး ကုမ္ပဏီများက DSR ကို အကောင်အထည်ဖော်ရာတွင် အဓိကအခန်းကဏ္ဍမှ လှုပ်ရှားနေကြသည်။ တရုတ်အစိုးရနှင့်  ကုမ္ပဏီများသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတလွှားရှိ နိုင်ငံအသီးသီးတွင် တရုတ်နိုင်ငံထုတ် နည်းပညာများ၊ စံချိန်စံညွှန်းများကို ဖြန့်ကျက်  ဝင်ရောက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် အဓိကအားဖြင့် မျက်နှာစာ ငါးခုရှိပါသည်။ ၎င်းတို့မှာ –

(၁) နည်းပညာအခြေခံအဆောက်အဦများဆောက်လုပ်ရေး

(၂) နည်းပညာအသုံးပြုကုန်သွယ်ရေး

(၃) နည်းပညာ အသုံးပြု ဘဏ္ဍာရေးနှင့် ငွေပေးချေမှုစနစ်

(၄) လူမှုကွန်ရက်အသုံးပြုမှုများနှင့်

(၅) နည်းပညာဆိုင်ရာ မူဝါဒရေးရာ တို့ဖြစ်ပါသည်။

ကုမ္ပဏီ/အဖွဲ့အစည်း

အမျိုးအစား

နည်းပညာအခန်းကဏ္ဍ

Huawei၊ ZTE၊ Xiaomi၊ Beidou Navigation

အခြေခံအဆောက်အအုံ

ဆက်သွယ်ရေးနည်းပညာ၊ AI အခြေခံသော နည်းပညာများ Navigation၊ ရေအောက် ကေဘယ်လ်စီမံကိန်းများ၊ စမတ်စီးတီး တည်ဆောက်ရေး နည်းပညာများ၊ ဂြိုလ်တု လွှင့်တင့်ခြင်း နည်းပညာ၊ Cloud Computing နှင့် အင်တာနက်ဖြင့် ချိတ်ဆက် အသုံးပြုရသော Internet of things (IOT) ဆက်စပ်ဝန်ဆောင်မှုများ။

Alibaba၊ JD.com

ကုန်သွယ်ရေး

အွန်လိုင်း ဈေးဝယ်ယူမှုများ၊ ကုန်ပစ္စည်း ပို့ဆောင်ရေး၊ သယ်ယူရေး၊ 3D နည်းပညာများ အသုံးပြုခြင်း၊ အီလက်ထရောနစ် ကုန်စည်ကူးသန်းရောင်းဝယ်ခြင်း။

Ant financial၊ Silkroad Fund၊ AIIB

ဘဏ္ဍာရေး

အွန်လိုင်းမှတဆင့် ငွေပေးချေခြင်း၊ အွန်လိုင်းမှတဆင့် ဘဏ္ဍာရေးဆိုင်ရာ ငွေလွှဲဝန်ဆောင်မှုများ လုပ်ဆောင်ခြင်း၊ ချေးငွေ ဝန်ဆောင်မှု လုပ်ငန်းများ၊ ငွေကြေး၊ဘဏ်နှင့် ဆက်စပ်သောအခြား ဝန်ဆောင်မှုများ။

WeChat၊NewsDog၊ Perfect World

လူမှုကွန်ရက်

သတင်းမီဒီယာ၊ လူမှုကွန်ရက်၊ အွန်လိုင်းမှတဆင့် အသိပညာပေးခြင်း၊ အွန်လိုင်းမှတဆင့် ယဉ်ကျေးမှုများ ဖလှယ်ခြင်း။

Digital Silk Road and China cooperation with G7

မူဝါဒရေးရာ

ဒစ်ဂျစ်တယ်ဆိုင်ရာ စီမံမှု၊ အုပ်ချုပ်မှု ၊ ဆိုက်ဘာ လုံခြုံရေး၊ သတင်းအချက်အလက် မျှဝေခြင်း။

တရုတ်-မြန်မာစီးပွားရေး စင်္ကြံလမ်းနှင့် ဒစ်ဂျစ်တယ်ပိုးလမ်းမ

မြန်မာနိုင်ငံသည် BRI ၏ အစိတ်အပိုင်းဖြစ်သော တရုတ်-မြန်မာစီးပွားရေးစင်္ကြံ(CMEC) နားလည်မှုစာချွှန်လွှာ ရေးထိုးစဉ်က တရုတ်နိုင်ငံနှင့် ဒစ်ဂျစ်တယ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရန် သဘောတူညီသော အချက် ပါဝင်သည်။ ထို့အပြင် ၂၀၁၉ ခုနှစ်၊ ဧပြီလအတွင်း ဘေဂျင်းတွင် ကျင်းပသော BRI ဖိုရမ်ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်စဉ်က လက်မှတ်ရေးထိုးခဲ့သော သဘောတူညီချက်တွင် “နည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်”လည်း ပါဝင်သည်။

ထို့အပြင် CMEC၏ အစိတ်အပိုင်းအဖြစ် အကောင်အထည်ဖော်မည့် နယ်စပ်ပူးပေါင်းဇုန်များ၏ အောက်တွင် မဖြစ်မနေ ပါဝင်ရမည့် အီလက်ထရောနစ် ဈေးကွက် တည်ထောင်ခြင်း၊ အီလက်ထရောနစ် ကုန်စည်ကူးသန်း ရောင်းဝယ်ဖောက်ကားခြင်း စနစ်တို့ကိုလည်း စတင် အကောင်အထည်ဖော်ရန် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လတွင် နှစ်နိုင်ငံကြား သဘောတူညီခဲ့သည်။ သို့ဖြစ်ရာ တရုတ်ကုမ္ပဏီများသည် မြန်မာနိုင်ငံတွင် ဒစ်ဂျစ်တယ် ပိုးလမ်းမ၏ အဓိက လုပ်ငန်းစဉ်များဖြစ်သော စီမံကိန်းများ၊ ရင်းနှီးမြှုပ်နှံမှုများကို အကောင်အထည် ဖော်ဆောင်နေကြပြီ ဖြစ်သည်။ ဤကဏ္ဍတွင် မြန်မာနိုင်ငံ၏ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာနယ်ပယ်တွင် တရုတ်ကုမ္ပဏီများ၏ လွှမ်းမိုးဝင်ရောက်မှုကို ခြေရာခံ လေ့လာမည်ဖြစ်ပါသည်။

တရုတ်နိုင်ငံမှ ကုမ္ပဏီများသည် ဆက်သွယ်ရေး ကုမ္ပဏီများအား နည်းပညာပစ္စည်းများရောင်းချခြင်း၊ အင်တာနက်ဝန်ဆောင်မှုများပေးခြင်း၊၊ AI အခြေခံသော နည်းပညာများ စမတ်စီးတီးတည်ဆောက်ရေး နည်းပညာများ၊ Cloud Computing နှင့် နည်းပညာသုံး ပစ္စည်းများအချင်းချင်းကြား အင်တာနက်ဖြင့် ချိတ်ဆက်ပြီး အပြန်အလှန် အချက်အလက်ပေးပို့စေသည့် နည်းပညာများဖြင့် မြန်မာနိုင်ငံ၏ စတင်ဖွင့်ဖြိုးစ နည်းပညာ အခြေခံအဆောက်အအုံများတွင် နေရာယူလာခဲ့သည်။

(၁) မြန်မာနိုင်ငံရှိ မိုဘိုင်းဆက်သွယ်ရေးကွန်ရက်များ

လက်ရှိအချိန်တွင် ပြည်တွင်းဆက်သွယ်ရေးကုမ္ပဏီများဖြစ်သော တယ်လီနော (Telenor)၊ အူရီဒူး (Ooredoo)၊ မိုင်တဲလ် (Mytel) ကုမ္ပဏီများသည် ဟွာဝေးမှ ထုတ်လုပ်သော ဆက်သွယ်ရေး နည်းပညာပစ္စည်းများကို သုံးစွဲနေကြကြောင်း ၎င်းတို့က ထုတ်ပြန်ထားသည်။ ထို့အပြင် မြန်မာဆက်သွယ်ရေးလုပ်ငန်း (MPT) ကလည်း ဟွာဝေး၏ ဆက်သွယ်ရေး နည်းပညာသုံးပစ္စည်းအချို့ကို ဝယ်ယူသုံးစွဲနေကြောင်း သိရသည်။

ဟွာဝေးသည် မိုဘိုင်းဖုန်းများ သာမက သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (ICT) အခြေခံအဆောက်အအုံနှင့် စမတ်စီးတီးနှင့် သက်ဆိုင်သော ကိရိယာများကို ထုတ်လုပ်ရောင်းချနေသော ကုမ္ပဏီဖြစ်သည်။ မြန်မာနိုင်ငံတွင် ဟွာဝေးက အဓိက လုပ်ဆောင်နေသော လုပ်ငန်းလေးခုမှာ – Carrier စီးပွားရေးယူနစ်၊ စီးပွားရေးလုပ်ငန်းယူနစ်၊ စားသုံးသူ စီးပွားရေးယူနစ်နှင့် Cloud စီးပွားရေးယူနစ် တို့ဖြစ်သည်။ ဟွာဝေး၏ ICT ကွန်ရက်နှင့် ၀န်ဆောင်မှုများသည် မြန်မာလူဦးရေ၏ သုံးပုံတပုံကို ဝန်ဆောင်မှုပေးနေကြောင်း ကုမ္ပဏီက ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်းတွင် ထုတ်ပြန်ထားသည်။

၂၀၁၃ ခုနှစ်တွင် မြန်မာအစိုးရက နော်ဝေး အခြေစိုက် တယ်လီနောကုမ္ပဏီကို မိုဘိုင်းဆက်သွယ်ရေး ကွန်ရက် ဝန်ဆောင်မှုပေးရန် ခွင့်ပြုပေးခဲ့သည်။ သို့သော် အစိုးရက လုပ်ငန်းအကောင်အထည်ဖော်ရန် သတ်မှတ်ထားသော အချိန်ကာလ တိုတောင်းသောကြောင့် ဟွာဝေးနှင့် ပူးပေါင်း၍ ဆက်သွယ်ရေးပင်မ ကျောရိုးဖြစ်သည့် Myanmar Containerized Data Center ကို တည်ဆောက်ခဲ့သည်ဟု သိရသည်။

၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဟွာဝေးအပေါ် သတင်းအချက်အလက်ဆိုင်ရာ သူလျှိုလုပ်သည်ဟူသော စွပ်စွဲမှုများ ပြင်းထန်နေချိန်တွင် တယ်လီနောက 5G စနစ်ကို ဆွီဒင်အခြေစိုက်ဖြစ်သော Ericsson ကုမ္ပဏီနှင့် လက်တွဲလုပ်ဆောင်သွားမည်ဟု သတင်းများက ဖော်ပြထားသည်။ ထို့အပြင် ကုမ္ပဏီက ဟွာဝေးနှင့် လုပ်ဆောင်ထားသော ဒေတာစင်တာများ၊ စက်ပစ္စည်းများကို ဆက်လက်သုံးစွဲသွားမည် ဖြစ်သော်လည်း နည်းပညာပိုင်းဆိုင်ရာကို လေးနှစ်မှ ငါးနှစ် အတွင်း 5G ဝန်ဆောင်မှုပေးမည့် ကုမ္ပဏီနှင့် ကိုက်ညီသော ပြောင်းလဲမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အူရီဒူး၊ မိုင်တဲလ်နှင့် အခြားဆက်သွယ်ရေးကုမ္ပဏီများသည် ဟွာဝေးမှ မည့်သည့် နည်းပညာ အကူအညီများ၊ မည်သည့် ဆက်သွယ်ရေး ပစ္စည်းများ ဝယ်ယူသုံးစွဲနေသည်ကို အသေးစိတ် ထုတ်ပြန်ထားခြင်း မရှိပါ။ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လတွင် အူရီဒူးမြန်မာနှင့် ဟွာဝေးပူးပေါင်းပြီး 4G အသုံးပြုနိုင်သော ဟွာဝေး ဝိုင်ဖိုင် ကိရိယာ (Wifi Device)ကို အူရီဒူးသုံးစွဲသူများထံသို့ ပူးတွဲမိတ်ဆက်ခဲ့သည်။

ယခု ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလတွင် ဟွာဝေး၏  Optical Character Recognition နည်းပညာကို အူရီဒူးက သုံးစွဲနေပြီး ထိုနည်းပညာအရ အူရီဒူးအသုံးပြုသူများသည် ဆင်းမ်ကတ် မှတ်ပုံတင်ရာတွင် ကိုယ်တိုင် ဖြည့်သွင်းရန် မလိုအပ်တော့ဘဲ မှတ်ပုံတင်ပေါ်ရှိ လက်ရေးနှင့် ရေးသားထားသော စကားလုံးများကိုပါ ဖတ်ရှုနိုင်သည်။ ထို့အပြင် အလိုအလျောက် မှတ်တမ်းရယူ၊ သိမ်းဆည်းပေးနိုင်သောကြောင့်  အချက်အလက် စုစည်းရာတွင် အချိန်ကုန်သက်သာစေပြီး လုပ်ဆောင်ချက်များကို ပိုမိုထိရောက်စေကြောင်း ဖော်ပြထားသည်။ ထိုမှတ်တမ်းများကို တခါတည်း သိမ်းဆည်းနိုင်သော Cloud စနစ်လည်း ပါဝင်ကြောင်း ကြေညာထားသည်။

ပြည်တွင်းရှိ ဆက်သွယ်ရေးကုမ္ပဏီများက ဟွာဝေး၏ ဆက်သွယ်ရေးနည်းပညာ ပစ္စည်းများကို အသုံးပြုခြင်းမှာ ဈေးနှုန်းသက်သာပြီး အချိန်တိုအတွင်း တည်ဆောက်မှု မြန်ဆန်ခြင်းတို့ကြောင့် ဖြစ်သော်လည်း ရေရှည်တွင် အရည်အသွေးပိုင်းဆိုင်ရာ ပြသာနာများ ကြုံတွေ့ရကြောင်း၊ Cloud များ၊ ကွန်ရက်ပစ္စည်းများကို တရုတ်ကုမ္ပဏီထုတ် ပစ္စည်းများသုံးစွဲခြင်းသည် လုံခြုံရေးဆိုင်ရာ ကျိုးပေါက်မှုများ ဖြစ်နိုင်သည်ဟု အိုင်တီနည်းပညာရှင်များက မှတ်ချက်ပြုသည်။

(၂) မြန်မာတယ်လီကွန်းများနှင့် တရုတ် 5G

မြန်မာအစိုးရက 5G နည်းပညာ သုံးစွဲမှုနှင့် ပတ်သက်ပြီး သုံးသပ်ချက်များ၊ အကြံပြုချက်များ ရေးသားပြုစုနေချိန်တွင် ဟွာဝေးက ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်းကာ 5G ဖိုရမ်ကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလက ကျင်းပခဲ့သည်။ 5G က မြန်မာ့ အနာဂတ်ကို ဒစ်ဂျစ်တယ် ကမ္ဘာ့သို့ ပေါင်းကူးပေးလိမ့်မည်ဟု အဓိပ္ပာယ်ရသော ဖိုရမ်တွင် ဟွာဝေးက ၎င်း၏ နည်းပညာကို အစိုးရဝန်ကြီးဌာန တာဝန်ရှိသူများကို ပြသခဲ့သည်။ မြန်မာအစိုးရဘက်ကလည်း ၎င်းတို့က 5G ဝန်ဆောင်မှုကို ၂၀၂၀ ပြည့်နှစ်တွင် ရလိုကြောင်းနှင့် လိုအပ်ချက်များ၊ အကြံပြုချက်များကို အပြန်အလှန် တင်ပြခဲ့ကြသည်။

၂၀၁၉ ခုနှစ်၊ ဇွန်တွင် ဆက်သွယ်ရေးဝန်ကြီးဌာနက 5G နည်းပညာကို အခြေခံကာ ကြိုးမဲ့စနစ် ဆက်သွယ်ရေး ကွန်ရက်များ အကောင်အထည်ဖော်ရန် ကနဦး ထင်မြင်ယူဆချက်များကို ပြုစုထားသည့် စာတမ်းတစောင်ကို ထုတ်ပြန်ခဲ့သည်။ ထိုစာတမ်း ထုတ်ပြန်ပြီး များမကြာမီတွင် ဟွာဝေးက မြန်မာနိုင်ငံ၏ 5G နည်းပညာတွင် ကူညီပေးလိုကြောင်း တရားဝင် ထုတ်ဖော်ပြောဆိုခဲ့သည်။ သို့ရာတွင် လက်ရှိအချိန်ထိ 5G နည်းပညာသုံးစွဲမှုနှင့် ပတ်သက်ပီး အစိုးရနှင့် ဟွာဝေးကြား တရားဝင် ဆွေးနွေးချက်များကို မတွေ့ရပါ။

ထိုစာတမ်း မထုတ်ပြန်မီက မေတွင် အူရီဒူးမြန်မာကုမ္ပဏီက တရုတ်ဆက်သွယ်ရေး ကုမ္ပဏီ တခုဖြစ်သည့် ZTE Corporation နှင့် 5G ဖွံ့ဖြိုးရေးအတွက် ပူးပေါင်းလုပ်ဆောင်ရန် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့သည်။ သဘောတူညီချက်အရ ZTEမှ အူရီဒူးမြန်မာ၏ မြန်မာနိုင်ငံအတွင်း 5G အတွက် လိုအပ်သော ကြိုးမဲ့ဆက်သွယ်ရေး နည်းပညာများ ကူညီပေးရန် သဘောတူထားသည်။ ထို့အပြင် တယ်လီနော ကုမ္ပဏီကလည်း ဆွီဒင်အခြေစိုက် Ericsson ကုမ္ပဏီနှင့် 5G နည်းပညာတွင် အရေးပါသည့် Internet of Things (IoT) နည်းပညာများ ပူးပေါင်းဆောင်ရွက်ရန် ၂၀၁၈ ခုနှစ်တွင် သဘောတူညီထားခဲ့သည်။

5G နည်းပညာဈေးကွက်ကို မြန်မာနိုင်ငံတွင် လက်ဦးမှုရယူရန် ကြိုးပမ်းနေသည့် ဟွာဝေးသည် ၂၀၁၉ ခုနှစ် သြဂုတ်တွင် မြန်မာ့တပ်မတော် ပိုင်ဆိုင်သော Star High Company က ရှယ်ယာအများဆုံး ပိုင်ဆိုင်သည့် မိုင်တဲလ် ဆက်သွယ်ရေးကုမ္ပဏီနှင့် 5G နည်းပညာ စတင်စမ်းသပ်သုံးစွဲခဲ့သည်။ ဟွာဝေး၏ 5G နည်းပညာသည် ဆက်သွယ်ရေးစနစ်ကို မြန်ဆန်စေသည့်အပြင် သတင်းအချက်အလက် ပို့ရာတွင် Download လုပ်ခြင်း၌ အထူးမြန်ဆန်ကြောင်း  မိုင်တဲလ်က ထုတ်ပြန်ထားသည်။ ထိုစမ်းသပ်သည့်ပွဲကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လည်း တက်ရောက်ခဲ့သည်။

သို့သော် မိုင်တဲလ် အသုံးပြုသူများသည် အစိုးရက တရားဝင်ခွင့်ပြုပေးသည့် အချိန်ရောက်မှ သုံးစွဲနိုင်မည်ဖြစ်ပြီး နည်းပညာဆိုင်ရာ ပြင်ဆင်မှုများ လိုအပ်နေသေးသည်ဟု ကုမ္ပဏီက ထုတ်ပြန်ထားသည်။ လက်ရှိအချိန်ထိ မြန်မာအစိုးရက 5G Spectrum သုံးစွဲရန် ဆက်သွယ်ရေး အော်ပရေတာများကို တရားဝင် ခွင့်ပြုထားခြင်း မရှိသေးချေ။

ဟွာဝေးမှ မြန်မာပြည်တွင်း လုပ်ဆောင်နေမှုများ

(၃) တရုတ်ကုမ္ပဏီများနှင့် မြန်မာအစိုးရ၏ E – Government

အစိုးရ၏ သတင်းအချက်အလက်များ၊ ဌာနတွင်း ကိစ္စရပ်များနှင့် အများပြည်သူ ဝန်ဆောင်ရေး ကိစ္စရပ်များကို အီလက်ထရောနစ် စနစ်ပြောင်းလဲရန် ရည်ရွယ်ပြီး E – Government စနစ်ကို ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၃ ခုနှစ်က အသက်သွင်းရန် ကြိုးပမ်းခဲ့သည်။ အီလက်ထရောနစ် နိုင်ငံကူးလက်မှတ်စနစ်များ၊ အွန်လိုင်းမှတဆင့် တင်ဒါလျှောက်ထားခြင်း၊ အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးခြင်းတို့ကို စတင်ပြုလုပ်ရန် ရည်ရွယ်ခဲ့သည်။ သို့ရာတွင် လက်တွေ့၌ တိကျသော မူဝါဒများ၊ မဟာဗျုဟာများ၊ ချမှတ်နိုင်ခြင်းမရှိခဲ့သည့်အပြင် ငွေကြေးစိုက်ထုတ်မှုများ အားနည်းသောကြောင့် အကောင်အထည် မပေါ်ခဲ့ပေ။

NLD အစိုးရတက်လာချိန်တွင် အစိုးရ၏ ယန္တရားများ အထူးသဖြင့် သတင်းအချက်အလက် သိမ်းဆည်းခြင်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများတွင် အီလက်ထရောနစ်စနစ်ဖြင့် အသွင်ပြောင်းရန် ကြိုးပမ်းခဲ့သည်။ ၂၀၁၆ ခုနှစ်မှ စတင်ပြီး တရုတ်ကုမ္ပဏီများက မြန်မာအစိုးရ ဝန်ကြီးဌာန အရာရှိများသာမကပဲ လွှတ်တော်အမတ်များ၊ E – Government အကောင်အထည်ဖော်ရာတွင် ပါဝင်သော အဖွဲ့ဝင်များကို တရုတ်နိုင်ငံသို့ အကြိမ်ကြိမ် ဖိတ်ကြားခဲ့ပြီး တရုတ်နည်းပညာများကို မိတ်ဆက်ပေးခဲ့သည်။ ထို့အပြင် ဗဟိုအမျိုးသားသတင်းအချက်အလက်စင်တာ တည်ဆောက်ရေးတွင် ချေးငွေနှင့် နည်းပညာ ထောက်ပံ့ပေးရန် ကမ်းလှမ်းခဲ့သည်။

ဟွာဝေးအပါအဝင် တရုတ်နည်းပညာကုမ္ပဏီများသည် အထူးသဖြင့် အစိုးရ၏ သတင်းအချက်အလက်များ သိမ်းဆည်းရာတွင် အရေးပါသော Cloud စနစ်ကို ထောက်ပံ့ပေးရန်နှင့် ဈေးသက်သက်သာသာဖြင့် ရောင်းချပေးရန် ဆွဲဆောင်ခဲ့ကြသည်။ ထို့အပြင် မြန်မာအစိုးရက အီလက်ထရောနစ် အမျိုးသားမှတ်ပုံတင်စနစ်ကို ပြောင်းလဲရန် ကြိုးပမ်းနေချိန်တွင်လည်း တရုတ်ကုမ္ပဏီများက အီလက်ထရောနစ် အိုင်ဒီကတ်နည်းပညာနှင့် ပြည်သူများ၏ ကိုယ်ရေးအချက်အလက်များ သိမ်းဆည်းနိုင်မည့် နည်းပညာများကို အသက်သာဆုံး ဈေးနှုန်းများဖြင့် မြန်မာအစိုးရကို မိတ်ဆက်ခဲ့သည်။

သို့သော် မြန်မာအစိုးရက လက်ရှိအချိန်ထိ တရုတ်နည်းပညာများကို သုံးစွဲရန် ဆုံးဖြတ်ထားခြင်း မရှိသေးပေ။  ထို့အပြင် ၂၀၁၈ ခုနှစ်တွင် ဗဟို E – Government Integrated Data Center – e-GIDC စင်တာ တည်ဆောက်ရန် ကိုရီးယား Export-Import Bank ထံမှ ချေးငွေ အမေရိကန်ဒေါ်လာ ၉၃ ဒသမ ၈ သန်းချေးယူရန် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးခဲ့သည်။ ထို့အပြင် အီလက်ထရောနစ် အမျိုးသားမှတ်ပုံတင်စနစ်ကိုလည်း သြစတေးလျနိုင်ငံ၏ အတိုးမဲ့ ချေးငွေဖြင့် လုပ်ဆောင်ရန် ၂၀၁၉ ခုနှစ် အောက်တိုဘာက လွှတ်တော်တွင် အတည်ပြုခဲ့သည်။

ထို့အပြင် မြန်မာအစိုးရက ပင်စင်စားများ ဗဟိုရန်ပုံငွေတည်ထောင်ခြင်း၊ ပင်စင်စားများ၏ အချက်အလက်များ ထည့်သွင်းထားမည့် နည်းပညာအခြေခံသော အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်းအပြင် ပင်စင်စားများအတွက် အီလက်ထရောနစ် ငွေပေးချေစနစ်များကိုလည်း အကောင်အထည်ဖော်မည့် National Pension System Reform Project ကို အကောင်အထည်ဖော်ရန် စီမံကိန်းဘဏ်တွင် ထည့်သွင်းထားသည်။ ထိုစီမံကိန်းကို ၂၀၂၄-၂၀၂၅ ခုနှစ်တွင် အပြီးတည်ဆောက်ရန် ရည်ရွယ်ထားသည်။ မြန်မာအစိုးရက အစိုးရဝန်ထမ်းများ၏ လစာမှ လစဉ် ငါးရာခိုင်နှုန်းကို ထည့်သွင်းစေပြီး  ပင်စင်ယူချိန်တွင် ပြန်လည်ထုတ်ပေးမည့် Central Provident Fund (CPF) စနစ်ကို အကောင်အထည်ဖော်နေသည်။ ထို CPF မှတဆင့် ဝန်ထမ်းများသည် လူမှုဖူလုံရေး အစီအမံများ၊ ဘဏ်ဝန်ဆောင်မှု၊ သက်ဆိုင်ရာဝန်ဆောင်မှုများကိုပါ လုပ်ဆောင်နိုင်ရန် ရည်ရွယ်ထားသည်။ ထို National Pension System Reform Project နှင့် Central Provident Fund (CPF) နှစ်ခုလုံးတွင် တရုတ်ကုမ္ပဏီများက သတင်းအချက်အလက်များ သိုမှီးသိမ်းဆည်းရန်အတွက် နည်းပညာ အကူအညီပေးရန် ကမ်းလှမ်းထားသည်။ တရုတ်ကုမ္ပဏီက နည်းပညာပိုင်းဆိုင်ရာ ကူညီခွင့်ရပါက နိုင်ငံဝန်ထမ်းများ၏ သတင်းအချက်အလက်များကို တရုတ်ကုမ္ပဏီမှ ရယူနိုင်မည် ဖြစ်သည်။

ထိုမျှမက သံတမန်ရေးရာလုပ်ငန်းများတွင်လည်း တရုတ်နိုင်ငံမှ နည်းပညာထောက်ပံ့မှုများ ရှိလာခဲ့သည်။ တရုတ်ကျောထောက်နောက်ခံပြုထားသော မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအစည်းအဝေး (LMC) တွင် ယခုနှစ်၌ မြန်မာနိုင်ငံက ပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ရန် အလှည့်ကျသောနှစ် ဖြစ်သည်။ ပုံမှန်အားဖြင့် ထိုအစည်းအဝေးများတွင် တရုတ်နှင့် မဲခေါင်နိုင်ငံများဖြစ်သော ကမ္ဘောဒီးယား၊ မြန်မာ၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်တို့မှ ထိပ်သီးနိုင်ငံ့ခေါင်းဆောင်များ တက်ရောက်ကြပြီး ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားနေသော ကာလဖြစ်ခြင်းကြောင့် အွန်လိုင်းမှတဆင့် အစည်းအဝေးလုပ်ရန် သဘောတူခဲ့ကြသည်။

ထိုဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပပြုလုပ်သည့် အစည်းအဝေးအတွက် ဟွာဝေးက သမ္မတရုံးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနသို့  အမေရိကန်ဒေါ်လာ ၄၀၀၀ တန်ဖိုးရှိ  ဟွာဝေး Cloud Link Room ဗီဒီယိုကွန်ဖရန့်စနစ်နှင့် နည်းပညာဝန်ဆောင်မှုများကို တပ်ဆင်ပေးခဲ့ကြောင်း ကုမ္ပဏီက သြဂုတ်လတွင် ထုတ်ပြန်ခဲ့သည်။

ကပ်ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများတွင်လည်း တရုတ်နိုင်ငံမှ နည်းပညာ အသုံးပြုရန် မိတ်ဆက်လာမှုများကို တွေ့ရသည်။ ဇွန်လတွင် ဟွာဝေးက Telemedicine Video Conference Solution (ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် အဝေးမှ ကုသခြင်း)ကို မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကုသရေးစင်တာ (ဖောင်ကြီး)နှင့် ဆေးတက္ကသိုလ်(၁) ရန်ကုန်တို့သို့ လှူဒါန်းခဲ့ပြီး ဖြစ်သလို  ဟွာဝေး CLOUD AI အထောက်အကူပြု ရောဂါအတည်ပြုခြင်းနှင့် ကုသခြင်းစနစ်ကိုလည်း ဖောင်ကြီးကုသရေးဌာနသို့ ထောက်ပံ့ထားကြောင်း ဖော်ပြထားသည်။

အဆိုပါစနစ်သည် မြန်နှုန်းမြင့် အင်တာနက်ဆက်သွယ်မှုကို တပ်ဆင်ထားပြီး ရောဂါကူးစက်မှုကို ထိထိရောက်ရောက် တိုက်ဖျက်နိုင်ခြင်းနှင့် ဆက်သွယ်ရေးပိုင်းတွင် နှောင့်နှေးကြန့်ကြာမှု မရှိစေဘဲ တိုးမြှင့်ပေးနိုင်မည့်စနစ် အပါအဝင် လူနာများအတွက် Computed Tomography (CT) နှင့် ရောဂါစစ်ဆေး၊ အတည်ပြုသည့် ကာလကို ပိုမိုမြန်ဆန်စေရန် လျှော့ချပေးနိုင်မည့်စနစ်တို့ တပ်ဆင်ထားကြောင်း ကုမ္ပဏီက ထုတ်ပြန်ထားသည်။

ထို့အပြင် Global Wave နှင့် ဟွာဝေး Cloud တို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ဖြစ်ပွားနေချိန်တွင် ပြည်တွင်းရှိ အသေးစားနှင့် အလတ်စား ၀န်ထမ်း ၂၀၀,၀၀၀ အသုံးပြုရန်အတွက် Online Check-in ဝန်ဆောင်မှုကို ပေးရန် စီစဉ်နေကြောင်း ကုမ္ပဏီက ထုတ်ပြန်ထားသည်။ ထို့အပြင် ဂမုန်းပွင့် ဈေးဝယ်စင်တာ၊ မြင့်မြင့်ခင် ထိုးမုန့်လမုန့်လုပ်ငန်း၊ Vanguard Myanmar၊ Getride Myanmar တို့ကလည်း ဟွာဝေး၏ Cloud Service များကို အသုံးပြုနေကြောင်း သိရသည်။

(၄) မန္တလေး မြို့တော် လုံခြုံရေးစီမံကိန်း (Mandalay Safe City Project)

၂၀၁၉ ခုနှစ်၊ မတ်တွင် မန္တလေး နိုင်ငံတကာကုန်စည်နှင့် စီးပွားရေးဖိုရမ်၌ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က စမတ်စီးတီး၏ အစိတ်အပိုင်းဖြစ်သည့် “မြို့တော်လုံခြုံရေး အစီအမံ” အတွက် ဟွာဝေးကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ ထိုအစီအမံမှာ မြို့တော်၏ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးအတွက် အထောက်အကူ ဖြစ်လိမ့်မည်ဟု ဒေါက်တာဇော်မြင့်မောင်က ပြောကြားခဲ့သည်။ ထိုစီမံကိန်းသည် ခန့်မှန်းကုန်ကျငွေ မြန်မာကျပ် ၁ ဒသမ ၉  ဘီလီယံခန့် ကုန်ကျမည်ဟု ခန့်မှန်းထားပြီး ဟွာဝေးမှ Safe City Solution ဟုခေါ်သော စောင့်ကြည့်ကင်မရာများ၊ ထိုကင်မရာများနှင့် ဆက်စပ်သည့် ပစ္စည်းများ၊ ဆော့(ဖ်)ဝဲလ် စသည်များ တပ်ဆင်ခြင်းအပြင် စနစ်တခုလုံး လည်ပတ်နိုင်ရန်အတွက် နည်းပညာ အကူအညီများကို ပေးအပ်သွားမည်ဖြစ်သည်။

မန္တလေးမြို့၏ မြို့နယ် ခြောက်ခုအနက်မှ ရာဇဝတ်မှု မကြာခဏ ဖြစ်ပွားသော မြို့နယ်သုံးခုဖြစ်သည့် မဟာအောင်မြေ၊ ချမ်းမြသာစည်နှင့် ပြည်ကြီးတံခွန်ရှိ လမ်းဆုံတိုင်းတွင် CCTV ကို ပထမဦးဆုံး တပ်ဆင်သွားရန် စီစဉ်ထားသည်။ မန္တလေးတိုင်းဒေသကြီးအစိုးရက ဟွာဝေး၏ Safe City (မြို့ပြလုံခြုံရေး) နည်းပညာသည် မြို့တော်အတွက် ရာဇ၀တ်မှုနှုန်း လျှော့ချရန်၊ ရဲတပ်ဖွဲ့၏ လုပ်ဆောင်ချက်များကို အထောက်အကူပြုရန်နှင့် ပိုမိုလုံခြုံသော ပြည်သူ့ပတ်၀န်းကျင်ကို ဖြစ်စေလိမ့်မည်ဟု ပြောကြားခဲ့သည်။ဟွာဝေးနှင့် မန္တလေးရဲတပ်ဖွဲ့တို့သည် စောင့်ကြည့်ကင်မရာများ တပ်ဆင်မည့် နေရာများကို စစ်တမ်း ကောက်ယူခဲ့သည်။

