Politic Archives - ISP Myanmar China Desk

တရုတ် ဒစ်ဂျစ်တယ် ပိုးလမ်းမစီမံကိန်းနှင့် မြန်မာနိုင်ငံ
ရပ်ဝန်းလမ်းကြောင်း အစီအမံ(BRI) ၏ အစိတ်အပိုင်းဖြစ်သည့်  ဒစ်ဂျစ်တယ်ပိုးလမ်းမ (Digital Silk Road – DSR)ကို ၂၀၁၅ ခုနှစ်တွင် တရုတ်အစိုးရက တရားဝင် မိတ်ဆက်ခဲ့သည်။ ဒစ်ဂျစ်တယ် ပိုးလမ်းမကြီးသည် စတုတ္ထ စက်မှုတော်လှန်ရေးတွင် တရုတ်၏ ဦးဆောင်မှုကဏ္ဍနှင့် တရုတ်၏ စံချိန်စံညွှန်းများကို ကမ္ဘာ့နိုင်ငံများအကြားတွင် မြှင့်တင်ရန်လည်း ဖြစ်သည်။ ဘေဂျင်းက ကမ္ဘာ့နည်းပညာရေးရာ ကဏ္ဍတွင် ဦးဆောင်သူ တဦးအဖြစ် ရပ်တည်ရန် ရည်ရွယ်သည့် “တရုတ် စံချိန်စံညွှန်းများ ၂၀၃၅ ခုနှစ်”ဆိုသည့် စက္ကူဖြူ စာတမ်းကို ထုတ်ဝေခဲ့သည်။ ထိုစာတမ်းတွင် DSR ၏ အဓိက မူဘောင်မှာ “သတင်းအချက်အလက် ပိုးလမ်းမကြီး”အကောင်အထည်ဖော်ရန် ဖြစ်သည်ဟု ဖော်ပြခဲ့သည်။

ထိုအစီအစဉ်တွင် 5G အင်တာနက်ကွန်ရက်များ၊ သမုဒ္ဒရာဖြတ်ကျော် ရေအောက်ကြေးနန်းများ၊ ဂြိုလ်တုဆက်သွယ်ရေးစနစ်များ အပါအဝင် ဆက်သွယ်ရေး ကွန်ရက်များ ချိတ်ဆက်ခြင်း၊ ဒစ်ဂျစ်တယ် အခြေခံအဆောက်အအုံများ တည်ဆောက်ရေး၊ နည်းပညာသုံး ကုန်သွယ်ရေးနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများ၊ သတင်းအချက်အလက် သိုမှီးရန် အိုင်တီနည်းပညာသုံးသော စင်တာများ တည်ထောင်ခြင်း၊ စမတ်စီးတီးများ တည်ထောင်ရာတွင် လိုအပ်သော နည်းပညာများ၊ အီလက်ထရောနစ် စနစ်ဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး လုပ်ကိုင်ခြင်း (E-commerce) များပါဝင်သည်။

၂၀၁၆ ခုနှစ်၊ မတ်တွင် တရုတ်နိုင်ငံတော်ကောင်စီက ထုတ်ပြန်သော “(၁၃) ကြိမ်မြောက် အမျိုးသား သတင်းအချက်အလက် ငါးနှစ် စီမံကိန်းတွင် “အွန်လိုင်းပိုးလမ်းမ”တည်ဆောက်ရန် ထည့်သွင်းထားပြီး အဓိကအားဖြင့် တရုတ်နှင့် အာဆီယံနိုင်ငံများအကြား အင်တာနက်ဆက်ကြောင်းများ ချိတ်ဆက်ရန် ရည်ရွယ်သည်။

၂၀၁၇ ခုနှစ်၊ မေတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်က “၂၁ ရာစု ဒစ်ဂျစ်တယ် ပိုးလမ်းမ”သည် BRI ၌ အရေးကြီးသော အခန်းကဏ္ဍတွင် ရပ်တည်နေကြောင်း၊ ဒစ်ဂျစ်တယ် စီးပွားရေး၊ ဉာဏ်ရည်တု (Artificial intelligence – AI) နည်းပညာ၊ နာနိုနည်းပညာ၊ ကွမ်တမ် နည်းပညာတို့ အပါအဝင် သတင်းအချက်အလက်များ၊ Cloud Computing နှင့် စမတ်စီးတီးများ တည်ဆောက်ရေးတို့တွင် ဒေသတွင်းနိုင်ငံများနှင့် နည်းပညာများ ပေါင်းစည်းရန် လိုအပ်ကြောင်း ပြောဆိုခဲ့သည်။

တရုတ် ဒစ်ဂျစ်တယ်ပိုးလမ်းမစီမံကိန်းနှင့် မြန်မာနိုင်ငံ အချိန်ကာလပြဇယား (၂၀၁၃-၂၀၂၀)

DSR ၏ အစီအမံများကို တရုတ်အစိုးရက မူဝါဒအရ ဦးဆောင်ပြီး Alibaba, Tencent နှင့် Baidu ကဲ့သို့သော တရုတ်နည်းပညာ ကုမ္ပဏီများ၊ ဟွာဝေး၊ China Mobile၊ China Telecom နှင့် China Unicom ကဲ့သို့သော အစိုးရ ကျောထောက်နောက်ခံပြု ဆက်သွယ်ရေး ကုမ္ပဏီများက DSR ကို အကောင်အထည်ဖော်ရာတွင် အဓိကအခန်းကဏ္ဍမှ လှုပ်ရှားနေကြသည်။ တရုတ်အစိုးရနှင့်  ကုမ္ပဏီများသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတလွှားရှိ နိုင်ငံအသီးသီးတွင် တရုတ်နိုင်ငံထုတ် နည်းပညာများ၊ စံချိန်စံညွှန်းများကို ဖြန့်ကျက်  ဝင်ရောက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် အဓိကအားဖြင့် မျက်နှာစာ ငါးခုရှိပါသည်။ ၎င်းတို့မှာ –

(၁) နည်းပညာအခြေခံအဆောက်အဦများဆောက်လုပ်ရေး

(၂) နည်းပညာအသုံးပြုကုန်သွယ်ရေး

(၃) နည်းပညာ အသုံးပြု ဘဏ္ဍာရေးနှင့် ငွေပေးချေမှုစနစ်

(၄) လူမှုကွန်ရက်အသုံးပြုမှုများနှင့်

(၅) နည်းပညာဆိုင်ရာ မူဝါဒရေးရာ တို့ဖြစ်ပါသည်။

ကုမ္ပဏီ/အဖွဲ့အစည်း

အမျိုးအစား

နည်းပညာအခန်းကဏ္ဍ

Huawei၊ ZTE၊ Xiaomi၊ Beidou Navigation

အခြေခံအဆောက်အအုံ

ဆက်သွယ်ရေးနည်းပညာ၊ AI အခြေခံသော နည်းပညာများ Navigation၊ ရေအောက် ကေဘယ်လ်စီမံကိန်းများ၊ စမတ်စီးတီး တည်ဆောက်ရေး နည်းပညာများ၊ ဂြိုလ်တု လွှင့်တင့်ခြင်း နည်းပညာ၊ Cloud Computing နှင့် အင်တာနက်ဖြင့် ချိတ်ဆက် အသုံးပြုရသော Internet of things (IOT) ဆက်စပ်ဝန်ဆောင်မှုများ။

Alibaba၊ JD.com

ကုန်သွယ်ရေး

အွန်လိုင်း ဈေးဝယ်ယူမှုများ၊ ကုန်ပစ္စည်း ပို့ဆောင်ရေး၊ သယ်ယူရေး၊ 3D နည်းပညာများ အသုံးပြုခြင်း၊ အီလက်ထရောနစ် ကုန်စည်ကူးသန်းရောင်းဝယ်ခြင်း။

Ant financial၊ Silkroad Fund၊ AIIB

ဘဏ္ဍာရေး

အွန်လိုင်းမှတဆင့် ငွေပေးချေခြင်း၊ အွန်လိုင်းမှတဆင့် ဘဏ္ဍာရေးဆိုင်ရာ ငွေလွှဲဝန်ဆောင်မှုများ လုပ်ဆောင်ခြင်း၊ ချေးငွေ ဝန်ဆောင်မှု လုပ်ငန်းများ၊ ငွေကြေး၊ဘဏ်နှင့် ဆက်စပ်သောအခြား ဝန်ဆောင်မှုများ။