ထိုစောင့်ကြည့်ကင်မရာများတွင် AI (Artificial Intelligence -ဉာဏ်ရည်တု)နည်းပညာနှင့် မျက်နှာပုံရိပ်ဖမ်း၍ မှတ်သားနိုင်သော နည်းပညာ (Facial Recognition Technology) ပါဝင်ပြီး ပြစ်မှုကျူးလွန်သူများကို အနီးဆုံး ရဲစခန်းသို့ အချက်ပြပေးနိုင်သောစနစ် ပါဝင်သည်။ ထို့ပြင် ဟွာဝေးက တပ်ဆင်ပေးမည့်ခေတ်မီ CCTV စနစ်ကို မန္တလေးစည်ပင်သာယာရေးကော်မတီမှ တည်ဆောက်ထားသော Traffic Control Center (တမြို့လုံး၏ ယာဉ်သွားယာဉ်လာများကို အချိန်နှင့်တပြေးညီ စောင့်ကြည့်သောစနစ်) ထိန်းချုပ်ရေးစင်တာနှင့် ချိတ်ဆက်မည်ဖြစ်သည်။

ဟွာဝေးနှင့် ပူးပေါင်းဆောင်ရွက်ရန် မပြုလုပ်မီ ၂၀၁၈ ခုနှစ်အတွင်း တရုတ်နိုင်ငံရှိ ဟွာဝေးရုံးများသို့ မန္တလေးတိုင်း အစိုးရအဖွဲ့ဝင်များ၊ ရဲချုပ်နှင့် ရဲအရာရှိများ သွားရောက် လေ့လာမှုများ ပြုလုပ်ခဲ့သည်။ ထိုခရီးစဉ်အပြီးတွင် Safe City စီမံကိန်းကို လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်ကြသည်။ မန္တလေးမြို့ လုံခြုံရေးအတွက် ဟွာဝေးနှင့် ပူးပေါင်းဆောင်ရွက်ရန် အဆိုပြုချက်မှာ မန္တလေးတိုင်းရဲတပ်ဖွဲ့မှ တိုင်းအစိုးရထံသို့ တင်ပြခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ၂၀၁၉ ခုနှစ်၊ ဧပြီတွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ရဲချုပ်အောင်ရဲဝင်း၏ တရုတ်ခရီးစဉ်အတွင်း ယူနန်ပြည်နယ် ရဲချုပ်နှင့် တွေ့ဆုံခဲ့သလို ရှန်းကျန့်ရှိ ဟွာဝေး ဌာနချုပ်ကို သွားရောက် လေ့လာခဲ့သည်။ ၎င်း၏ ခရီးစဉ်အတွင်း စမတ်စီးတီးများအဖြစ် အသွင်ပြောင်းလိုသော မြန်မာနိုင်ငံရှိ မြို့များကို ဟွာဝေးက ကူညီနိုင်သည့် နည်းပညာများအကြောင်း အဓိကထား ဆွေးနွေးခဲ့သည်။

စီမံကိန်းနှင့်ပတ်သက်ပြီး မန္တလေးအစိုးရက တင်ဒါခေါ်ဆိုခြင်း မရှိခဲ့ဘဲ ဟွာဝေးကိုသာ တိုက်ရိုက် လုပ်ပိုင်ခွင့်ပေးရန် ဆုံးဖြတ်ခဲ့သည်။ တင်ဒါမခေါ်သည့်ကိစ္စနှင့် ပတ်သက်ပြီး ဝေဖန်သံများကို အစိုးရတင်ဒါ ညွှန်ကြားချက် အမှတ် (၁/၂၀၁၇) အရ စီမံကိန်းတခုသည် အများပြည်သူ အကျိုးစီးပွားအတွက်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏများစွာ ကုန်ကျမည့်စီမံကိန်းများအတွက် တင်ဒါခေါ်ရန် မလိုအပ်ဘဲ အစိုးရက တိုက်ရိုက် လုပ်ပိုင်ခွင့်ချပေးနိုင်သည်ဟူသောအချက်နှင့် ကိုက်ညီသောကြောင့် မန္တလေးတိုင်းဒေသကြီးအစိုးရက တင်ဒါခေါ်ယူမှု မပြုခဲ့ခြင်း ဖြစ်ကြောင်း ပြန်လည်ချေပခဲ့သည်။

ထို့အပြင် ဘေဂျင်းအစိုးရက မန္တလေးရှိ ပြည်သူလူထုများ၏ နေ့စဉ်လှုပ်ရှားမှုများမှသည် ဒေသဆိုင်ရာ အစိုးရ ၏ နေ့စဉ်လှုပ်ရှားမှုများအထိ စောင့်ကြည့်နေမည်လားဆိုသော မေးခွန်းများလည်း ထွက်ပေါ်လာသည်။ အိုင်တီကျွမ်းကျင်သူများကလည်း ဟွာဝေး၏ ပစ္စည်းကိရိယာများသည် နိုင်ငံသားများ၏ အချက်အလက်များကို ရယူရန်နှင့် အစိုးရသူလျှိုများ အသုံးပြုရန်အတွက် “backdoor”များ ပါဝင်နိုင်သည်ဟူသော ဝေဖန်သတိပေးမှုများလည်း ရှိနေသည်။

ဝေဖန်မှုများကြောင့် မန္တလေးတိုင်းဒေသကြီးအစိုးရသည် နည်းပညာပိုင်းဆိုင်ရာ အသေးစိတ် အချက်အလက်များကို ပြန်လည်စိစစ်ခဲ့သည်။ ၂၀၁၉ ခုနှစ်၊ ဇူလိုင်တွင် စာချုပ်မူကြမ်းကို နိုင်ငံတော် သမ္မတရုံးနှင့် ရှေ့နေချုပ်ရုံးထံ ပေးပို့ထားခဲ့သည်။ သမ္မတရုံးက သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ ထိုစာချုပ်မူကြမ်းကို ပေးပို့ပြီး စစ်ဆေးရန် ညွှန်ကြားထားသည်။

သို့ရာတွင် စီမံကိန်းကို ဖျက်သိမ်းခြင်းမပြုသလို အခြားကုမ္ပဏီကိုလည်း ရွေးချယ်ခြင်း မပြုဘဲ ဟွာဝေးကုမ္ပဏီနှင့်သာ ဆက်လုပ်ဆောင်သွားမည်ဟု မန္တလေးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောဆိုထားသည်။ စာချုပ်တွင် အမှားအယွင်းမပါရန် တရုတ်ကုမ္ပဏီမှ သူလျှိုမလုပ်နိုင်ရန် စသည့်အချက်အလက်များကို အသေးစိတ် ပြင်ဆင်ထားသည်ဟု ဆိုသည်။ မန္တလေးတိုင်းဒေသကြီး အစိုးရသည် ဟွာဝေးနှင့် မြို့ပြလုံခြုံရေး  စီမံကိန်းကို ပူးပေါင်းလုပ်ဆောင်ရန်နှင့် စီမံကိန်းတခုလုံးကို ကြီးကြပ်ရန် ဆုံးဖြတ်ချက်ချသည့်အဖွဲ့၊ နည်းပညာဆိုင်ရာ သတ်မှတ်ချက်များကို စီမံခန့်ခွဲရန်နှင့် ပြန်လည်သုံးသပ်ရန် နည်းပညာအဖွဲ့၊ ပစ္စည်းကိရိယာအဖွဲ့၏ အရည်အသွေးနှင့် စံနှုန်းများ၊ စာချုပ်ပါစည်းကမ်းချက်များကို လိုက်နာရန် ကြီးကြပ်ကွပ်ကဲရေး ဥပဒေအဖွဲ့တို့ကို ဖွဲ့စည်းထားသည်။

လက်ရှိအချိန်အထိ မြန်မာနိုင်ငံတွင် ဒစ်ဂျစ်တယ်အချက်အလက်များ ခိုးယူမှုကို ထိန်းချုပ်နိုင်သည့် ဥပဒေမရှိသေးခြင်းကြောင့် အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေးကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆိုရာတွင် စာချုပ်၌ အချက်အလက်ခိုးယူခြင်းနှင့် သူလျှိုလုပ်ခြင်းကို ထိန်းချုပ်ရန် မလွယ်ကူချေ။ ထိုကြောင့် စာချုပ်ကို အတည်ပြုရန် ပြည်ထောင်စုအစိုးရအဖွဲ့တွင် သဘောထား ကွဲလွဲမှုများ ရှိနေသည်။

ထို့အပြင်ဟွာဝေးကို တင်ဒါခေါ်ယူခြင်းမရှိဘဲ လုပ်ကိုင်ခွင့်ပြုခဲ့သည့်အတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ၂၀၁၉ နှစ်လယ်ပိုင်းတွင် စီမံကိန်းအကောင်အထည်မဖော်ရန် ကန့်ကွက်စာ တင်ခဲ့သည်။

ဝေဖန်သံများထွက်ပေါ်လာပြီးနောက်တွင် မန္တလေးတိုင်းဒေသကြီးအစိုးရက ဟွာဝေးကုမ္ပဏီနှင့် လုပ်ဆောင်မည့်စီမံကိန်းနှင့်ပတ်သက်ပြီး ကာလအတန်ကြာ နှုတ်ဆိတ်နေခဲ့သည်။ သို့ရာတွင် ၂၀၂၀ ပြည့်နှစ်၊ မေလအတွင်းတွင် Swiss Challenge (နိုင်ငံတကာတင်ဒါ)ထပ်မံ ခေါ်ယူခဲ့ကာ ဟွာဝေးကိုပင်ထပ်မံ လုပ်ပိုင်ခွင့်ပေးခဲ့ကြောင်း ဒီဇင်ဘာ ၁၁ ရက်တွင် သတင်းမီဒီယာများကို မန္တလေးတိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူက ပြောခဲ့သည်။ ထို Swiss Challenge (နိုင်ငံတကာတင်ဒါ)ခေါ်ယူခြင်းကို အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန် မသိရှိသလို သတင်းမီဒီယာမျာ‌းတွင်လည်း တရားဝင် ထုတ်ဖော်ကြေညာခြင်းမရှိခဲ့ပေ။ မည်သို့ တင်ဒါ ခေါ်ယူခဲ့သည် ဆိုသော အသေးစိတ်များကိုလည်း ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပေ။

၂၀၂၀ခုနှစ် နိုဝင်ဘာတွင် လုပ်ငန်း လုပ်ကိုင်ခွင့်ရရှိခဲ့သည်မှာ မှန်ကန်ကြောင်း ဟွာဝေးမှ ထုတ်ဖော် ပြောဆိုခဲ့သည်။စီမံကိန်းအတွက် လိုအပ်သော စက်ပစ္စည်းများတပ်ဆင်ရန် ACE ကုမ္ပဏီနှင့် ဇာနည် အီလက်ထရောနစ်တို့က ထပ်ဆင့်တင်ဒါရရှိခဲ့သည်။

၂၀၂၁ခုနှစ်မေတွင် မန္တလေးမြို့လုံခြုံရေးစီမံကိန်းအတွက် တပ်ဆင်ရမည့် စောင့်ကြည့်ကင်မရာများနှင့် အခြားဆက်စပ်ပစ္စည်းများကို  ဟွာဝေးကုမ္ပဏီက မန္တလေးတိုင်းစစ်ကောင်စီထံသို့လွှဲပြောင်းပေးခဲ့ကြောင်း မြန်မာနောင်းသတင်းဌာနက ရေးသားထားသည်။ စီမံကိန်းအတွက် ပြည်ပမှ တင်သွင်းသော စက်ကိရိယာ များသည် ဖေဖော်ဝါရီလ ဒုတိယအပတ်တွင် ရောက်ရှိခဲ့သော်လည်း ပြည်တွင်းရေး အခြေအနေများကြောင့်  သုံးလကြာမှသာ သက်ဆိုင်ရာသို့ပစ္စည်းများ လွှဲအပ်ခဲ့သည်ဟု ဆိုသည်။လက်ရှိအချိန်တွင် ထပ်ဆင့်တင်ဒါရရှိခဲ့သော ကုမ္ပဏီများအနေဖြင့် လုံခြုံရေးအခြေအနေအရ မြေပြင်လုပ်ငန်းများစတင်ရန် မလွယ်ကူသေးကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

မူလစာချုပ်တွင် အများပြည်သူများ၏ သတင်းအချက်အလက်များကို တလွဲမသုံးရန်၊ မတရားရယူခြင်း မရှိစေရန် စည်းမျဉ်းစည်းကမ်းများ ထည့်သွင်းထားခဲ့သည် ဟုဆိုသည်။ သို့ရာတွင် လက်ရှိစစ်ကောင်စီ လက်အောက်တွင် စာချုပ်သဘောတူညီချက်များ ပြောင်းလဲသွားပြီး အများပြည်သူ၏သတင်းအချက်အလက်များကို မတရားရယူ အသုံးချမည်ကို မြို့ခံများက စိုးရိမ်နေကြသည်။  အာဏာသိမ်းပြီးနောက် စာချုပ်ထဲတွင် ပါဝင်သော အချက်အလက်များ တစုံတရာ ပြောင်းလဲခြင်း မရှိကြောင်း၊ မည်သည့်နိုင်ငံရေး အပြောင်းအလဲ အောက်မှာဖြစ်စေ စာချုပ်ပါ စည်းမျဉ်းစည်းကမ်းများ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာလုံခြုံရေးအပါအဝင် ၎င်းနှင့်သက်ဆိုင်သော စီးပွားရေးဆိုင်ရာဥပဒေများအား လိုက်နာမည်ဖြစ်ကြောင်း ဟွာဝေးဘက်က တုန့်ပြန်ပြောဆိုထားသည်။

(၅) နေပြည်တော် Safe City စီမံကိန်းနှင့် ဟွာဝေးကုမ္ပဏီ

နေပြည်တော်တွင်လည်း လုံခြုံရေးအတွက် Safe City စီမံကိန်းအကောင်အထည်ဖော်ခဲ့ရာ ဟွာဝေး ကုမ္ပဏီက တိုက်ရိုက်တင်ဒါမရရှိသော်လည်း ဟွာဝေးကုမ္ပဏီထုတ် နည်းပညာ ပစ္စည်းများ၊ CCTV များနှင့် အခြားလုံခြုံရေးဆက်စပ်ပစ္စည်းများကို အများဆုံး အသုံးပြုခဲ့ကြောင်း တွေ့ရှိရသည်။

နေပြည်တော် လုံခြုံရေးအတွက် မြို့နယ် ရှစ်မြို့နယ်တွင် ကျပ်လေးဘီလီယံကျော် အကုန်ကျခံကာ ဉာဏ်ရည်တုနည်းပညာ (AI) သုံး စောင့်ကြည့်ကင်မရာများ (CCTV) ၃၃၅ လုံး တပ်ဆင်ရန်အတွက် ၂၀၁၉ ခုနှစ်အတွင်း နေပြည်တော်ကောင်စီက တင်ဒါခေါ်ယူခဲ့သည်။ ထိုတင်ဒါတွင် ကုမ္ပဏီ ၁၂ ခု ဝင်ရောက်ယှဉ်ပြိုင်ပြီး နေပြည်တော်အခြေစိုက် Linn IT Solution ကုမ္ပဏီက ထိန်းချုပ်စင်တာနှင့် ကွန်ရက်စနစ်တည်ဆောက်ခွင့်၊ နောင်ရိုးနည်းပညာကုမ္ပဏီက ကင်မရာတပ်ဆင်ခြင်းနှင့် ဆက်သွယ်ရေးကြိုးသွယ်တန်းခြင်းလုပ်ငန်းများ လုပ်ကိုင်ခွင့်ရရှိခဲ့သည်။

ကင်မရာများတပ်ဆင်ပြီးနောက် ဒီဇင်ဘာ ၁၄ ရက်တွင် ထိန်းချုပ်စင်တာကိုဖွင့်လှစ်ခဲ့ရာ ထိုစီမံကိန်းတစ်ခုလုံးတွင်သုံးစွဲထားသော နည်းပညာပစ္စည်းများမှာ ဟွာဝေး ကုမ္ပဏီထုတ်ပစ္စည်းများ ဖြစ်ကြောင်းထုတ်ဖော်ပြောဆိုခဲ့သည်။

အခြားတရုတ်ကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ဆောင်မှုများ

(၆) ရန်ကုန်မြို့ မီးပွိုင့်စနစ်၊ ယာဉ်သွားလာမှု ထိန်းချုပ်ရေးစင်တာနှင့် တရုတ်ကုမ္ပဏီ

ရန်ကုန်မြို့ယာဉ်အသွားအလာများကို အချိန်နှင့် တပြေးညီ စောင့်ကြည့်ထိန်းချုပ်မည့်စီမံကိန်းကိုလည်း ဘေဂျင်းအခြေစိုက် တရုတ်ကုမ္ပဏီကြီးနှင့် မြန်မာကုမ္ပဏီက ပူးတွဲလုပ်ကိုင်ခွင့် ရရှိခဲ့သည်။ အဆိုပါ စီမံကိန်းအတွက် ၂၀၁၅ ခုနှစ်၊ ဇူလိုင် ၂၄ ရက်တွင် တင်ဒါခေါ်ယူခဲ့သည်။ တင်ဒါအောင်မြင်မှုကို တရားဝင် ထုတ်ပြန်ကြေညာခြင်းမရှိပဲ နောက်ဆုံးအဆင့်ထိရောက်ရှိသူ လေးဦးကိုသာ ထိုစဉ်က ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖြစ်သူ ဦးမြင့်ဆွေက ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၂၃ ရက်တွင် ကြေညာခဲ့သည်။

အစိုးရအကူးအပြောင်းကာလမရောက်မီ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂ ရက်တွင် Yangon Traffic Control Center ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က Myanmar Shwe Ying ကုမ္ပဏီ၊ China Railway Construction Company (CRCC)တို့နှင့် စီမံကိန်းကို ခြောက်လနှင့်အပြီး လုပ်ဆောင်ရန် စာချုပ်ချုပ်ဆိုခဲ့သည်။

တရုတ်ဦးဆောင်သည့် ထိုစီမံကိန်းသည် ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှုကို ၃၀ ရာခိုင်နှုန်းခန့် ဖြေရှင်း နိုင်ရန်ရည်ရွယ်ပြီး မီးပွိုင့်အသစ်များ တပ်ဆင်ခြင်း၊ ယာဉ်ကြောထိန်းချုပ်ရေးစင်တာ တည်ဆောက်မှု၊ ခေတ်မီ နည်းပညာပါဝင်သော ယာဉ်အသွားအလာစောင့်ကြည့်ကင်မရာများ တပ်ဆင်မှု၊ ဆက်သွယ်ရေး ဖိုင်ဘာကြိုးများ တပ်ဆင်ခြင်း၊ လမ်းအမှတ်အသားပြုပြင်ရေးဆွဲခြင်းများ ပါဝင်သည်။ ယာဉ်ကြော ထိန်းချုပ်စောင့်ကြည့်ရေးစင်တာသည် ယာဉ်အသွားအလာများကို မှတ်သားထားမည့်အပြင်၊ ရန်ကုန်မြို့ရှိ ယာဉ်အသွားအလာများကို တရုတ်နည်းပညာသုံး ဆော့ဝဲလ်များ၊ စောင့်ကြည့်ကင်မရာများ၊ စက်များဖြင့် အချိန်နှင့်တပြေးညီ စောင့်ကြည့်နေမည်ဖြစ်သည်။ လုပ်ငန်းစဉ်အတွင်းတွင် ကင်မရာအလုံး ၆၀၀၊ မီးပွိုင့် ၁၅၄ ခုနှင့် ထိန်းချုပ်ရေးစင်တာတခု ဆောက်လုပ်ရန်ပါဝင်သည်။

သို့သော် လုပ်ငန်းပြီးစီးရန် သတ်မှတ်ထားသည့် ခြောက်လအတွင်း မပြီးစီးဘဲ သုံးနှစ်ခန့် ကြာမြင့်ခဲ့သည်။ ကုမ္ပဏီမှ စီမံကိန်း မပြီးစီးသောကြောင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသို့ တရက်လျှင် ကျပ်တသိန်း ဒဏ်ကြေးပေးဆောင်ခိုင်းခဲ့ကြောင်း ရန်ကုန်တိုင်းအစိုးရက ပြောဆိုခဲ့သည်။ သို့ရာတွင် ရန်ကုန်တိုင်းစာရင်းစစ်ချုပ်၏ ၂၀၁၆-၂၀၁၇ အစီရင်ခံစာအရ ဒဏ်ကြေး ကျပ် ၂၁ သန်း ပေးဆောင်ပြီးနောက် ဆက်လက်ပေးဆောင်ခြင်း မရှိကြောင်း ဖော်ပြထားသည်။ ၂၀၁၉ ခုနှစ်၊ မေအတွင်းက စမ်းသပ်လည်ပတ်ခဲ့ရာ ယာဉ်ကြောကျပ်တည်းမှု ပိုမိုဆိုးရွားလာသည့်အတွက် ရပ်ဆိုင်းခဲ့ရသည်ဟု ယာဉ်ကြောထိန်းချုပ်ရေးဗဟိုဌာနက ပြောကြားခဲ့သည်။ ထို့အပြင် အရည်အသွေးပိုင်းဆိုင်ရာ အားနည်းချက်များကြောင့် အစိုးရက တတိယကြားခံအဖွဲ့အစည်းတခုကို ငှားရမ်းကာ အရည်အသွေးစစ်ဆေးခဲ့ကြောင်း ဖော်ပြထားသည်။ ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်းတွင် စနစ်တခုလုံး စတင်လည်ပတ်နိုင်ခဲ့သော်လည်း သိသိသာသာ ယာဉ်ကြောရှင်းလင်းနိုင်ခြင်းမရှိဟု မှတ်ချက်ချခံထားရသည်။

၂၀၁၉ ခုနှစ်တွင် CRCC နှင့် လုပ်ငန်းခွဲများဖြစ်သော China Railway 23rd Bureau Group Co., Ltd. (CR23)၊ China Railway Construction Corporation (International) Limited (CRCC International) ကို ဂျော်ဂျီယာနိုင်ငံရှိ အရှေ့-အနောက် အဝေးပြေးစင်္ကြံ ဖွံ့ဖြိုးမှုစီမံကိန်း အကောင်အထည်ဖော်ရန် တင်ဒါခေါ်ဆိုရာတွင် မလျော်ကန်သော ကိစ္စများ လုပ်ဆောင်ခဲ့သည်ဟုဆိုကာ ကမ္ဘာ့ဘဏ်က နှစ်နှစ်ကြာ ပိတ်ဆို့မှု ပြုလုပ်ထားသည်။

(၇) နည်းပညာသုံး ကုန်သွယ်ရေးနှင့် ငွေပေးချေမှု

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်နေသော ကုန်သွယ်ရေးကို အီလက်ထရောစနစ် သုံးစွဲပြီး ဈေးကွက်ရှာဖွေပေးရန်နှင့် မူဝါဒချမှတ်ရန် မြန်မာအစိုးရက ကြိုးပမ်းနေသည်။ ကိုဗစ်-၁၉  စီးပွားရေး ထိခိုက်မှု သက်သာရေး စီမံချက် (CERP)တွင်လည်း အီလက်ထရောနစ်ဖြင့် ကူးသန်းရောင်းဝယ်ခြင်း၊ မိုဘိုင်းစနစ်များ သုံးစွဲကာ ဒစ်ဂျစ်တယ် စနစ်ဖြင့် ငွေပေးချေခြင်း ပိုမိုထွန်းကားအောင် လုပ်ဆောင်ရန် ထည့်သွင်းထားသည်။

ထိုအစီအမံအရ ၂၀၂၀ ပြည့်နှစ်၊ မေတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဗဟို အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေး ဝက်ဘ်ဆိုက်တခုကို မိတ်ဆက်သွားမည်ဟု ကြေညာခဲ့သည်။ ထိုဝက်ဆိုက်တွင် မြန်မာနိုင်ငံရှိ လုပ်ငန်းရှင်များ ထုတ်ကုန်ပစ္စည်းများကို အပြန်အလှန် ရောင်းချနိုင်ခြင်းအပြင် ပြည်ပမှ ဝယ်လိုသူများ၊ ရောင်းချလိုသူများနှင့် ချိတ်ဆက်နိုင်မည် ဖြစ်သည်။ ထိုဝက်ဘ်ဆိုက်တွင် ဝယ်ယူရာ၌ မိုဘိုင်း ဘဏ်အကောင့်စနစ်များ၊ ကတ်စနစ်များ၊ အီလက်ထရောနစ် ငွေပေးချေခြင်း စနစ်ဖြင့်သာ သုံးစွဲရန် ခွင့်ပြုသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။ ထို့အပြင် အစိုးရမှ အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ခြင်း ဖွံ့ဖြိုးရေး အစီအမံတခုကိုလည်း ထုတ်ပြန်ရန် ပြင်ဆင်နေသည်။

အစိုးရမှ ထိုသို့ထုတ်ပြန်ပြီး နှစ်လအကြာ ဇူလိုင်လတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး အပါအဝင် တာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီးအစိုးရမှ ဝန်ကြီးချုပ် အပါအဝင် တာဝန်ရှိသူများနှင့် ယူနန်ပြည်နယ် အစိုးရမှ တာဝန်ရှိသူများ၊ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံခြားရေးဌာနမှ တာဝန်ရှိသူများတက်ရောက်သည့် အစည်းအဝေးတခုကို အွန်လိုင်းမှတဆင့် ကျင်းပခဲ့ကြသည်။ အစည်းအဝေးကို အလီဘာဘာ ကုမ္ပဏီမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း အစည်းအဝေးကို ဗီဒီယို အဖွင့်မှာစကား ပေးပို့ခဲ့ပြီး ကိုဗစ်ကာလတွင် မြန်မာအစိုးရက အုပ်ချုပ်ရေးယန္တရားများ ဖွံ့ဖြိုးရေးအတွက် e-government စနစ်ကို ပြောင်းလဲရန် ကြိုးပမ်းနေပြီး ပြည်သူများကိုပေးသည့် ဝန်ဆောင်မှုများကိုလည်း ဒစ်ဂျစ်တယ်မှတဆင့်ပေးရန် ကြိုးစားနေကြောင်း ပြောဆိုခဲ့သည်။ မြန်မာအစိုးရအနေဖြင့် အီလက်ထရောနစ် ဝန်ဆောင်မှုများကို ပြည်သူများထံ ဖြစ်နိုင်သမျှ မြန်မြန်ပေးရန် လိုလားနေပြီး နှစ်နိုင်ငံကြား ကုန်သွယ်ရေးကို အီလက်ထရောစနစ် သုံးစွဲပြီး မြှင့်တင့်ရန် မျှော်မှန်းထားကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သည်။

အစည်းအဝေး၏ အဓိကရည်ရွယ်ချက်မှာ မန္တလေးတိုင်းဒေသကြီးအစိုးရနှင့် ယူနန်ပြည်နယ်တို့ကြား ရပ်ဝန်းလမ်းကြောင်း အစီအမံအောက်တွင် သဘောတူထားသည့် စီမံကိန်းများ အကောင်အထည်ဖော်ရန် တွန်းအားပေးခြင်းဖြစ်သလို ဒစ်ဂျစ်တယ် စီးပွားရေး၊ အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေးတို့ မြှင့်တင့်ရန်လည်း ဆွေးနွေးခဲ့သည်။

ဆွေးနွေးပွဲအပြီးတွင် တရုတ်သံရုံး၏ ထုတ်ပြန်ချက်အရ ယူနန်ပြည်နယ်မှ တာဝန်ရှိသူများက မန္တလေးတိုင်းအတွင်းရှိ စိုက်ပျိုးရေးထွက်ကုန်များ ပို့ကုန်လုပ်ငန်းလုပ်ကိုင်သည့် စီးပွားရေးလုပ်ငန်းရှင်များကို နယ်စပ်ဖြတ်ကျော် အီလက်ထရောနစ်စနစ်ဖြင့် ရောင်းဝယ်ဖောက်ကားနိုင်မည့် သင်တန်းပေးရန်လည်း သဘောတူညီခဲ့သည်။

ထို့အပြင် အီလက်ထရောစနစ် ကူးသန်းရောင်းဝယ်ရေးနှင့် ပတ်သက်သည့် လူ့စွမ်းအားအရင်းအမြစ် မြှင့်တင့်ခြင်းတို့ကိုလည်း ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့သည်။ ထိုပူးပေါင်းဆောင်ရွက်မှုကို ကြည့်ခြင်းအားဖြင့် တရုတ်အစိုးရသည် မြန်မာနိုင်ငံတွင် အစိုးရမှ စတင်ပြီး အကောင်အထည်ဖော်မည့် အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေးတွင် ဦးဆောင်ကဏ္ဍမှ ပါဝင်ရန် ခြေလှမ်းလှမ်းလိုက်ခြင်းပင် ဖြစ်သည်။

တရုတ်၏ DSR ကို အကောင်အထည်ဖော်နေသည့် အကြီးဆုံး ကုမ္ပဏီကြီးဖြစ်သည့် အလီဘာဘာ ကုမ္ပဏီသည်လည်း မြန်မာနိုင်ငံတွင် အွန်လိုင်းရှော့ပင်းကဏ္ဍ၌ ရင်းနှီးမြှုပ်နှံပြီးဖြစ်သလို မကြာသေးခင်က နိုင်ငံအနှံ့အပြား အောက်ခြေလူတန်းစားအထိ လူသုံးအများဆုံးဖြစ်သော ဒစ်ဂျစ်တယ် ငွေကြေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု စတင်လိုက်ပြီ ဖြစ်သည်။

တရုတ်နိုင်ငံ၏ အကြီးဆုံး အွန်လိုင်းရှော့ပင်း ဝန်ဆောင်မှုပေးသော ကုမ္ပဏီကြီးဖြစ်သည့် အလီဘာဘာ ကုမ္ပဏီသည် ၂၀၁၈ ခုနှစ်တွင် မြန်မာ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာနှင့် နီပေါနိုင်ငံများတွင် နာမည်ရထားပြီး အွန်လိုင်းရှော့ပင်းတည်ထောင်ထားသော Daraz Group ကို ဝယ်ယူလိုက်သည်။ ထိုသို့ ဝယ်ယူလိုက်ခြင်းအားဖြင့် မြန်မာနိုင်ငံတွင် shop.com.mm အဖြစ် လူသိများပြီး အများဆုံး အသုံးပြုကြတဲ့ အွန်လိုင်းရှော့ပင်းကို အလီဘာဘာက ထိန်းချုပ်ခွင့် ရရှိထားသည်။

အလီဘာဘာ၏ လုပ်ငန်းခွဲဖြစ်သော Alipay ဖုန်းငွေပေးချေခြင်း ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီ၏ အော်ပရေတာ Ant Financial Services သည်လည်း မြန်မာနိုင်ငံတွင် လူပေါင်း ၂၁ သန်းကျော် သုံးစွဲနေသော ဒစ်ဂျစ်တယ် ငွေကြေး ဝန်ဆောင်မှု Wavemoney တွင် ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း ၂၀၂၀ ပြည့်နှစ်၊ မေက ကြေညာခဲ့သည်။

Wavemoney တွင် အမေရိကန် ဒေါ်လာ ၇၃ ဒသမ ၅ သန်း ထည့်ဝင်ပြီး Alipay သည် ၎င်း၏ နည်းပညာအပြင်၊ ကျွမ်းကျင်သူများ၏ အကူအညီဖြင့် ဈေးကွက်ထဲတွင် လူအများ ပိုမိုသုံးစွဲလာအောင် ကြိုးပမ်းမည်ဟု ထုတ်ပြန်ထားသည်။ Wavemoney သည် မူလက တယ်လီနော ကုမ္ပဏီနှင့် Yoma Strategic Holdingတို့က ဖက်စပ်လုပ်ကိုင်သည် ဖြစ်သော်လည်း Ant Financial Services ဝင်ရောက်ပြီး မကြာခင်မှာပင် တယ်လီနောက ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို ရိုးမကို ရောင်းချလိုက်သည်။ ထိုသဘောတူညီချက်ကြောင့် Wavemoney ရဲ့ ၆၇ ရာခိုင်နှုန်းကို Yoma Strategic က ပိုင်ဆိုင်မည်ဖြစ်ပြီး ကျန်ရှယ်ယာ ၃၃ ရာခိုင်နှုန်းကို Ant Financial Services က ပိုင်ဆိုင်သွားမည် ဖြစ်သည်။

လက်ရှိအချိန်တွင် ဘဏ်လုပ်ငန်းနှင့် စီးပွားရေးလုပ်ငန်းများစွာ ပိုင်ဆိုင်သော ရိုးမသည် အလီဘာဘာ၏နည်းပညာကိုသုံးကာ မြန်မာပြည်တွင်းရှိ ဘဏ်ဝန်ဆောင်မှုသုံးစွဲသူများ၊ အသေးစား စီးပွားရေးလုပ်ငန်းရှင်များကို ချေးငွေထုတ်ပေးမည့် စနစ်ကို စမ်းသပ်နေသည်။ ထိုနည်းပညာဖြင့် သုံးစွဲသူနှင့် စီးပွားရေး အော်ပရေတာများ၏ ချေးငွေသုံးစွဲမှုအပြင် ပုဂ္ဂလိက ငွေပေးချေမှုများ၊ မီးနှင့်ရေ မီတာအဖိုးအခ ပေးချေမှုများကို မိုဘိုင်း အက်ပလီကေးရှင်းကတဆင့် တွက်ချက်စောင့်ကြည့်ပေးနိုင်မည့် စနစ်များ ပါဝင်သည်။ ထိုသုံးစွဲမှု ရမှတ်အပေါ် အခြေခံပြီး Yoma သည် အိမ်ခြံမြေလုပ်ငန်း၊ လက်လီရောင်း/ဝယ်မှု၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် မော်တော်ကားရောင်းဝယ်သည့် လုပ်ငန်းများနှင့် ချေးငွေလျှောက်ထားသူများနှင့် ချိတ်ဆက်ပေးမည် ဖြစ်သည်။

ထို့အပြင် Yoma သည် Wave Money အက်ပလီကေးရှင်း အသုံးပြုသူ ဦးရေကို ၂၀၂၄ ခုနှစ်တွင် ဆယ်ဆခန့်တိုးရန် မျှော်မှန်းထားပြီး နိုင်ငံအတွင်း သုံးစွဲသူ ၁၁ ဒသမ ၂ သန်း သို့မဟုတ် နိုင်ငံလူဦးရေ၏ ငါးပုံတပုံအထိ ရောက်လာမည်ဟု ခန့်မှန်းထားသည်။

အလားတူပင် တရုတ်နိုင်ငံတွင် လူသုံးများသည့် ငွေပေးချေမှုစနစ်တခုဖြစ်သည့် WeChat Pay စနစ်ကို စမ်းသပ်ကာလဖြင့် လက်ခံရန် မြန်မာနိုင်ငံ ဗဟိုဘဏ်က ၂၀၁၉ ခုနှစ်၊ မတ်လ ၂၆ ရက်တွင် ဆုံးဖြတ်ခဲ့သည်။ တရုတ်ခရီးသွားများ အများဆုံး သွားရောက်လည်ပတ်သည့် ရန်ကုန်နှင့် မန္တလေး နေရာအချို့တွင် စတင် အသုံးပြုခွင့် ပေးခဲ့သည်။ WeChat Pay ကိုမြန်မာနိုင်ငံတွင် အသုံးပြုရန် စတင်လျှောက်ထားသော ကုမ္ပဏီမှာ Paypb Company Limited နှင့် QFPay တို့ဖြစ်ပြီး ကမ္ဘောဇဘဏ်နှင့်လည်း ချိတ်ဆက်ထားကြောင်း ထုတ်ပြန်ထားသည်။

၂၀၁၉ ခုနှစ်၊ ဇူလိုင်တွင် စမ်းသပ်ကာလကို သုံးလ ထပ်မံတိုးချဲ့ပေးမည်ဖြစ်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ခဲ့သည်။ သို့ရာတွင် ၂၀၁၉  ဒီဇင်ဘာအတွင်း WeChat ကို အသုံးပြုခွင့်ပေးခြင်းသည်  ဇီးရိုးဘတ်ဂျက်ခရီးသွားများကို အားပေးသလိုဖြစ်ခြင်းကြောင့် ဗဟိုဘဏ်နှင့်ဆွေးနွေးကာ သုံးစွဲခွင့် ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဒုတိယဝန်ကြီး ဦးတင်လတ်က လွှတ်တော်တွင် ပြောကြားခဲ့သည်။

ထိုကအပြင် ၂၀၁၈ ခုနှစ်၊ မတ်တွင် မိုဘိုင်း ငွေပေးချေစနစ် အကောင်အထည်ဖော်ရန် ကြိုးပမ်းနေသည့် ကမ္ဘောဇဘဏ်လီမီတက်နှင့် ဟွာဝေးတို့ကြား ဒစ်ဂျစ်တယ်ငွေကြေးစနစ် တခုအကောင်အထည်ဖော်ရန် သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့သည်။ ထိုသဘောတူညီမှု စာချုပ်ကို ရှန်းကျန့်ရှိ ဟွာဝေးဌာနချုပ်တွင် ပြုလုပ်ခဲ့သော်လည်း ပူးပေါင်းဆောင်ရွက်မှု အသေးစိတ်ကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ချေ။

ထိုအချိန်က ဟွာဝေး၏ မိုဘိုင်းငွေပေးချေမှု စနစ်အတွက် အဓိကဖြစ်သည့် Digital Payment Cloud ကို တရားဝင် မိတ်ဆက်ထားခြင်း မရှိသေးချေ။ ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်တွင် ကုမ္ပဏီက ထိုစနစ်ကို တရားဝင် ကြေညာခဲ့ပြီး ထိုစနစ်ကို KBZpay အကောင်အထည်ဖော်ရာတွင် စမ်းသပ်သုံးစွဲခဲ့ကြောင်း  ထုတ်ပြန်ခဲ့သည်။ လက်ရှိအချိန်တွင် KBZpay ကို မြန်မာနိုင်ငံတွင် လူခြောက်သန်းက မှတ်ပုံတင်ထားကာ အသုံးပြုနေသည်ဟု ကုမ္ပဏီထုတ်ပြန်ချက်အရ သိရှိရသည်။ ထိုစနစ်မှာ ဒစ်ဂျစ်တယ် ငွေပေးခြေစနစ် လုပ်ကိုင်သူများကို ဗဟို ငွေပေးချေမှု စနစ်တခုဖြစ်လာမည့် ဒစ်ဂျစ်တယ် အက်ပလီကေးရှင်းတခု တည်ဆောက်ရန် နည်းပညာများ ကူညီပေးခြင်း ဖြစ်သည်။

(၈) ရန်ကုန် ဘတ်စ်ကား ငွေပေးချေစနစ်နှင့် တရုတ်နည်းပညာ

ရန်ကုန်မြို့၊ ဘတ်စ်ကားများတွင် တပ်ဆင်ထားသည့် အီလက်ထရောနစ် စနစ်သုံး ငွေပေးချေစက် များတွင်လည်း တရုတ်နည်းပညာများ သုံးစွဲထားခြင်း ဖြစ်သည်။ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက့်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရက ရန်ကုန်ဘတ်စ်ကားစနစ်(YBS)ရှိ ခရီးသည်တင်ယာဉ်များကို အီလက်ထရောနစ် ငွေပေးကတ်စနစ်များအဖြစ် ပြောင်းလဲရန်အတွက် တင်ဒါ ခေါ်ယူခဲ့သည်။

ထိုနှစ် ဇွန် ၁၃ ရက်တွင် တင်ဒါအောင်မြင်သည့် စာရင်းကို ကြေငြာခဲ့ရာ Asia Starmar Transport Intelligent ကုမ္ပဏီက တင်ဒါ အောင်မြင်ခဲ့သည်။ ထိုကုမ္ပဏီက အီလက်ထရောနစ်စနစ်သုံး ငွေပေးချေစက်များကို Chongqing မှ တင်သွင်းခဲ့ကြောင်း တရုတ်မီဒီယာများက ဖော်ပြထားသည်။

၎င်းကတ်များကို နီးစပ်ရာ စတိုးဆိုင်များတွင် အလွယ်တကူ ဝယ်ယူနိုင်ကြောင်း ကြေညာထားသည်။ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA)၏ ကုမ္ပဏီ မှတ်ပုံတင် စာရင်းအရ ၎င်းကုမ္ပဏီမှာ ၂၀၁၇ ခုနှစ်တွင် မှတ်ပုံတင်ခဲ့သည်ဟု တွေ့ရှိရသည်။

ကုမ္ပဏီ၏ ဒါရိုက်တာများအဖြစ် တရုတ်နိုင်ငံသား သုံးဦး ပါဝင်သည်ကို တွေ့ရှိရပြီး ၎င်းကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာမှာ Yunnan Zhongyun Information Technology (China) and Starmar Pte Ltd (Singapore)၏ ဥက္ကဋ္ဌ အဖြစ်လည်း တွဲဖက် ထမ်းဆောင်နေသူ ဖြစ်သည်။

ကုမ္ပဏီ၏ မှတ်တမ်းအရ အဆိုပါပုဂ္ဂိုလ်မှာ ယူနန်တက္ကသိုလ်နှင့် Chongqing တို့တွင် ဘွဲ့ရရှိခဲ့ကြောင်း ဖော်ပြထားသည်။

(၉) ICT နည်းပညာဖွံ့ဖြိုးရေးကဏ္ဍတွင်ပါဝင်လာမှုများ

ဟွာဝေးကုမ္ပဏီသည် မြန်မာအစိုးရ၏ ဆက်သွယ်ရေး၊ နည်းပညာဆိုင်ရာ စီမံကိန်းများ၊ ပညာရေးနှင့် ပတ်သက်သော စီမံကိန်းများတွင် ၂၀၁၄ ခုနှစ်ကတည်းက စတင်ပါဝင်ခဲ့သည်။ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာတွင် ဟွာဝေးကုမ္ပဏီနှင့် မြန်မာပါမောက္ခချုပ်များကော်မတီက ပညာရေးဝန်ကြီးဌာန၏ စီမံခန့်ခွဲမှုဖြင့် လုပ်ဆောင်မည့် အိုင်စီတီနည်းပညာဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့သည်။

ထိုအစီအစဉ်တွင် အိုင်စီတီနည်းပညာ ဖွံ့ဖြိုးရေးအတွက်သင်တန်းများ၊ အနာဂတ်အတွက် မျိုးစေ့များ (Seeds for the Future) အစီအစဉ်နှင့် ဟွာဝေး Authorized Information and Network Academy တည်ထောင်ခြင်း၊ အိုင်စီတီနည်းပညာနှင့် ပတ်သက်ပြီး ကျွမ်းကျင်သည့် တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားများကို ပညာသင်ထူးချွန်ဆုများ ပေးအပ်ခြင်း၊ ပွဲများကို ဟွာဝေး၏ အထောက်အပံ့နှင့် ပြုလုပ်ခြင်း၊ သိပ္ပံနှင့် နည်းပညာ၊ အိုင်တီနည်းပညာနှင့် ပတ်သက်သော သုတေသန လုပ်ငန်းများကို ဟွာဝေးက နည်းပညာအရ အကူအညီပေးခြင်းတို့ ပါဝင်သည်။ ၂၀၁၄ ခုနှစ်တွင်လည်း အလားတူ သဘောတူညီချက်တခု ရေးထိုးခဲ့ပြီး ဟွာဝေးက အိုင်စီတီကျွမ်းကျင်သူ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ ၁,၅၀၀ ခန့်ကို လေ့ကျင့်ပေးခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။

၂၀၁၉ ခုနှစ်၊ ဧပြီတွင် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်နှင့် ဟွာဝေးကုမ္ပဏီတို့ကြား နှစ်နှစ်တာသက်တမ်းရှိ နားလည်မှုစာချွန်လွှာ (MoU)ကို လက်မှတ်ရေးထိုးခဲ့သည်။ ထိုသဘောတူညီချက်အရ ဟွာဝေးနှင့် မြန်မာအင်ဂျင်နီယာအသင်းချုပ် (Fed.MES)တို့ ပူးပေါင်းပြီး လူငယ်မျိုးဆက်သစ် အင်ဂျင်နီယာများ၏ အရည်အသွေးမြှင့်တင်ခြင်းဆောင်ရွက်ရန်၊ Indoor Coverage (5G ကွန်ရက်နှင့် ဆက်စပ်နေသော ဝန်ဆောင်မှုများ)နှင့် FTTH စံချိန်စံညွှန်းများ (အင်တာနက်ကွန်ရက်၊ ဖိုင်ဘာကွန်ရက်) ဖွံ့ဖြိုးတိုးတက်မှုများအတွက် လုပ်ဆောင်ရန် သဘောတူညီခဲ့သည်။

Fed. MES သည် တနိုင်ငံလုံးရှိ အင်ဂျင်နီများကို လွှမ်းခြုံဖွဲ့စည်းထားသော အဖွဲ့အစည်း ဖြစ်သောကြောင့် ထိုခြေလှမ်းမှာ ဟွာဝေးအတွက် အဓိကျသော သဘောတူညီချက် ဖြစ်သည်။ Fed. MES သည် မြန်မာအင်ဂျင်နီယာများအတွက် လေ့ကျင့်ရေးသင်တန်းများနှင့် အထောက်အပံ့များ ပေးနေသည့်အပြင် တက္ကသိုလ်များနှင့် အလုပ်သင် အစီအစဉ်များအတွက်လည်း ပူးပေါင်းဆောင်ရွက်နေသည်။

ထိုသဘောတူညီချက်အရ Fed. MES နှင့် ဟွာဝေးကုမ္ပဏီသည် အစိုးရ၊ ဆက်သွယ်ရေး အော်ပရေတာများ၊ အိမ်ခြံမြေ လုပ်ငန်းလုပ်ကိုင်သူများ၊ စက်မှုလုပ်ငန်း လေ့လာဆန်းစစ်သည့် ကုမ္ပဏီများနှင့် အခြားသြဇာရှိသည့် အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး မြန်မာနိုင်ငံအတွင်း Indoor Digital Transformation ကို အကောင်အထည်ဖော်ရန် ဖြစ်သည်။

နားလည်မှုစာချွန်လွှာအရ နှစ်နိုင်ငံအတွင်း၌ ရေရှည်လွှမ်းခြုံမှုနှင့် ပတ်သက်သည့် ဒစ်ဂျစ်တယ် ထိပ်သီးအစည်းအဝေး (Long-term Indoor Coverage Digitalization)နှင့် အခြားဆက်စပ်နေသော လှုပ်ရှားမှုများအား အတူတကွ ကျင်းပရန် သဘောတူထားသည်။ ထို့အပြင် Indoor Digital Coverage နှင့် FTTH စံချိန်စံညွှန်းများ မြှင့်တင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အထူးသဖြင့် Cloud၊ e-learning၊ အသိအမှတ်ပြု လက်မှတ်နှင့် အလုပ်သင် အစီအစဉ်များ ပူးပေါင်းရန် သဘောတူညီထားသည်။

၂၀၁၉ ခုနှစ် မေတွင် ပိတ်ဆို့မှုကြောင့် အမေရိကန်နှင့် ဟွာဝေးကုမ္ပဏီကြား အငြင်းပွားနေချိန်တွင် Myanmar Indoor Coverage Digitalization Summit ကို ကျင်းပခဲ့သည်။ ထိုပွဲကို အင်ဂျင်နီယာအသင်းနှင့် ဟွာဝေးတို့က ဦးဆောင်ကျင်းပခဲ့ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက အရာရှိများ တက်ရောက်ခဲ့သည်။ ထိုပွဲတွင် ဟွာဝေးကုမ္ပဏီသည် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးနည်းပညာအတွက် စိတ်ချယုံကြည်ရသော နည်းပညာများကို ဖလှယ်ပေးနေသောကြောင့် ဟွာဝေးနှင့် ဆက်လက် လက်တွဲလုပ်ဆောင်သွားမည်ဟု ဆက်သွယ်ရေးဝန်ကြီးဌာနက ကတိပြုခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ကွန်ရက် တည်ဆောက်ရာတွင်လည်း ဟွာဝေး အကူအညီရယူသွားမည်ဟု ပြောဆိုခဲ့သည်။

ဝိရောဓိများ

DSR သည် ကုန်သွယ်ရေးကဏ္ဍတွင် တရုတ်နိုင်ငံက ထုတ်လုပ်ထားသော နည်းပညာများကို သုံးစွဲခြင်းဖြင့် မြန်မာနိုင်ငံအတွက် ဒစ်ဂျစ်တယ် အသွင်ပြောင်း ထွန်းသစ်စစီးပွားရေးများကို ပံ့ပိုးပေးနိုင်သည့် အားသာချက် ရှိသည်။

သို့ရာတွင် DSR သည် ဒစ်ဂျစ်တယ် အချုပ်အခြာအာဏာအပေါ် တရုတ်သြဇာ လွှမ်းမိုးမှုအတွက် ရည်ရွယ်ထားသောကြောင့် လက်ခံထားကြသော ရပ်ဝန်းလမ်းကြောင်းအဖွဲ့ဝင်နိုင်ငံများအတွက် ဒစ်ဂျစ်တယ် အချုပ်အခြာအာဏာအပေါ်တွင် စိန်ခေါ်မှုအပြင် ရေရှည်တွင် စီးပွားရေး၊ သတင်းအချက်အလက် လုံခြုံရေးနှင့် ကျင့်ဝတ်ဆိုင်ရာ ပြဿနာများ ကြုံတွေ့နိုင်သည်ဟု နိုင်ငံတကာ အစီရင်ခံစာများက သုံးသပ်ထားသည်။

တရုတ် မိုဘိုင်းအီလက်ထရောနစ် ငွေပေးချေစနစ်များ တိုးချဲ့ခြင်းအပြင် ဒစ်ဂျစ်တယ် ပိုးလမ်းမကြီးတလျှောက် တရုတ်နိုင်ငံမှ တည်ဆောက်ထားသော အိုင်စီတီကွန်ရက်များနှင့် နည်းပညာများသည် တရုတ်နိုင်ငံ၏ ငွေကြေးသုံးစွဲမှုနှင့် ၎င်း၏ ကုမ္ပဏီများက ထုတ်လုပ်ထားသည့် နည်းပညာများကို လက်ဝေခံ နိုင်ငံများက  မဖြစ်မနေ ရွေးချယ်ရမည့် စနစ်တခုကို ဖန်တီးနေသည်ဟု ထိုအစီရင်ခံစာများက စွပ်စွဲထားသည်။

မြန်မာနိုင်ငံသည် လက်ရှိအချိန်တွင် ဒစ်ဂျစ်တယ် လုံခြုံရေး၊ အင်တာနက်လုံခြုံရေး၊ သတင်း အချက်အလက် လုံခြုံရေးနှင့် ပတ်သက်ပြီး ထိထိရောက်ရောက် ကိုင်တွယ်နိုင်သော ဥပဒေများ၊ ညွှန်ကြားချက်များ မရှိသေးချေ။ ထို့အပြင် အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေးနှင့် ပတ်သက်သော ဥပဒေများ၊ ညွှန်ကြားချက်များ၊ ဒစ်ဂျစ်တယ်ငွေကြေးနှင့် ပတ်သက်၍ တိကျသော ဥပဒေများ မပြဌာန်းနိုင်သေးသောကြောင့် ပြည်ပနိုင်ငံများနှင့် လက်တွဲလုပ်ဆောင်ရာတွင် နိုင်ငံ၏ ဒစ်ဂျစ်တယ် အချုပ် အခြာအာဏာအပေါ် ထိခိုက်မှု၊ ပုဂ္ဂလိက သတင်းအချက်လက်၊ စီးပွားရေးဆိုင်ရာ သတင်းအချက်အလက် စသည်တို့ ယိုစီးနိုင်ချေနှင့် လုံခြုံရေးဆိုင်ရာ ပြဿနာများ ကြုံတွေ့ရနိုင်ကြောင်း ပညာရှင်များက သတိပေးထားသည်။

စီမံကိန်း အခြေအနေများကို ၂၀၂၁ခုနှစ် ဇူလိုင် ( ၉ ) ရက်နေ့တွင်ထပ်မံဖြည့်စွက်ထားပါသည်။

Reference:

The Digital Silk Road: Expanding China’s digital footprint

Will China Control the Global Internet Via its Digital Silk Road?

Unpacking China’s Digital Silk Road

Myanmar, China to Promote Cross-Border e-Commerce Systems

Huawei to Supply Mandalay’s ‘Safe City’ Project with Cameras, Security Equipment

Amid Int’l Espionage Concerns, Mandalay to Embrace Huawei for ‘Safe City’ Project

Spurned by the West, Embraced by Myanmar

Myanmar to use Huawei in telecoms sector

KBZ Bank, Huawei jointly offer greater financial access to all

Mandalay project with telco under review, says chief minister

China, Myanmar sign MoU on ICT talent development program

CCTV Contract with Huawei Will Guard Against Spying: Mandalay Chief Minister

Huawei and Federation of Myanmar Engineering Societies sign 2-year MoU for ICT cooperation

Summit on indoor coverage digitalization held in Myanmar

Huawei launches digital payment cloud solution

In Myanmar, Huawei has cooperated with KBZ Bank to launch KBZPay and, within 18 months, successfully grew the service to 6 million registered users, > 1000 partners, and > 290,000 merchants. KBZPay’s transaction value has reached more than $7 billion!

Huawei Launches New Digital Payment Cloud Solution

ကမ္ဘောဇဘဏ် ထုတ်ပြန်ချက်

Huawei Launches Digital Payment Cloud Solution

Myanmar conglomerate to offer loans online using Alibaba tech

Alibaba secures foothold in Myanmar market, growth in e-commerce expected

Myanmar’s Yoma Strategic to Buy Majority Stake in Wave Money From Telenor

Operator of China’s Alipay to Invest Over US$73 Million in Myanmar’s Wave Money

Govt commits to developing secure ecosystem for e-commerce in Myanmar

CBM extends WeChat pay pilot phase by three months

CBM Suspends Acceptance of Mobile Payments from ‘Zero-Budget’ Tourists

Negotiations on to ensure Alipay, WeChat use CBM payment gateway

缅甸每日读报：缅甸公交卡支付系统采用中国技术

Asia Starmar Transport Intelligent Co. Ltd.

Company Profile of Asia Starmar (DICA)

Yangon Payment System launched

The post တရုတ် ဒစ်ဂျစ်တယ် ပိုးလမ်းမစီမံကိန်းနှင့် မြန်မာနိုင်ငံ appeared first on ISP Myanmar China Desk.

တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း
၁။ စီမံကိန်းအကျဉ်းချုပ်

တရုတ်- မြန်မာနှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းသည် မြန်မာနိုင်ငံ၏ ရခိုင်ပြည်နယ် အနောက်ဘက်ကမ်းရိုးတန်းမှ အရှေ့မြောက် ရှမ်းပြည်နယ်ကတဆင့် တရုတ်နိုင်ငံ၏ အနောက်ဘက်ပြည်နယ်များအထိ ဆက်သွယ်ထားသော စီမံကိန်းကြီးဖြစ်သည်။

၎င်းပိုက်လိုင်းနှစ်သွယ်စီမံကိန်းသည် ရေနံပိုက်လိုင်းနှင့် ဓာတ်ငွေ့ပိုက်လိုင်းတို့ပါဝင်ပြီး မြန်မာနိုင်ငံအတွင်း စုစုပေါင်း ကီလိုမီတာ ၈၀၀(မိုင် ၅၀၀) နီးပါး ရှည်လျားသည်။ ရခိုင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်း ၂၂ မြို့နယ်ကို ဖြတ်သန်း သွားသည်။ ပိုက်လိုင်းနှစ်ခုအတွက်  စုစုပေါင်းကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၄၅ ဘီလီယံကျော်ဖြစ်သည်။

က။ ရေနံပိုက်လိုင်း

ရေနံပိုက်လိုင်းစီမံကိန်းမှာ မြန်မာအစိုးရပိုင် ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် တရုတ်အစိုးရပိုင် တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်းတို့အကြား နှစ်ဦးသဘောတူ အကောင်အထည်ဖော်သည့် စီမံကိန်းဖြစ်သည်။ ပိုက်လိုင်းအတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံကျော် ကုန်ကျပြီး တစ်နှစ်လျှင် ရေနံတန်ချိန် ၂၂ သန်း တင်ပို့ရန် မျှော်လင့်ထားသည်။ ပိုက်လိုင်းသည် ၇၇၁ ကီလိုမီတာ(မိုင် ၄၈၀) ရှည်လျားပြီး လက်ရှိတွင် နေ့စဉ် ရေနံစိမ်းတန်ချိန် တစ်သောင်းခြောက်ထောင်ကို တင်ပို့လျက်ရှိသည်။ ရွှေဂတ်စ်လှုပ်ရှားမှုအဖွဲ့(Shwe Gas)၏အဆိုအရ အမ်း၊ ကျောက်ဆည်နှင့် သီပေါတို့တွင် ရုံခွဲသုံးရုံ ထားရှိသည်။(အစိုးရ၏အချက်အလက်များအရ ကျောက်ဖြူ၊ မကွေး၊ မန္တလေးနှင့် သီပေါမြို့တွင် ရုံခွဲငါးခုရှိသည်။ အချက်အလက်ကို ပြန်လည်အတည်ပြုရန် လိုအပ်နေပါသေးသည်။)

ခ။ ဓာတ်ငွေ့ပိုက်လိုင်း

သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းမှာ မြန်မာနှင့် တရုတ်အပါအဝင် ကိုရီးယားနှင့် အိန္ဒိယတို့ဖြင့် လေးနိုင်ငံ ပူးပေါင်းအကောင်အထည်ဖော်သည့်စီမံကိန်းဖြစ်သည်။ ပိုက်လိုင်းအတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၄ ဘီလီယံနီးပါး ကုန်ကျခဲ့ပြီး မြန်မာနိုင်ငံအတွင်းတွင် ကျောက်ဖြူ၊ ရေနံချောင်း၊ တောင်သာနှင့် မန္တလေးတို့တွင် ရုံခွဲ(ခွဲဝေရေးစခန်း)များထားရှိကာ ၇၉၃ ကီလိုမီတာ(မိုင် ၅၀၀ နီးပါး)ရှည်လျားသည်။ နှစ်စဉ်  ဓာတ်ငွေ့ပမာဏ ကုဗမီတာ ၁၂ ဘီလီယံ တင်ပို့ရန်  မျှော်မှန်းထားသည်။ နေ့စဉ် သဘာဝဓာတ်ငွေ့ကုဗပ သန်း ၄၀၀ ကို ပို့လွှတ်လျက်ရှိသည်။

ထိုစီမံကိန်းများအတွက် မြန်မာအစိုးရ၏ စုစုပေါင်းနှစ်စဉ်ဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံရှိမည်ဟု ကုမ္ပဏီက ထုတ်ဖော်ပြောဆိုထားသော်လည်း အမှန်တကယ်တွင် မည်မျှအကျိုးအမြတ်ရနေသည်ဆိုသည်ကို မသိရသေးပါ။ ပိုက်လိုင်းစီမံကိန်းများအတွက် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းအနေနှင့် တရုတ်နိုင်ငံ China Development Bank ထံမှ ချေးငွေ ယူရို ၈၆ ဒသမ ၁၆ သန်းကို ၂၀၁၀ ပြည့်နှစ်က ချေးယူခဲ့သည်။ ချေးယူငွေများအနက် အတိုးအရင်းပေါင်း ယူရိုငွေ ၁၀၃ ဒသမ ၆၄ သန်းကို ပြန်လည်ပေးဆပ်ရန် ကျန်ရှိနေဆဲဖြစ်သည်။ လက်ရှိအချိန်သည် ပြန်လည်ပေးဆပ်နေဆဲကာလဖြစ်ပြီး အကျိုးအမြတ်အနေဖြင့် မရရှိသေးကြောင်း  လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ၂၀၁၇ ခုနှစ်၊ ဇွန်လကကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြောဆိုခဲ့သည်။

မြန်မာအစိုးရသည် စီမံကိန်းအတွက် နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၈၁ သန်း(right-of-way payments)  ကိုရရှိမည်ဖြစ်သည့်အပြင် ရေနံစိမ်းတစ်တန်အတွက် အမေရိကန်တစ်ဒေါ်လာကို ဖြတ်သန်းခအဖြစ် ရရှိမည်ဖြစ်သည်။

ထို့အပြင် နှစ်စဉ် ရေနံတန် ၂ သန်းနှင့် သဘာဝဓာတ်ငွေ့  ၂ ဘီလီယံကုဗမီတာကို တဆင့်ခံဝယ်ယူ နိုင်ရန် သဘောတူထားသည်။ လက်ရှိအချိန်ထိ မြန်မာအစိုးရက ထိုရေနံနှင့်သဘာဝဓာတ်ငွေ့ စီမံကိန်းမှ ပမာဏမည်မျှ ဝယ်ယူသုံးစွဲနေသည်ကို တရားဝင်ထုတ်ဖော်ပြောဆိုထားခြင်းမရှိပါ။

လက်ရှိတွင် တရုတ်နိုင်ငံသို့ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းနှစ်ခုမှ နေ့စဉ် သဘာဝဓာတ်ငွေ့ကုဗပေ သန်း ၄၀၀ ခန့်နှင့် ရေနံတန်ချိန် ၁၆၀၀၀ တင်ပို့လျက်ရှိပြီး မြန်မာနိုင်ငံအတွက်မူ သဘာဝဓာတ်ငွေ့ကုဗပေ သန်း ၁၀၀ ဝန်းကျင်ကို နေ့စဉ်သုံးစွဲလျက်ရှိသည်။

တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်းက ၂၀၁၉ ခုနှစ်၊ ဇူလိုင်လတွင် ထုတ်ပြန်ချက်အရ  လက်ရှိအချိန်ထိ တရုတ်-မြန်မာ ရေနံပိုက်လိုင်းမှ တရုတ်နိုင်ငံသို့ ရေနံတန်ပေါင်း ၁၉ သန်းကျော်နှင့်  သဘာဝဓာတ်ငွေ့ ကုဗမီတာ ၂၀ ဘီလီယံကျော် တင်ပို့ပြီးကြောင်းသိရသည်။ ၂၀၁၉ ခုနှစ်၊ ပထမခြောက်လတွင် တရုတ်-မြန်မာရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ တရုတ်နိုင်ငံသို့ ရေနံတန်ပေါင်း ၅ သန်းကျော် တင်ပို့ခဲ့ပြီး  ၂၀၁၈ ခုနှစ်၊ ပထမခြောက်လနှင့်နှိုင်းယှဉ်လျှင် ၂ ဒသမ ၇ ရာခိုင်နှုန်း တတ်လာကြောင်း ယူနန်ပြည်နယ်ရှိ ကူမင်းမြို့၏ အကောက်ခွန်ဌာနမှ ထုတ်ပြန်ထားသည်။

၂၀၁၉ ခုနှစ်၊ ပထမခြောက်လအတွင်း တရုတ်-မြန်မာ သဘာဓာတ်ငွေ့ပိုက်လိုင်းမှ သဘာဝဓာတ်ငွေ့ တန်သန်းပေါင်း ၁ ဒသမ ၆၈ တန် တင်ပို့ခဲ့ပြီး စုစုပေါင်းတန်ဖိုးမှာ တရုတ်ယွမ် ၅ ဒသမ ၈၉  ဘီလီယံ တန်ဖိုးရှိသည်။ ၂၀၁၈ခုနှစ်၊ ပထမခြောက်လပတ်နှင့်နှိုင်းယှဉ်လျှင် သဘာဝဓာတ်ငွေ့တင်ပို့မှုမှာ ၂ ဒသမ ၃ ရာခိုင်နူန်း ကျဆင်းခဲ့ကြောင်းသိရသည်။

မြန်မာနိုင်ငံသည် နိုင်ငံဖြတ်ကျော်ပိုက်လိုင်းတည်ဆောက်၍ သဘာဝဓာတ်ငွေ့တင်ပို့မှုကို ၁၉၉၈ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချခဲ့မှုဖြင့် ပထမဆုံးစတင်ခဲ့ခြင်း ဖြစ်သည်။ ယခု တရုတ်-မြန်မာပိုက်လိုင်းစီမံကိန်းမှာ ဒုတိယမြောက်ဖြစ်သည်။

ဂ။ တရုတ်နိုင်ငံ၏ မဟာဗျူဟာစဉ်းစားချက်

ပိုက်လိုင်းစီမံကိန်းသည်  တရုတ်နိုင်ငံ၏ စွမ်းအင်ဆာလောင်မှုကို ဖြည့်တင်းပေးနေသော ဒေသတွင်းရှိ မဟာဗျုဟာမြောက် စီမံကိန်းလေးခုအနက်မှ တစ်ခုဖြစ်သည်။ ကျန်သုံးခုမှာ ရုရှား-တရုတ် ရေနံပိုက်လိုင်း၊ အာရှအလယ်ပိုင်း သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ မလက္ကာရေလက်ကြားရှိ ပင်လယ်ဖြတ်သန်းထားသည့် ဓာတ်ငွေ့ပိုက်လိုင်းတို့ ဖြစ်သည်။

တရုတ်နှင့် မြန်မာ နှစ်နိုင်ငံအတွင်း စုစုပေါင်း ကီလိုမီတာ ၂၅၂၀(မိုင် ၁၅၀၀ ကျော်) ရှည်လျားသော အဆိုပါပိုက်လိုင်းများစီမံကိန်းသည် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးမှုအနောက်ကျဆုံးဖြစ်သည့် အနောက်တောင်ဘက်ဒေသ၏ စွမ်းအင်လိုအပ်ချက်များကို ဖြည့်ဆည်းပေးသည်။

ထိုပိုက်လိုင်းစီမံကိန်းကြောင့် တရုတ်နိုင်ငံသည် ကျောက်မီးသွေးသုံးစွဲနေရမှုကို လျှော့ချနိုင်မည်ဖြစ်ပြီး ခန့်မှန်းခြေ နှစ်စဉ် တန်ချိန်  ၃၀ ဒသမ ၇၂ သန်းကို လျော့ကျစေလိမ့်မည်။ ထို့အပြင် တရုတ်နိုင်ငံအတွက် အရှေ့အလယ်ပိုင်းမှ ရေနံတင်ပို့ရာတွင် သယ်ဆောင်ရာခရီးလမ်းအရှည်ကို လျှော့ကျစေမည်ဖြစ်သလို အန္တရာယ်များသော မလက္ကာရေလက်ကြားနှင့် ပိုင်ဆိုင်မှုအငြင်းပွားလျက်ရှိသော တောင်တရုတ်ပင်လယ်ပြင် လမ်းကြောင်းများကိုလည်း ရှောင်လွှဲနိုင်မည်ဖြစ်သည်။

ပိုက်လိုင်းစီမံကိန်းများအတွက် တပ်မတော်အစိုးရလက်ထက် ၂၀၀၄ ခုနှစ်အစောပိုင်းတွင် ယူနန်တက္ကသိုလ်၊ နိုင်ငံတကာဆက်ဆံရေးဌာနမှ ပါမောက္ခသုံးဦး (Li Chenyang, Qu Jianwen နှင့် Wu Lei) တို့က ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ယူနန်ပြည်နယ်၊ ကူမင်းမြို့အထိ ပိုက်လိုင်းများချိတ်ဆက်ရန် ဖြစ်နိုင်ချေ ရှိ၊ မရှိကို စတင်သုတေသနပြုလုပ်ခဲ့သည်။

ယူနန်ပြည်နယ်အစိုးရမှတဆင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အတိုင်ပင်ခံရုံးကို ၎င်းတို့၏တွေ့ရှိချက်အား တင်ပြခဲ့သည်။ ၎င်းပါမောက္ခသုံးဦးတို့၏ တင်ပြချက်တွင် တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို တည်ဆောက်ခြင်းနှင့်ပတ်သက်၍ အချက်ငါးချက်ပါဝင်သည်။

(၁) ကမ္ဘာတွင် ရေကြောင်းလမ်း အကျပ်ဆုံးနှင့် ကုန်စည်သင်္ဘောများ မကြာခဏနစ်မြုပ်မှုကြောင့် အန္တရာယ်များသော မလက္ကာရေလက်ကြားကို ရှောင်ဖယ်နိုင်ခြင်း၊