WeChat၊NewsDog၊ Perfect World

လူမှုကွန်ရက်

သတင်းမီဒီယာ၊ လူမှုကွန်ရက်၊ အွန်လိုင်းမှတဆင့် အသိပညာပေးခြင်း၊ အွန်လိုင်းမှတဆင့် ယဉ်ကျေးမှုများ ဖလှယ်ခြင်း။

Digital Silk Road and China cooperation with G7

မူဝါဒရေးရာ

ဒစ်ဂျစ်တယ်ဆိုင်ရာ စီမံမှု၊ အုပ်ချုပ်မှု ၊ ဆိုက်ဘာ လုံခြုံရေး၊ သတင်းအချက်အလက် မျှဝေခြင်း။

တရုတ်-မြန်မာစီးပွားရေး စင်္ကြံလမ်းနှင့် ဒစ်ဂျစ်တယ်ပိုးလမ်းမ

မြန်မာနိုင်ငံသည် BRI ၏ အစိတ်အပိုင်းဖြစ်သော တရုတ်-မြန်မာစီးပွားရေးစင်္ကြံ(CMEC) နားလည်မှုစာချွှန်လွှာ ရေးထိုးစဉ်က တရုတ်နိုင်ငံနှင့် ဒစ်ဂျစ်တယ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရန် သဘောတူညီသော အချက် ပါဝင်သည်။ ထို့အပြင် ၂၀၁၉ ခုနှစ်၊ ဧပြီလအတွင်း ဘေဂျင်းတွင် ကျင်းပသော BRI ဖိုရမ်ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်စဉ်က လက်မှတ်ရေးထိုးခဲ့သော သဘောတူညီချက်တွင် “နည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်”လည်း ပါဝင်သည်။

ထို့အပြင် CMEC၏ အစိတ်အပိုင်းအဖြစ် အကောင်အထည်ဖော်မည့် နယ်စပ်ပူးပေါင်းဇုန်များ၏ အောက်တွင် မဖြစ်မနေ ပါဝင်ရမည့် အီလက်ထရောနစ် ဈေးကွက် တည်ထောင်ခြင်း၊ အီလက်ထရောနစ် ကုန်စည်ကူးသန်း ရောင်းဝယ်ဖောက်ကားခြင်း စနစ်တို့ကိုလည်း စတင် အကောင်အထည်ဖော်ရန် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လတွင် နှစ်နိုင်ငံကြား သဘောတူညီခဲ့သည်။ သို့ဖြစ်ရာ တရုတ်ကုမ္ပဏီများသည် မြန်မာနိုင်ငံတွင် ဒစ်ဂျစ်တယ် ပိုးလမ်းမ၏ အဓိက လုပ်ငန်းစဉ်များဖြစ်သော စီမံကိန်းများ၊ ရင်းနှီးမြှုပ်နှံမှုများကို အကောင်အထည် ဖော်ဆောင်နေကြပြီ ဖြစ်သည်။ ဤကဏ္ဍတွင် မြန်မာနိုင်ငံ၏ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာနယ်ပယ်တွင် တရုတ်ကုမ္ပဏီများ၏ လွှမ်းမိုးဝင်ရောက်မှုကို ခြေရာခံ လေ့လာမည်ဖြစ်ပါသည်။

တရုတ်နိုင်ငံမှ ကုမ္ပဏီများသည် ဆက်သွယ်ရေး ကုမ္ပဏီများအား နည်းပညာပစ္စည်းများရောင်းချခြင်း၊ အင်တာနက်ဝန်ဆောင်မှုများပေးခြင်း၊၊ AI အခြေခံသော နည်းပညာများ စမတ်စီးတီးတည်ဆောက်ရေး နည်းပညာများ၊ Cloud Computing နှင့် နည်းပညာသုံး ပစ္စည်းများအချင်းချင်းကြား အင်တာနက်ဖြင့် ချိတ်ဆက်ပြီး အပြန်အလှန် အချက်အလက်ပေးပို့စေသည့် နည်းပညာများဖြင့် မြန်မာနိုင်ငံ၏ စတင်ဖွင့်ဖြိုးစ နည်းပညာ အခြေခံအဆောက်အအုံများတွင် နေရာယူလာခဲ့သည်။

(၁) မြန်မာနိုင်ငံရှိ မိုဘိုင်းဆက်သွယ်ရေးကွန်ရက်များ

လက်ရှိအချိန်တွင် ပြည်တွင်းဆက်သွယ်ရေးကုမ္ပဏီများဖြစ်သော တယ်လီနော (Telenor)၊ အူရီဒူး (Ooredoo)၊ မိုင်တဲလ် (Mytel) ကုမ္ပဏီများသည် ဟွာဝေးမှ ထုတ်လုပ်သော ဆက်သွယ်ရေး နည်းပညာပစ္စည်းများကို သုံးစွဲနေကြကြောင်း ၎င်းတို့က ထုတ်ပြန်ထားသည်။ ထို့အပြင် မြန်မာဆက်သွယ်ရေးလုပ်ငန်း (MPT) ကလည်း ဟွာဝေး၏ ဆက်သွယ်ရေး နည်းပညာသုံးပစ္စည်းအချို့ကို ဝယ်ယူသုံးစွဲနေကြောင်း သိရသည်။

ဟွာဝေးသည် မိုဘိုင်းဖုန်းများ သာမက သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (ICT) အခြေခံအဆောက်အအုံနှင့် စမတ်စီးတီးနှင့် သက်ဆိုင်သော ကိရိယာများကို ထုတ်လုပ်ရောင်းချနေသော ကုမ္ပဏီဖြစ်သည်။ မြန်မာနိုင်ငံတွင် ဟွာဝေးက အဓိက လုပ်ဆောင်နေသော လုပ်ငန်းလေးခုမှာ – Carrier စီးပွားရေးယူနစ်၊ စီးပွားရေးလုပ်ငန်းယူနစ်၊ စားသုံးသူ စီးပွားရေးယူနစ်နှင့် Cloud စီးပွားရေးယူနစ် တို့ဖြစ်သည်။ ဟွာဝေး၏ ICT ကွန်ရက်နှင့် ၀န်ဆောင်မှုများသည် မြန်မာလူဦးရေ၏ သုံးပုံတပုံကို ဝန်ဆောင်မှုပေးနေကြောင်း ကုမ္ပဏီက ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်းတွင် ထုတ်ပြန်ထားသည်။

၂၀၁၃ ခုနှစ်တွင် မြန်မာအစိုးရက နော်ဝေး အခြေစိုက် တယ်လီနောကုမ္ပဏီကို မိုဘိုင်းဆက်သွယ်ရေး ကွန်ရက် ဝန်ဆောင်မှုပေးရန် ခွင့်ပြုပေးခဲ့သည်။ သို့သော် အစိုးရက လုပ်ငန်းအကောင်အထည်ဖော်ရန် သတ်မှတ်ထားသော အချိန်ကာလ တိုတောင်းသောကြောင့် ဟွာဝေးနှင့် ပူးပေါင်း၍ ဆက်သွယ်ရေးပင်မ ကျောရိုးဖြစ်သည့် Myanmar Containerized Data Center ကို တည်ဆောက်ခဲ့သည်ဟု သိရသည်။

၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဟွာဝေးအပေါ် သတင်းအချက်အလက်ဆိုင်ရာ သူလျှိုလုပ်သည်ဟူသော စွပ်စွဲမှုများ ပြင်းထန်နေချိန်တွင် တယ်လီနောက 5G စနစ်ကို ဆွီဒင်အခြေစိုက်ဖြစ်သော Ericsson ကုမ္ပဏီနှင့် လက်တွဲလုပ်ဆောင်သွားမည်ဟု သတင်းများက ဖော်ပြထားသည်။ ထို့အပြင် ကုမ္ပဏီက ဟွာဝေးနှင့် လုပ်ဆောင်ထားသော ဒေတာစင်တာများ၊ စက်ပစ္စည်းများကို ဆက်လက်သုံးစွဲသွားမည် ဖြစ်သော်လည်း နည်းပညာပိုင်းဆိုင်ရာကို လေးနှစ်မှ ငါးနှစ် အတွင်း 5G ဝန်ဆောင်မှုပေးမည့် ကုမ္ပဏီနှင့် ကိုက်ညီသော ပြောင်းလဲမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အူရီဒူး၊ မိုင်တဲလ်နှင့် အခြားဆက်သွယ်ရေးကုမ္ပဏီများသည် ဟွာဝေးမှ မည့်သည့် နည်းပညာ အကူအညီများ၊ မည်သည့် ဆက်သွယ်ရေး ပစ္စည်းများ ဝယ်ယူသုံးစွဲနေသည်ကို အသေးစိတ် ထုတ်ပြန်ထားခြင်း မရှိပါ။ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လတွင် အူရီဒူးမြန်မာနှင့် ဟွာဝေးပူးပေါင်းပြီး 4G အသုံးပြုနိုင်သော ဟွာဝေး ဝိုင်ဖိုင် ကိရိယာ (Wifi Device)ကို အူရီဒူးသုံးစွဲသူများထံသို့ ပူးတွဲမိတ်ဆက်ခဲ့သည်။

ယခု ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလတွင် ဟွာဝေး၏  Optical Character Recognition နည်းပညာကို အူရီဒူးက သုံးစွဲနေပြီး ထိုနည်းပညာအရ အူရီဒူးအသုံးပြုသူများသည် ဆင်းမ်ကတ် မှတ်ပုံတင်ရာတွင် ကိုယ်တိုင် ဖြည့်သွင်းရန် မလိုအပ်တော့ဘဲ မှတ်ပုံတင်ပေါ်ရှိ လက်ရေးနှင့် ရေးသားထားသော စကားလုံးများကိုပါ ဖတ်ရှုနိုင်သည်။ ထို့အပြင် အလိုအလျောက် မှတ်တမ်းရယူ၊ သိမ်းဆည်းပေးနိုင်သောကြောင့်  အချက်အလက် စုစည်းရာတွင် အချိန်ကုန်သက်သာစေပြီး လုပ်ဆောင်ချက်များကို ပိုမိုထိရောက်စေကြောင်း ဖော်ပြထားသည်။ ထိုမှတ်တမ်းများကို တခါတည်း သိမ်းဆည်းနိုင်သော Cloud စနစ်လည်း ပါဝင်ကြောင်း ကြေညာထားသည်။

ပြည်တွင်းရှိ ဆက်သွယ်ရေးကုမ္ပဏီများက ဟွာဝေး၏ ဆက်သွယ်ရေးနည်းပညာ ပစ္စည်းများကို အသုံးပြုခြင်းမှာ ဈေးနှုန်းသက်သာပြီး အချိန်တိုအတွင်း တည်ဆောက်မှု မြန်ဆန်ခြင်းတို့ကြောင့် ဖြစ်သော်လည်း ရေရှည်တွင် အရည်အသွေးပိုင်းဆိုင်ရာ ပြသာနာများ ကြုံတွေ့ရကြောင်း၊ Cloud များ၊ ကွန်ရက်ပစ္စည်းများကို တရုတ်ကုမ္ပဏီထုတ် ပစ္စည်းများသုံးစွဲခြင်းသည် လုံခြုံရေးဆိုင်ရာ ကျိုးပေါက်မှုများ ဖြစ်နိုင်သည်ဟု အိုင်တီနည်းပညာရှင်များက မှတ်ချက်ပြုသည်။

(၂) မြန်မာတယ်လီကွန်းများနှင့် တရုတ် 5G

မြန်မာအစိုးရက 5G နည်းပညာ သုံးစွဲမှုနှင့် ပတ်သက်ပြီး သုံးသပ်ချက်များ၊ အကြံပြုချက်များ ရေးသားပြုစုနေချိန်တွင် ဟွာဝေးက ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်းကာ 5G ဖိုရမ်ကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလက ကျင်းပခဲ့သည်။ 5G က မြန်မာ့ အနာဂတ်ကို ဒစ်ဂျစ်တယ် ကမ္ဘာ့သို့ ပေါင်းကူးပေးလိမ့်မည်ဟု အဓိပ္ပာယ်ရသော ဖိုရမ်တွင် ဟွာဝေးက ၎င်း၏ နည်းပညာကို အစိုးရဝန်ကြီးဌာန တာဝန်ရှိသူများကို ပြသခဲ့သည်။ မြန်မာအစိုးရဘက်ကလည်း ၎င်းတို့က 5G ဝန်ဆောင်မှုကို ၂၀၂၀ ပြည့်နှစ်တွင် ရလိုကြောင်းနှင့် လိုအပ်ချက်များ၊ အကြံပြုချက်များကို အပြန်အလှန် တင်ပြခဲ့ကြသည်။

၂၀၁၉ ခုနှစ်၊ ဇွန်တွင် ဆက်သွယ်ရေးဝန်ကြီးဌာနက 5G နည်းပညာကို အခြေခံကာ ကြိုးမဲ့စနစ် ဆက်သွယ်ရေး ကွန်ရက်များ အကောင်အထည်ဖော်ရန် ကနဦး ထင်မြင်ယူဆချက်များကို ပြုစုထားသည့် စာတမ်းတစောင်ကို ထုတ်ပြန်ခဲ့သည်။ ထိုစာတမ်း ထုတ်ပြန်ပြီး များမကြာမီတွင် ဟွာဝေးက မြန်မာနိုင်ငံ၏ 5G နည်းပညာတွင် ကူညီပေးလိုကြောင်း တရားဝင် ထုတ်ဖော်ပြောဆိုခဲ့သည်။ သို့ရာတွင် လက်ရှိအချိန်ထိ 5G နည်းပညာသုံးစွဲမှုနှင့် ပတ်သက်ပီး အစိုးရနှင့် ဟွာဝေးကြား တရားဝင် ဆွေးနွေးချက်များကို မတွေ့ရပါ။

ထိုစာတမ်း မထုတ်ပြန်မီက မေတွင် အူရီဒူးမြန်မာကုမ္ပဏီက တရုတ်ဆက်သွယ်ရေး ကုမ္ပဏီ တခုဖြစ်သည့် ZTE Corporation နှင့် 5G ဖွံ့ဖြိုးရေးအတွက် ပူးပေါင်းလုပ်ဆောင်ရန် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့သည်။ သဘောတူညီချက်အရ ZTEမှ အူရီဒူးမြန်မာ၏ မြန်မာနိုင်ငံအတွင်း 5G အတွက် လိုအပ်သော ကြိုးမဲ့ဆက်သွယ်ရေး နည်းပညာများ ကူညီပေးရန် သဘောတူထားသည်။ ထို့အပြင် တယ်လီနော ကုမ္ပဏီကလည်း ဆွီဒင်အခြေစိုက် Ericsson ကုမ္ပဏီနှင့် 5G နည်းပညာတွင် အရေးပါသည့် Internet of Things (IoT) နည်းပညာများ ပူးပေါင်းဆောင်ရွက်ရန် ၂၀၁၈ ခုနှစ်တွင် သဘောတူညီထားခဲ့သည်။

5G နည်းပညာဈေးကွက်ကို မြန်မာနိုင်ငံတွင် လက်ဦးမှုရယူရန် ကြိုးပမ်းနေသည့် ဟွာဝေးသည် ၂၀၁၉ ခုနှစ် သြဂုတ်တွင် မြန်မာ့တပ်မတော် ပိုင်ဆိုင်သော Star High Company က ရှယ်ယာအများဆုံး ပိုင်ဆိုင်သည့် မိုင်တဲလ် ဆက်သွယ်ရေးကုမ္ပဏီနှင့် 5G နည်းပညာ စတင်စမ်းသပ်သုံးစွဲခဲ့သည်။ ဟွာဝေး၏ 5G နည်းပညာသည် ဆက်သွယ်ရေးစနစ်ကို မြန်ဆန်စေသည့်အပြင် သတင်းအချက်အလက် ပို့ရာတွင် Download လုပ်ခြင်း၌ အထူးမြန်ဆန်ကြောင်း  မိုင်တဲလ်က ထုတ်ပြန်ထားသည်။ ထိုစမ်းသပ်သည့်ပွဲကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လည်း တက်ရောက်ခဲ့သည်။

သို့သော် မိုင်တဲလ် အသုံးပြုသူများသည် အစိုးရက တရားဝင်ခွင့်ပြုပေးသည့် အချိန်ရောက်မှ သုံးစွဲနိုင်မည်ဖြစ်ပြီး နည်းပညာဆိုင်ရာ ပြင်ဆင်မှုများ လိုအပ်နေသေးသည်ဟု ကုမ္ပဏီက ထုတ်ပြန်ထားသည်။ လက်ရှိအချိန်ထိ မြန်မာအစိုးရက 5G Spectrum သုံးစွဲရန် ဆက်သွယ်ရေး အော်ပရေတာများကို တရားဝင် ခွင့်ပြုထားခြင်း မရှိသေးချေ။