(၂) ပိုက်လိုင်း၏အရှည်မှာ အများဆုံး ကီလိုမီတာ ၁၂၀၀(မိုင် ၇၅၀)ခန့်သာရှိနိုင်ပြီး မလက္ကာရေလက်ကြားကတဆင့် ကွမ်ကျိုးကိုဖြတ်၍ တရုတ်နိုင်ငံ၊ အနောက်တောင်ဘက်ခြမ်းသို့ ရေနံတင်ပို့ရသည့်လမ်းကြောင်းထက် တိုတောင်းခြင်း၊

(၃) ပိုက်လိုင်းတည်ဆောက်မှုအပေါ် ငွေကြေးသုံးစွဲခြင်းသည် မြန်မာနိုင်ငံအပေါ် အခြားနိုင်ငံ၏လွှမ်းမိုးမှုကို ကန့်သတ်နိုင်ပြီး (ပိုက်လိုင်းသည် မြန်မာနိုငံကို ထက်ခြမ်းပိုင်းလိုက်သကဲ့သို့ အနောက်ဘက်မှ အရှေ့မြောက်ဘက်သို့ သွယ်တန်းမည်ဖြစ်သည်။) မြန်မာနိုင်ငံကို တရုတ်နိုင်ငံ၏မဟာဗျူဟာကျသည့် ကြားခံနိုင်ငံတစ်နိုင်ငံအဖြစ်သို့ ပြောင်းလဲပစ်နိုင်ခြင်း၊

(၄) သမိုင်းကြောင်းနှင့် ဆက်ဆံရေးအနေအထားအရ နှစ်နိုင်ငံကြားရှိ အခြေအနေများကိုသုံးသပ်ကြည့်လျင် ပိုက်လိုင်းလုံခြုံရေးကို အာမခံပေးနိုင်ခြင်း၊

(၅) စစ်တွေနှင့် ကူမင်းအကြား ကီလိုမီတာ ၅၀၀ ခန့်(မိုင် ၃၀၀ ကျော်) ရှည်လျားသော ရထားလမ်းကိုတည်ဆောက်ရန် သဘောတူထားပြီးဖြစ်သောကြောင့် မြန်မာနိုင်ငံအတွင်း ဆောက်လုပ်မည့် ပိုက်လိုင်းကုန်ကျစရိတ်သည် အခြားဖြစ်နိုင်ချေနည်းလမ်းများထက် ကုန်ကျစရိတ်ပိုမိုသက်သာနိုင်ခြင်း

တို့ဖြစ်သည်။

၂။ စီမံကိန်းဖြစ်စဉ်

ယူနန်တက္ကသိုလ်၊ ပါမောက္ခသုံးဦး၏အစီရင်ခံစာသည် တရုတ်ကွန်မြူနစ်ပါတီ၏ အလေးထားမှုကိုခံရပြီး ပိုက်လိုင်းအတွက်ဖြစ်နိုင်ခြေကို ဆန်းစစ်ရန် ၂၀၀၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် တရုတ်ယွမ် ၂ သိန်းဝန်းကျင်ကို  သုတေသနထောက်ပံ့ငွေအဖြစ်ထုတ်ပေးခဲ့သည်။

၂၀၀၆ ခုနှစ်၊ ဧပြီလတွင် မြန်မာနိုင်ငံအတွင်း ရေနံပိုက်လိုင်းတည်ဆောက်ရေးနှင့်ပတ်သတ်ပြီး အကြံပြုချက်များကို ယူနန်ပြည်နယ်ရှိ ကိုယ်စားလှယ် ၉၁ ဦးက လက်မှတ်ရေးထိုးပြီး တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက်နှင့် တရုတ်ပြည်သူ့ နိုင်ငံရေးအကြံပေးကောင်စီကို တင်ပြခဲ့သည်။

တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများတည်ဆောက်ရန်ကို ၂၀၀၇ ခုနှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသားဖွံဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်က အတည်ပြုပေးခဲ့သည်။

၂၀၀၈ ခုနှစ်၊ နိုဝင်ဘာလအတွင် စီမံကိန်းတည်ဆောက်ရန် နှစ်နိုင်ငံအကြား အကြမ်းဖျင်းအားဖြင့် သဘောတူခဲ့သည်။

၂၀၀၈ ခုနှစ်၊ ဒီဇင်ဘာလတွင် တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်းက မြန်မာနိုင်ငံ အေ-၁၊ အေ-၃ လုပ်ကွက်ရှိ သဘာဝဓာတ်ငွေ့များကို ရောင်းဝယ်ရေးနှင့် တင်ပို့ခွင့် သဘောတူညီချက်အား တောင်ကိုရီးယား ဒေဝူး နိုင်ငံတကာ ကော်ပိုရေးရှင်း နှင့်လက်မှတ်ရေးထိုးခဲ့သည်။

ထိုသဘောတူညီချက်အရ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံကို သွယ်တန်းသည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်ရန် ကနဦးသဘောတူညီခဲ့သည်။

၂၀၀၉  ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့ တွင် စီမံကိန်း တည်ဆောက်ရန်လည်ပတ်ရန်၊ စီမံခန့်ခွဲမှု စသည့် သဘောတူညီချက်များပါဝင်သော  နားလည်မှုစာချွန်လွှာကို နှစ်နိုင်ငံကြား လက်မှတ်ရေးထိုးခဲ့သည်။

နားလည်မှုစာချွန်လွှာကို မြန်မာစွမ်းအင်ဝန်ကြီးဌာနနှင့် တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်းတို့သည် တရုတ်နိုင်ငံဘေဂျင်းမြို့တွင် လတ်မှတ်ရေးထိုးခဲ့သည်။ ထိုပွဲကိုမြန်မာဘက်မှ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် ထိုအချိန်က တရုတ်နိုင်ငံ၏ ဒုတိယသမ္မတအဖြစ်တာဝန်ထမ်းဆောင်နေသော ရှီကျင့်ဖျင်(လက်ရှိ တရုတ်နိုင်ငံသမ္မတ)တို့က အသိသက်သေအဖြစ် တတ်ရောက်ခဲ့သည်။

၂၀၀၉  ခုနှစ်၊ အောက်တိုဘာလ ၃၁ရက်နေ့တွင်  စီမံကိန်းဖွင့်ပွဲအခမ်းအနားကို ရခိုင်ပြည်နယ် မဒေးကျွန်းတွင် ကျင်းပခဲ့သည်။

၂၀၁၀ ပြည့်နှစ်၊ ဇွန်လတွင် မြန်မာအစိုးရပိုင် ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်းတို့အကြား အရှေ့တောင်အာရှရေနံပိုက်လိုင်းကုမ္ပဏီလီမီတတ်အတွက် ရှယ်ယာအချိုးအစား သဘောတူညီချက်ကို လတ်မှတ်ရေးထိုးခဲ့သည်။ ထို့အပြင် အရှေ့တောင်အာရှသဘာဝဓာတ်ငွေ့ပိုက်လိုင်း ကုမ္ပဏီနှင့်လည်း စီမံကိန်းတာဝန်များ ခွဲဝေခြင်းဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။ လက်မှတ်ရေးထိုးပွဲကို ထိုအချိန်က မြန်မာဝန်ကြီးချုပ် ဦးသိန်းစိန်(နောင်တွင် သမ္မတ)နှင့် တရုတ်ဝန်ကြီးချုပ် ဝန်ကျားပေါင်တို့ တတ်ရောက်ခဲ့သည်။ ထိုနေ့ကို စီမံကိန်းဆောက်လုပ်ရေးစတင်သည့်နေ့အဖြစ် နှစ်ဘက်စလုံးက သဘောတူညီခဲ့သည်။

သဘာဝဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်မှုသည် ၂၀၁၃ ခုနှစ်၊ ဇွန်လတွင် ပြီးစီးခဲ့သည်။ တည်ဆောက်မှုပြီးစီးပြီး နှစ်လအကြာတွင် တရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့ စတင်ထုတ်လွှတ်တင်ပို့ခဲ့သည်။

ရေနံပိုက်လိုင်းတည်ဆောက်မှုသည် ၂၀၁၄ ခုနှစ်၊ သြဂုတ်လတွင် ပြီးစီးခဲ့သည်။ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ရေနံပိုက်လိုင်းကို စတင်လည်ပတ်ပြီး မဒေးကျွန်းရှိ ရေနံဆိပ်ကမ်းအား စတင်ဖွင့်လှစ်ကြောင်း ကြေညာသည်။

သို့သော်၊ ၂၀၁၇ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့တွင်မှ မြန်မာ-တရုတ် ရေနံသယ်ယူပို့ဆောင်ခြင်း သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီး ပိုက်လိုင်းစီမံကိန်းတစ်ခုလုံးကို စတင်လည်ပတ်နိုင်ကြောင်း တရားဝင် ကြေညာခဲ့သည်။

၃။ စီမံကိန်းအသေးစိတ်အချက်အလက်များ

က။ တရုတ်–မြန်မာ ရေနံပိုက်လိုင်း

ပိုက်လိုင်းအရှည်(မြန်မာနိုင်ငံအတွင်း)

၇၇၁ ကီလိုမီတာ(မိုင် ၄၈၀)

ပိုက်လိုင်းအရှည်(တရုတ်နိုင်ငံအတွင်း၊ ချုံကင်းအထိ)

၁၆၃၁ ကီလိုမီတာ(မိုင် တစ်ထောင်ကျော်)

တင်ပို့နိုင်သည့်ပမာဏ(နှစ်စဉ်)

တန် ၂၂ သန်း

ရုံခွဲအရေအတွက်

ငါးခု

အကောင်အထည်ဖော်သည့်အဖွဲ့အစည်းများ

မြန်မာအစိုးရပိုင် ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် တရုတ်အစိုးရပိုင် တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်း

ဖြတ်သန်းသွားသောဒေသများ

ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ယူနန်ပြည်နယ်

ကုန်ကျစရိတ်

အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံကျော်

စတင်လည်ပတ်သည့်အချိန်

၂၀၁၇ ခုနှစ်၊ ဧပြီလ ၁၀ ရက်

ခ။ တရုတ်–မြန်မာ သဘာဝဓာတ်ငွေ့ပိုက်လိုင်း

ပိုက်လိုင်းအရှည်(မြန်မာနိုင်ငံအတွင်း)

၇၉၃ ကီလိုမီတာ(မိုင် ငါးရာနီးပါး)

ပိုက်လိုင်းအရှည်(တရုတ်နိုင်ငံအတွင်း၊ နန်နင်းအထိ)

၁၇၂၇ ကီလိုမီတာ(မိုင် တစ်ထောင်ကျော်)

တင်ပို့နိုင်သည့်ပမာဏ(နှစ်စဉ်)

၁၂ ဘီလီယံ ကုဗမီတာ

ရုံခွဲအရေအတွက်

လေးခု

အကောင်အထည်ဖော်သည့်အဖွဲ့အစည်း

မြန်မာ၊ တရုတ်၊ ကိုရီးယား၊ အိန္ဒိယ

စီမံကိန်းဖြတ်သန်းသွားရာဒေသများ

ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ယူနန်ပြည်နယ်

ကုန်ကျစရိတ်

အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၄ ဘီလီယံနီးပါး

စတင်လည်ပတ်သည့်အချိန်

၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်

၄။ ပါဝင်ပတ်သတ်နေသောအဖွဲ့အစည်းများ

ရေနံပိုက်လိုင်းမှာ မြန်မာအစိုးရပိုင် ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE) နှင့် တရုတ်အစိုးရပိုင် တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်းတို့၏ လုပ်ငန်းခွဲဖြစ်သည့်  အရှေ့တောင်အာရှပိုက်လိုင်းကုမ္ပဏီလီမီတတ်(South-East Asia Pipeline Company Limited-SEAP)တို့ အကြား အကောင်အထည်ဖော်သည့်စီမံကိန်းဖြစ်သည်။

တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်း၏ တရားဝင်ထုတ်ပြန်ချက်အရ CNPC-SEAP ကုမ္ပဏီမှ ၅၀ ဒသမ ၉  ရာခိုင်နူန်းကို ပိုင်ဆိုင်ပြီး MOGE မှာ ၄၉ ဒသမ ၁  ရာခိုင်နူန်းကို ပိုင်ဆိုင်သည်။ ပိုက်လိုင်းလည်ပတ်မှုနှင့် လုပ်ငန်းစီမံခန့်ခွဲမှုတို့ကို ၎င်းကုမ္ပဏီနှစ်ခု ပူးပေါင်းပြီး တည်ထောင်ထားသည့် အရှေ့တောင်အာရှ ရေနံပိုက်လိုင်းကုမ္ပဏီ(South-East Asia Crude Oil Pipeline Company Limited-SEAOP)က လုပ်ဆောင်သည်။

မြန်မာ-တရုတ် သဘာ၀ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းမှာ CNPC-SEAP၊ MOGE၊ POSCO Daewoo (South Korea), GAIL (India)၊ Korean Gas Corporation (KOGAS)နှင့် ONGC VIDESH (India) တို့ပူးပေါင်း ဆောင်ရွက်သည့်စီမံကိန်းဖြစ်သည်။ အရှေ့အတောင်အာရှသဘာဝဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီ(SEAGP )ဟူ၍ အမည်ပေးထားပြီး ပိုက်လိုင်းလည်ပတ်မှုနှင့် လုပ်ငန်းစီမံခန့်ခွဲမှုတို့ကိုလုပ်ဆောင်သည်။

စီမံကိန်းကာလမှာ နှစ် ၃၀ ဖြစ်သည်။

သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း၏ ပိုင်ဆိုင်မှု ၅၀ ဒသမ ၉ ရာခိုင်နှုန်းကို တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်း(CNPC-SEAP)က ပိုင်ဆိုင်ပြီး ကိုရီးယားနိုင်ငံရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီနှစ်ခုဖြစ်သည့် ဒေဝူးအင်တာနေရှင်နယ်(Daewoo International)ကုမ္ပဏီက ၂၅ ဒသမ ၀၄ ရာခိုင်နှုန်းနှင့် ကိုရီးယားရေနံကော်ပိုရေးရှင်း Korea Gas Corporation(KOGAS)က ၄ ဒသမ ၁၇ ရာခိုင်နှုန်း၊ အိန္ဒိယကုမ္ပဏီနှစ်ခုဖြစ်သည့် ONGC ဗွီဒတ်ရှ်ကုမ္ပဏီလီမိတက်က ၈ ဒသမ ၃၄ ရာခိုင်နှုန်းနှင့် GAIL ကုမ္ပဏီက ၄ ဒသမ ၁၇ ရာခိုင်နှုန်း အသီးသီးပိုင်ဆိုင်ကြသည်။ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)က  ၇ ဒသမ ၃၆ ရာခိုင်နှုန်းသာ အကျိုးအမြတ်ပိုင်ဆိုင်မှုရှိသည်။

က။ ကုမ္ပဏီအချက်အလက်များ

၁။ တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်း(CNPC)

ရွှေသဘာဝဓာတ်ငွေ့ကို ဝယ်ယူခြင်း၊ ပိုက်လိုင်းနှင့် ရေနံစီမံကိန်းအတွက် လိုအပ်သည်တို့ကို ဆောက်လုပ်ခြင်း၊ အကောင်အထည်ဖော်ခြင်းနှင့် စီမံခန့်ခွဲခြင်းဆိုင်ရာကိစ္စများတွင် အဓိကတာဝန်ရှိသူ ဖြစ်သည်။ တရုတ်အစိုးရက ပိုင်ဆိုင်သည့် CNPC သည် တရုတ်နိုင်ငံ၏ အကြီးဆုံး ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်သူဖြစ်ပြီး နိုင်ငံပေါင်း ၂၇ နိုင်ငံတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ဆိုင်ရာလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသည်။ ယင်းအပြင် နည်းပညာနှင့် တည်ဆောက်ရေးလုပ်ငန်းများဆိုင်ရာပညာများ၊ စက်ပစ္စည်းကိရိယာများကို ပံ့ပိုးလျက်ရှိသည်။ ဆူဒန်နိုင်ငံရှိ ၎င်း၏ရင်းနှီးမြှုပ်နှံများနှင့်ပတ်သက်၍ အကြီးအကျယ်ဝေဖန်မှုများကို ခံနေရသည်။

၂။ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)

မြန်မာနိုင်ငံ၏ နိုင်ငံပိုင်အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေရေးနှင့် ထုတ်လုပ်ရေးတို့ကို အဓိကလုပ်ကိုင်သည်။ ကီလိုမီတာ ၁၉၀၀(မိုင် ၁၂၀၀) ရှည်လျားသည့် ကုန်းတွင်းပိုက်လိုင်းဖြင့် ပြည်တွင်းတွင် သယ်ဆောင်ဖြန့်ဖြူးလျက်ရှိသည်။

၃။ ဒေဝူးနိုင်ငံတကာလုပ်ငန်း(Daewoo International)

တောင်ကိုရီးယားနိုင်ငံ၏ ထိပ်တန်းပို့ကုန်ရောင်းဝယ်ရေးကုမ္ပဏီဖြစ်ပြီး ရွှေသဘာဝဓာတ်ငွေ့လုပ်ငန်းစီမံကိန်း၏ အဓိက အစုရှယ်ယာပိုင်ရှင်ဖြစ်သည်။ ၁၉၉၉ ခုနှစ်က ဒေဝူးကော်ပိုရှေးရှင်းသည် ဒေဝါလီခံရပြီးနောက် ပြန်လည်ဖွဲ့စည်းကာ ကြီးထွားလာသည့် လုပ်ငန်းဖြစ်သည်။ ဒေဝူးဉက္ကဋ္ဌသည် အမေရိကန်ဒေါ်လာ ၇၅ ဘီလီယံတန်ဖိုးရှိ လိမ်လည်မှု၊ တရားမဝင်ငွေချေးမှုနှင့် တရားမဝင် ရောင်းဝယ်ဖောက်ကားမှုတို့အတွက် အဖမ်းမခံရမီ နိုင်ငံမှ ထွက်ပြေးသွားခဲ့ပြီး နောက်ဆုံးတွင် ဆယ်နှစ်ထောင်ဒဏ်ဆယ်နှစ်အပြစ်ပေးခံရကာ ဒဏ်ငွေလည်း ပေးဆောင်ရသည်။

ယခု ဒေဝူးနိုင်ငံတကာလုပ်ငန်းအတွက် တောင်ကိုရီးယားအစိုးရက ပံ့ပိုးပေးခဲ့ပြီး ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းအတွက် ဓါတ်ငွေ့ရှာဖွေရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၇၀ ထုတ်ချေးပေးခဲ့သည်။ မြန်မာနိုင်ငံတွင် တပ်မတော်အစိုးရလက်ထက်က  ရွှေစီမံကိန်းအပြင် မော်တော်ယာဉ်စက်ရုံလည်းတည်ဆောက်ထားကာ မြန်မာ့မော်တော်ယာဉ်နှင့် ဒီဇယ်လုပ်ငန်းကို အကျိုးတူလုပ်ကိုင်ခဲ့သလို သတင်းနည်းပညာများကို ပံ့ပိုးခြင်း၊ သစ်ထုတ်လုပ်ငန်းနှင့် အထည်လိပ်လုပ်ငန်းများကို လုပ်ကိုင်ခဲ့သည်။ ဒေဝူးနိုင်ငံတကာလုပ်ငန်း ဥက္ကဋ္ဌမှာ မြန်မာနိုင်ငံကို စစ်လက်နက်ပစ္စည်းများ တင်ပို့မှုအတွက် ၂၀၀၇ ခုနစ်၊ နိုဝင်ဘာလက ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။

၄။ ONGC Videsh ကုမ္ပဏီလီမိတက်/ OVL(အိန္ဒိယ)

အိန္ဒယ၏ နိုင်ငံပိုင် ရေနံနှင့် သယာဝဓာတ်ငွေ့ကော်ပိုရေးရှင်း၏ ပြည်ပလုပ်ငန်းခွဲတစ်ခုဖြစ်သည်။ ၎င်း၏ ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများသည် လူ့အခွင့်အရေးချိုးဖောက်မှုအတွက် ဝေဖန်ခံရမှုများရှိခဲ့ပြီး ဗီယက်နမ်၊ အင်ဒိုနီးရှား၊ လစ်ဗျား၊ ယူအေအီး၊ ဗင်နီဇွဲလားနှင့် အာဂျင်တီးနားနိုင်ငံတို့ ပါဝင်သည်။ ယခုစီမံကိန်းသည် ၎င်းအနေနှင့် မြန်မာနိုင်ငံတွင် ပထမဆုံးရင်းနှီးမြှုပ်နှံမှု ဖြစ်သည်။

၅။ အိန္ဒိယဓာတ်ငွေ့အာဏာပိုင်လုပ်ငန်းလီမိတက်(GAIL)

အိန္ဒိယအစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များစုဖွဲ့ထားပြီး နိုင်ငံ၏ အကြီးဆုံးဓါတ်ငွေ့ပို့ဆောင်ရေးကုမ္ပဏီတစ်ခုဖြစ်သည်။

၆။ ကိုရီးယားဓာတ်ငွေ့ကော်ပိုရေးရှင်း(KOGAS)

တောင်ကိုရီးယားအစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ စုဖွဲ့ထားသည့် ကုမ္ပဏီဖြစ်သည်။ ယခုလုပ်ငန်းသည် မြန်မာနိုင်ငံတွင် ပထမဉီးဆုံးရင်းနှီးမြှုပ်နှံမှုလည်း ဖြစ်သည်။

၅။ သက်ရောက်မှုလေ့လာဆန်းစစ်ချက်များ

တရုတ်-မြန်မာရေနံပိုက်လိုင်းစီမံကိန်း၏ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုစစ်တမ်းနှင့် လူမှုဘဝထိခိုက်မှုစစ်တမ်းကို ထိုင်းအခြေစိုက်ကုမ္ပဏီ IEM က လုပ်ဆောင်ခဲ့သည်ဟု ကုမ္ပဏီ၏တရားဝင်ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ သို့သော်၊ ထိုတွေ့ရှိချက်များကို လူသိရှင်ကြားထုတ်ပြန်ထားခြင်း မရှိပေ။

IEM ၏ တရားဝင်ဝက်ဆိုက်စာမျက်နှာတွင်လည်း တရုတ်-မြန်မာရေနံပိုက်လိုင်းစီမံကိန်းနှင့်ပတ်သတ်သော လေ့လာမှုစစ်တမ်းများကို ဖော်ပြထားခြင်းမရှိပေ။ ပိုက်လိုင်းဆိုင်ရာ လုံခြုံရေး၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနည်းစေရေး၊ ပင်လယ်ရေကိုမညစ်နွမ်းစေရေးတို့အတွက်ကိုမူ ကမ္ဘာ့ဘဏ်မှထုတ်ပြန်ထားသော လမ်းညွှန်ချက်များကို လိုက်နာထားကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

EarthRights International အဖွဲ့က ရရှိခဲ့သည့် CNPC ၏ လူမှုသက်ရောက်မှုအကဲဖြတ်ချက်စစ်တမ်းသည် ပိုက်လိုင်းတလျောက်ရှိ မြို့နယ်ပေါင်း ၁၂ မြို့နယ်မှ အိမ်ထောင်စုပေါင်း ၃၆၀၀ ကို ကျပန်း ကောက်ယူခဲ့ခြင်း ဖြစ်သည်။ အဆိုပါစစ်တမ်းတွင် စီမံကိန်းနယ်မြေတွင်ပါဝင်သည့် ကျေးရွာများအနေနှင့် စီမံကိန်းကို ကြိုဆိုကြကြောင်း ဖော်ပြထားသော်လည်း EarthRights International အဖွဲ့က ၂၀၀၅ ခုနှစ်နှင့် ၂၀၁၁ နှစ်အတွင်း တွေ့ဆုံမေးမြန်းမှုများတွင် ယင်းသို့ဖြေဆိုသူ တစ်ဦးတစ်ယောက်ကိုမှ မတွေ့ခဲ့ရဟုဆိုသည်။

EarthRights International အဖွဲ့၏ ၂၀၁၁ ခုနှစ်ကထုတ်ပြန်သည့် အစီရင်ခံစာတွင်ဖော်ပြချက်အရ စီမံကိန်းတွင်ပါဝင်သည့် ကုမ္ပဏီများသည် ထိခိုက်ခံရသော ကျေးရွာများနှင့် အဓိပ္ပာယ်ရှိသည့် တိုင်ပင်ဆွေးနွေးခဲ့မှုများ မပြုလုပ်ခဲ့သည့်အပြင် ပြန်လည်နေရချထားမှုအပါအဝင် စီမံကိန်း၏ ဆုံးဖြတ်ချက်များနှင့်ပတ်သက်၍ ထိုကျေးရွာများထံမှ သိရှိနားလည်မှုဖြင့် ကြိုတင်၍လွတ်လပ်စွာပေးသော သဘောတူခွင့်ပြုချက်ကိုလည်း ရယူခဲ့ခြင်းမရှိဟုဖော်ပြထားသည်။

စီမံကိန်းကိုဆောင်ရွက်ရာတွင် ဒေသခံပြည်သူများကို ရှင်းလင်းစွာအသိမပေးခြင်း၊ မြေတိုင်းတာမှုများလုပ်ဆောင်ရာတွင် ပွင့်လင်းမြင်သာမှုမရှိခြင်း၊ မြေယာသိမ်းဆည်းမှုများ၊ လျော်ကြေးငွေများပေးဆောင်မှုများတွင် မရိုးသားမှုများပါဝင်နေခြင်းများ ရှိခဲ့သလို အတင်းအကျပ် သဘောတူညီမှုရယူခြင်းများ ရှိခဲ့သည်ဟု မြန်မာ-တရုတ် ပိုက်လိုင်းစောင့်ကြည့်ရေးကော်မတီ(MCPWC) က ၂၀၁၆ ခုနှစ်တွင် ထုတ်ပြန်သည့် သုတေသနအစီရင်ခံစာတွင် ဖော်ပြထားသည်။

၆။ လူထုတုံ့ပြန်မှုနှင့် နောက်ဆက်တွဲ

ရေနံပိုက်လိုင်းစီမံကိန်းသည် ဖြတ်သန်းသွားရာတလျှောက်ရှိ ဒေသခံများ၏ အပြင်းအထန်ဆန့်ကျင်မှုကို စတင်တည်ဆောက်သည့်ကာလကစ၍ လက်ရှိအချိန်ထိ ရင်ဆိုင်နေရဆဲဖြစ်သည်။

တပ်မတော်အစိုးရလက်ထက်တွင် အကောင်အထည်ဖော်ခဲ့သည့် စီမံကိန်းဖြစ်ပြီး ပွင့်လင်းမှုများမရှိသည့်အပြင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု၊ ပျက်စီးမှုများနှင့်ပတ်သတ်၍ ထည့်သွင်းစဉ်းစားမှုမရှိ၊ ဒေသခံများအား မြေယာလျော်ကြေး လုံလောက်စွာမပေးသည့်အပြင် အချို့လယ်ယာမြေများကို မတရားသိမ်းဆည်းထားသည်ဟူ၍လည်း  လူအခွင့်အရေးဆိုင်ရာလှုပ်ရှားသည့်အဖွဲ့အစည်းများက ဝေဖန်ထားသည်။

ရခိုင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ရှိ သောင်းနှင့်ချီသော ဒေသခံများသည် စီမံကိန်းကြောင့် မြေယာများမတရားသိမ်းဆည်းခံရခြင်း၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများပျောက်ဆုံးသွားခြင်း၊ ပိုက်လိုင်းယိုစိမ့်မှုများကြောင့် လုံခြုံရေး စိုးရိမ်ပူပန်နေရခြင်းများ ခံစားနေရသည်။ ထို့အပြင် စီမံကိန်းကိုဆန့်ကျင်ကန့်ကွက်သူများအား ဖမ်းဆီးထောင်ချခြင်းများ ကြုံတွေ့ရတတ်သည်ကိုလည်း လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စောင့်ကြည့်သည့်အဖွဲ့အစည်းများက မှတ်တမ်းတင်ထားသည်။

ပိုက်လိုင်းများတည်ဆောက်ရေးအတွက် ဒေသခံမြန်မာအလုပ်သမားပေါင်း ငါးသိန်းနီးပါး(၄၈၉၈၂၅) ဦးကို အသုံးပြုခဲ့သည်ဟု ကုမ္ပဏီဘက်ကဖြန့်ဝေသည့် လက်ကမ်းစာစောင်တွင် ဖော်ပြခဲ့သည်။ သို့သော် ယင်းတို့သည် အလုပ်ကြမ်းများအတွက် နေ့စားအလုပ်သမားအဖြစ် ယာယီငှားရမ်းခြင်းသာဖြစ်သည်။ ပိုက်လိုင်းများတည်ဆောက်ပြီးသွားချိန်တွင် အများစုမှာ အလုပ်မရကြတော့ဟု မြန်မာ-တရုတ် ပိုက်လိုင်းစောင့်ကြည့်ရေးကော်မတီ(MCPWC) ၏ အစီရင်ခံစာက ဆိုသည်။

ပိုက်လိုင်းသွယ်တန်းမှုနှင့် ယိုစိမ့်မှုများကြောင့် ရေနှင့် သစ်တောသစ်ပင်တို့အပါအဝင် သဘာဝဂေဟစနစ်ပျက်စီးခြင်းများရှိနေပြီး သက်ဆိုင်ရာအဖွဲ့အစည်းများထံတင်ပြသော်လည်း လျစ်လျူရှုထားသည်များရှိနေကြောင်း အဖွဲ့အစည်းအချို့က ပြောဆိုထားကြသည်။

ပိုက်လိုင်းစီမံကိန်းများကြောင့် လူမှုစီးပွားနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်နစ်နာမှုများကို ပြန်လည်ဖြည့်တင်းသည့်အနေဖြင့် ၂၀၁၇ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ငါးသိန်းမှ တစ်သန်းကြား သုံးစွဲသွားမည်ဖြစ်ကြောင်း ထိုအချိန်က ပြောဆိုခဲ့သည်။ ယင်းအပြင် ကျောက်ဖြူနှင့် မဒေးကျွန်းဒေသတွင် လိုအပ်လျက်ရှိသည့် လျှပ်စစ်မီးနှင့် သောက်သုံးရေရရှိစေရန်ကိုလည်း ငါးနှစ်အတွင်း ဆောင်ရွက်သွားမည်ဟု SEAGP ၏ ဒုတိယဥက္ကဋ္ဌ Mr. Li Zhi Lin က ထိုစဉ်က ပြောဆိုခဲ့သည်။

ကုမ္ပဏီက ကော်ပိုရိတ်လူမူရေးတာဝန် ခေါင်းစဉ်အောက်တွင် ပိုက်လိုင်းတလျောက်ရှိ ဒေသခံများအတွက် ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်အတွက် အထောက်အပံ့ပေးရေးအတွက် စီမံကိန်းပေါင်း ၅၄ ခု ပြုလုပ်ပြီး မန္တလေးတိုင်းအတွင်းတွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၉၈ သန်း သုံးစွဲပြီးကြောင်း ပြောဆိုထားသည်။

တရုတ်-မြန်မာပိုက်လိုင်းကိုစောင့်ကြည့်သူများအဖွဲ့က ပိုက်လိုင်းအကောင်အထည်ဖော်သောကုမ္ပဏီမှာ ပိုက်လိုင်းကြောင့်ဖြစ်ပေါ်သည့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုကို လျစ်လျူရူထားသည်ဟု ပြောဆိုထားသည်။

ပိုက်လိုင်းစောင့်ကြည့်သူများနှင့် ဒေသခံများ၏အဆိုအရ ရခိုင်ပြည်နယ်အတွင်း ပိုက်လိုင်းဖြတ်သန်းသွားသောဒေသများတွင် စီမံကိန်းကြောင့် နှစ်စဉ်ရေကြီးမှုများ ပိုမိုဖြစ်ပွားနေကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

ထို့အပြင်  မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင်လည်း ရေအရင်းအမြစ်များ ခြောက်ခန်းလာခြင်း၊ ရာသီဥတုများ ဆိုးရွားစွာပြောင်းလဲလာနေသည်ကို ဒေသခံများက ခံစားနေရကြောင်း ပြောဆိုထားသည်။

ပိုက်လိုင်းများတလျောက်တွင် တပ်မတော်တပ်ရင်းများက လုံခြုံရေးရယူထားမှုများ ရှိသလို၊ အခြားတစ်ဖက်တွင် ပိုက်လိုင်းများသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ လှုပ်ရှား၊ အခြေစိုက်ရာ ဒေသများကိုပါ ဖြတ်သန်းသွားသည်။ ပိုက်လိုင်းများအနီးတွင် ကေအိုင်အေ၊ တအန်း စသည့် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းများနှင့် တိုက်ပွဲများဖြစ်ပွားခဲ့သည်ဟု တပ်မတော်၏ ထုတ်ပြန်ချက်အချို့တွင် ဖော်ပြခဲ့သည်။

ပိုက်လိုင်းစီမံကိန်းများနှင့်ပတ်သက်၍ လူထုတွင် တရုတ်ဆန့်ကျင်ရေးအမြင်များရှိနေချိန် SEAOP-SEAGP ကုမ္ပဏီသည် တရုတ်ယဉ်ကျေးမှုနှင့် အနုပညာများ ဖြန့်ဝေသည့်ရုပ်ရှင်ပွဲတော်ကို ပိုက်လိုင်းများတလျောက်ရှိ မြို့များတွင် ကျင်းပခဲ့သည်။ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလလယ်ပိုင်းမှ နိုဝင်ဘာလဆန်းပိုင်းကြားက ကျင်းပသည့် အဆိုပါ Open Air ရုပ်ရှင်ပွဲတော်တွင် တရုတ်ရုပ်ရှင်ကား သုံးကားကို မြန်မာစကားပြောနောက်ခံဖြင့် ပြသခဲ့ခြင်း ဖြစ်သည်။

Reference:

http://www.cnpc.com.cn/en/2016Myanmar/AnnualReport_list.shtml

http://www.cnpc.com.cn/en/myanmarcsr/201407/8de2c1f19f2c46e19fcb4afdbc05abf0/files/51ef2416408e480d9ab8d50d675354e2.pdf

https://earthrights.org/wp-content/uploads/the-burma-china-pipelines.pdf

https://www.business-humanrights.org/sites/default/files/documents/cnpc-response-re-myanmar-pipeline-5-aug-2013-en.pdf

https://www.cnpc.com.cn/en/myanmarcsr/201407/f115a1cc6cdb4700b55def91a0d11d03/files/dec09c5452ec4d2ba36ee33a8efd4314.pdf

https://burmacampaign.org.uk/media/DrawingTheLine.pdf

https://www.rfa.org/english/news/myanmar/hundreds-in-myanmar-protest-lack-of-payment-for-land-confiscated-for-pipeline-project-03222018133100.html

https://www.globalnewlightofmyanmar.com/seagp-targets-to-spend-us-500000-to-us-1000000-for-csr-in-regions/

https://www.irrawaddy.com/news/burma/china-begins-receiving-natural-gas-from-shwe-pipeline.html

https://www.mata-nrg.org/wp-content/uploads/2016/07/In-Search-of-Social-Justice-along-Myanmar-China-Pipeline_English-Version_18012016.pdf

http://www.cnpc.com.cn/en/myanmarcsr/201705/05b8451aa67e427ea0291debfb6731d7/files/efbe57e880994889bfab2eb70a05980c.pdf

https://www.business-humanrights.org/sites/default/files/media/documents/daewoo-comprehensive-report-re-shwe-pipeline-dec-2011.pdf

https://news-eleven.com/article/138942

https://www.moi.gov.mm/npe/?q=news/26/05/2017/id-61033

https://www.kumudranews.com/news-34251

https://pyithu.hluttaw.mm/question-936

https://pyithu.hluttaw.mm/question-104

https://earthrights.org/wp-content/uploads/the-burma-china-pipelines-burmese.pdf

http://www.burmalibrary.org/docs07/Corridor_of_PowerSGM-bu.pdf

https://www.mata-nrg.org/wp-content/uploads/2016/07/In-Search-of-Social-Justice-along-Myanmar-China-Pipeline_Myanmar-Version_18012016.pdf

The post တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း appeared first on ISP Myanmar China Desk.