ဟွာဝေးမှ မြန်မာပြည်တွင်း လုပ်ဆောင်နေမှုများ

(၃) တရုတ်ကုမ္ပဏီများနှင့် မြန်မာအစိုးရ၏ E – Government

အစိုးရ၏ သတင်းအချက်အလက်များ၊ ဌာနတွင်း ကိစ္စရပ်များနှင့် အများပြည်သူ ဝန်ဆောင်ရေး ကိစ္စရပ်များကို အီလက်ထရောနစ် စနစ်ပြောင်းလဲရန် ရည်ရွယ်ပြီး E – Government စနစ်ကို ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၃ ခုနှစ်က အသက်သွင်းရန် ကြိုးပမ်းခဲ့သည်။ အီလက်ထရောနစ် နိုင်ငံကူးလက်မှတ်စနစ်များ၊ အွန်လိုင်းမှတဆင့် တင်ဒါလျှောက်ထားခြင်း၊ အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးခြင်းတို့ကို စတင်ပြုလုပ်ရန် ရည်ရွယ်ခဲ့သည်။ သို့ရာတွင် လက်တွေ့၌ တိကျသော မူဝါဒများ၊ မဟာဗျုဟာများ၊ ချမှတ်နိုင်ခြင်းမရှိခဲ့သည့်အပြင် ငွေကြေးစိုက်ထုတ်မှုများ အားနည်းသောကြောင့် အကောင်အထည် မပေါ်ခဲ့ပေ။

NLD အစိုးရတက်လာချိန်တွင် အစိုးရ၏ ယန္တရားများ အထူးသဖြင့် သတင်းအချက်အလက် သိမ်းဆည်းခြင်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများတွင် အီလက်ထရောနစ်စနစ်ဖြင့် အသွင်ပြောင်းရန် ကြိုးပမ်းခဲ့သည်။ ၂၀၁၆ ခုနှစ်မှ စတင်ပြီး တရုတ်ကုမ္ပဏီများက မြန်မာအစိုးရ ဝန်ကြီးဌာန အရာရှိများသာမကပဲ လွှတ်တော်အမတ်များ၊ E – Government အကောင်အထည်ဖော်ရာတွင် ပါဝင်သော အဖွဲ့ဝင်များကို တရုတ်နိုင်ငံသို့ အကြိမ်ကြိမ် ဖိတ်ကြားခဲ့ပြီး တရုတ်နည်းပညာများကို မိတ်ဆက်ပေးခဲ့သည်။ ထို့အပြင် ဗဟိုအမျိုးသားသတင်းအချက်အလက်စင်တာ တည်ဆောက်ရေးတွင် ချေးငွေနှင့် နည်းပညာ ထောက်ပံ့ပေးရန် ကမ်းလှမ်းခဲ့သည်။

ဟွာဝေးအပါအဝင် တရုတ်နည်းပညာကုမ္ပဏီများသည် အထူးသဖြင့် အစိုးရ၏ သတင်းအချက်အလက်များ သိမ်းဆည်းရာတွင် အရေးပါသော Cloud စနစ်ကို ထောက်ပံ့ပေးရန်နှင့် ဈေးသက်သက်သာသာဖြင့် ရောင်းချပေးရန် ဆွဲဆောင်ခဲ့ကြသည်။ ထို့အပြင် မြန်မာအစိုးရက အီလက်ထရောနစ် အမျိုးသားမှတ်ပုံတင်စနစ်ကို ပြောင်းလဲရန် ကြိုးပမ်းနေချိန်တွင်လည်း တရုတ်ကုမ္ပဏီများက အီလက်ထရောနစ် အိုင်ဒီကတ်နည်းပညာနှင့် ပြည်သူများ၏ ကိုယ်ရေးအချက်အလက်များ သိမ်းဆည်းနိုင်မည့် နည်းပညာများကို အသက်သာဆုံး ဈေးနှုန်းများဖြင့် မြန်မာအစိုးရကို မိတ်ဆက်ခဲ့သည်။

သို့သော် မြန်မာအစိုးရက လက်ရှိအချိန်ထိ တရုတ်နည်းပညာများကို သုံးစွဲရန် ဆုံးဖြတ်ထားခြင်း မရှိသေးပေ။  ထို့အပြင် ၂၀၁၈ ခုနှစ်တွင် ဗဟို E – Government Integrated Data Center – e-GIDC စင်တာ တည်ဆောက်ရန် ကိုရီးယား Export-Import Bank ထံမှ ချေးငွေ အမေရိကန်ဒေါ်လာ ၉၃ ဒသမ ၈ သန်းချေးယူရန် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးခဲ့သည်။ ထို့အပြင် အီလက်ထရောနစ် အမျိုးသားမှတ်ပုံတင်စနစ်ကိုလည်း သြစတေးလျနိုင်ငံ၏ အတိုးမဲ့ ချေးငွေဖြင့် လုပ်ဆောင်ရန် ၂၀၁၉ ခုနှစ် အောက်တိုဘာက လွှတ်တော်တွင် အတည်ပြုခဲ့သည်။

ထို့အပြင် မြန်မာအစိုးရက ပင်စင်စားများ ဗဟိုရန်ပုံငွေတည်ထောင်ခြင်း၊ ပင်စင်စားများ၏ အချက်အလက်များ ထည့်သွင်းထားမည့် နည်းပညာအခြေခံသော အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်းအပြင် ပင်စင်စားများအတွက် အီလက်ထရောနစ် ငွေပေးချေစနစ်များကိုလည်း အကောင်အထည်ဖော်မည့် National Pension System Reform Project ကို အကောင်အထည်ဖော်ရန် စီမံကိန်းဘဏ်တွင် ထည့်သွင်းထားသည်။ ထိုစီမံကိန်းကို ၂၀၂၄-၂၀၂၅ ခုနှစ်တွင် အပြီးတည်ဆောက်ရန် ရည်ရွယ်ထားသည်။ မြန်မာအစိုးရက အစိုးရဝန်ထမ်းများ၏ လစာမှ လစဉ် ငါးရာခိုင်နှုန်းကို ထည့်သွင်းစေပြီး  ပင်စင်ယူချိန်တွင် ပြန်လည်ထုတ်ပေးမည့် Central Provident Fund (CPF) စနစ်ကို အကောင်အထည်ဖော်နေသည်။ ထို CPF မှတဆင့် ဝန်ထမ်းများသည် လူမှုဖူလုံရေး အစီအမံများ၊ ဘဏ်ဝန်ဆောင်မှု၊ သက်ဆိုင်ရာဝန်ဆောင်မှုများကိုပါ လုပ်ဆောင်နိုင်ရန် ရည်ရွယ်ထားသည်။ ထို National Pension System Reform Project နှင့် Central Provident Fund (CPF) နှစ်ခုလုံးတွင် တရုတ်ကုမ္ပဏီများက သတင်းအချက်အလက်များ သိုမှီးသိမ်းဆည်းရန်အတွက် နည်းပညာ အကူအညီပေးရန် ကမ်းလှမ်းထားသည်။ တရုတ်ကုမ္ပဏီက နည်းပညာပိုင်းဆိုင်ရာ ကူညီခွင့်ရပါက နိုင်ငံဝန်ထမ်းများ၏ သတင်းအချက်အလက်များကို တရုတ်ကုမ္ပဏီမှ ရယူနိုင်မည် ဖြစ်သည်။

ထိုမျှမက သံတမန်ရေးရာလုပ်ငန်းများတွင်လည်း တရုတ်နိုင်ငံမှ နည်းပညာထောက်ပံ့မှုများ ရှိလာခဲ့သည်။ တရုတ်ကျောထောက်နောက်ခံပြုထားသော မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအစည်းအဝေး (LMC) တွင် ယခုနှစ်၌ မြန်မာနိုင်ငံက ပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ရန် အလှည့်ကျသောနှစ် ဖြစ်သည်။ ပုံမှန်အားဖြင့် ထိုအစည်းအဝေးများတွင် တရုတ်နှင့် မဲခေါင်နိုင်ငံများဖြစ်သော ကမ္ဘောဒီးယား၊ မြန်မာ၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်တို့မှ ထိပ်သီးနိုင်ငံ့ခေါင်းဆောင်များ တက်ရောက်ကြပြီး ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားနေသော ကာလဖြစ်ခြင်းကြောင့် အွန်လိုင်းမှတဆင့် အစည်းအဝေးလုပ်ရန် သဘောတူခဲ့ကြသည်။

ထိုဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပပြုလုပ်သည့် အစည်းအဝေးအတွက် ဟွာဝေးက သမ္မတရုံးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနသို့  အမေရိကန်ဒေါ်လာ ၄၀၀၀ တန်ဖိုးရှိ  ဟွာဝေး Cloud Link Room ဗီဒီယိုကွန်ဖရန့်စနစ်နှင့် နည်းပညာဝန်ဆောင်မှုများကို တပ်ဆင်ပေးခဲ့ကြောင်း ကုမ္ပဏီက သြဂုတ်လတွင် ထုတ်ပြန်ခဲ့သည်။

ကပ်ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများတွင်လည်း တရုတ်နိုင်ငံမှ နည်းပညာ အသုံးပြုရန် မိတ်ဆက်လာမှုများကို တွေ့ရသည်။ ဇွန်လတွင် ဟွာဝေးက Telemedicine Video Conference Solution (ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် အဝေးမှ ကုသခြင်း)ကို မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကုသရေးစင်တာ (ဖောင်ကြီး)နှင့် ဆေးတက္ကသိုလ်(၁) ရန်ကုန်တို့သို့ လှူဒါန်းခဲ့ပြီး ဖြစ်သလို  ဟွာဝေး CLOUD AI အထောက်အကူပြု ရောဂါအတည်ပြုခြင်းနှင့် ကုသခြင်းစနစ်ကိုလည်း ဖောင်ကြီးကုသရေးဌာနသို့ ထောက်ပံ့ထားကြောင်း ဖော်ပြထားသည်။

အဆိုပါစနစ်သည် မြန်နှုန်းမြင့် အင်တာနက်ဆက်သွယ်မှုကို တပ်ဆင်ထားပြီး ရောဂါကူးစက်မှုကို ထိထိရောက်ရောက် တိုက်ဖျက်နိုင်ခြင်းနှင့် ဆက်သွယ်ရေးပိုင်းတွင် နှောင့်နှေးကြန့်ကြာမှု မရှိစေဘဲ တိုးမြှင့်ပေးနိုင်မည့်စနစ် အပါအဝင် လူနာများအတွက် Computed Tomography (CT) နှင့် ရောဂါစစ်ဆေး၊ အတည်ပြုသည့် ကာလကို ပိုမိုမြန်ဆန်စေရန် လျှော့ချပေးနိုင်မည့်စနစ်တို့ တပ်ဆင်ထားကြောင်း ကုမ္ပဏီက ထုတ်ပြန်ထားသည်။

ထို့အပြင် Global Wave နှင့် ဟွာဝေး Cloud တို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ဖြစ်ပွားနေချိန်တွင် ပြည်တွင်းရှိ အသေးစားနှင့် အလတ်စား ၀န်ထမ်း ၂၀၀,၀၀၀ အသုံးပြုရန်အတွက် Online Check-in ဝန်ဆောင်မှုကို ပေးရန် စီစဉ်နေကြောင်း ကုမ္ပဏီက ထုတ်ပြန်ထားသည်။ ထို့အပြင် ဂမုန်းပွင့် ဈေးဝယ်စင်တာ၊ မြင့်မြင့်ခင် ထိုးမုန့်လမုန့်လုပ်ငန်း၊ Vanguard Myanmar၊ Getride Myanmar တို့ကလည်း ဟွာဝေး၏ Cloud Service များကို အသုံးပြုနေကြောင်း သိရသည်။

(၄) မန္တလေး မြို့တော် လုံခြုံရေးစီမံကိန်း (Mandalay Safe City Project)

၂၀၁၉ ခုနှစ်၊ မတ်တွင် မန္တလေး နိုင်ငံတကာကုန်စည်နှင့် စီးပွားရေးဖိုရမ်၌ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က စမတ်စီးတီး၏ အစိတ်အပိုင်းဖြစ်သည့် “မြို့တော်လုံခြုံရေး အစီအမံ” အတွက် ဟွာဝေးကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ ထိုအစီအမံမှာ မြို့တော်၏ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးအတွက် အထောက်အကူ ဖြစ်လိမ့်မည်ဟု ဒေါက်တာဇော်မြင့်မောင်က ပြောကြားခဲ့သည်။ ထိုစီမံကိန်းသည် ခန့်မှန်းကုန်ကျငွေ မြန်မာကျပ် ၁ ဒသမ ၉  ဘီလီယံခန့် ကုန်ကျမည်ဟု ခန့်မှန်းထားပြီး ဟွာဝေးမှ Safe City Solution ဟုခေါ်သော စောင့်ကြည့်ကင်မရာများ၊ ထိုကင်မရာများနှင့် ဆက်စပ်သည့် ပစ္စည်းများ၊ ဆော့(ဖ်)ဝဲလ် စသည်များ တပ်ဆင်ခြင်းအပြင် စနစ်တခုလုံး လည်ပတ်နိုင်ရန်အတွက် နည်းပညာ အကူအညီများကို ပေးအပ်သွားမည်ဖြစ်သည်။

မန္တလေးမြို့၏ မြို့နယ် ခြောက်ခုအနက်မှ ရာဇဝတ်မှု မကြာခဏ ဖြစ်ပွားသော မြို့နယ်သုံးခုဖြစ်သည့် မဟာအောင်မြေ၊ ချမ်းမြသာစည်နှင့် ပြည်ကြီးတံခွန်ရှိ လမ်းဆုံတိုင်းတွင် CCTV ကို ပထမဦးဆုံး တပ်ဆင်သွားရန် စီစဉ်ထားသည်။ မန္တလေးတိုင်းဒေသကြီးအစိုးရက ဟွာဝေး၏ Safe City (မြို့ပြလုံခြုံရေး) နည်းပညာသည် မြို့တော်အတွက် ရာဇ၀တ်မှုနှုန်း လျှော့ချရန်၊ ရဲတပ်ဖွဲ့၏ လုပ်ဆောင်ချက်များကို အထောက်အကူပြုရန်နှင့် ပိုမိုလုံခြုံသော ပြည်သူ့ပတ်၀န်းကျင်ကို ဖြစ်စေလိမ့်မည်ဟု ပြောကြားခဲ့သည်။ဟွာဝေးနှင့် မန္တလေးရဲတပ်ဖွဲ့တို့သည် စောင့်ကြည့်ကင်မရာများ တပ်ဆင်မည့် နေရာများကို စစ်တမ်း ကောက်ယူခဲ့သည်။

ထိုစောင့်ကြည့်ကင်မရာများတွင် AI (Artificial Intelligence -ဉာဏ်ရည်တု)နည်းပညာနှင့် မျက်နှာပုံရိပ်ဖမ်း၍ မှတ်သားနိုင်သော နည်းပညာ (Facial Recognition Technology) ပါဝင်ပြီး ပြစ်မှုကျူးလွန်သူများကို အနီးဆုံး ရဲစခန်းသို့ အချက်ပြပေးနိုင်သောစနစ် ပါဝင်သည်။ ထို့ပြင် ဟွာဝေးက တပ်ဆင်ပေးမည့်ခေတ်မီ CCTV စနစ်ကို မန္တလေးစည်ပင်သာယာရေးကော်မတီမှ တည်ဆောက်ထားသော Traffic Control Center (တမြို့လုံး၏ ယာဉ်သွားယာဉ်လာများကို အချိန်နှင့်တပြေးညီ စောင့်ကြည့်သောစနစ်) ထိန်းချုပ်ရေးစင်တာနှင့် ချိတ်ဆက်မည်ဖြစ်သည်။