ရန်ကုန်မြို့သစ်စီမံကိန်း
၁။ စီမံကိန်းအကျဉ်းချုပ်

ရန်ကုန်မြို့သစ်စီမံကိန်းသည် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်မြို့အနောက်ဘက်ကမ်းတွင် တည်ဆောက်မည့်စီမံကိန်းဖြစ်ပြီး  စင်ကာပူနိုင်ငံထက် နှစ်ဆခန့်ကျယ်ဝန်းမည်ဟု ခန့်မှန်းရသည်။

အဆိုပါမြို့သစ်တွင် စက်မှုဇုန်များ၊ အဆင့်မြင့်အိမ်ရာများ၊ အပန်းဖြေအိမ်ရာများ၊ ဈေးဝယ်စင်တာ  များ၊ မြို့တွင်း ပြေးဆွဲမည့် အမြန်ရထား၊ ဘတ်စ်ကား ဆက်သွယ်ရေးလမ်းကြောင်းများ စသည့် မြို့တမြို့၏အင်္ဂါရပ်များ အစုံအလင်ထည့်သွင်းတည်ဆောက်ရန် စီမံထားသည့် နည်းပညာသုံး စက်မှုမြို့သစ် စီမံကိန်းအဖြစ် အကောင်အထည်ဖော်ရန် ဖြစ်သည်။  စီမံကိန်းတခုလုံးကို အမေရိကန်ဒေါ်လာ ငါးဘီလီယံထက်မနည်း ကုန်ကျမည်ဟု ခန့်မှန်းထားပြီး လုပ်သား နှစ်သန်းကျော်အတွက်လည်း အလုပ်အကိုင်များ ဖန်တီးပေးလိမ့်မည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်က ပြောသည်။

စီမံကိန်းကို ပထမအဆင့်၊ ဒုတိယအဆင့် သတ်မှတ်ထားပြီး စီမံကိန်းနှစ်ခုပေါင်းမှာ ၁၅၀၀ စတုရန်းကီလိုမီတာ ကျယ်ဝန်းမည်ဟု တွက်ချက်ထားသည်။ ရန်ကုန်မြို့သစ် ပထမအဆင့်၏ မဟာအစီအစဉ်ကို စင်ကာပူနိုင်ငံအခြေစိုက် AECOM ကုမ္ပဏီက ရေးဆွဲပေးခဲ့သည်။ စီမံကိန်း၏ ပထမအဆင့်သည် ၈၈ စတုရန်းကီလိုမီတာ ကျယ်ဝန်းသော စီမံကိန်း ဧရိယာပေါ်တွင် ကျေးရွာငါးရွာ၊ တံတားနှစ်စင်း၊ ၂၆ ကီလိုမီတာ အရှည်ရှိ ပင်မလမ်းကြောင်းများ၊ ၁၀ စတုရန်းကီလိုမီတာရှိ စက်မှုဇုန်၊ ဓာတ်အားပေးစက်ရုံ၊ ကုန်ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးရေး အဆောက်အအုံများ၊ ရေသန့်နှင့် ရေဆိုးထုတ်စက်ရုံများနှင့်  အခြားဆက်စပ် အဆောက်အဦးများ တည်ဆောက်သွားရန် ရည်မှန်းထားသည်။ စီမံကိန်း ဒုတိယဆင့်မှာ ဒလမြို့နယ်မှ မုတ္တမ ပင်လယ်ကွေ့ကြား ရှိ မြေပေါ်တွင် တည်ဆောက်သွားမည်ဖြစ်သည်။ ရန်ကုန်မြို့တောင်ပိုင်းရှိ မြေဧရိယာ ၆၀၀ စတုရန်းကီလိုမီတာ ခန့်လည်း ပါဝင်ရန်တွက်ချက်ထားသည်။

စီမံကိန်း ပထမအဆင့်အတွက် အသေးစိတ်အစီအမံများရေးဆွဲရေးကို ဘေဂျင်းတွင်အခြေစိုက်ပြီး ဟောင်ကောင်တွင် မှတ်ပုံတင်ထားသည့် China Communications Construction Company (CCCC)က တာဝန်ယူဆောင်ရွက်နေကာ ထိုကုမ္ပဏီကပင် စီမံကိန်းတည်ဆောက်ရေးအတွက် ဆက်လက်တာဝန်ယူရမည့် အလားလာများကိုတွေ့ရသည်။

စီမံကိန်းသည် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ၏ အချက်အခြာကျသောနေရာတွင် တည်ရှိနေပြီး တရုတ်စီးပွားရေးလုပ်ငန်းရှင်များအတွက် ကုန်လမ်းထွက်ပေါက်နှင့် ရေလမ်းကြောင်း နှစ်ခုစလုံးပေါ်တွင် အခြေတည်ကာ ကုန်စည်ဆက်သွယ်ရေးလမ်းကြောင်းသစ်များ ဖောက်ထွက်နိုင်ရန် ပံ့ပိုးပေး မည်ဖြစ်သည်။ ထို့အပြင် ရန်ကုန်မြို့သစ်မှတဆင့် ရေကြောင်းတလျှောက်ဖောက်ထွက်ပြီး အိန္ဒိသမုဒ္ဒရာအထိ ခြေလှမ်းဆန့်နိုင်မည့် တရုတ်၏ မဟာဗျူဟာကျ စီမံကိန်းလည်းဖြစ်သည်ဟု လေ့လာသူမျာက သုံးသပ်ကြသော်လည်း  အစိုးရများဘက်ကမူ တရုတ်နိုင်ငံ၏ သာမန်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတခုအဖြစ်သာ ပြောဆိုခဲ့ပြီး တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်း စီမံကိန်းတခုအဖြစ် တရားဝင် တံဆိပ်ကပ်ပြောဆိုခြင်းမျိုးမရှိခဲ့ပေ။

သို့သော် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီတွင် လာရောက်ခဲ့သည် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း  ရန်ကုန်မြို့သစ်စီမံကိန်းကို တရုတ်-မြန်မာ စီးပွားရေးစင်္ကြံအောက်တွင် ထည့်သွင်းဆွေးနွေးခဲ့ပြီး ရှီ၏ခရီးစဉ်အပြီးတွင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်းအောက်ရှိ အဓိက မဏ္ဍိုင်တခုအဖြစ် ပေါ်ထွက်လာခဲ့သည်။

မေလဆန်းတွင် တရုတ်နိုင်ငံသံရုံး၏ သံအမတ်ကြီး ချန်းဟိုင်က စီမံကိန်း၊ ဘဏ္ဍာရေး၊ စက်မှုဒုဝန်ကြီး ဦးဆက်အောင်နှင့် တွေ့ဆုံပြီး တရုတ်သမ္မတ ခရီးစဉ်အတွင်း အကောင်အထည်ဖော်ရန် သဘောတူညီထားသော စီမံကိန်းများအား အမြန်အကောင်အထည်ဖော်ရေးကို တိုက်တွန်းခဲ့သည်။ ထိုစီမံကိန်းများတွင် ရန်ကုန်မြို့သစ်စီမံကိန်းလည်း ပါဝင်သည်။ထို့အပြင် တရုတ်သမ္မတ ရှီကျင့်ဖျင်က မေလလယ်တွင် မြန်မာသမ္မတ ဦးဝင်းမြင့်ကို တယ်လီဖုန်းဆက်သွယ်ပြီး ၎င်း၏ခရီးစဉ်အတွင်းက သဘောတူထားသော ရပ်ဝန်းတခုလမ်းတခု စီမံကိန်းများကို အကောင်ထည်ဖော်ရန် ထပ်မံတိုက်တွန်းခဲ့ပြန်သည်။

မေ ၂၉ ရက်တွင် တရုတ်သံအမတ်ကြီး ချန်းဟိုင်နှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့ တွေ့ဆုံကာ ရန်ကုန်မြို့သစ် အပါအဝင် တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ရန်ကုန်တိုင်းဒေသကြီးတွင် ဖော်ဆောင်နေသည့် စီမံကိန်းများကို တွန်းအားပေး ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ခဲ့သည်။ ထို့အပြင် နှစ်နိုင်ငံလုပ်ငန်းရှင်များ ရေးဆွဲထားသည့် လုပ်ငန်းဖော်ဆောင်ရေး စီမံကိန်းများကို ဆွေးနွေးပြီး သက်ဆိုင်ရာစီမံကိန်းများ၏ နောက်ဆက်တွဲ လုပ်ငန်းများနှင့်ပတ်သတ်ပြီး သဘောတူညီချက်များ ရရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။သို့သော် သဘောတူညီချက် အသေးစိတ်ကိုမူ မထုတ်ပြန်ခဲ့ပါ။

လက်ရှိအချိန်တွင် အခြားရင်းနှီးမြှုပ်နှံလိုသည့် ပြည်တွင်း၊ ပြည်ပကုမ္ပဏီများ Swiss Challenge တွင် ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန်အတွက် ရန်ကုန်မြို့သစ်စီမံကိန်းပထမအဆင့်၏ အရွယ်အစားနှင့် ရင်းနှီးမြှုပ်နှံမှုကို လျှော့ချရန် ပြည်ထောင်စုအစိုးရကဆုံးဖြတ်လိုက်သည်။ စီမံကိန်း ပထမအဆင့်အတွက် ကုန်ကျငွေ အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံအစား အမေရိကန်ဒေါ်လာ သန်း ၈၀၀ ခန့် ကုန်ကျမည့်စီမံကိန်းပုံစံကို အစိုးရက အကြံပြုထားသည်။ မူလတွင် ၁၃ စတုရန်းကီလိုမီတာ ကျယ်ဝန်းမည့် စက်မှု‌ဇုန်ကို ၃ စတုရန်းကီလိုမီတာ အထိလျှော့ချသွားရန် ပြင်ဆင်နေသည်။ လျှော့ချသွားမည့် အကျယ်အဝန်းအတိုင်းအတာအလိုက် ပါဝင်မည့် အဆောက်အဦးများ၏အရွယ်အစား ၊ ကျန်ဆက်စပ်အဆောက်အဦများ၏ အရွယ်အစားနှင့်ပတ်သတ်ပြီး ကုမ္ပဏီနှင့် ပြည်ထောင်စုအစိုးရကြား အသေးစိတ် ပြန်လည်ဆွေးနွေးခဲ့ကြပြီး ၎င်းအစီအမံများအပေါ်တွင် အခြေခံ၍ Swiss Challenge ကိုခေါ်ယူမည် ဖြစ်သည်။

ရန်ကုန်မြို့တော် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းသစ်အတွက် Swiss Challenge တင်ဒါကော်မတီ ဖွဲ့စည်းထားကြောင်း နိုင်ငံတော်သမ္မတရုံးက အမိန့်ကြော်ငြာစာ အမှတ် (၈၉/၂၀၂၀) ဖြင့် ၂၀၂၀ ဇူလိုင် ၁၆ က ထုတ်ပြန်ထားသည်။ ရန်ကုန်မြို့တော် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းသစ်တွင် ပါဝင်သောလုပ်ငန်းများကို အပိုင်းလိုက် Unbundled ခွဲထုတ်၍ စီးပွားဖြစ် ရပ်တည်နိုင်စွမ်းရှိသည့် စက်မှုဇုန်နှင့် မြို့ပြအိမ်ရာတည်ဆောက်ခြင်း လုပ်ငန်းများကို  မိမိသဘောဆန္ဒအလျောက် တင်သွင်းသည့်စီမံကိန်းအဆိုပြုလွှာ Unsolicited Proposal အပေါ် အခြေခံ၍ ပွင့်လင်းမြင်သာမှုနှင့် ယှဉ်ပြိုင်မှုရှိသော တင်ဒါခေါ်ယူရန်အတွက် Swiss Challenge တင်ဒါကော်မတီကို ဖွဲ့စည်းခြင်းဖြစ်သည်ဟု ဆိုသည်။  ထိုကော်မတီ၏ ဥက္ကဋ္ဌအဖြစ် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုး၊ အတွင်းရေးမှူးအဖြစ် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအတွင်းရေးမှူး ဒေါ်လှိုင်မော်ဦး၊ အဖွဲ့ဝင်များအဖြစ် စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗရတ်ဆင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးရဲမင်းဦး တို့က တာဝန်ယူထားသည်။

Swiss Challenge တင်ဒါကော်မတီ၏ လုပ်ငန်းတာဝန်များမှာ Swiss Challenge တင်ဒါကို အဓိကဆောင်ရွက်ပေးမည့် နိုင်ငံတကာအကြံပေးကုမ္ပဏီတစ်ခုအား Transaction Advisor အဖြစ်ရွေးချယ်ရန်၊ ၎င်း Transaction Advisor ဖြစ်သော နိုင်ငံတကာအကြံပေးကုမ္ပဏီက ဆောင်ရွက်သည့် ကနဦးရင်းနှီးမြှုပ်နှံသူ(CCCC)၏ အဆိုပြုလွှာအားစိစစ်ခြင်း၊ Expression of Interest (EoI) နှင့် Request for Proposal (RFP) များ ရေးဆွဲခြင်း၊ အမှတ်ပေးစနစ်အတွက် သတ်မှတ်ချက် Criteria များ သတ်မှတ်ခြင်း စသည်တို့ကို မြန်မာနိုင်ငံအခြေအနေနှင့် ကိုက်ညီစေရန် ပေါင်းစပ်ညှိနှိုင်းအကြံပြုရန်၊ တင်ဒါစည်းကမ်းသတ်မှတ် ချက်များအရ Technical & Financial အမှတ်အများဆုံးရရှိသည့် အဆိုပြုလွှာသုံးခုအား နောက်ဆုံးရွေးချယ်၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနသို့ တင်ပြလမ်းညွှန်ချက်ခံယူ၍ အသင့်လျော်ဆုံးရင်းနှီးမြှုပ်နှံသူကို ရွေးချယ်ရန်၊ တတိယအဖွဲ့စည်း၏ အဆိုပြုလွှာကို ရွေးချယ်ပါက ကနဦးအဆိုပြုသည့် ကုမ္ပဏီအနေနှင့် ယင်းတတိယအဖွဲ့အစည်း၏ အဆိုပြုလွှာနှင့်အညီ ဆောင်ရွက်နိုင်ခြင်း ရှိ/ မရှိ ညှိနှိုင်းမှုများကို Transaction Advisor ဖြစ်သော နိုင်ငံတကာအကြံပေးကုမ္ပဏီနှင့်အတူ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်၊ တတိယအဖွဲ့အစည်းတစ်ခုအား တင်ဒါအောင်မြင်၍ ရင်းနှီးတည်ဆောက်သူအဖြစ်  ရွေးချယ်ပါက တင်ဒါစည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ကနဦးအဆိုပြုလွှာတင်သည့် ကုမ္ပဏီ၏ (ပြင်ပစာရင်းစစ်တစ်ခုမှ အတည်ပြုထားသော) စရိတ်များကို တင်ဒါအောင်မြင်သူမှ ပြန်လည်ပေးနိုင်ရေး Transaction Advisor ဖြစ်သည့် နိုင်ငံတကာအကြံပေးကုမ္ပဏီနှင့်အတူ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ သီးခြားလမ်းညွှန်ချက်များနှင့်အညီ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန်တို့ဖြစ်ကြောင်း တင်ဒါကော်မတီဖွဲ့စည်းပုံအရ သိရသည်။

ထိုစီမံကိန်းအတွက် နိုင်ငံတကာအကြံပေးကုမ္ပဏီအဖြစ် ဂျာမန်အကြံပေးဝန်ဆောင်မှု လုပ်ငန်းဖြစ်သော Roland Berger Co., Ltd ကို ရွေးချယ်ခဲ့ပြီး လုပ်ငန်းအပ်နှံစာချုပ်ကို ၂၀၂၀ စက်တင်ဘာ ၄ ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။ ၂၀၂၀ အောက်တိုဘာ ၁၅ ရက်က ရန်ကုန်မြို့သစ်စီမံကိန်း  ပထမအဆင့်မှ အခြေခံအဆောက်အဦများ တည်ဆောက်ရန်အတွက် Swiss Challenge ဝင်ရောက်ယှဉ်ပြိုင်ရန် စိတ်ဝင်စားမှု ဖော်ပြချက် (Expression of Interest – EOI) ကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက ဖိတ်ခေါ်လိုက်သည်။ ယခု ခေါ်ယူသည့် Swiss Challenge သည် ရန်ကုန်မြို့သစ် စီမံကိန်း ပထမအဆင့်အကောင်အထည်ဖော်ရန် ပြည်တွင်းပြည်ပ ကုမ္ပဏီများကို ဖိတ်ခေါ်ခြင်း ဖြစ်သည်။ အဆိုပါ Challenge တွင် ပါဝင်အရွေးခံလိုသည့် ကုမ္ပဏီများက China Communication and Construction Company (CCCC)မှ  ကနဦးအဆိုပြုထားသော စီမံကိန်းအစီအမံများနှင့် ယှဉ်ပြိုင်အရွေးခံရမည်ဖြစ်ပြီး ငွေကြေးပိုမိုသက်သာစွာ လုပ်ဆောင်နိုင်သော ကုမ္ပဏီက စီမံကိန်း အကောင်အထည်ဖော်ခွင့်ရမည် ဖြစ်သည်။ သို့သော် စီမံကိန်းအကောင်အထည်ဖော်ခွင့်ရသည့် ကုမ္ပဏီက အစီအမံရေးဆွဲသော ကုန်ကျစရိတ်အား CCCC သို့ ပြန်လည်ပေးအပ်ရမည် ဖြစ်သည်။ ထိုစီမံကိန်းကို ရန်ကုန်မြို့သစ် အနောက်ဘက်ခြမ်းတွင် တည်ဆောက်မည်ဖြစ်ပြီး အနည်းဆုံးလူဦးရေ သုံးသန်းကျော် နေထိုင်နိုင်မည့်အပြင် အလုပ်အကိုင် အခွင့်အလမ်းပေါင်း နှစ်သန်းကျော် ဖန်တီးပေးနိုင်ရန် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ စီမံကိန်းတွင် စက်မှုဇုန်၊ တန်ဖိုးနည်းအိမ်ရာများနှင့် အထောက်အကူပြု အခြေခံအဆောက်အအုံများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

မကြာသေးမီကပင်ရန်ကုန်မြို့တော်မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းသစ် ပထမအဆင့်တွင် ရင်းနှီးမြှုပ်နှံရန် စိတ်ပါဝင်စားကြောင်း အဆိုပြုလွှာ (Expression of Interest-EOI) တင်သွင်းထားသည့် အဖွဲ့အစည်း (၁၆) ဖွဲ့က အဆိုပြုဖိတ်ခေါ်လွှာများ (Request For Proposal – RFP) ကို ထုတ်ပေးခဲ့ပြီး အဖွဲ့အစည်း ကိုးဖွဲ့မှ လာရောက်ထုတ်ယူခဲ့သည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါအဖွဲ့အစည်း ကိုးဖွဲ့ သည် လက်ရှိဖွဲ့စည်းထားမှုအတိုင်းဖြစ်စေ၊ နည်းပညာနှင့် ငွေကြေးလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဖြစ်စေ တင်ဒါအဆိုပြုလွှာ တင်သွင်းနိုင်မည်ဖြစ်ကြောင်းနှင့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၁၈ ရက် နောက်ဆုံးထား၍ အဆိုပြုလွှာများကို ပြန်လည်တင်သွင်းရမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ Swiss Challenge သဘောတရားအရ တင်ဒါအဆိုပြု ဖိတ်ခေါ်စာရအဖွဲ့အစည်းကိုးခုတို့မှာ အသာစီးရထားသည့် မူလအဆိုပြုသူ တရုတ် CCCC ကုမ္ပဏီနှင့် ယှဉ်ပြိုင် အရွေးခံရမည်ဖြစ်သည်။

၂။ စီမံကိန်းအသေးစိတ်အချက်အလက်များ

စီမံကိန်းအမည်

ရန်ကုန်မြို့သစ်စီမံကိန်း

တည်နေရာ

ရန်ကုန်မြို့အနောက်ဘက်ကမ်း

စုစုပေါင်းဧရိယာ

၁၅၀၀ စတုရန်းကီလိုမီတာ(ဧက သုံးသိန်းခုနစ်သောင်းကျော်)

စုစုပေါင်းကုန်ကျစရိတ်

အမေရိကန်ဒေါ်လာ ငါးဘီလီယံထက်မနည်း

စီမံကိန်း အမျိုးအစား

စီမံကိန်း ပထမအဆင့်၊ စီမံကိန်း ဒုတိယအဆင့်

စီမံကိန်း ပထမအဆင့်တည်နေရာ

ဆိပ်ကြီးခနောင်တို၊ တွံတေး၊ လှိုင်သာယာနှင့် ကြည့်မြင်တိုင်မြို့နယ်တို့ရှိ မြို့ပြ တစိတ်တဒေသ (semi-urban) နှင့် ကျေးလက်ဧရိယာပါဝင်

ကုန်ကျစရိတ်(ပထမအဆင့်)

အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံကျော်

စုစုပေါင်းဧရိယာ(ပထမအဆင့်)

၈၈ စတုရန်းကီလိုမီတာ (ဧက နှစ်သောင်းတထောင်ကျော်)

ပါဝင်မည့်အရာများ

ကျေးရွာငါးရွာ၊ တံတားနှစ်စင်း၊ ၂၆ ကီလိုမီတာ အရှည်ရှိ ပင်မလမ်းကြောင်းများ၊ ၁၀ စတုရန်းကီလိုမီတာရှိ စက်မှုဇုန်၊ ဓာတ်အားပေးစက်ရုံ၊ ကုန်ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးရေး အဆောက်အအုံများ၊ ရေသန့်နှင့် ရေဆိုးထုတ်စက်ရုံများ

စီမံကိန်းဒုတိယအဆင့်တည်နေရာ

ဒလမြို့နယ်မှ မုတ္တမ ပင်လယ်ကွေ့ကြား မြေဧရိယာနှင့် ရန်ကုန်မြို့တောင်ပိုင်းရှိ မြေဧရိယာ ၆၀၀ စတုရန်းကီလိုမီတာခန့်(ဧက တသိန်းခွဲနီးပါး)

ပါဝင်ပတ်သတ်နေသော ကုမ္ပဏီများ

ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက်(NYDC)၊ China Communications Construction Company (CCCC) ၊ PTT GROUP ၊ Indraprastha Gas Limited and Gail (IGL)၊ Frontiir Company Ltd*

*၂၀၁၉ သြဂုတ်တွင် တင်ဒါစာရင်းကြေညာရာ၌ လျှပ်စစ်စွမ်းအင် ထုတ်လုပ် ဖြန့်ဖြူရေးလုပ်ငန်းအတွက် ထိုင်းနိုင်ငံအခြေစိုက် PTT GROUP၊ သဘာဝဓာတ်ငွေ့ဖြန့်ချိရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းကို

အိန္ဒိယ အခြေစိုက် Indraprastha Gas Limited and Gail (IGL) ဖက်စပ်ကုမ္ပဏီနှင့် အင်တာနက် ဆက်သွယ်ရေးလမ်းကြောင်းများ တည်ဆောက်ရန် ပြည်တွင်းတွင် Myanmar Net အင်တာနက်ဝင်ဆောင်မှုပေးနေသည့် Frontiir Co.Ltd တို့ကိုရွေးချယ်ခဲ့သည်။

ရန်ကုန်မြို့သစ်စီမံကိန်း အချက်အလက်များ

၃။ စီမံကိန်း၏ နောက်ခံသမိုင်း

၂၀၁၄ ခုနှစ်၊ သြဂုတ် ၂၂ ရက်နေ့တွင် ရန်ကုန်မြို့တော်ဝန် ဦးမြင့်ဆွေသည် ရန်ကုန်မြို့၊ ကြည့်မြင်တိုင်၊ ဆိပ်ကြီးခနောက်တိုနှင့် တွံ့တေးမြို့နယ်များတွင်ရှိသည့် မြေဧက သုံးသောင်းကျော်ပေါ်၌ မြိုသစ်တည်ဆောက်ရေးစီမံကိန်း အကောင်အထည်ဖော်ရန် သဘောတူညီမှုစာချုပ်ကို မြန်မာ့စေတနာ မြို့သစ် ကုမ္ပဏီနှင့် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။ ထိုစီမံကိန်းမှာ အမေရိကန်ဒေါ်လာ ရှစ်ဘီလီယံ ကုန်ကျမည်ဟု ခန့်မှန်းခဲ့သည်။ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာတွင် မှတ်ပုံတင်ထားပြီး မတည်ရင်းနှီးငွေ ကျပ် တဘီလီယံသာ (ဒေါ်လာ တသန်း) ခန့်သာ ရှိသော  မြန်မာ့စေတနာမြို့သစ် ကုမ္ပဏီအား အမေရိကန်ဒေါ်လာဘီလီယံ ပေါင်းများစွာ တန်ဖိုးရှိသော စီမံကိန်းကို လုပ်ပိုင်ခွင့်ပေးခဲ့သောကြောင့် ဝေဖန်မှုများ ထွက်ပေါ်ခဲ့ပါသည်။ ၎င်းကုမ္ပဏီမှာ Xiao Feng and Xiao Sen အမည်ရှိ တရုတ်နွယ်ဖွား စီးပွားရေးလုပ်ငန်းရှင် နှစ်ဦးက ဦးဆောင်နေသည်ဖြစ်ရာ ထိုစီမံကိန်းသည် တရုတ်နိုင်ငံနှင့် ဆက်စပ်မှုများရှိနိုင်ကြောင်း မှန်းဆမှုများလည်းရှိခဲ့သည်။ စီမံကိန်းအတွက် တင်ဒါ ခေါ်ယူခြင်းမပြုခဲ့သောကြောင့် အများပြည်သူများက ဝေဖန်ခဲ့သည့်အပြင် မြို့တော်ဝန် ဦးမြင့်ဆွေနှင့် ၎င်းကုမ္ပဏီ၏ တာဝန်သူများအကြားက နီးကပ်သောဆက်ဆံရေးကို မေးခွန်းထုတ်ခံရပြီးနောက် ၂၀၁၄ ခုနှစ်၊ စက်တင်ဘာတွင် ရပ်နားထားရန် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က အကြောင်းကြားခဲ့သည်။

ရန်ကုန်မြို့သစ်စီမံကိန်း ဖြစ်စဉ်

၂၀၁၅ ခုနှစ်၊ ဇွန်တွင် ထိုစီမံကိန်းကို ပြန်လည်စတင်ရန် အဆိုကို  ကြည့်မြင့်တိုင်မြို့နယ် အမတ် ဦးမြင့်လွင်က တင်သွင်းခဲ့ပြီး လွတ်တော်က မဲခွဲဆုံးဖြတ်ကာ အတည်ပြုခဲ့သည်။

၂၀၁၆ ခုနှစ်၊ နှစ်ဦးပိုင်းတွင် ဧက ၁၂၀၀၀ ပေါ်၌ အဆိုပါစီမံကိန်းကို အကောင်အထည်ဖော်ရန် ကုမ္ပဏီ သုံးခုကို ခွင့်ပြုခဲ့ပြန်သည်။ ထိုကုမ္ပဏီများမှာ Yangon South West Development, Shwe Popa International နှင့် Business Capital City Development တို့ဖြစ်သည်။ Yangon South West Development Company မှာ ဦးမြင့်ဆွေက စီမံကိန်း အကောင်အထည်ဖော်ရန် တင်ဒါပေးအပ်ခဲ့သော Xiao Feng နှင့် Xiap Sen တို့ဦးဆောင်သော ကုမ္ပဏီ ဖြစ်သည်။

လအနည်းငယ်ကြာပြီးနောက်တွင် ထိုမျှကြီးမားသော စီမံကိန်းကို ဗဟိုအစိုးရကသာ ဦးဆောင်ပြီး လုပ်သင့်သည်ဟုဆိုကာ ရန်ကုန်တိုင်းအစိုးရက စီမံကိန်းကို ရပ်နားထားရန် ဆုံးဖြတ်ခဲ့သည်။

၂၀၁၇၊ ဖေဖော်ဝါရီတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က စီမံကိန်းကို ပြန်လည်စတင်သွားမည်ဟု ကြေညာကာ  ဒီဇင်ဘာတွင် ရန်ကုန်မြို့သစ်ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမီတက် (NYDC) ကို အထူးကုမ္ပဏီများ အက်ဥပဒေဖြင့် ဖွဲ့စည်းခဲ့သည်။

၂၀၁၈ ခုနှစ်၊ ဧပြီလတွင် ရန်ကုန်တိုင်းအစိုးရက တည်ထောင်ထားသော ရန်ကုန်မြို့သစ်ဖွံ့ဖြိုးမှုကုမ္ပဏီလီမီတတ် New Yangon Development Co Ltd (NYDC) က ဦးဆောင်ကာ ရန်ကုန်မြစ်၏ အနောက်ဘက်ကမ်းတွင် ရန်ကုန်မြို့သစ်တည်ဆောက်သွားမည်ဟု ကြေညာခဲ့သည်။

မေလတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ တည်ထောင်ထားသော New Yangon Development Company (NYDC) နှင့် ဟောင်ကောင်တွင် မှတ်ပုံတင်ထားပြီး ဘေဂျင်းတွင်အခြေစိုက်သည့် China Communications Construction Company (CCCC) တို့အကြား စီမံကိန်း၏ ပထမဆင့်တွင် အကောင်အထည်မည့်စီမံကိန်းများ၏ အသေးစိတ်အစီအမံများ (Pre-Project Documents)ရေးဆွဲရန် သဘောတူညီမှု မူဘောင်ကို လက်မှတ်ရေထိုးခဲ့သည်။ နိုဝင်ဘာလတွင် CCCC ကုမ္ပဏီက စီမံကိန်း ပထမအဆင့်အတွက် အစီအမံရေးဆွဲခြင်းကို အပြီးသတ် ဆွေးနွေးခဲ့ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသားဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် National Development and Reform Commission of China (NDRC) ၏ ဒုတိယဥက္ကဋ္ဌ Mr. Ning Jizhe နှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့ တွေ့ဆုံခဲ့ပြီး ရန်ကုန်မြို့သစ်အကောင်အထည်ဖော်ရေးကို ဆွေးနွေးခဲ့သည်။ အသေးစိတ် အစီအမံများကို ပြည်ထောင်စုအစိုးရထံ တင်ပြထားသော်လည်း ခွင့်ပြုချက် မရရှိသောကြောင့် စီမံကိန်း ရှေ့ဆက်ဆောင်ရွက်နိုင်ရေးမှာ ၂၀၁၉ နှစ်ကုန်ပိုင်းအထိ သောင်တင်ရေမကျ ဖြစ်နေခဲ့သည်။

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ခရီးစဉ်အတွင်းတွင် NYDC စီမံကိန်းအတွက် စာလွှာဖြစ်သည့်  Letter of Intent for the New Urban Development of Yangon City ကို ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့် CCCC ဥက္ကဋ္ဌ Mr. Song Hailiang တို့က လဲလှယ်ခဲ့သည်။ မေ ၂၉ ရက်တွင် တရုတ်သံအမတ်ကြီး ချန်းဟိုင်နှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့ တွေ့ဆုံကာ ရန်ကုန်မြို့သစ်အပါအဝင် ရန်ကုန်တိုင်းဒေသကြီးအတွင်း တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ဖော်ဆောင်နေသည့် စီမံကိန်းများကို တွန်းအားပေး ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ခဲ့သည်။ ထို့အပြင် နှစ်နိုင်ငံလုပ်ငန်းရှင်များ ရေးဆွဲထားသည့် လုပ်ငန်းဖော်ဆောင်ရေး စီမံကိန်းများကို ဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာစီမံကိန်းများ၏ နောက်ဆက်တွဲ လုပ်ငန်းများနှင့်ပတ်သတ်ပြီး သဘောတူညီချက်များ ရရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

၄။ တရုတ်ကုမ္ပဏီ၏ အခန်းကဏ္ဍ

ရန်ကုန်တိုင်းဒေသကြီးအစိုးရ တည်ထောင်ထားသော New Yangon Development Company (NYDC) သည် ဟောင်ကောင်တွင် မှတ်ပုံတင်ထားသော ဘေဂျင်းအခြေစိုက် China Communications Construction Company (CCCC နှင့် စီမံကိန်း၏ ပထမဆင့်တွင် အကောင်အထည်ဖော်မည့် စီမံကိန်းများ၏ အသေးစိတ် အစီအမံများ (Pre-Project Documents)ကို ရေးဆွဲရန် သဘောတူညီမှု မူဘောင်ကို  ၂၀၁၈ ခုနှစ်၊ မေ ၂ ရက်တွင်  လက်မှတ်ရေးထိုးခဲ့သည်။ ထိုသဘောတူညီမှုအရ CCCC သည် ရန်ကုန်မြို့သစ် ပထမအဆင့်ဖော်ဆောင်ရေးအတွက် အသေးစိတ် အစီအစဉ်များ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ တွက်ချက်မှုများ၊ ငွေကြေးဖော်ဆောင်မှုအစီမံများ ရေးဆွဲတင်ပြရမည် ဖြစ်သည်။