ဟွာဝေးနှင့် ပူးပေါင်းဆောင်ရွက်ရန် မပြုလုပ်မီ ၂၀၁၈ ခုနှစ်အတွင်း တရုတ်နိုင်ငံရှိ ဟွာဝေးရုံးများသို့ မန္တလေးတိုင်း အစိုးရအဖွဲ့ဝင်များ၊ ရဲချုပ်နှင့် ရဲအရာရှိများ သွားရောက် လေ့လာမှုများ ပြုလုပ်ခဲ့သည်။ ထိုခရီးစဉ်အပြီးတွင် Safe City စီမံကိန်းကို လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်ကြသည်။ မန္တလေးမြို့ လုံခြုံရေးအတွက် ဟွာဝေးနှင့် ပူးပေါင်းဆောင်ရွက်ရန် အဆိုပြုချက်မှာ မန္တလေးတိုင်းရဲတပ်ဖွဲ့မှ တိုင်းအစိုးရထံသို့ တင်ပြခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ၂၀၁၉ ခုနှစ်၊ ဧပြီတွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ရဲချုပ်အောင်ရဲဝင်း၏ တရုတ်ခရီးစဉ်အတွင်း ယူနန်ပြည်နယ် ရဲချုပ်နှင့် တွေ့ဆုံခဲ့သလို ရှန်းကျန့်ရှိ ဟွာဝေး ဌာနချုပ်ကို သွားရောက် လေ့လာခဲ့သည်။ ၎င်း၏ ခရီးစဉ်အတွင်း စမတ်စီးတီးများအဖြစ် အသွင်ပြောင်းလိုသော မြန်မာနိုင်ငံရှိ မြို့များကို ဟွာဝေးက ကူညီနိုင်သည့် နည်းပညာများအကြောင်း အဓိကထား ဆွေးနွေးခဲ့သည်။

စီမံကိန်းနှင့်ပတ်သက်ပြီး မန္တလေးအစိုးရက တင်ဒါခေါ်ဆိုခြင်း မရှိခဲ့ဘဲ ဟွာဝေးကိုသာ တိုက်ရိုက် လုပ်ပိုင်ခွင့်ပေးရန် ဆုံးဖြတ်ခဲ့သည်။ တင်ဒါမခေါ်သည့်ကိစ္စနှင့် ပတ်သက်ပြီး ဝေဖန်သံများကို အစိုးရတင်ဒါ ညွှန်ကြားချက် အမှတ် (၁/၂၀၁၇) အရ စီမံကိန်းတခုသည် အများပြည်သူ အကျိုးစီးပွားအတွက်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏများစွာ ကုန်ကျမည့်စီမံကိန်းများအတွက် တင်ဒါခေါ်ရန် မလိုအပ်ဘဲ အစိုးရက တိုက်ရိုက် လုပ်ပိုင်ခွင့်ချပေးနိုင်သည်ဟူသောအချက်နှင့် ကိုက်ညီသောကြောင့် မန္တလေးတိုင်းဒေသကြီးအစိုးရက တင်ဒါခေါ်ယူမှု မပြုခဲ့ခြင်း ဖြစ်ကြောင်း ပြန်လည်ချေပခဲ့သည်။

ထို့အပြင် ဘေဂျင်းအစိုးရက မန္တလေးရှိ ပြည်သူလူထုများ၏ နေ့စဉ်လှုပ်ရှားမှုများမှသည် ဒေသဆိုင်ရာ အစိုးရ ၏ နေ့စဉ်လှုပ်ရှားမှုများအထိ စောင့်ကြည့်နေမည်လားဆိုသော မေးခွန်းများလည်း ထွက်ပေါ်လာသည်။ အိုင်တီကျွမ်းကျင်သူများကလည်း ဟွာဝေး၏ ပစ္စည်းကိရိယာများသည် နိုင်ငံသားများ၏ အချက်အလက်များကို ရယူရန်နှင့် အစိုးရသူလျှိုများ အသုံးပြုရန်အတွက် “backdoor”များ ပါဝင်နိုင်သည်ဟူသော ဝေဖန်သတိပေးမှုများလည်း ရှိနေသည်။

ဝေဖန်မှုများကြောင့် မန္တလေးတိုင်းဒေသကြီးအစိုးရသည် နည်းပညာပိုင်းဆိုင်ရာ အသေးစိတ် အချက်အလက်များကို ပြန်လည်စိစစ်ခဲ့သည်။ ၂၀၁၉ ခုနှစ်၊ ဇူလိုင်တွင် စာချုပ်မူကြမ်းကို နိုင်ငံတော် သမ္မတရုံးနှင့် ရှေ့နေချုပ်ရုံးထံ ပေးပို့ထားခဲ့သည်။ သမ္မတရုံးက သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ ထိုစာချုပ်မူကြမ်းကို ပေးပို့ပြီး စစ်ဆေးရန် ညွှန်ကြားထားသည်။

သို့ရာတွင် စီမံကိန်းကို ဖျက်သိမ်းခြင်းမပြုသလို အခြားကုမ္ပဏီကိုလည်း ရွေးချယ်ခြင်း မပြုဘဲ ဟွာဝေးကုမ္ပဏီနှင့်သာ ဆက်လုပ်ဆောင်သွားမည်ဟု မန္တလေးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောဆိုထားသည်။ စာချုပ်တွင် အမှားအယွင်းမပါရန် တရုတ်ကုမ္ပဏီမှ သူလျှိုမလုပ်နိုင်ရန် စသည့်အချက်အလက်များကို အသေးစိတ် ပြင်ဆင်ထားသည်ဟု ဆိုသည်။ မန္တလေးတိုင်းဒေသကြီး အစိုးရသည် ဟွာဝေးနှင့် မြို့ပြလုံခြုံရေး  စီမံကိန်းကို ပူးပေါင်းလုပ်ဆောင်ရန်နှင့် စီမံကိန်းတခုလုံးကို ကြီးကြပ်ရန် ဆုံးဖြတ်ချက်ချသည့်အဖွဲ့၊ နည်းပညာဆိုင်ရာ သတ်မှတ်ချက်များကို စီမံခန့်ခွဲရန်နှင့် ပြန်လည်သုံးသပ်ရန် နည်းပညာအဖွဲ့၊ ပစ္စည်းကိရိယာအဖွဲ့၏ အရည်အသွေးနှင့် စံနှုန်းများ၊ စာချုပ်ပါစည်းကမ်းချက်များကို လိုက်နာရန် ကြီးကြပ်ကွပ်ကဲရေး ဥပဒေအဖွဲ့တို့ကို ဖွဲ့စည်းထားသည်။

လက်ရှိအချိန်အထိ မြန်မာနိုင်ငံတွင် ဒစ်ဂျစ်တယ်အချက်အလက်များ ခိုးယူမှုကို ထိန်းချုပ်နိုင်သည့် ဥပဒေမရှိသေးခြင်းကြောင့် အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေးကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆိုရာတွင် စာချုပ်၌ အချက်အလက်ခိုးယူခြင်းနှင့် သူလျှိုလုပ်ခြင်းကို ထိန်းချုပ်ရန် မလွယ်ကူချေ။ ထိုကြောင့် စာချုပ်ကို အတည်ပြုရန် ပြည်ထောင်စုအစိုးရအဖွဲ့တွင် သဘောထား ကွဲလွဲမှုများ ရှိနေသည်။

ထို့အပြင်ဟွာဝေးကို တင်ဒါခေါ်ယူခြင်းမရှိဘဲ လုပ်ကိုင်ခွင့်ပြုခဲ့သည့်အတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ၂၀၁၉ နှစ်လယ်ပိုင်းတွင် စီမံကိန်းအကောင်အထည်မဖော်ရန် ကန့်ကွက်စာ တင်ခဲ့သည်။

ဝေဖန်သံများထွက်ပေါ်လာပြီးနောက်တွင် မန္တလေးတိုင်းဒေသကြီးအစိုးရက ဟွာဝေးကုမ္ပဏီနှင့် လုပ်ဆောင်မည့်စီမံကိန်းနှင့်ပတ်သက်ပြီး ကာလအတန်ကြာ နှုတ်ဆိတ်နေခဲ့သည်။ သို့ရာတွင် ၂၀၂၀ ပြည့်နှစ်၊ မေလအတွင်းတွင် Swiss Challenge (နိုင်ငံတကာတင်ဒါ)ထပ်မံ ခေါ်ယူခဲ့ကာ ဟွာဝေးကိုပင်ထပ်မံ လုပ်ပိုင်ခွင့်ပေးခဲ့ကြောင်း ဒီဇင်ဘာ ၁၁ ရက်တွင် သတင်းမီဒီယာများကို မန္တလေးတိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူက ပြောခဲ့သည်။ ထို Swiss Challenge (နိုင်ငံတကာတင်ဒါ)ခေါ်ယူခြင်းကို အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန် မသိရှိသလို သတင်းမီဒီယာမျာ‌းတွင်လည်း တရားဝင် ထုတ်ဖော်ကြေညာခြင်းမရှိခဲ့ပေ။ မည်သို့ တင်ဒါ ခေါ်ယူခဲ့သည် ဆိုသော အသေးစိတ်များကိုလည်း ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပေ။

၂၀၂၀ခုနှစ် နိုဝင်ဘာတွင် လုပ်ငန်း လုပ်ကိုင်ခွင့်ရရှိခဲ့သည်မှာ မှန်ကန်ကြောင်း ဟွာဝေးမှ ထုတ်ဖော် ပြောဆိုခဲ့သည်။စီမံကိန်းအတွက် လိုအပ်သော စက်ပစ္စည်းများတပ်ဆင်ရန် ACE ကုမ္ပဏီနှင့် ဇာနည် အီလက်ထရောနစ်တို့က ထပ်ဆင့်တင်ဒါရရှိခဲ့သည်။

၂၀၂၁ခုနှစ်မေတွင် မန္တလေးမြို့လုံခြုံရေးစီမံကိန်းအတွက် တပ်ဆင်ရမည့် စောင့်ကြည့်ကင်မရာများနှင့် အခြားဆက်စပ်ပစ္စည်းများကို  ဟွာဝေးကုမ္ပဏီက မန္တလေးတိုင်းစစ်ကောင်စီထံသို့လွှဲပြောင်းပေးခဲ့ကြောင်း မြန်မာနောင်းသတင်းဌာနက ရေးသားထားသည်။ စီမံကိန်းအတွက် ပြည်ပမှ တင်သွင်းသော စက်ကိရိယာ များသည် ဖေဖော်ဝါရီလ ဒုတိယအပတ်တွင် ရောက်ရှိခဲ့သော်လည်း ပြည်တွင်းရေး အခြေအနေများကြောင့်  သုံးလကြာမှသာ သက်ဆိုင်ရာသို့ပစ္စည်းများ လွှဲအပ်ခဲ့သည်ဟု ဆိုသည်။လက်ရှိအချိန်တွင် ထပ်ဆင့်တင်ဒါရရှိခဲ့သော ကုမ္ပဏီများအနေဖြင့် လုံခြုံရေးအခြေအနေအရ မြေပြင်လုပ်ငန်းများစတင်ရန် မလွယ်ကူသေးကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

မူလစာချုပ်တွင် အများပြည်သူများ၏ သတင်းအချက်အလက်များကို တလွဲမသုံးရန်၊ မတရားရယူခြင်း မရှိစေရန် စည်းမျဉ်းစည်းကမ်းများ ထည့်သွင်းထားခဲ့သည် ဟုဆိုသည်။ သို့ရာတွင် လက်ရှိစစ်ကောင်စီ လက်အောက်တွင် စာချုပ်သဘောတူညီချက်များ ပြောင်းလဲသွားပြီး အများပြည်သူ၏သတင်းအချက်အလက်များကို မတရားရယူ အသုံးချမည်ကို မြို့ခံများက စိုးရိမ်နေကြသည်။  အာဏာသိမ်းပြီးနောက် စာချုပ်ထဲတွင် ပါဝင်သော အချက်အလက်များ တစုံတရာ ပြောင်းလဲခြင်း မရှိကြောင်း၊ မည်သည့်နိုင်ငံရေး အပြောင်းအလဲ အောက်မှာဖြစ်စေ စာချုပ်ပါ စည်းမျဉ်းစည်းကမ်းများ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာလုံခြုံရေးအပါအဝင် ၎င်းနှင့်သက်ဆိုင်သော စီးပွားရေးဆိုင်ရာဥပဒေများအား လိုက်နာမည်ဖြစ်ကြောင်း ဟွာဝေးဘက်က တုန့်ပြန်ပြောဆိုထားသည်။

(၅) နေပြည်တော် Safe City စီမံကိန်းနှင့် ဟွာဝေးကုမ္ပဏီ

နေပြည်တော်တွင်လည်း လုံခြုံရေးအတွက် Safe City စီမံကိန်းအကောင်အထည်ဖော်ခဲ့ရာ ဟွာဝေး ကုမ္ပဏီက တိုက်ရိုက်တင်ဒါမရရှိသော်လည်း ဟွာဝေးကုမ္ပဏီထုတ် နည်းပညာ ပစ္စည်းများ၊ CCTV များနှင့် အခြားလုံခြုံရေးဆက်စပ်ပစ္စည်းများကို အများဆုံး အသုံးပြုခဲ့ကြောင်း တွေ့ရှိရသည်။

နေပြည်တော် လုံခြုံရေးအတွက် မြို့နယ် ရှစ်မြို့နယ်တွင် ကျပ်လေးဘီလီယံကျော် အကုန်ကျခံကာ ဉာဏ်ရည်တုနည်းပညာ (AI) သုံး စောင့်ကြည့်ကင်မရာများ (CCTV) ၃၃၅ လုံး တပ်ဆင်ရန်အတွက် ၂၀၁၉ ခုနှစ်အတွင်း နေပြည်တော်ကောင်စီက တင်ဒါခေါ်ယူခဲ့သည်။ ထိုတင်ဒါတွင် ကုမ္ပဏီ ၁၂ ခု ဝင်ရောက်ယှဉ်ပြိုင်ပြီး နေပြည်တော်အခြေစိုက် Linn IT Solution ကုမ္ပဏီက ထိန်းချုပ်စင်တာနှင့် ကွန်ရက်စနစ်တည်ဆောက်ခွင့်၊ နောင်ရိုးနည်းပညာကုမ္ပဏီက ကင်မရာတပ်ဆင်ခြင်းနှင့် ဆက်သွယ်ရေးကြိုးသွယ်တန်းခြင်းလုပ်ငန်းများ လုပ်ကိုင်ခွင့်ရရှိခဲ့သည်။

ကင်မရာများတပ်ဆင်ပြီးနောက် ဒီဇင်ဘာ ၁၄ ရက်တွင် ထိန်းချုပ်စင်တာကိုဖွင့်လှစ်ခဲ့ရာ ထိုစီမံကိန်းတစ်ခုလုံးတွင်သုံးစွဲထားသော နည်းပညာပစ္စည်းများမှာ ဟွာဝေး ကုမ္ပဏီထုတ်ပစ္စည်းများ ဖြစ်ကြောင်းထုတ်ဖော်ပြောဆိုခဲ့သည်။

အခြားတရုတ်ကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ဆောင်မှုများ

(၆) ရန်ကုန်မြို့ မီးပွိုင့်စနစ်၊ ယာဉ်သွားလာမှု ထိန်းချုပ်ရေးစင်တာနှင့် တရုတ်ကုမ္ပဏီ

ရန်ကုန်မြို့ယာဉ်အသွားအလာများကို အချိန်နှင့် တပြေးညီ စောင့်ကြည့်ထိန်းချုပ်မည့်စီမံကိန်းကိုလည်း ဘေဂျင်းအခြေစိုက် တရုတ်ကုမ္ပဏီကြီးနှင့် မြန်မာကုမ္ပဏီက ပူးတွဲလုပ်ကိုင်ခွင့် ရရှိခဲ့သည်။ အဆိုပါ စီမံကိန်းအတွက် ၂၀၁၅ ခုနှစ်၊ ဇူလိုင် ၂၄ ရက်တွင် တင်ဒါခေါ်ယူခဲ့သည်။ တင်ဒါအောင်မြင်မှုကို တရားဝင် ထုတ်ပြန်ကြေညာခြင်းမရှိပဲ နောက်ဆုံးအဆင့်ထိရောက်ရှိသူ လေးဦးကိုသာ ထိုစဉ်က ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖြစ်သူ ဦးမြင့်ဆွေက ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၂၃ ရက်တွင် ကြေညာခဲ့သည်။

အစိုးရအကူးအပြောင်းကာလမရောက်မီ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂ ရက်တွင် Yangon Traffic Control Center ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က Myanmar Shwe Ying ကုမ္ပဏီ၊ China Railway Construction Company (CRCC)တို့နှင့် စီမံကိန်းကို ခြောက်လနှင့်အပြီး လုပ်ဆောင်ရန် စာချုပ်ချုပ်ဆိုခဲ့သည်။