ရန်ကုန်မြို့သစ်စီမံကိန်း(ပထမဆင့်) ဖော်ဆောင်မည့် မြေဧရိယာအချိုးအစား

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာတွင် CCCC ကုမ္ပဏီက စီမံကိန်း ပထမအဆင့်အတွက် အစီအမံရေးဆွဲခြင်းကို အပြီးသတ် ဆွေးနွေးခဲ့သည်။ ထို့အပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသား ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် National Development and Reform Commission of China (NDRC) ၏ ဒုတိယဥက္ကဋ္ဌ Mr. Ning Jizhe သည်  ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တွေ့ဆုံခဲ့ပြီး ရန်ကုန်မြို့သစ် အကောင်အထည်ဖော်ရေးကို ဆွေးနွေးခဲ့သည်။

CCCC ကုမ္ပဏီသည် စုစုပေါင်း ၂၈ စတုရန်းကီလိုမီတာခန့် ပေါ်တွင် စက်မှုဇုန်ဧရိယာ၊ စီးပွားရေးနှင့်  လူနေထိုင်မှုဧရိယာ အပါအဝင် ရေသန့်စင်စက်ရုံ၊ ရေဆိုးသန့်စင်စက်ရုံ အစရှိသည့် အများပြည်သူနှင့် သက်ဆိုင်သည့် မြို့တော်စည်ပင် လုပ်ငန်းများအတွက် အသုံးပြုရန်လိုအပ်သည့် အသေးစိတ်အစီအမံများကို ရေးဆွဲထားပြီး ပြည်ထောင်စုအစိုးရထံ တင်ပြထားသည်။ သို့သော် ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုချက် မရရှိသေးသောကြောင့် စီမံကိန်း ရှေ့ဆက်ဆောင်ရွက်နိုင်ရေးမှာ ၂၀၁၉ နှစ်ကုန်ပိုင်းအထိ သောင်တင်ရေမကျ ဖြစ်နေခဲ့သည်။

၂၀၂၀၊ ဇန်ဝါရီတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ခရီးစဉ်အတွင်းတွင် NYDC စီမံကိန်းအတွက် စာလွှာဖြစ်သော Letter of Intent for the New Urban Development of Yangon City ကို ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့် CCCC ဥက္ကဋ္ဌ Mr. Song Hailiang တို့က လဲလှယ်ခဲ့သည်။

စာလွှာအရ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ(YCDC)နှင့်  CCCC တို့သည် ပထမဆင့် အခြေခံအဆောက်အဦလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် တင်ဒါလုပ်ငန်းစဉ်နှင့် ပူးပေါင်း လုပ်ဆောင်ရန် ဖြစ်သည်။ ပထမအဆင့်အခြေခံအဆောက်အဦ ခြောက်ခုအတွက် အသေးစိတ် အ စီအမံများကို ပြည်ထောင် စုအစိုးရ ခွင့်ပြုချက်ရရှိဖို့ တင်သွင်းထားပြီး ခွင့်ပြုချက်ရရှိသည်နှင့်တပြိုင်နက် NYDC က Swiss Challenge တင်ဒါ ခေါ်ဆိုသွားရန် ပြင်ဆင်ထားသည်ဟု ကြေညာခဲ့သည်။ အဆိုပါ NYDC Challenge ယှဉ်ပြိုင်ကာ  အစီအမံ(Counter Proposal) တင်နိုင်ပြီး ငွေကြေးပိုမိုသက်သာစွာ လုပ်ဆောင်နိုင်သော ကုမ္ပဏီက စီမံကိန်းတည်ဆောက်ရေးကို အကောင်အထည်ဖော်ခွင့် ရမည်ဖြစ်သည်။  သို့သော် အစီအမံ ရေးဆွဲကုန်ကျစရိတ်အား လုပ်ပိုင်ခွင့်ရသော ကုမ္ပဏီက CCCC သို့ ပြန်လည်ပေးရမည်ဖြစ်ပြီး NYDC နှင့် ဖက်စပ်ကုမ္ပဏီဖွဲ့ကာ စီမံကိန်း ပထမအဆင့်ကို အကောင်အထည်ဖော်ခွင့် ရမည်ဖြစ်သည်။

CCCC ကုမ္ပဏီ (သို့မဟုတ်) တင်ဒါရရှိသော ကုမ္ပဏီသည် စီမံကိန်း ပမမဆင့်အတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံရကာ အကျိုးအမြတ်၏ ၇၅ ရာခိုင်နှုန်း ခံစားခွင့်ရှိမည်ဖြစ်ပြီး NYCD ကမူ မြေ ၂၈ စတုရန်းကီလိုမီတာ ထည့်ဝင်ကာ စီမံကိန်း၏ အကျိုးအမြတ် ၂၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်မည်ဖြစ်သည်။

CCCC ကုမ္ပဏီနှင့် လုပ်ငန်းခွဲများသည် နိုင်ငံ ၁၀ ခုထက်မနည်းတွင် ချစားမှု၊ လာဘ်ထိုးမှုများ၌ ပါဝင်ခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံရှိ အပြည်ပြည်ဆိုင်ရာ လမ်းစီမံကိန်းတွင် မသမာမှုပြုလုပ်ကြောင်း တွေ့ရှိရသဖြင့် ကမ္ဘာ့ဘဏ်တွင် ၂၀၁၇၊ ဇန်နဝါရီအထိ စီးပွားရေး ပိတ်ဆိုမှုကို ခံခဲ့ရသော ကုမ္ပဏီ ဖြစ်သည်။

ရန်ကုန်မြို့သစ်စီမံကိန်း(ပထမအဆင့်) NYDC နှင့် CCCC အကြား ရင်းနှီးမြှုပ်နှံမှုနှင့် အကျိုးအမြတ်ခွဲဝေမှု

၅။ လူမှုသဘာ၀၀န်းကျင်အပေါ် သက်ရောက်မှု လေ့လာဆန်းစစ်မှုများ

ရန်ကုန်မြို့သစ်စီမံကိန်း Master Plan အတွက် မဟာဗျူဟာမြောက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်ခြင်း (Strategic Environmental Assessment-SEA)နှင့် ပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင်ထိခိုက်မှု စစ်ဆေးခြင်း (Environmental Impact Assessment – EIA) တို့ကို NYDC နှင့် အကြံပေး Environmental Resources Management (ERM) အဖွဲ့တို့က ပူပေါင်းလုပ်ဆောင်ခဲ့သည်။ နိုင်ငံအဆင့် စီမံကိန်းတခုဖြစ်သော ရန်ကုန်မြို့သစ်စီမံကိန်းသည် Mega Project တခုဖြစ်သောကြောင့် ကျန်းမာရေးဆိုင်ရာသက်ရောက်မှုဆန်းစစ်မှု Health impact Assessment(HIA) ကိုပါ လုပ်ဆောင်သင့်ကြောင်း ကျန်းမာရေးမူဝါဒလေ့လာဆန်းစစ်သူ သုတေသီများက ထောက်ပြကြသည်။  အထင်ရှားဆုံး ဥပမာအနေနှင့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် HIA အားနည်းချက်များကြောင့် ကြုံတွေ့ခဲ့ရသော ဒေသခံများ၏ ကျန်းမာရေးထိခိုက်မှုများနှင့် လူမှုစီးပွားဘဝကို ထောက်ပြကြပါသည်။

စီမံကိန်း၏ တည်နေရာသည် ပင်လယ်ရေမျက်နှာပြင်အထက် ငါးမီတာ(၁၆ ပေ)သာ မြင့်သောကြောင့် ရေလွှမ်းမိုးမှုဒဏ်ကို ခံရနိုင်သည့် အန္တရာယ်ရှိကြောင်း မြို့ပြတည်ဆောက်ရေး ပညာရှင်များက သတိပေးထားသည်။ အထူးသဖြင့်ရေမျက်နှာပြင်သည် ဒီရေနှင့် မုန်တိုင်းဒီရေလှိုင်းများ၊ မြစ်ရေစီးဆင်းမှုနှင့် မိုးရွာသွန်းမှုများ ပေါင်းစပ်ခြင်းကြောင့် သိသိသာသာရေလွှမ်းမိုးမှုအန္တရာယ် မြင့်မားသောနေရာ ဖြစ်ကြောင်း ဝေဖန်ဆွေးနွေးမှုများ ရှိသည်။

သို့ဖြစ်ရာ NYDC ကုမ္ပဏီသည် ရေကြီးမှုအန္တရာယ် လေ့လာမှုအပါအဝင် အကဲဖြတ်မှုများစွာပြုလုပ်ခဲ့သည်။ နယ်သာလန် Royal HaskoningDHV ၏ တွေ့ရှိချက်အရ အမေရိကန်ဒေါ်လာသန်း ၁၀၀ တန်ဖိုးရှိသည့် ရေအကာအကွယ် (Primary ring-dyke system) ကို ရေများစီးဝင်လာမည့်  ပင်မနေရာတွင် တည်ဆောက်ရန် အကြံပြုထားသည်။ ထိုရေအကာအကွယ် တည်ဆောက်ခြင်းမပြုပါက လက်ရှိ ပင်လယ်ရေမျက်နှာပြင်အရ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံခန့် ဆုံးရှုံးနိုင်ကြောင်း ဖော်ပြထားပြီး ပင်လယ်ရေမျက်နှာပြင်သည်  ကိုးစင်တီမီတာ ထပ်မံမြင့်တတ်လာမည်ဆိုပါက အမေရိကန်ဒေါ်လာ ၂ ဒသမ ၁ ဘီလီယံအထိ ဆုံးရှုံးနိုင်ကြောင်း ဖော်ပြထားသည်။

NYDC သည် ရင်းနှီးမြှုပ်နှံထားသော ငွေအမြောက်အများကို သုံးစွဲပြီးဖြစ်ကြောင့် ရေအကာအကွယ်လုပ်ရန် ဒေါ်လာ သန်း ၁၀၀ ကို ကုမ္ပဏီအနေဖြင့် ထပ်မံမြှုပ်နှံရန် ခက်ခဲလိမ့်မည်ဟု ထောက်ပြထားသည်။ ထို့အပြင် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကို ထပ်မံသုံးစွဲခြင်းကိုလည်း သဘောမတူကြပါ။ ထိုအကာအကွယ်ကို တည်ဆောက်လိုက်ပါက ပတ်ဝန်းကျင်နေရာများကို ရေများ ပြန့်ကားစီးဝင်လာနိုင်ပြီး အထူးသဖြင့် ရန်ကုန်မြို့လယ်ကောင် နေရာများအတွင်း ရေကြီးမှုအန္တရာယ်ကို ကြုံတွေ့ရနိုင်ကြောင်း ပညာရှင်များက တွက်ချက်သတိပေးထားကြသည်။

၂၀၁၈၊ စက်တင်ဘာတွင် NYDC က ဆောင်ရွက်ထားသော ရန်ကုန်မြို့သစ် ဖွံ့ဖြိုးရေး လူမူ-စီးပွား ပင်မစီမံချက်ကို ထုတ်ပြန်ခဲ့သည်။ လူမူစီးပွား ပင်မစီမံချက်တွင် စီးပွားရေးဆိုင်ရာ စိစစ်အကဲဖြတ်ချက်များနှင့်  ဦးစားပေးကဏ္ဍများ၊ ရန်ကုန်မြို့သစ်၏ စက်မှုလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထားလုပ်ဆောင်နိုင်ရန် အကောင်းဆုံးနှင့် အမြန်ဆုံး  လမ်းကြောင်းကို ရှာဖွေရေးနည်းလမ်းများ၊ အခြေခံအဆောက်အအုံများ အဆင့်လိုက် အကောင်အထည်ဖော်ရေး စီမံချက်နှင့် မြို့ပြသစ်တခု ပေါ်ထွက်လာရေး လမ်းညွှန်ချက် အစီအစဉ်များ၊ သဘာဝပတ်ဝန်းကျင် ထိမ်းသိန်းရေးအတွက် မဟာဗျူဟာကျ အစီအမံရေးဆွဲရန် အစီအစဉ်များ၊ စီမံကိန်းရေရှည်တည်မြဲရေးအတွက် စီမံအုပ်ချုပ်ရေးမူနှင့် ကြုံတွေ့လာနိုင်ဖွယ်ရှိသည့် အန္တရာယ်အခက်အခဲများကို ကိုင်တွယ်ဖြေရှင်းရန် လုပ်ထုံးလုပ်နည်းများကို အကြံပြုဖော်ပြထားသည်။

မြို့သစ်စီမံကိန်း  မဟာအစီအစဉ်အတွက် ပတ်ဝန်းကျင်နှင့် လူမူဝန်းကျင်ထိခိုက်မှု ဆန်းစစ်ချက်ကို လန်ဒန်အခြေစိုက် Environmental Resources Management (ERM) က ရေးဆွဲပေးခဲ့သည်။ မဟာဗျူဟာမြောက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်ခြင်း (SEA) ကို လုပ်ဆောင်ခဲ့သည့် ကဏ္ဍများမှာ ဧရိယာ ငါးခုအတွင်း ပြန်လည်နေရာချထားမှု၊ စက်မှုဇုန်အသစ် တည်ဆောက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများ အသစ်ဆောက်လုပ်ခြင်း၊ အဆင့်မြှင့်တင်မှု၊ လူဦးရေ တသန်းနှစ်သိန်းခန့်အတွက် Green space များ၊ လမ်းပန်းဆက်သွယ်ရေး အခြေခံအဆောက်အအုံနှင့် လူမှုရေးဝန်ဆောင်မှုများ ပံ့ပိုးပေးမှု၊ စီးပွားရေးဇုန်အသစ်များ၊ လူနေထိုင်ဇုန်အသစ်များ၊ ဆက်စပ်နေသော မြို့နယ်များနှင့် ချိတ်ဆက်ပေးမည့် အခြေခံအဆောက်အအုံ စီမံကိန်းများအတွက်ဖြစ်ကြောင်း ဖော်ပြထားသည်။ သို့သော် လေ့လာတွေ့ရှိချက် အသေးစိတ် အချက်အလက်များကို ထုတ်ပြန်ထားခြင်းမရှိပေ။

မြန်မာနိုင်ငံ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေအရ စီမံကိန်းပထမအဆင့်၏ ပထမအပိုင်းဖြစ်သည့် တံတားများ၊ လမ်းများ၊ လျှပ်စစ်ဓာတ်အား၊ စက်မှုဇုန်၊ ရေနှင့် ရေဆိုးတို့အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လိုက်နာဆောင်ရွက်မှု သက်သေခံလက်မှတ် (ECC) ရရှိရန် ပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း အစီရင်ခံစာ (EIA) ခြောက်စောင် ပြုလုပ်ဆောင်ရွက်ကာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနလက်အောက်ရှိ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနသို့ တင်ပြထားသည်။

ပတ်ဝန်းကျင်သက်ရောက်မှု လေ့လာဆန်းစစ်ချက်များ ပြုလုပ်အပြီး ထွက်ပေါ်လာသော အချက်အလက်များနှင့် ရလာဒ်များတွင် လှိုင်သာယာ၊ ကြည့်မြင့်တိုင်၊ တွံတေးမြို့နယ်များတွင် လေထုညစ်ညမ်းမှုနှင့် ဆူညံသံများ ဖြစ်ပေါ်နေပြီး ရေထုညစ်ညမ်းမှုမှာ ပန်းလှိုင်မြစ်အတွင်း  Chemical Oxygen Demand ကျော်လွန်နေသည်ဟု သိရသည်။ ထို့အတွက်ကြောင့် ဖြစ်နိုင်ချေရှိသည့် အဆိုပါသက်ရောက်မှုများကို လျှော့ချနိုင်ရန်အတွက် အကြံပြုချက်များကို Environmental Resources Management (ERM) အဖွဲ့၏ ပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင်ထိခိုက်မှုစစ်ဆေးခြင်း (Environmental Impact Assessment – EIA) အစီရင်ခံစာတွင် ဖော်ပြထားသည်။

၆။ လူထုတုံ့ပြန်မှု

ရန်ကုန်မြို့သစ်စီမံကိန်း အဆင့် ၁ ပြီးစီးလည်ပတ်ခဲ့ပါက အလုပ်အကိုင်အခွင့်အလမ်း ခြောက်သိန်းမှ ကိုးသိန်းအကြားကို ဖန်တီးပေးနိုင်မည်ဖြစ်ပြီး မြို့သစ်ကြီးထွားလာသည်နှင့်အမျှ ထောက်ပံ့ရေးကွင်းဆက်( Supply chain) အလုပ်အကိုင် နှစ်သိန်းမှ သုံးသိန်းအထိ ဖော်ဆောင်နိုင်လိမ့်မည်ဟု NYDC က ဆိုသည်။ ရန်ကုန်မြို့သစ်စီမံကိန်း အဆင့် ၂ ပြီးစီးလည်ပတ်ခဲ့ပါက အလုပ်အကိုင်အခွင့်အလမ်း တသန်းမှ ၁ ဒသမ ၂ သန်းအထိ ဖော်ဆောင်နိုင်မည်ဖြစ်ပြီး စုစုပေါင်း နှစ်သန်းနီးပါး ဖော်ဆောင်နိုင်လိမ့်မည်ဟု ဆိုသည်။

ရန်ကုန်မြို့သစ်စီမံကိန်းနှင့်ပတ်သက်၍ NYDC Town Hall ပထမအကြိမ်ကို ၂၀၁၈၊ ဇွန်တွင် ပြုလုပ်ခဲ့ပြီး ဒုတိယအကြိမ်ကို ကိုးလအကြာ ၂၀၁၉၊ မတ်တွင် ကျင်းပခဲ့သည်။ Town Hall နှစ်ကြိမ်စလုံးတွင် တက်ရောက်လာသူများမှ အပြန်အလှန်ဆွေးနွေးရာတွင် ပတ်ဝန်းကျင်၊ လူမှုစီးပွားနှင့်  အကောင်အထည်ဖော်လုပ်ကိုင်မည့် CCCC ကုမ္ပဏီ၏ နောက်ကြောင်းများကို ဝေဖန်ထောက်ပြမှု အများအပြားရှိခဲ့သည်။

အထူးသဖြင့်  ဒေသခံများ၏ သိမ်းဆည်းလယ်ယာမြေများ အရေးကို NYDC Town Hall များတွင်  တက်ရောက်လာသူများနှင့် ဒေသခံများက အကျေအလည် ဆွေးနွေးကြသည်။ စီးပွားရေးပညာရှင်များက မြို့သစ်စီမံကိန်း ပြီးဆုံးပါက အဆိုပါအဆင့်မြင့်အိမ်ရာများသည် လူတန်းစားတရပ်ကသာ ဝယ်ယူနေထိုင်နိုင်မည့် အခြေအနေဖြစ်ပြီး ဒေသခံမြန်မာအများစု လက်လှမ်းမီနိုင်သော ပမာဏနှင့် ဝယ်ယူနိုင်ပါ့မလားဟု မေးခွန်းထုတ်မှုများလည်း ရှိနေသည်။

Reference:

https://www.irrawaddy.com/news/burma/multi-billion-dollar-rangoon-southwest-expansion-set-begin.html

https://frontiermyanmar.net/en/new-life-for-yangons-new-city

https://frontiermyanmar.net/en/news/yangon-government-committed-controversial-new-city

https://www.irrawaddy.com/news/burma/development-co-build-new-city-west-yangon-river.html

https://www.nydc.com.mm/nydc-signs-framework-agreement-with-leading-infrastructure-company-for-first-stage-of-nydc-challenge/

https://www.nydc.com.mm/new-yangon-city-to-be-built-on-land-west-of-the-yangon-river/

https://www.nydc.com.mm/wp-content/uploads/2019/07/Flood-Risk-Assessment-Executive-Summary-ENG.pdf

https://www.nydc.com.mm/wp-content/uploads/2019/05/Master-Plan-Summary.pdf

https://www.nydc.com.mm/nydc-signs-framework-agreement-with-leading-infrastructure-company-for-first-stage-of-nydc-challenge/

https://www.nydc.com.mm/environmental-impact-assessments-strategic-environmental-assessment-of-the-development-of-new-yangon-city-phase-1-masterplan/

https://www.nydc.com.mm/socio-economic-master-plan/

https://www.irrawaddy.com/opinion/analysis/chinese-firm-involved-new-yangon-city-long-list-controversies-abroad.html

https://www.nationthailand.com/business/30375610

https://www.business-standard.com/article/news-ani/india-firms-win-contract-to-supply-gas-to-new-yangon-city-project-119090200239_1.html

https://www.mmtimes.com/news/frontiir-selected-bring-internet-yangons-new-city-development.html

https://www.nydc.com.mm/frontiir-selected-as-preferred-applicant-for-cyber-connectivity-infrastructure/

https://www.irrawaddy.com/news/burma/yangon-govt-abused-power-investing-controversial-new-city-project-lawmaker.html

https://www.irrawaddy.com/news/burma/bosses-myanmars-controversial-new-yangon-city-project-see-major-shakeup.html

https://www.irrawaddy.com/news/burma/new-yangon-city-chief-grilled-chinese-contractors-reputation.html

https://www.myco.dica.gov.mm/Corp/EntityProfile.aspx?id=e3b6dbd7-610c-44f3-879b-5b36cd10b7bc

https://www.irrawaddy.com/news/burma/experts-raise-alarm-over-flood-prone-location-of-new-yangon-city-project.html

https://news-eleven.com/article/192225

https://news-eleven.com/article/190888

The post ရန်ကုန်မြို့သစ်စီမံကိန်း appeared first on ISP Myanmar China Desk.

တရုတ်-မြန်မာ ဧရာဝတီမြစ်စီးပွားရေးရပ်ဝန်း (သို့) ရေကြောင်းခါးပတ်လမ်းစီမံကိန်း
၁။ စီမံကိန်းအကျဉ်းချုပ်

‘တရုတ်-မြန်မာ ဧရာဝတီမြစ်စီးပွားရေးရပ်ဝန်း’ သို့မဟုတ် ‘တရုတ်-မြန်မာ ရေကြောင်းခါးပတ်လမ်း’ စီမံကိန်းသည် အိန္ဒိယသမုဒ္ဒရာကို လက်လှမ်းမီရန် ကြိုးပမ်းသည့် တရုတ်၏ စီမံကိန်းများအနက်မှ တစ်ခုဖြစ်သည်။ ဘေဂျင်းက ကျောထောက်နောက်ခံပြုပေးထားပြီး ယူနန်ပြည်နယ်မှ တာဝန်ယူအကောင်အထည်ဖော်ရန် စီမံထားသော စီမံကိန်းလည်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ အသက်သွေးကြောဖြစ်ပြီး နိုင်ငံ၏ မြောက်မှ တောင်သို့ ဖြတ်သန်းစီးဆင်းနေသော ဧရာဝတီမြစ်ပေါ်တွင် ဆိပ်ကမ်းများတည်ဆောက်ကာ တရုတ်နိုင်ငံမှ ကုန်ပစ္စည်းများနှင့် ဒေသတွင်းနိုင်ငံများမှ ထွက်ကုန်ပစ္စည်းများအား အပြန်အလှန်တင်ပို့ရန် စီစဉ်ထားသည်။

စီမံကိန်း၏ အဓိကရည်ရွယ်ချက်မှာ တရုတ်နိုင်ငံ၏ အကြီးဆုံးဆိပ်ကမ်းတစ်ခုဖြစ်ပြီး ကမ္ဘာ့တွင် ကုန်စည်သင်္ဘောအဝင်အထွက်အများဆုံးဆိပ်ကမ်းမြို့ဖြစ်သည့် ရှန်ဟိုင်းမှ ကုန်စည်များကို ကုန်းလမ်းကြောင်းမှတဆင့် ယူနန်ပြည်နယ်၏မြို့တော်ဖြစ်သော ကူမင်းမြို့သို့ တင်ပို့မည်ဖြစ်သည်။ ကူမင်းမြို့မှတဆင့် ကုန်ပစ္စည်းများကို တရုတ်-မြန်မာနယ်စပ်မြို့ လုံချွန်းခရိုင်မှတဆင့်  ကျန်းဖုန်း/လွယ်ဂျယ် နယ်စပ်ဂိတ်ကို ဖြတ်သန်းကာ ဗန်းမော်မြို့သို့ ရထားလမ်း သို့မဟုတ် ကုန်လမ်းကြောင်းမှ တင်ပို့မည်။ ထိုမှတဆင့် ဗန်းမော်မြို့ဆိပ်ကမ်းမှ မကွေးမြို့၊ မန္တလေးမြို့၊ ရန်ကုန်မြို့တို့ကို ဖြတ်သန်း၍ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှ အက်ဒမန်ပင်လယ်ပြင်၊ ထို့မှတဆင့် အိန္ဒိယသမုဒ္ဒရာသို့ ဆက်သွယ်မည်ဖြစ်သည်။

ကနဦးအစီအစဉ်မှာ ကူမင်းနှင့် ဗန်းမော်မြို့တို့ကို ကုန်လမ်းကြောင်း၊ ရထားလမ်းကြောင်း နှစ်သွယ်ဖြင့် ဆက်သွယ်ရန်ဖြစ်သည်။ ကုန်စည်များကို ကျန်းဖုန်းနှင့် ဗန်းမော်မြို့သို့ တင်ပို့ ချိတ်ဆက်နိုင်မည့် နယ်စပ်ပူးပေါင်းစီးပွားဇုန်တစ်ခုတည်ဆောက်ရန်ကိုလည်း မြန်မာကို တရုတ်က အဆိုပြု ထားသည်။

ဧရာဝတီမြစ်သည် မြန်မာနိုင်ငံ၏အရေးကြီးဆုံး ရေလမ်းကြောင်းဖြစ်ကာ ဧရာဝတီမြစ်ဝကျွန်းပေါ်မှတဆင့်  အက်ဒမန်ပင်လယ်ထဲသို့ စီးဝင်သည်။ မြစ်သည် မြန်မာနိုင်ငံ၏ အဓိကျသော မြို့ပေါင်း ၆၀ နီးပါးနှင့် ချိတ်ဆက်နေပြီး မြစ်ကြောင်းတလျောက်တွင် လူသန်းပေါင်း ၃၀ ခန့် နေထိုင် အသက်မွေးဝမ်းကြောင်း ပြုလျက်ရှိမည်ဟု ခန့်မှန်းထားသည်။

လက်ရှိအချိန်တွင် ထိုစီမံကိန်းကို တရုတ်-မြန်မာစီးပွားရေးစင်္ကြံအောက်ရှိ အထူးဦးစားပေးစီမံကိန်းစာရင်းတွင် ထည့်သွင်းရန် တရုတ်နိုင်ငံဘက်မှ ကြိုးပမ်းလျက်ရှိသည်။

၂။ စီမံကိန်းဖြစ်စဉ်

ယူနန်ပြည်နယ်နှင့် အိန္ဒိယသမုဒ္ဒရာကို ချိတ်ဆက်သည့် မဟာဗျူဟာကျကုန်သွယ်မှုလမ်းကြောင်းကို အကောင်အထည်ဖော်ရန် တရုတ်နိုင်ငံသည် လွန်ခဲ့သည့် နှစ်၂၀ ကျော်ကတည်းက ကြိုးပမ်းမှုများရှိခဲ့သည်။ ဧရာဝတီမြစ်ကိုအသုံးပြု၍ ကုန်ပစ္စည်းများတင်ပို့တင်သွင်းသည့် ရေလမ်းကြောင်းဖောက်ရန် ယူနန်ပြည်နယ်အစိုးရသည် ၁၉၈၉ ခုနှစ်ကပင် မြန်မာ့တပ်မတော်အစိုးရနှင့် ဆွေးနွေးချက်များရှိခဲ့သည်။

ထိုအချိန်က တရုတ်သမ္မတ ကျန်းကျိရိ မြန်မာနိုင်ငံသို့လာရောက်သည့်ခရီးစဉ်တွင် တပ်မတော်အစိုးရခေါင်းဆောင်များ နှင့်တွေ့ဆုံပြီးနောက် အဆိုပါစီမံကိန်းကို အကောင်အထည်ဖော်ရန် နှစ်ဖက်သဘောတူခဲ့သည်။

၎င်းစီမံကိန်းမှာ လက်ရှိတွင် ယခုအကောင်အထည်ဖော်ရန်ကြိုးပမ်းနေသည့်  တရုတ်-မြန်မာ ဧရာဝတီမြစ်စီးပွားရေးရပ်ဝန်းလမ်းကြောင်းနှင့် အတူတူပင်ဖြစ်သည်။ တပ်မတော်အစိုးရလက်ထက်တွင် ထိုစီမံကိန်းကို အကောင်အထည်ဖော်ရန် နှစ်ဖက်အကြား အကြိမ်ကြိမ်အစည်းအဝေးပြုလုပ်ခဲ့ကြသည်။

ထိုကာလက စီမံကိန်း၏ အမည်မှာ ‘တရုတ်၊ ကူမင်း-မြန်မာ၊ ရန်ကုန် ဧရာဝတီမြစ်ကြောင်းသယ်ယူပို့ဆောင်ရေး စင်္ကြံ’(China Kunming-Myanmar Yangon-Ayeyarwaddy[Irrawaddy] River Portage Passage) ဖြစ်သည်။ ထို့အပြင် ‘တရုတ်-မြန်မာ ကုန်းလမ်းရေလမ်းကြောင်းသယ်ယူပို့ဆောင်ရေးစင်္ကြံ’(Sino-Myanmar Land and Water Transportation Passage) အဖြစ်လည်း ခေါ်ဆိုကြသည်။

တရုတ်အစိုးရနှင့် မြန်မာအစိုးရအကြား အကျေအလည်ဆွေးနွေးပြီးနောက် အချောသတ် လက်မှတ်ထိုးရန်ပြင်ဆင်ခဲ့သည်။ အချောသတ်လက်မှတ်ထိုးမည့်အဆင့်တွင် နှစ်ဖက်အကြား သဘောထားကွဲလွဲခဲ့သောကြောင့် စီမံကိန်းအကောင်အထည်ဖော်ရေးဆွေးနွေးမှုအားလုံးကို ၂၀၀၄ ခုနှစ်တွင် ရပ်ဆိုင်းလိုက်သည်။ သဘောထားကွဲလွဲမှုများနှင့်ပတ်သတ်ပြီး နှစ်ဖက်စလုံးမှ ထုတ်ဖော်ပြောဆိုခြင်းမပြုခဲ့ပေ။

ထိုစီမံကိန်းအကောင်အထည်ဖော်ရေးအစီအမံသည် တရုတ်နိုင်ငံ၊ နိုင်ငံတော်ကောင်စီ၏ အခြေခံအဆောက်အအုံ ဆက်သွယ်တည်ဆောက်ခြင်းမဟာအစီအမံ(၂၀၁၄-၂၀၃၅ ခုနှစ်)တွင် ထည့်သွင်းထားသည်။ ထို့အပြင် ယူနန်ပြည်နယ်၏ ရေလမ်းကြောင်းသယ်ယူပို့ဆောင်ရေးဖွံ့ဖြိုးမှုစီမံကိန်း(၂၀၁၄-၂၀၂၀ ခုနှစ်)၊ ယူနန်ပြည်နယ်နယ်စပ်ဒေသများဖွံ့ဖြိုးမှုအစီအမံ(၂၀၁၄-၂၀၂၀ ခုနှစ်)တွင်လည်း ထည့်သွင်းထားသည်။ ဒဲဟုန်(တက်ဟုန်း)ပြည်နယ်ခွဲသည် ထိုအစီအမံကို လုံချွန်းဒေသဖွံ့ဖြိုးရေးအစီအမံ(၂၀၁၉ ခုနှစ်) တွင်လည်း ထည့်သွင်းထားသည်။

ကာလကြာရှည်ရပ်ဆိုင်းနေသောစီမံကိန်းကို ‘ဧရာဝတီ စီးပွားရေးရပ်ဝန်း’ သို့မဟုတ် ‘ရေကြောင်းခါးပတ်လမ်းစီမံကိန်း’ အဖြစ် အသက်သွင်းရန် ၂၀၁၈ ခုနှစ်တွင် တရုတ်နိုင်ငံဘက်က တဖန်ကြိုးပမ်းလာခဲ့သည်။

၂၀၁၈ ခုနှစ်၊ မတ်လတွင် မြန်မာဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့သည် ဗီယက်နမ်နိုင်ငံတွင်ကျင်းပသည့် မဲခေါင်အစည်းအဝေးတွင် ထိုစီမံကိန်းကို အကောင်အထည်ဖော်ရန်အတွက် ဆွေးနွေးခဲ့ကြသည်။

၂၀၁၈ ခုနှစ်၊ ဇွန်လတွင် ယူနန်ပြည်နယ်အစိုးရဖွံ့ဖြိုးရေးနှင့်ပြုပြင်ပြောင်းလဲရေးကော်မရှင်သည် ထိုစီမံကိန်းကို အကောင်အထည်ဖော်ရေးလုပ်ငန်းစဉ်များပြန်လည်စတင်ရန် ၁၂ ကြိမ်မြောက် ယူနန်ပြည်နယ်၊ တရုတ်ပြည်သူ့နိုင်ငံရေးအကြံပေး အစည်းအဝေးတွင် တင်ပြခဲ့သည်။

ယူနန်အစိုးရ၏ထောက်ပံ့မှု၊ တရုတ်အမျိုးသားဖွံ့ဖြိုးမှုနှင့်ပြုပြင်ပြောင်းလဲရေးကော်မရှင်တို့၏ ထောက်ခံမှုတို့ဖြင့် ယူနန်အခြေစိုက် တောင်အာရှနှင့်အရှေတောင်အာရှပို့ဆောင်ရေးသုတေသနအင်စတီကျုသည် ဧရာဝတီမြစ်နှင့်ပတ်သတ်သော သုတေသနစာတမ်းများကို ကွင်းဆင်းပြုလုပ်ခဲ့သည်။

တရုတ်-မြန်မာစီးပွားရေးစင်္ကြ့၏ မူဘောင်အောက်တွင် ‘ဧရာဝတီမြစ် ကုန်းလမ်းရေလမ်းကြောင်းစင်္ကြံဖွံဖြိုးရေးသုတေသနစာတမ်း’(The development of the Irrawaddy River Land-water transport corridor under the framework of China-Myanmar Economic Corridor)နှင့် ‘တရုတ်-မြန်မာ ကုန်းလမ်းရေလမ်းသယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွင် ပုဂ္ဂလိကလုပ်ငန်းများပါဝင်လာရန် သုတေသနစာတမ်း’(Private Enterprises’ Participating in the operation of China-Myanmar Land-water Intermodal Transport Channel) နှစ်ခုကို ၂၀၁၈ ခုနှစ်တွင် ပြုလုပ်ခဲ့သည်။

၂၀၁၉  ခုနှစ်တွင် ‘ဧရာဝတီမြစ်ဝှမ်း စီးပွားရေးခါးပတ်လမ်းဖွံ့ဖြိုးမှု(Irrawaddy River Basin Economic Belt Development)သုတေသနစာတမ်း’ ကို ပြုလုပ်ခဲ့သည်။ ထိုသုတေသနစာတမ်းများကို တရုတ်ပြည်သူသမ္မတနိုင်ငံ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနနှင့် တရုတ်အမျိုးသားဖွံ့ဖြိုးမှုနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်တို့သို့ တင်သွင်းခဲ့သည်။

ဧရာဝတီမြစ်ဝှမ်းစီမံကိန်းကို အကောင်အထည်ဖော်ရန် တရုတ်နိုင်ငံသည် ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်များ အတွင်းတွင် ပိုမိုတွန်းအားပေးလုပ်ဆောင်လာခဲ့သည်။ ထိုစီမံကိန်းအကောင်အထည်ဖော်ခြင်းကို အားပေးရန် နှစ်နိုင်ငံအကြားပြုလုပ်သော တရုတ်-မြန်မာစီးပွားရေးစင်္ကြံအစည်းအဝေးများတွင် မြန်မာဘက်မှတက်ရောက်သူများအား အလွတ်သဘောဖြင့် တိုက်တွန်းမှုများ ရှိခဲ့သည်။

ဧရာဝတီမြစ်အပေါ်တွင် စီမံကိန်းများတည်ဆောက်ခြင်းဖြင့် ပထမအချက်မှာ ကုန်ကျစရိတ်သက်သာခြင်း၊ ဒုတိယအချက်မှာ တိုက်ပွဲများကြောင့် ကြန့်ကြာပြီး အန္တရာယ်များသော ရှမ်းပြည်နယ်မြောက်ပိုင်းကိုဖြတ်သန်းသွားမည့် ကုန်းလမ်းခရီးကြောင်းအား အသုံးပြုရမှုကို လျော့ချကာ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှတဆင့် အိန္ဒိယသမုဒ္ဒရာကို လွှမ်းမိုးနိုင်ရန်ကြိုးစားသည့် ယခုလမ်းကြောင်းသည် ပဋိပက္ခများမရှိခြင်းကြောင့် အနှောင့်အယှက်များကင်းကာ ပိုမိုလွယ်ကူပြီး အချိန်တိုတွင်း အကောင်အထည်ဖော်နိုင်ခြင်း စသည့်အကြောင်းအချက်များရှိနေခြင်းတို့ကြောင့် ဧရာဝတီစီးပွားရေးရပ်ဝန်းစီမံကိန်းကို ဖော်ဆောင်ရန် စီစဉ်လာခြင်းဖြစ်သည်။

‘တရုတ်-မြန်မာ ဧရာဝတီမြစ်စီးပွားရေးရပ်ဝန်း’ သို့မဟုတ် ‘တရုတ်-မြန်မာ ရေကြောင်းခါးပတ်လမ်း’ စီမံကိန်း၏ ကုန်စည်စီးဆင်းမည့် အဓိက အစိတ်အပိုင်းများဖြစ်သော ဧရာ၀တီမြစ်ကြောင်းရှိ မကွေးဆိပ်ကမ်းကို အမေရိကန်ဒေါ်လာ ၃၃ သန်း၊ ပခုက္ကူဆိပ်ကမ်းကို ၄၇ သန်းနှင့် ဗန်းမော်ဆိပ်ကမ်းကို ၃၄သန်း အကုန်အကျခံကာ နိုင်ငံတကာအဆင့်မီဆိပ်ကမ်းများ ဖြစ်လာစေရန် ဆောင်ရွက်မည်ဟု ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မှ တာဝန်ရှိသူမှ ၂၀၂၀ စက်တင်ဘာ ၇ ရက်က ဆိုသည်။ လက်ရှိတွင် ၎င်းဆိပ်ကမ်း သုံးခုသည် ၊ ကြီးမားသော ကုန်သေတ္တာများကို အတင်အချပြုလုပ်ရန် ခေတ်မှီစက်ကိရိယာများမရှိခြင်းနှင့် နည်းပညာလိုအပ်ခြင်း စတဲ့ ဆိပ်ကမ်းဆိုင်ရာ အခြေခံအဆောက်အဦများ အားနည်းနေသည်။ ထိုစီမံကိန်းများကို အစိုးရ၏စီမံကိန်းဘဏ် (Project Bank) တွင် ထည့်သွင်းကြေညာထားပြီး အစိုးရ၊ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု (PPP)  ပုံစံဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း စတင်အကောင်အထည်ဖော်ကာ ၂၀၂၃-၂၀၂၄ ခုနှစ် ဘဏ္ဍာနှစ်တွင် ပြီးစီးရန် လျာထားသည်ဟု ဆိုသည်။ သို့သော် ‘တရုတ်-မြန်မာ ဧရာဝတီမြစ်စီးပွားရေးရပ်ဝန်း’ သို့မဟုတ် ‘တရုတ်-မြန်မာ ရေကြောင်းခါးပတ်လမ်း’ စီမံကိန်း၏ ကုန်စည်စီးဆင်းမည့် အဓိက အစိတ်အပိုင်းတခုဖြစ်သော ရန်ကုန်ဆိပ်ကမ်းနှင့် ပတ်သက်သော စီမံကိန်းအချက်အလက်များကိုမူ မသိရှိရသေးပေ။

၃။ စီမံကိန်းအသေးစိတ်အချက်အလက်များ

စီမံကိန်းအရှည်

၂၁၆၁ ကီလိုမီတာ(မိုင် ၁၃၀၀ ကျော်)(ကူမင်း-ရန်ကုန်)

ဆက်သွယ်မည့်မြို့များ

ကူမင်းမြို့၊ ကျန်းဖုန်း/လွယ်ဂျယ်ဂိတ်မှ ဗန်းမော်မြို့၊ မကွေးမြို့၊ မန္တလေးမြို့၊ ရန်ကုန်မြို့

ကနဦးအဆင့်မြှင့်တင့်မည့်ဆိပ်ကမ်းနှင့် ကုန်ကျစရိတ်

ဗန်းမော်ဆိပ်ကမ်း- အမေရိကန်ဒေါ်လာ ၃၄ သန်း

ပခုက္ကူဆိပ်ကမ်း- အမေရိကန်ဒေါ်လာ ၄၇ သန်း

မကွေးဆိပ်ကမ်း- အမေရိကန်ဒေါ်လာ ၃၃ သန်း

အဆင့်မြှင့်တင်ရမည့်ကုန်းလမ်းအရှည်စုစုပေါင်း

၁၀၄၀ ကီလိုမီတာ(မိုင် ၆၄၀ ကျော်)

မြစ်ကြောင်းတလျောက်ရှင်းလင်းရမည့်အရှည်

၄၁၀ ကီလိုမီတာ(မိုင် ၂၅၀ ကျော်)

တည်ဆောက်မည့်ရထားလမ်းအရှည်

၉၂ ကီလိုမီတာ(၅၇ မိုင်ကျော်)(လုံချွန်း-ဗန်းမော်)

ရင်းနှီးမြုပ်နှံမည့်ငွေပမာဏစုစုပေါင်း

မသိရသေး

၄။ ပါဝင်ပတ်သက်သည့်အဖွဲ့အစည်းများ

‘တရုတ်-မြန်မာ ဧရာဝတီစီးပွားရေးရပ်ဝန်း’ (သို့) ‘တရုတ်-မြန်မာ ရေကြောင်းခါးပတ်လမ်း’ စီမံကိန်း နှင့်ပတ်သတ်ပြီး ရင်းနှီးမြုပ်နှံရန် ကျောထောက်နောက်ခံပြုသူမှာ ယူနန်ပြည်နယ်နှင့် တရုတ်အမျိုးသားဖွံ့ဖြိုးမှု နှင့်ပြုပြင်ပြောင်းလဲရေးကော်မရှင်တို့ ဖြစ်သည်။

လက်ရှိအချိန်တွင် မည်သည့်တရုတ်နိုင်ငံပိုင်ကော်ပိုရှင်းကမျှ ရင်းနှီးမြုပ်နှံမည်ဟု ထုတ်ဖော်ပြောဆို ထားခြင်းမရှိသေးပါ။

စီမံကိန်း၏အစိတ်အပိုင်းဖြစ်သည့် မြန်မာနိုင်ငံသို့ဆက်သွယ်မည့်လမ်းများအား အဆင့်မြှင့်တင့်ရေးအတွက် လုံချွန်းခရိုင်က စုစုပေါင်း တရုတ်ယွမ် သန်း၂၀ ကျော်သုံးစွဲရန် လျာထားပြီး လမ်းပိုင်းအချို့ကို စတင်အဆင့်မြှင့်နေပြီဖြစ်သည်။

ဗန်းမော်-လွယ်ဂျယ်လမ်းပိုင်းကို အဆင့်မြှင့်တင်ရန်အတွက် ၂၀၁၉ ခုနှစ်တွင် ဟုန်ရှင်းကျားဖန်းကုမ္ပဏီကို ကချင်ပြည်နယ်အစိုးရက နှစ်၃၀ ဘီအိုတီစနစ်ဖြင့် ခွင့်ပြုခဲ့သည်။

ဒဲဟုန်(တက်ဟုန်း)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် စီမံကိန်းအကောင်အထည်ဖော်ရန်အတွက် အဓိကလိုအပ်သော တရုတ်ကော်ပိုရေးရှင်းများကို ညှိနိူင်းရန် တာဝန်ယူထားသည်။

ထိုစီမံကိန်းနှင့်ပတ်သတ်ပြီး မြန်မာနိုင်ငံဘက်မှ တရားဝင်ထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့ပေ။ ၂၀၁၈ ခုနှစ်တွင် အကောင်အထည်ဖော်ရန်စိုင်းပြင်းခဲ့သော မြန်မာနိုင်ငံသယ်ယူပို့ဆောင်ရေးမဟာဗျုဟာအရ ဧရာဝတီမြစ်ပေါ်တွင် ဆိပ်ကမ်းများတည်ဆောက်ရန် ရည်ရွယ်ထားသော်လည်း ဗန်းမော်ဆိပ်ကမ်းကို အဆင့်မြှင့်တင်တည်ဆောက်ရန် ထည့်သွင်းထားခြင်းမရှိပါ။

သို့သော် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလတွင်ပြုလုပ်ခဲ့သော နိုင်ငံတော်အဆင့်ရင်းနှီးမြုပ်နှံမှု ထိပ်သီးညီလာခံ၌ထုတ်ပြန်ခဲ့သည့် အထူးဦးစားပေးဆိပ်ကမ်းများအဆင့်မြှင့်တင်ခြင်းအတွက် တည်ဆောက်ရန် လိုအပ်သောစာရင်းတွင် မကွေးဆိပ်ကမ်းနှင့်အတူ ဗန်းမော်ဆိပ်ကမ်းကိုလည်း နိုင်ငံတကာ အဆင့်မီအဆင့်မြှင့်တင်တည်ဆောက်ရန် ထည့်သွင်းထားသည်။

၅။ လေ့လာစဉ်းစားချက်များ

စီမံကိန်းအတွက် ဖြစ်နိုင်ချေဆန်းစစ်မှုပြုလုပ်ရန်  ယူနန်အစိုးရက မြန်မာအစိုးရကို ၂၀၁၇ ခုနှစ်တွင် တင်ပြခဲ့သော်လည်း တုံ့ပြန်မှုမရရှိခဲ့ပေ။ သို့သော် ယူနန်အစိုးရပညာရှင်များသည် ၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ အကြိမ်ကြိမ်လာရောက်ကာ အလွတ်သဘော ဖြစ်နိုင်ချေလေ့လာစမ်းစစ်မှုကို ပြုလုပ်ခဲ့ပြီးဖြစ်သည်။

၎င်းတို့၏လေ့လာတိုင်းထွာချက်များအရ ဧရာဝတီမြစ်၏ရေအနက်သည် ကုန်တင်သင်္ဘော များသွားလာရန် သင့်လျော်သောရေအနက်ရှိကြောင်း၊ မြစ်၏ ၈၀ ရာခိုင်နှုန်းသောရေအနက်သည် ၅ မီတာ(၁၆ ပေကျော်) ထက် နက်ကြောင်း၊ ကုန်တင်သင်္ဘောများသွားလာနိုင်ရန် ဖြစ်နိုင်ချေအများဆုံးရှိကြောင်းတို့ကို တွေ့ရှိထားသည်။ တစ်နှစ်တာလုံး တန်ချိန် ၃၀၀၀ ခန့်ရှိသော သင်္ဘောများသွားလာနိုင်ကြောင်းကိုလည်း တွေ့ရှိထားသည်ဟုဆိုသည်။

ထို့အပြင် ဧရာဝတီမြစ်သည် သဘာဝဘေးအန္တရာယ်ကြုံတွေ့နိုင်ချေ အလွန်နည်းပြီး မြစ်ရေမှာ ငြိမ်သောကြောင့် တရုတ်ကုန်စည်များအတွက် ဆုံးရှုံးနိုင်ချေနည်းသည်ဟု ဆိုသည်။ ဧရာဝတီမြစ်ကြောင်းကို အသုံးပြုပါက အခြားကုန်လမ်းမှ ကုန်စည်တင်ပို့သည့်ကုန်ကျစရိတ်ထက် ၃၂ ရာခိုင်နှုန်းသက်သာမည်ဖြစ်ကြောင်းကိုလည်း ရေးသားထားသည်။

၆။ လူမှုသဘာဝန်းကျင်သက်ရောက်မှုများ

ဧရာဝတီမြစ်ကြောင်းစီမံကိန်းသည် လူသိနည်းသောစီမံကိန်းဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ပညာရှင်များက ဧရာဝတီမြစ်သည် ရွှေတူးဖော်ခြင်းလုပ်ငန်းများ၊ သဲကျောက်တူးဖော်ခြင်းလုပ်ငန်းများ၊ စက်ရုံများ၏စွန့်ပစ်ပစ္စည်းများနှင့် မြစ်ကြောင်းကိုရှင်းလင်းရန် နှစ်ကာလပေါင်းများစွာပျက်ကွက်ခဲ့သောကြောင့် ကမ်းပါးပြိုမှုများနှစ်စဉ်ဖြစ်ပွားနေသလို မြစ်ကြောင်းတွင် အနယ်များ၊ အမှိုက်များနှင့် ပြည့်နှက်လာနေသည်ဟု သတိပေးထားသည်။ ဆိပ်ကမ်းများတည်ဆောက်ခြင်း၊ ကုန်တင်သင်္ဘောကြီးများသွားလာခြင်းနှင့် စီမံကိန်းကြောင့် မြစ်ကြောင်းချဲ့ရခြင်း၊ မြစ်ကမ်းပါးတွင်နေထိုင်သူများအား နေရပ်မှရွေ့ပြောင်းပေးရခြင်း၊ ၎င်းတို့၏ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ ဆုံးရူံးခြင်း၊ ကုန်တင်သင်္ဘော ကြီးများကြောင့် သဘာဝပတ်ဝန်းကျင်ပိုမိုညစ်နွမ်းစေခြင်းများ ဖြစ်ပွားစေနိုင်ကြောင်းကိုလည်း သတိပေးထားသည်။

အာရှဖွံ့ဖြိုးရေးဘဏ်က ၂၀၁၆ ခုနှစ်တွင် ထုတ်ပြန်သည့် ‘မြန်မာမြစ်ကြောင်းသယ်ယူပို့ဆောင်ရေးမူဝါဒ’ စာတမ်းတွင် ဗန်းမော်-မန္တလေးတလျောက်ရှိ မြစ်ကြောင်းကို ချဲ့ခြင်းသည် အဆမတန်ကုန်ကျနိုင်ရာ ပြန်ရမည့် အကျိုးအမြတ်နှင့် မကာမိသောကြောင့် မြန်မာနိုင်ငံအနေနှင့် မပြုလုပ်သင့်ကြောင်း အကြံပေးထားသည်။

Reference

China Kunming South Asia & Southeast Asia International Logistics Reaserach Institute in 2019. report

https://www.adb.org/sites/default/files/publication/189076/mya-reform-transport-institutions.pdf

https://www.irrawaddy.com/opinion/analysis/china-quietly-pushing-myanmar-back-development-plan-irrawaddy-river.html

http://www.yn.gov.cn/yn_zwlanmu/qy/wj/yzf/201607/ t20160713_26079.html.

http://www. dehong.gov.cn/dehong/zw/content-35-136-1.html.

http://news.cri.cn/gb/ 42071/2015/08/24/8171s5077577.htm.

http://www.dhlc.gov.cn/hgx/Web/_ F0_0_04NRTXYRDW3OQUJ6CHY440PZSG.htm.

https://www.mhwmm. com/ch/NewsView.asp?ID=31465.

https://myanmar.mmtimes.com/news/143325.html

The First Session of the 12th Session of the Political Consultative Conference of Yunnan Province report in 2018.

The post တရုတ်-မြန်မာ ဧရာဝတီမြစ်စီးပွားရေးရပ်ဝန်း (သို့) ရေကြောင်းခါးပတ်လမ်းစီမံကိန်း appeared first on ISP Myanmar China Desk.

ရခိုင်ပြည်နယ်အကျပ်အတည်းတွင် တရုတ်နိုင်ငံ၏အခန်းကဏ္ဍ
၁။ ပဋိပက္ခနောက်ခံအကျဥ်း

(ဤစာတမ်းတွင် ‘ဘင်္ဂါလီ’ ‘ရိုဟင်ဂျာ’ ဟူသည့် အခေါ်အဝေါ်များအစား ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဖြစ်သည့် ကိုဖီအာနန်ကော်မရှင်က အသုံးပြုခဲ့သည့်အတိုင်း “မွတ်ဆလင် သို့မဟုတ် “ရခိုင်ပြည်နယ်အတွင်းရှိ မွတ်ဆလင်လူ့အဖွဲ့အစည်း” ဟူ၍ ရည်ညွှန်းသုံးစွဲ သွားမည်ဖြစ်ပါသည်။ ထိုသို့ ရည်ညွှန်းသုံးစွဲမှုတွင် ‘ကမန်မွတ်ဆလင်’ များကို ဆိုလိုခြင်းမဟုတ်ပါ။)

လူမျိုးရေးအမှတ်အသား၊ လုံခြုံရေး၊ စီးပွားရေးဆိုင်ရာကိစ္စများနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်တွင် ဒေသခံရခိုင်တိုင်းရင်းသားများနှင့် မွတ်စလင်များအကြား တင်းမာမှုများနှင့် မကျေလည်မှုများ အခြေတည်နေသည်မှာ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

သို့သော် နှစ်ဖက်လူမှုအသိုင်းအဝိုင်းအကြားက ပဋိပက္ခ၏ဒီဂရီကို မြင့်လာစေသည်မှာ  ၂၀၁၂ ခုနှစ်တွင်ဖြစ်သည်။ ရခိုင်အမျိုးသမီးတစ်ဦးကို မွတ်စလင်အချို့က ကျူးလွန်သည့် လိင်အကြမ်းဖက်မှုဖြစ်စဥ်ကို အကြောင်းပြု၍ အကြမ်းဖက်မှုများ ပေါ်ပေါက်ခဲ့သည်။ ယင်းနောက်တွင် နှစ်ဖက်အသိုင်းအဝိုင်းကြား ပဋိပက္ခများသည်  မကြာခဏဆက်လက် ဖြစ်ပေါ်နေခဲ့သည်။

ကာလရှည် အမြစ်တွယ်နေခဲ့သည့် ပြဿနာတို့ကို အဆုံးသတ်နိုင်ရန် ‘ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်’ ကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလတွင် ဖွဲ့စည်းခဲ့ပြီး နိုင်ငံတကာအသိုင်းအဝိုင်းတွင် သြဇာတိက္ကမ ကြီးမားသည့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာန်ကို ဦးဆောင်စေခဲ့သည်။

အဆိုပါကော်မရှင်ဖွဲ့စည်းပြီး လပိုင်းအကြာ၊ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလတွင် ရခိုင်-ရိုဟင်ဂျာကယ်တင်ရေးတပ်(ARSA)က ရခိုင်ပြည်နယ်ရှိ နယ်ခြားစောင့်တပ်ဖွဲ့များကို တိုက်ခိုက်ခဲ့သည်။

ကိုဖီအာနန်ကော်မရှင်သည် တစ်နှစ်ကြာ စုံစမ်းလေ့လာပြီး အစီရင်ခံစာကို ပြုစုခဲ့သည်။ ‘ရခိုင်ပြည်နယ်တွင် နေထိုင်ကြသော ပြည်သူလူထုများအတွက် ငြိမ်းချမ်းမျှတ၍ သာယာဝပြောသော အနာဂတ်ပေါ်ထွန်းလာနိုင်ရေးကို ဦးတည်လျက်’ ဟု အစီရင်ခံစာတွင် ဖော်ပြထားပြီး အကြံပြုချက်ပေါင်း ၈၈ ချက်ချက် ပါရှိသည်။  ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်နေ့တွင် အစီရင်ခံစာကို အများပြည်သူသို့ ထုတ်ပြန်ခဲ့သည်။ နောက်တစ်ရက်နံနက်အစောပိုင်းမှာပင် ရခိုင်-ရိုဟင်ဂျာ ကယ်တင်ရေးတပ်(ARSA)က နယ်ခြားစောင့်တပ်စခန်းများကို ဒုတိယအကြိမ် ဝင်ရောက်တိုက်ခိုက်ပြန်သည်။ ယင်းတိုက်ခိုက်မှုတို့ကြောင့် ARSA ကို အကြမ်းဖက်အဖွဲ့အဖြစ် အစိုးရက သတ်မှတ်ခဲ့သလို တပ်မတော်ကလည်း ကြမ်းတမ်းစွာလက်တုံ့ပြန်ခဲ့သည်။ ထိုမှစ၍ ပဋိပက္ခသည် အကျပ်အတည်းအဖြစ်သို့ ဆိုက်ရောက်လာခဲ့သည်။

မွတ်စလင်ကျေးရွာများကို ဝင်ရောက်တိုက်ခိုက်ခြင်း၊ ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများကြောင့် မွတ်စလင် ခုနစ်သိန်းထက်မနည်း တစ်ဖက်နိုင်ငံ ဘင်္ဂလားဒေ့ရှ်ထဲသို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်အတွင်း နှစ်ဖက်တိုက်ခိုက်မှု၊ နယ်မြေရှင်းလင်းမှုဖြစ်စဥ်များအတွင်း တပ်မတော်အနေနှင့် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့သည်ဆိုသည့် စွပ်စွဲချက်များဖြင့် တပ်မတော်ရော အစိုးရကိုပါ အရေးယူ၊ အပြစ်ပေးနိုင်ရန် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက ကြိုးပမ်းလျက်ရှိသည်။ စီးပွားရေးပိတ်ဆို့ခြင်း၊  ဆက်ဆံမှုလျော့ချခြင်း၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် တပ်မတော်ခေါင်းဆောင်ကြီးအချို့ကို အမည်ပျက်စာရင်းသွင်းခြင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို ဖိအားပေးခြင်း စသည့်နည်းတို့ဖြင့် မြန်မာနိုင်ငံကို အကျပ်ရိုက်စေသည့် လုပ်ရပ်များကိုလည်း လုပ်ဆောင်လျက်ရှိကြသည်။

အဆိုပါဖြစ်စဉ်များမတိုင်မီကပင် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းနှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်ကဲ့သို့သော တရုတ်နိုင်ငံ၏ စီးပွားရေးမျှော်မှန်းချက်များက ရခိုင်ပြည်နယ်အတွင်းတွင် ရှိနေခဲ့ရာ ယင်းအရေးကိစ္စတို့တွင် တရုတ်နိုင်ငံကို မဖိတ်ခေါ်ဘဲ ဝင်ရောက်ပတ်သက်လာစေသည်။

၂။ ရခိုင်ပြည်နယ်က တရုတ်၏အကျိုးစီးပွားများ

တရုတ်နိုင်ငံ၏ စွမ်းအင်နှင့် လောင်စာလိုအပ်ချက်ကို ဖြည့်တင်းပေးနိုင်ရန် ပိုက်လိုင်းများတည်ဆောက်၍ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမှ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်သို့ ရေနံနှင့် သဘာဝဓာတ်ငွေ့များ တင်ပို့မည့် အစီအစဉ်သည် ၂၀၀၄ ခုနှစ် ဝန်းကျင်ကပင် ရှိနေခဲ့သည်။

အဆိုပါ ပိုက်လိုင်းများ တည်ဆောက်၊ သွယ်တန်းရေးစိတ်ကူးကို  လက်တွေ့အကောင်အထည်ဖော်ရန်အတွက် ၂၀၀၉ ခုနှစ်တွင် နှစ်နိုင်ငံ သဘောတူညီမှုရရှိခဲ့သည်။ စုစုပေါင်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံရမည့် ပိုက်လိုင်းများ ဖြစ်သည်။ ၂၀၁၃ ခုနှစ်တွင် သဘာဝဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်မှု ပြီးစီးခဲ့ပြီး ရေနံပိုက်လိုင်းသည် ၂၀၁၄ ခုနှစ်တွင် ပြီးစီးခဲ့သည်။

တချိန်တည်းမှာပင် တရုတ်နိုင်ငံသည် ကမ္ဘာကို လွှမ်းခြုံမည့်မဟာအစီအစဉ်ဖြစ်သည့် ခါးပတ်တစ်ကွင်းလမ်းတစ်စင်း(BRI) အိပ်မက် မက်လာပြန်ရာ ၎င်း၏အကျိုးစီးပွားများသည် ရခိုင်ဒေသတွင် ပို၍ ကျယ်ပြန့်လာသည်။

ခါးတပတ်တစ်ကွင်းလမ်းတစ်စင်းအစီအမံ၏ အစိတ်အပိုင်းဖြစ်သည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ(CMEC)ကို ရခိုင်ပြည်နယ်တွင် အကောင်အထည်ဖော်လျက်ရှိသည်။  ထိုစင်္ကြံမှာ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှတဆင့် မြန်မာနိုင်ငံအတွင်းရှိ စီးပွားရေးအရအရေးပါသော အဓိကမြို့များဖြစ်သည့် မူဆယ်၊ မန္တလေး၊ ရန်ကုန်၊ ကျောက်ဖြူ စသည့်မြို့များကို ချိတ်ဆက် သွားမည်ဖြစ်သည်။ ယင်းစီမံကိန်းတွင် အမေရိကန်ဒေါ်လာ ၇ ဒသမ ၃ ဘီလီယံ တန်ဖိုးရှိသည့် ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းလည်း ပါဝင်သည်။

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလတွင် တရုတ်ကုမ္ပဏီနှင့် မြန်မာအကြားတွင်ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့်ပတ်သက်သည့် မူဘောင်ကို သဘောတူစာချုပ်ခဲ့သည်။ ကျောက်ဖြူရေနက်ဆိပ်ကမ်းသည် လက်ရှိတွင် တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းတို့၏ အခြေပြုရာနေရာ ဖြစ်သည်။

အလားတူပင် ရခိုင်ပြည်နယ်တွင် China National Offshore Oil Corporation (CNOOC)၊ Petro China၊ China National Petroleum Corporation (CNPC)စသော တရုတ်ကုမ္ပဏီကြီးများက သဘာဝဓာတ်ငွေ့ရေနံကဏ္ဍတွင် ရင်းနှီးမြုပ်နှံထားကြသည်။ တရုတ်နိုင်ငံ၏ ကြီးကျယ်လှသော အခြေခံအဆောက်အအုံစီမံကိန်းများ အောင်မြင်ရေးသည် ရခိုင်ပြည်နယ်၏တည်ငြိမ်အေးချမ်းရေးအပေါ်တွင် မူတည်နေသည်။

တချိန်တည်းမှာပင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြားက ပဋိပက္ခသည် တရုတ်နိုင်ငံ၏ ဒေသတွင်းမဟာဗျူဟာကျသော အစီအမံများကို ခြိမ်းခြောက်လျက်ရှိသည်။

၃။ ရခိုင်အရေးတွင် တရုတ်နိုင်ငံ၏ပါဝင်မှု

ရခိုင်ပြည်နယ်အတွင်း နှစ်ဖက်တိုက်ခိုက်မှု၊ နယ်မြေရှင်းလင်းမှုဖြစ်စဥ်များအတွင်း တပ်မတော်အနေနှင့် လူမျိုးတုံးသတ်မြတ်မှုကျူးလွန်ခဲ့သည်ဟု  ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး(OHCHR) က  စွဲချက်တင်ထားသည်။ ၎င်းအပြင် ယင်းလူမျိူးတုံးသတ်ဖြတ်မှုများ ကျုးလွန်ရန် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်လျက်ရှိသည့် အစိုးရက အားပေးကူညီပြီး သတင်းများ အမှောင်ချခြင်း၊ သက်သေများ ဖျောက်ဖျက်ခြင်းများ  ပြုလုပ်ခဲ့သည်ဟုလည်း စွပ်စွဲထားသည်။

ဥရောပသမဂ္ဂနှင့်   အစ္စလာမ်မစ်နိုင်ငံများပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(OIC)  တို့ကလည်း ရခိုင်ပြည်နယ်အတွင်း တပ်မတော်က လုပ်ဆောင်ခဲ့မှုများကို မှတ်တမ်းတင်ခြင်း၊ ထိန်းသိမ်းခြင်း သတင်းအချက်အလက်များကို စစ်ဆေးခြင်းတို့အပြင် အရေးယူအပြစ်ပေးနိုင်ရန်အတွက်လည်း ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလက စီစဥ်ခဲ့ကြသည်။

မြန်မာ့တပ်မတော်သည် ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့ကစ၍ မွတ်စလင်၂၄၀၀၀ ကိုသတ်ဖြတ်ခဲ့ကြောင်း Ontario International Development Agency(OIDA)က စွပ်စွဲထားသေးသည်။

ထို့အပြင် မွတ်စလင်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးကြမှုနှင့်ပတ်သက်၍ နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)ကလည်း စစ်ဆေးခဲ့သသည်။ နိုင်ငံတကာရာဇဝတ်ခုံရုံးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဆောင်ရွက်ခဲ့သော လေ့လာစမ်းစစ်မှုတို့ကိုလည်းမှတ်တမ်းတင်ခဲ့သည်။ ကုလသမဂ္ဂကလည်း ရာဇဝတ်မှုစုံစမ်းရေးအစီရင်ခံစာကို နိုင်ငံတကာရာဇဝတ်ခုံရုံးသို့ လွှဲပြောင်းပေးခဲ့သည်။ ထိုအစီရင်ခံစာကို ဆွီဒင်၊ နယ်သာလန် စသော နိုင်ငံများက သ‌ဘောတူခဲ့ကြသည်။ တရုတ်နိုင်ငံကမူ သဘောမတူခဲ့ပေ။

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလတွင်ကျင်းပသည့် ကုလသမဂ္ဂ အထွေထွေညီလာခံက ထိုအစီရင်ခံစာကို အတည်ပြုပြီး အရေးယူမှုများဆောင်ရွက်ရန် တွန်းအားပေးထားသည်။

၂၀၁၉ ခုနှစ်၊ စက်တင်ဘာ ၁၇ ရက်နေ့က  ဂျီနီဗာ၌ကျင်းပသည့်   ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအစည်းအဝေးတွင်လည်း အစီရင်ခံစာ တစ်စောင်ကို အချက်အလက်ရှာဖွေရေးအဖွဲ့က ထပ်မံတင်သွင်းခဲ့သည်။ မြန်မာနိုင်ငံတွင် ဆက်လက်နေထိုင်နေသေးသည့် မွတ်စလင် ၆၆၀၀၀၀ သည်လည်း ဖိနှိပ်မှု၊ လူမျိုးတုံးသတ်ဖြတ်မှု အန္တရာယ်များနှင့် ရင်ဆိုင်နေရကြောင်း ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အနေနှင့် မွတ်စလင်များအပေါ် လူသားချင်းစာနာမှုကိုဆန့်ကျင့်သည့် ရာဇဝတ်မှုနှင့် ငြိစွန်းနေပြီး နိုင်ငံတကာခုံရုံးတွင် တရားစွဲဆိုခံနိုင်ရဖွယ်ရှိကြောင်း ထိုအချက်အလက်ရှာဖွေရေးအဖွဲ့က ပြောဆိုထားသည်။ ယင်းအပြင် မြန်မာနိုင်ငံမှ အခြားသော ရာဇဝတ်မှုကျူးလွန်သူများကိုလည်း တရားစီရင်ရန်အတွက်လည်း တင်ပြထားသည်။

မြန်မာနိုင်ငံဘက်ကမူ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့ စတင်ဖွဲ့စည်းစဥ်ကပင် ကန့်ကွက်ခဲ့သလို ယင်းအဖွဲ့၏ အစီရင်ခံစာနှင့် အခြေအမြစ်မရှိသည့် စွပ်စွဲချက်များကို ငြင်းပယ်သည်။ အဆိုပါ ကုလသမဂ္ဂသတင်းအချက်အလက်ရှာဖွေရေးအဖွဲ့ကို မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်မပြုခဲ့သလို အစီရင်ခံစာကိုလည်း ငြင်းပယ်ခဲ့သည်။

လက်ရှိအချိန်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အရှေ့တောင်ဘက်ခြမ်းရှိ ကော့ဘဇားတွင် မွတ်စလင် တစ်သန်းခန့်ကို လက်ခံထားရသည်ဟု ကုလသမဂ္ဂကထုတ်ပြန်ထားသည်။

အထက်ပါအခြေအနေများကို မြန်မာနိုင်ငံက ရင်ဆိုင်လာရချိန်တွင် တရုတ်နိုင်ငံသည် မြန်မာဘက်မှ ရပ်တည်ကာကွယ်သူအဖြစ်လည်းကောင်း ပြဿနာမီး ငြိမ်းအေးစေရေးအတွက်လည်းကောင်း ပါဝင်လာခဲ့သည်။ ထိုသို့ပါဝင်ရာတွင် တရုတ်နိုင်ငံကအသုံးပြုသည့် နည်းလမ်းသုံးသွယ်ကို တွေ့နိုင်သည်။

(က) နိုင်ငံတကာစင်မြင့်တွင် ၎င်း၏အရှိန်အဝါကို အသုံးပြခြင်း

တရုတ်နိုင်ငံအနေနှင့် ‘ရခိုင်အရေးသည် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြားက ပြသာနာသာ ဖြစ်သည်၊ မွတ်စလင်များသည် မြန်မာနိုင်ငံက တိမ်းရှောင်လာခြင်း ဖြစ်သောကြောင့် ဘင်္ဂလားဒေ့ရှ်မှ ပြန်လည်ပို့ဆောင်ခြင်းကို ပြုလုပ်ရမည်၊ ရခိုင်ပြည်နယ်အရေးကို ပိုမိုဆိုးရွားအောင်၊ ရှုပ်ထွေးအောင် နိုင်ငံတကာစင်မြင့်သို့ ဆွဲတင်ခြင်းကို ကန့်ကွက်သည်’ စသည့် အချက်များကို နိုင်ငံတကာသို့ ထုတ်ဖော်ပြောဆိုလေ့ရှိသည်။

၎င်းသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်ဖြစ်ပြီး မွတ်စလင်ကိစ္စနှင့်ပတ်သက်၍ တပ်မတော်အပါအဝင် မြန်မာအစိုးရကို အရေးယူရန် နိုင်ငံတကာရာဇဝတ်ခုံရုံး၏လူပ်ရှားမှုများကို ပယ်ချနိုင်သည့် ဗီတိုအာဏာ ရှိသည်။

ARSA က ပထမအကြိမ်တိုက်ခိုက်မှုအပြီး ၂၀၁၇ မတ်လတွင် ၁၅ ဦးပါဝင်သော ကုလသမဂ္ဂလုံခြုံရေး ကောင်စီအစည်းအဝေးအပြီးတွင် ကြေညာချက်တစ်ခုထုတ်ပြန်ရန် အဖွဲ့ဝင်နိုင်ငံများက ကြိုးပမ်းခဲ့သည်။ တပ်မတော်၏တန်ပြန်တိုက်ခိုက်မှုများကြောင့် ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခများနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း ထုတ်ပြန်ရန် ဖြစ်သည်။ သို့သော် တရုတ်နိုင်ငံက ကန့်ကွက်ခဲ့သည်။  ထိုကြေညာချက်ထဲတွင် ၂၀၁၆ ခုနှစ် အောက်တိုလကတည်းက ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများကြောင့်  မွတ်စလင်များသေဆုံးမှု၊ ရွာများမီးရှို့ခံရနေမှုများရှိကြောင်း၊ လူအခွင့်အရေးချိုးဖောက်မှုနှင့် လူမျိုးတုံးသတ်ဖြတ်မှုများပင် ပြုလုပ်နေကြောင်း ရေးသားဖော်ပြထားသည်။

၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလတွင်လည်း အစ္စလာမ်မစ်နိုင်ငံများပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(OIC) ၏ တောင်းဆိုချက်ကြောင့်် မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး အထူးအစည်းအဝေးကို ကျင်းပခဲ့သည်။ ထို အစည်းအဝေးတွင် ‘မြန်မာနိုင်ငံရှိ မွတ်စလင် လူနည်းစုများ၏ လူ့အခွင့်အရေးအခြေအနေ’ ဟု အမည်ရသောအစီရင်ခံစာကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဦးဆောင်တင်သွင်းခဲ့သည်။ ထိုအစီရင်ခံစာကို တရုတ်နိုင်ငံသည် ရုရှား၊ ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်၊ ဗီယမ်နမ်နိုင်ငံတို့နှင့်အတူ ကန့်ကွက်ခဲ့သည်။

၂၀၁၈ ခုနှစ်၊ စက်တင်ဘာလတွင် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ရခိုင်အရေးတွင် လူမျိုးတုံးသတ်ဖြတ်နိုင်ချေ ရှိမရှိကို စစ်ဆေးမည့်၊ လူ့အခွင့်အရေးချိုးဖောက်မှုသက်သေများကို ရှာဖွေမည့် အဖွဲ့တစ်ခုဖွဲ့စည်းရန် အဆိုပြုချက်ကို တရုတ်နိုင်ငံက ကန့်ကွက်ခဲ့သည်။ ထို့အပြင် နိုင်ငံတကာအသိုင်းအဝိုင်းအနေနှင့် ရခိုင်အရေးကို ရှုပ်ထွေးအောင်မလုပ်ရန်၊ မချဲ့ကားရန် ကိုလည်း သတိပေးခဲ့သည်။

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလတွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများက မွတ်စလင်များ နေရပ်ပြန်ရေးနှင့်  ဖြစ်ပွားခဲ့သောလူ့အခွင့်ရေးချိုးဖောက်မှုများအပေါ် တာဝန်ယူမှုရှိစေရေး၊ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများပြုလုပ်ရန် အချက်အလက်များထည့်သွင်းထားသော အစီရင်ခံစာတစ်စောင်ကိုရေးသားခဲ့သည်။ အစီရင်ခံစာကိုရေးသားရာတွင် ဗြိတိန်နိုင်ငံကဦးဆောင်ခဲ့သည်။ ထိုအစီအရင်ခံစာတွင် မြန်မာနိုင်ငံက ပြစ်မှုကျုးလွန်သူများကို နိုင်ငံတကာခုံရုံးသို့ပို့ရန် ညွှန်ကြားချက်များ မပါဝင်သော်လည်း တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့က ကန့်ကွက်ခဲ့သည်။

တရုတ်နိုင်ငံ၏လူပ်ရှားမှုများသည်  လူမျိုးတုံးသတ်ဖြတ်မှုကျုးလွန်ပြီး ရာဇဝတ်သားများပါဝင်သော မြန်မာ့တပ်မတော်ကို အကာအကွယ်ပေးနေကြောင်း နိုင်ငံတကာက ဝေဖန်သည်။ တရုတ်နိုင်ငံဘက်က ထပ်တလဲလဲပြောဆိုသည်မှာ မြန်မာနိုင်ငံ၏ ပြည်တွင်းရေး၊ တိုင်းရင်းသားများအရေးကို နိုင်ငံတကာ အသိုင်းအဝိုင်းက ဝင်ရောက်စွက်ဖက်ခြင်းမပြုကြရန် ဖြစ်သည်။

မြန်မာနိုင်ငံ၏ စစ်ခေါင်းဆောင်များကို  လူမျိုးတုံးသတ်ဖြတ်မှုဖြင့်အရေးယူရန် စုံစမ်းရေးအဖွဲ့က ၂၀၁၈ ခုနှစ်၊ သြဂုတ်လအတွင်းက ကုလသမဂ္ဂသို့ တင်ပြခဲ့သည်။  နောက်တစ်ရက်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက ရခိုင်အရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံအပေါ် အပြစ်တင်မှု၊ ပိတ်ဆို့အရေးမှုများက အကျိုးထူးမည်မဟုတ်၊ ပြဿနာကိုဖြေရှင်းနိုင်မည်မဟုတ်ကြောင်း ပြောဆိုခဲ့သည်။

ယင်းနှစ်၊ နိုဝင်ဘာလက စင်ကာပူနိုင်ငံ၌ပြုလုပ်သော အာဆီယံထိပ်သီးအစည်းအဝေးတွင် အမေရိကန်ဒုတိယ သမ္မတ မိုက်ပင့်စ်က ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ဆုံပြီး မြန်မာစစ်တပ်၏ လုပ်ရပ်များသည် ခွင့်လွတ်နိုင်စရာမရှိကြောင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်နေသော မြန်မာနိုင်ငံအပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ပြောဆိုခဲ့သည်။ ထိုအစည်းအဝေးတွင်ပင် တရုတ်ဝန်ကြီးချုပ် လီခဲ့ချန်က ဒေါ်အောင်ဆန်းစုကြည်နှင့် သီးသန့်တွေ့ဆုံပြီး ရခိုင်ပြည်နယ်အရေးတွင် ပြည်တွင်းတည်ငြိမ်ရေးလုံခြုံရေးအတွက် မြန်မာနိုင်ငံက ကြိုးစားအားထုတ်နေမှုများကို ဆက်လက်ထောက်ခံသွားမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။ ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်အရေးနှင့်ပတ်သတ်ပြီး တရုတ်နိုင်ငံ၏ အကြိမ်ကြိမ်ကူညီထောက်ပံ့မှုများကို ကျေးဇူးတင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလတွင် တရုတ်နိုင်ငံ၏ကြားဝင်စေ့စပ်မှုဖြင့် ဒုက္ခသည်များပြန်ပို့ရေးသဘောတူညီချက်ကို မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က လက်မှတ်ရေးထိုးခဲ့သည်။ သဘောတူညီချက်အရ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့ တွင် ပထမအသုတ် ပြန်လာရန်ဖြစ်သည်။ သို့သော် လုံခြုံရေးနှင့် နိုင်ငံသားဖြစ်တည်မှု သဘောတူညီချက် မရရှိသောကြောင့် ထိုအစီအစဉ်မှာ ပျက်သွားခဲ့သည်။

မွတ်စလင်များ နေရပ်ကို လုံခြုံစိတ်ချစွာ၊ ဂုဏ်သိက္ခာရှိစွာပြန်ရေးတွင်  ပြဿနာအရင်းခံကို ရှာဖွေရန်အတွက် သဘောတူညီချက်များကို ၂၀၁၈ ခုနှစ်၊ ဇွန်လတွင် မြန်မာနိုင်ငံအနေနှင့် ကုလသမဂ္ဂလူသားချင်းစားနာထောက်မှုဆိုင်ရာမင်းကြီးရုံး၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုဆိုင်ရာအစီအစဉ်တို့နှင့် လက်မှတ်ရေးထိုးခဲ့သည်။ တရုတ်နိုင်ငံ၏တိုက်တွန်းမှုဖြင့်၂၀၁၉  ခုနှစ်၊ သြဂုတ်လ၂၃ ကို မွတ်စလင်များ နေရပ်ပြန်ရန်နေ့အဖြစ် ထပ်မံသတ်မှတ်ခဲ့သော်လည်း တစ်ဦးတစ်ယောက်မှ ပြန်မလာခဲ့ပေ။  ယင်းနေ့မတိုင်မီ တစ်ရက်အလို သြဂုတ်လ ၂၂ ရက်နေ့တွင်  မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချိန်ဟိုင်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လိူင်ကို တွေ့ဆုံပြီး ရခိုင်အရေးတွင် နိုင်ငံတကာ၏ဖိအားများနှင့်ပတ်သတ်လာလျှင် တရုတ်နိုင်ငံအနေနှင့် မြန်မာနိုင်ငံဘက်က ရပ်တည်ကြောင်းပြောဆိုခဲ့သည်။

မြန်မာနိုင်ငံမှ ထွက်ပြေးသွားသော မွတ်စလင်များကို ဘင်္ဂလားဒေ့ရှ်အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက  ‘ရိုဟင်ဂျာ’ ဟု အပြိုင်အဆိုင်ခေါ်ဝေါ်လျက်ရှိသော်လည်း တရုတ်နိုင်ငံကမူ ‘ရိုဟင်ဂျာ’ သို့မဟုတ် ‘ဌာ‌နေတိုင်းရင်းသားများ’ စသည့်အသုံးအနှုန်းများကို မသုံးစွဲချေ။

ရခိုင်ပြည်နယ်အရေးကြောင့် မြန်မာနိုင်ငံအပေါ် တရုတ်လွှမ်းမိုးလာနိုင်မှုကိစ္စကို အနောက်နိုင်ငံများအနေနှင့် ပစ်ပယ်မထားဘဲ စေ့စပ်ညှိနိူင်းမှုများပြုလုပ်ရန် အမေရိကန်နိုင်ငံ၊ ငြိမ်းချမ်းရေးဆိုင်ရာအဖွဲ့အစည်း USIP က အကြံပေးထားသည်။ မြန်မာတပ်မတော်အပေါ်တွင် ဖိအားပေးသင့်သလို တချိန်တည်းမှာတွင်လည်း ဒီမိုကရေစီဆန်သည့် အဖွဲ့အစည်းတစ်ခုဖြစ်လာရန် တိုက်တွန်းပြီး ကူညီပေးသင့်ပြီး ရခိုင်အရေးကိုရှေ့ဆက်ရန် ကူညီသင့်သည်ဟု ထောက်ပြထားသည်။ ကိုဖီအာနန်ကော်မရှင်က အကြံပြုထားသည်တို့ကိုလည်း မြန်မာအစိုးရက အကောင်အထည်ဖော်ရန် အမေရိကန်ကလည်း တိုက်တွန်းထားသည်။

(ခ) မြန်မာနိုင်ငံနှင့် တိုက်ရိုက်ထိတွေ့ခြင်း

သမ္မတ ဦးသိန်းစိန်လက်ထက်တွင် မြစ်ဆုံစီမံကိန်းဆုံးဖြတ်ချက်ကြောင့် မြန်မာနိုင်ငံနှင့် ဆက်ဆံရေး အေးစက်ခဲ့ရသော တရုတ်နိုင်ငံအတွက် ရခိုင်ပြည်နယ်အရေးသည် ဆက်ဆံရေးကို ပြန်လည်နီးကပ်လာစေရန် ဖန်တီးပေးခဲ့သည်။

အကြမ်းဖက်သမားအစွန်းရောက် ARSA အဖွဲ့အပေါ် မြန်မာ့တပ်မတော်၏ တုံ့ပြန်တိုက်မှုကို  လိူက်လိူက်လှဲလှဲ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဟုန်လျန်က ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။ မြန်မာ့တပ်မတော်၏ စစ်ဆင်ရေးများသည် ပြည်တွင်းရေးသာဖြစ်ကြောင်းလည်း ပြောဆိုသည်။  ထို့အပြင် တရုတ်နိုင်ငံသည် မြန်မာဘက်က ခိုင်မာစွာရပ်တည်မည်ဖြစ်ပြီး လိုအပ်သောအထောက်အပံ့များကို ကူညီမည်ဟုလည်း ဆိုသည်။

ရခိုင်ပြည်နယ်အရေးသည် မြန်မာနိုင်ငံ၏ နိုင်ငံခြားဆက်ဆံရေးကဏ္ဍတွင် တရုတ်၏အရေးပါမှုကို အမြင့်ဆုံးရောက်အောင် တွန်းပို့ပေးလိုက်သည်ဟု နိုင်ငံတကာအစီရင်ခံစာများက သုံးသပ်ကြသည်။ တဖန် ယင်းအရေးသည် အမေရိကန်နိုင်ငံအပါအဝင် အနောက်နိုင်ငံများနှင့် နေပြည်တော်တို့အကြား ဆက်ဆံရေးကို ခွာပြဲစေခဲ့သည်။ အဆိုပါအခြေအနေတွင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွက် နိုင်ငံတကာဖိအားများ၊ ဝေဖန်မှုများ၊ လူ့အခွင့်ရေးဆိုင်ရာ တောင်းဆိုမှုများအတွက် တစ်ခုတည်းသောအကာအကွယ်ပေးရာ ဖြစ်လာသည်။

ထိုအခွင့်အရေးကိုအသုံးပြု၍လည်း ဘေဂျင်းသည် မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး အကျိုးအမြတ်များဖော်ဆောင်မှုများအတွက် နေပြည်တော်က လမ်းဖွင့်ပေးလာစေရန် လုပ်ဆောင်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရလက်ထက်၌ ရခိုင်ပြည်နယ်ပြဿနာကြောင့် အနောက်နိုင်ငံများက  မြန်မာနိုင်ငံကို ခပ်ခွာခွာနေချိန်တွင် တရုတ်နိုင်ငံသည် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း၊ မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်း၊ နယ်စပ်ပူးပေါင်းစီးပွားရေးဇုန်များ စသည့် အခြေခံအဆောက်အအုံစီမံကိန်းများအတွက် သဘောတူညီချက်များကို ရရှိခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပင် နိုင်ငံတော်အတိုင်ပင်ခံအဖြစ်ဖြင့် တရုတ်နိုင်ငံသို့ သုံးကြိမ် သွားရောက်ခဲ့သည်။ သုံးကြိမ်စလုံးတွင် ရခိုင်ပြည်နယ်အရေးနှင့်ပတ်သတ်ပြီး တရုတ်နိုင်ငံ၏ရပ်တည်မှုအတွက် ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့သည်။ မြန်မာအရေးအတွက် ကုလသမဂ္ဂတွင် တရုတ်နိုင်ငံ၏ရပ်တည်မှုသည် အရေးပါပြီး မြန်မာနိုင်ငံအားအရေးယူရေးကို ဆန့်ကျင်ခဲ့သည့်နိုင်ငံများအား ကျေးဇူးတင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလကုန်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်သည် ခါးပတ်တစ်ကွင်းလမ်းတစ်စင်းဖိုရမ်နှင့် ဒေသတွင်းအဆင့်မြင့်အစည်းအဝေး တတ်ရောက်ရန် တရုတ်နိုင်ငံသို့  သွားရောက်ခဲ့သည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်လည်း တပ်မတော်နှစ်ခုအကြား ဆက်ဆံရေးတိုးမြှင့်ရေးအတွက် သွားရောက်လည်ပတ်ခဲ့သည်။

ထိုခရီးစဉ်များတွင် မွတ်စလင်အရေးကိစ္စနှင့်ပတ်သက်၍  စိုးရိမ်ပူပန်ရမှုများကို ဆွေးနွေးခဲ့ကြသည်ဟု တရုတ်သတင်းမီဒီယာများက ဖော်ပြကြသည်။ လက်ရှိအချိန်တွင် တရုတ်နှင့် မြန်မာစစ်တပ်အကြား ဆက်ဆံရေးအထွဋ်အထိပ် ရောက်နေကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ခရီးစဉ်အပြီးတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောဆိုခဲ့ကြောင်းလည်း ဖော်ပြခဲ့သည်။

ရခိုင်ပြည်နယ်အရေးတွင် တရုတ်၏ပါဝင်စေ့စပ်ညှိနိူင်းမှုသည် အပြုသဘောဆောင်သည်ဟု မြန်မာက ယူဆထားသည်။ အပြည်ပြည်ဆိုင်ရာ ဖိအားများအကြားတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရအဖွဲ့အနေနှင့် တရုတ်ဘက်သို့ ယိမ်းသွားစေသည်။

၂၀၁၉ ခုနှစ်၊ ဧပြီလလကုန်၊ ခါးပတ်တစ်ကွင်းလမ်းတစ်စင်း ထိပ်သီးအစည်းအဝေးဒုတိယအကြိမ် မကျင်းပခင် တစ်ပတ်အလိုတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်နိုင်ငံသို့သွားရောက်လည်ပတ်ခဲ့သည်။ ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ တရုတ်၏ရပ်တည်မှုကို ကျေးဇူးတင်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံက အကောင်အထည်ဖော်မည့် ခါးပတ်တစ်ကွင်းလမ်းတစ်စင်းအစီအမံ အကောင်ထည်ဖော်ရေးအတွက် အစွမ်းကုန်ပူးပေါင်းပါဝင်မည်ဟု ကတိပြုခဲ့သည်။

ရခိုင်ပြည်နယ်ရှိ ပြန်လည်နေရချထားရေးအတွက် လူမှုဝန်ထမ်းနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ ကျပ် သန်း ၂၀၀ ကိုလည်း လှူဒါန်းပေးအပ်ခဲ့သည်။

၂၀၁၈ ခုနှစ်၊ ဇန်ဝါရီလက ရခိုင်ပြည်နယ်တွင် နေရပ်ပြန်သူများနေထိုင်ရန်အတွက် တပ်ဆင်ပြီးသား အဆင်သင့်နေအိမ် အလုံး ၁၀၀ ကို မြန်မာအစိုးရထံ လှူဒါန်းခဲ့သည်။ အောက်တိုဘာလတွင်လည်း မြန်မာကျပ် ၁၅ ဒသမ ၉  ဘီလီယံတန်ဖိုးရှိ တပ်ဆင်ပြီးသား အဆင်သင့်နေအိမ် အလုံး ၁၀၀၀ ကို ထပ်မံလွှဲပြောင်းပေးခဲ့သည်။

၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလက နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဥ်တွင် အသုံးပြုရန် Sino Howo အမျိုးအစား မော်တော်ယာဥ် အစီး ၂၀ ကို မြန်မာအစိုးရသို့ လှူဒါန်းခဲ့သည်။

(ဂ) မြန်မာ-ဘင်္ဂလားဒေ့ရှ်တို့အကြားတွင် တတိယလူအဖြစ် ပါဝင်ခြင်း

၂၀၁၇ ခုနှစ်၊ သြဂုတ်လတွင်ဖြစ်ပွားခဲ့သော တပ်မတော်၏ အကြမ်းဖက်နှိမ်နှင်းမှုစစ်ဆင်ရေးအပြီး နှစ်လအကြာ၌ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံအကြား စေ့စပ်ညှိနိူင်းမှုတွင် တရားဝင်အနေအထားဖြင့် ပါဝင်လာသည်။

မွတ်စလင်များနေရပ်ပြန်ရေးအတွက် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ ဆွေးနွေးရာတွင်  စေ့စပ်ညှိနိူင်းခြင်း၊ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာမှဖိအားများမှ မြန်မာနိုင်ငံကို အကာကွယ်ပေးခြင်း စသည့် အဓိကအခန်းကဏ္ဍများတွင် တရုတ်နိုငံက ပါဝင်ရပ်တည်လျက်ရှိသည်။

ဤနေရာတွင် သတိပြုရန်မှာ မြန်မာအပြင် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်တွင်လည်း မဟာစီမံကိန်းကြီးများအပါအဝင် တရုတ်၏အကျိုးစီးပွားများ ရှိနေခြင်း ဖြစ်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ရခိုင်ပြည်နယ်အတွင်းရှိ မွတ်စလင်လူ့အဖွဲ့အစည်းအရေး စေ့စပ်ညှိနိူင်းရေးခရီးအဖြစ် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလတွင် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံ နှစ်နိုင်ငံစလုံးသို့ ပထမဆုံးအကြိမ် သွားရောက်ခဲ့သည်။ မြန်မာနိုင်ငံတွင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လိူင်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့နှင့်လည်း တွေ့ဆုံခဲ့သည်။ တရုတ်နိုင်ငံ၏မဟာစီမံကိန်းဖြစ်သည့် ခါးပတ်တကွင်းလမ်းတစ်စင်း(BRI) အစီအမံတွင် မြန်မာနိုင်ငံအနေနှင့် ပါဝင်ရန် ထိုခရီးစဉ်အတွင်း ဝမ်ယိက တောင်းဆိုခဲ့ရုံသာမက ရခိုင်ပြည်နယ်အတွင်းရှိ မွတ်စလင်လူ့အဖွဲ့အစည်းအရေးနှင့်ပက်သက်၍ တရုတ်နိုင်ငံ၏ သဘောထားအမြင်သုံးချက်ကို ထုတ်ပြန်ခဲ့သည်။

၎င်းတို့မှာ ၁။ ရခိုင်ပြည်နယ်တွင် ပဋိပက္ခများ၊ အပစ်အခတ်များ ရပ်စဲ၍ တည်ငြိမ်မှုများကို ရယူရမည်။  ၂။ ရွေ့ပြောင်းသွားသူများ မြန်မာနိုင်ငံသို့ ပြန်လာရေးအတွက် အမှန်တကယ်အလုပ်ဖြစ်မည့်အဖြေကို မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်အကြား အတူတကွရှာဖွေရမည်။ ထိုသို့ရှာဖွေရာတွင် နှစ်ဘက်စလုံးအတွက် မျှတသောအခြေခံတစ်ခုကို မူတည်၍ ဆွေးနွေးရမည်။ ၃။ ဆင်းရဲမွဲတေမှု လျော့ချရေးကိုဦးတည်ပြီး ရေရှည်စီမံကိန်းတစ်ခုချမှတ်ရေး ဖြစ်သည်။ ထိုအစီအစဉ်မှာ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ ရခိုင်ပြည်နယ်သို့ ဖိတ်ခေါ်ပြီး တိုးတတ်သောကြွယ်ဝသော ဝန်းကျင်တစ်ခုဖန်တီးပေးရန် ဖြစ်သည်။ ရခိုင်ပြည်နယ်၏ စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတတ်မှုစီမံကိန်းတွင် တရုတ်နိုင်ငံကလည်း ကူညီမည်ဖြစ်သည်။

သို့သော် တရုတ်နိုင်ငံ၏ဖြေရှင်းနည်းသုံးချက်သည် မွတ်စလင်များအပေါ်ထားသည့် မြန်မာအစိုးရ၏ မူဝါဒများကို သိသိသာသာပြောင်းလဲသွားစေမည်မဟုတ်သလို ပြန်လည်ဝင်ရောက်လာမည့် မွတ်စလင်များအပေါ် ဖိနှိပ်မှုများ ရပ်တန့်သွားရေးအတွက် အာမခံချက်မပေးဟု နိုင်ငံတကာအသိုင်းအဝိုင်းက ဝေဖန်ထားသည်။ ထို့အပြင် တရုတ်နိုင်ငံအနေနှင့် မွတ်စလင်များအရေးထက် ၎င်း၏အကျိုးစီးပွားအတွက်ကြောင့်သာ  မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကြားတွင် စေ့စပ်ညှိနိူင်းပေးသော အခန်းကဏ္ဍတွင်ပါဝင်ခြင်းဖြစ်သည်ဟုလည်း ဝေဖန်ထားသည်။

၂၀၁၈ ခုနှစ်၊ ဇွန်လတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး  အဘူလ်ဟာဆန် မာမွတ်အလီတို့နှင့် ဘေဂျင်းတွင် တွေ့ဆုံခဲ့သည်။ စက်တင်ဘာလ ၂၇ ရက်တွင်လည်း ၎င်းတို့သုံးဦးသည် နယူးယောက်ရှိ ကုလသမဂ္ဂဌာနချုပ်တွင် အစည်းအဝေးကို ကျင်းပခဲ့သည်။ ထိုအစည်းအဝေးသို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် အန်တိုနီယို ဂူတာရပ်လည်း တတ်ရောက်ခဲ့သည်။ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့တွင် တရုတ်နိုင်ငံ၏ စေ့စပ်မှုဖြင့် တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံသည် ကုလသမဂ္ဂ အထွေထွေအစည်းအဝေးကျင်းပနေချိန်တွင် သီးခြားတွေ့ဆုံခဲ့သေးသည်။

တရုတ်နိုင်ငံသည် ရခိုင်ပြည်နယ်အတွင်းရှိ မွတ်စလင်လူ့အဖွဲ့အစည်းအရေးအပေါ် မြန်မာအစိုးရ၏ တုံ့ပြန်မှုများကို တရားဝင် ထောက်ခံအားပေးခဲ့သည်။

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံလုံးမှာ တရုတ်နိုင်ငံ၏ ရင်းနှီးသော မိတ်ဖက်နိုင်ငံများဖြစ်ခြင်းကြောင့်  ရခိုင်ပြည်နယ်အရေး အဖြေရှာရာတွင် အကောင်းဆုံးကြိုးစားမည်ဖြစ်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောဆိုထားသည်။ တချိန်တည်းမှာပင် မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးနိုင်မှုကို အသုံးချ၍ ရခိုင်ပြည်နယ်အတွင်းရှိ မွတ်စလင်လူ့အဖွဲ့အစည်းအရေးကို ဖြေရှင်းနိုင်လိမ့်မည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကလည်း မျှော့်လင့်လျက်ရှိသည်။

နိုင်ငံတကာအသိုင်းအဝိုင်းကမူ တရုတ်နိုင်ငံ၏ကြားဝင်ညှိနိူင်းမှုအစီအစဉ်များသည် နေရပ်ပြန်မည့် မွတ်စလင်များကို အန္တရာယ်တွင်းသို့ တဖန်ပြန်လည်၍ တွန်းပို့ပြီး တာဝန်မဲ့သော၊ လက်တွေ့မကျသော အစီအစဉ်သာဖြစ်သည်ဟု ထောက်ပြပြောဆိုကြသည်။

၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ၂၈ ရက်နေ့တွင် တရုတ်နိုင်ငံက စုစုပေါင်း တန် ၁၅၀ ခန့် ရှိသော လူသားချင်းစာနာမှုဆိုင်ရာအကူအညီကို လွှဲပြောင်းပေးခဲ့သည်။ ယင်းတို့အထဲတွင် ရွက်ဖျင်တဲ အလုံး ၂၀၀၀ နှင့် စောင်အထည် ၃၀၀၀ တို့ ပါဝင်သည်။ သို့သော် ထုတ်ပြန်ချက်တွင် မွတ်စလင်များအတွက် အကူအညီဟု သုံးနူန်းမထားဘဲ မြန်မာနိုင်ငံမှထွက်ပြေးတိမ်းရှောင်လာသူများ သို့မဟုတ် ရွေ့ပြောင်းလာသူများဟုသာ သုံးနူန်းထားသည်။ ထို့အပြင် ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းရှိ လိုအပ်နေသော အကာအရံများ၊ အစားအသောက်များပါဝင်သည့် အကူအညီများကိုလည်း ၂၀၁၈ ခုနှစ်တွင် ထပ်မံလွှဲပြောင်းပေးခဲ့သည်။

၂၀၁၉ ခုနှစ်၊ မတ်လတွင် တရုတ်အစိုးရအရာရှိများဦးဆောင်သော လေ့လာရေးအဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းရှိ မွတ်စလင်ဒုက္ခသည်စခန်းများသို့သွားရောက် လည်ပတ်ခဲ့သည်။ ထိုခရီးစဉ်အတွင်း အာရှရေးရာ အထူးကိုယ်စားလှယ် ဆွန်းကော်ရှန် ဦးဆောင်သော တရုတ်အရာရှိများက နေရပ်ပြန်မည့် ဒုက္ခသည် တစ်ဦးချင်းစီအတွက် ဘဝပြန်လည်ထူထောင်ရန် အမေရိကန်ဒေါ်လာ ၆၀၀၀ ပေးသွားမည်  ဖြစ်ကြောင်းပြောဆိုခဲ့သည်။ သို့သော် ဒုက္ခသည်များက ငြင်းပယ်ခဲ့သည်။

ဇူလိုင်လက သွားရောက်ခဲ့သည့် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ၏ တရုတ်ပြည်ခရီးစဉ်တွင်လည်း တရုတ်ဝန်ကြီးချုပ်က မွတ်စလင်များအတွက် ဆန်တန်ချိန် ၂၅၀၀၀ ကို ပေးအပ်သွားမည်ဟု ကတိပြုခဲ့သည်။

၄။ နိဂုံး

တရုတ်နိုင်ငံအနေနှင့် ဤရာစုနှစ်အတွင်း ကမ္ဘာ့ဇာတ်ခုံပေါ်တွင် ၎င်း၏အခန်းကဏ္ဍကို ကြီးမားနိုင်သမျှ ကြီးမားလာစေရန် ချဲ့ထွင်လျက်ရှိသည်။ ယင်းအတွက် ခါးပတ်တစ်ကွင်းလမ်းမဟာအစီအမံသည် အဓိကကျပြီး ၎င်းတို့၏အိပ်မက်ကို အဆုံးအဖြတ်ပေးမည့် အရာလည်း ဖြစ်သည်။ ခါးပတ်တစ်ကွင်းလမ်းတစ်စင်းစီမံကိန်း ချောမွေ့စွာအောင်မြင်ရေးတွင် ရခိုင်ပြည်နယ်အနောက်ဘက်ရှိ အိန္ဒိယသမုဒ္ဒရာသို့ တိုက်ရိုက်ဖောက်ထွက်နိုင်ရေးသည် အရေးကြီးသည့်ကိစ္စတစ်ရပ်ဖြစ်သည်။ ယင်းက ရခိုင်ပြည်နယ်တည်ငြိမ်ရေးသည် တရုတ်နိုင်ငံအနေနင့် အလေးထားဖွယ်ရာပြဿနာတစ်ရပ်ဖြစ်လာစေပြီး အတိုင်းအတာတစ်ခုအထိ ပါဝင်ပတ်သက်နေမည်ဖြစ်သည်။

ရခိုင်ပြည်နယ်က ပဋိပက္ခများသည် တရုတ်နိုင်ငံ၏ မဟာဗျုဟာကျသော ‘ခါးပတ်တစ်ကွင်းလမ်းတစ်စင်း’ အစိတ်အပိုင်းဖြစ်သည့် ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာ စီးပွားရေးစင်္ကြံ အကောင်အထည်ဖော်ရေးကို အနှောင့်အယှက်မဖြစ်စေလိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ထုတ်ဖော်ပြောဆိုထားသည်။

ကိုးကား

https://www.usip.org/sites/default/files/2018-02/sr419-understanding-chinas-response-to-the-rakhine-crisis.pdf

https://www.crisisgroup.org/asia/south-east-asia/myanmar/292-myanmars-rohingya-crisis-enters-dangerous-new-phase

https://www.usip.org/sites/default/files/2018-09/ssg-report-chinas-role-in-myanmars-internal-conflicts.pdf

https://www.newmandala.org/china-myanmar-behind-headlines-2/

https://www.worldpoliticsreview.com/articles/23901/how-china-has-used-myanmar-s-rohingya-crisis-to-its-advantage

https://www.globalnewlightofmyanmar.com/action-taken-resolution-related-myanmar-special-session-unhrc/

https://www.irrawaddy.com/news/burma/analysis-nld-cozying-beijing-ties-west-fray.html

https://www.irrawaddy.com/news/burma/myanmar-military-chief-thanks-beijing-support-rakhine-crisis.html

http://www.rakhinecommission.org/mm/the-final-report/

The post ရခိုင်ပြည်နယ်အကျပ်အတည်းတွင် တရုတ်နိုင်ငံ၏အခန်းကဏ္ဍ appeared first on ISP Myanmar China Desk.