တရုတ်ဦးဆောင်သည့် ထိုစီမံကိန်းသည် ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှုကို ၃၀ ရာခိုင်နှုန်းခန့် ဖြေရှင်း နိုင်ရန်ရည်ရွယ်ပြီး မီးပွိုင့်အသစ်များ တပ်ဆင်ခြင်း၊ ယာဉ်ကြောထိန်းချုပ်ရေးစင်တာ တည်ဆောက်မှု၊ ခေတ်မီ နည်းပညာပါဝင်သော ယာဉ်အသွားအလာစောင့်ကြည့်ကင်မရာများ တပ်ဆင်မှု၊ ဆက်သွယ်ရေး ဖိုင်ဘာကြိုးများ တပ်ဆင်ခြင်း၊ လမ်းအမှတ်အသားပြုပြင်ရေးဆွဲခြင်းများ ပါဝင်သည်။ ယာဉ်ကြော ထိန်းချုပ်စောင့်ကြည့်ရေးစင်တာသည် ယာဉ်အသွားအလာများကို မှတ်သားထားမည့်အပြင်၊ ရန်ကုန်မြို့ရှိ ယာဉ်အသွားအလာများကို တရုတ်နည်းပညာသုံး ဆော့ဝဲလ်များ၊ စောင့်ကြည့်ကင်မရာများ၊ စက်များဖြင့် အချိန်နှင့်တပြေးညီ စောင့်ကြည့်နေမည်ဖြစ်သည်။ လုပ်ငန်းစဉ်အတွင်းတွင် ကင်မရာအလုံး ၆၀၀၊ မီးပွိုင့် ၁၅၄ ခုနှင့် ထိန်းချုပ်ရေးစင်တာတခု ဆောက်လုပ်ရန်ပါဝင်သည်။

သို့သော် လုပ်ငန်းပြီးစီးရန် သတ်မှတ်ထားသည့် ခြောက်လအတွင်း မပြီးစီးဘဲ သုံးနှစ်ခန့် ကြာမြင့်ခဲ့သည်။ ကုမ္ပဏီမှ စီမံကိန်း မပြီးစီးသောကြောင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသို့ တရက်လျှင် ကျပ်တသိန်း ဒဏ်ကြေးပေးဆောင်ခိုင်းခဲ့ကြောင်း ရန်ကုန်တိုင်းအစိုးရက ပြောဆိုခဲ့သည်။ သို့ရာတွင် ရန်ကုန်တိုင်းစာရင်းစစ်ချုပ်၏ ၂၀၁၆-၂၀၁၇ အစီရင်ခံစာအရ ဒဏ်ကြေး ကျပ် ၂၁ သန်း ပေးဆောင်ပြီးနောက် ဆက်လက်ပေးဆောင်ခြင်း မရှိကြောင်း ဖော်ပြထားသည်။ ၂၀၁၉ ခုနှစ်၊ မေအတွင်းက စမ်းသပ်လည်ပတ်ခဲ့ရာ ယာဉ်ကြောကျပ်တည်းမှု ပိုမိုဆိုးရွားလာသည့်အတွက် ရပ်ဆိုင်းခဲ့ရသည်ဟု ယာဉ်ကြောထိန်းချုပ်ရေးဗဟိုဌာနက ပြောကြားခဲ့သည်။ ထို့အပြင် အရည်အသွေးပိုင်းဆိုင်ရာ အားနည်းချက်များကြောင့် အစိုးရက တတိယကြားခံအဖွဲ့အစည်းတခုကို ငှားရမ်းကာ အရည်အသွေးစစ်ဆေးခဲ့ကြောင်း ဖော်ပြထားသည်။ ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်းတွင် စနစ်တခုလုံး စတင်လည်ပတ်နိုင်ခဲ့သော်လည်း သိသိသာသာ ယာဉ်ကြောရှင်းလင်းနိုင်ခြင်းမရှိဟု မှတ်ချက်ချခံထားရသည်။

၂၀၁၉ ခုနှစ်တွင် CRCC နှင့် လုပ်ငန်းခွဲများဖြစ်သော China Railway 23rd Bureau Group Co., Ltd. (CR23)၊ China Railway Construction Corporation (International) Limited (CRCC International) ကို ဂျော်ဂျီယာနိုင်ငံရှိ အရှေ့-အနောက် အဝေးပြေးစင်္ကြံ ဖွံ့ဖြိုးမှုစီမံကိန်း အကောင်အထည်ဖော်ရန် တင်ဒါခေါ်ဆိုရာတွင် မလျော်ကန်သော ကိစ္စများ လုပ်ဆောင်ခဲ့သည်ဟုဆိုကာ ကမ္ဘာ့ဘဏ်က နှစ်နှစ်ကြာ ပိတ်ဆို့မှု ပြုလုပ်ထားသည်။

(၇) နည်းပညာသုံး ကုန်သွယ်ရေးနှင့် ငွေပေးချေမှု

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်နေသော ကုန်သွယ်ရေးကို အီလက်ထရောစနစ် သုံးစွဲပြီး ဈေးကွက်ရှာဖွေပေးရန်နှင့် မူဝါဒချမှတ်ရန် မြန်မာအစိုးရက ကြိုးပမ်းနေသည်။ ကိုဗစ်-၁၉  စီးပွားရေး ထိခိုက်မှု သက်သာရေး စီမံချက် (CERP)တွင်လည်း အီလက်ထရောနစ်ဖြင့် ကူးသန်းရောင်းဝယ်ခြင်း၊ မိုဘိုင်းစနစ်များ သုံးစွဲကာ ဒစ်ဂျစ်တယ် စနစ်ဖြင့် ငွေပေးချေခြင်း ပိုမိုထွန်းကားအောင် လုပ်ဆောင်ရန် ထည့်သွင်းထားသည်။

ထိုအစီအမံအရ ၂၀၂၀ ပြည့်နှစ်၊ မေတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဗဟို အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေး ဝက်ဘ်ဆိုက်တခုကို မိတ်ဆက်သွားမည်ဟု ကြေညာခဲ့သည်။ ထိုဝက်ဆိုက်တွင် မြန်မာနိုင်ငံရှိ လုပ်ငန်းရှင်များ ထုတ်ကုန်ပစ္စည်းများကို အပြန်အလှန် ရောင်းချနိုင်ခြင်းအပြင် ပြည်ပမှ ဝယ်လိုသူများ၊ ရောင်းချလိုသူများနှင့် ချိတ်ဆက်နိုင်မည် ဖြစ်သည်။ ထိုဝက်ဘ်ဆိုက်တွင် ဝယ်ယူရာ၌ မိုဘိုင်း ဘဏ်အကောင့်စနစ်များ၊ ကတ်စနစ်များ၊ အီလက်ထရောနစ် ငွေပေးချေခြင်း စနစ်ဖြင့်သာ သုံးစွဲရန် ခွင့်ပြုသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။ ထို့အပြင် အစိုးရမှ အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ခြင်း ဖွံ့ဖြိုးရေး အစီအမံတခုကိုလည်း ထုတ်ပြန်ရန် ပြင်ဆင်နေသည်။

အစိုးရမှ ထိုသို့ထုတ်ပြန်ပြီး နှစ်လအကြာ ဇူလိုင်လတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး အပါအဝင် တာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီးအစိုးရမှ ဝန်ကြီးချုပ် အပါအဝင် တာဝန်ရှိသူများနှင့် ယူနန်ပြည်နယ် အစိုးရမှ တာဝန်ရှိသူများ၊ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံခြားရေးဌာနမှ တာဝန်ရှိသူများတက်ရောက်သည့် အစည်းအဝေးတခုကို အွန်လိုင်းမှတဆင့် ကျင်းပခဲ့ကြသည်။ အစည်းအဝေးကို အလီဘာဘာ ကုမ္ပဏီမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း အစည်းအဝေးကို ဗီဒီယို အဖွင့်မှာစကား ပေးပို့ခဲ့ပြီး ကိုဗစ်ကာလတွင် မြန်မာအစိုးရက အုပ်ချုပ်ရေးယန္တရားများ ဖွံ့ဖြိုးရေးအတွက် e-government စနစ်ကို ပြောင်းလဲရန် ကြိုးပမ်းနေပြီး ပြည်သူများကိုပေးသည့် ဝန်ဆောင်မှုများကိုလည်း ဒစ်ဂျစ်တယ်မှတဆင့်ပေးရန် ကြိုးစားနေကြောင်း ပြောဆိုခဲ့သည်။ မြန်မာအစိုးရအနေဖြင့် အီလက်ထရောနစ် ဝန်ဆောင်မှုများကို ပြည်သူများထံ ဖြစ်နိုင်သမျှ မြန်မြန်ပေးရန် လိုလားနေပြီး နှစ်နိုင်ငံကြား ကုန်သွယ်ရေးကို အီလက်ထရောစနစ် သုံးစွဲပြီး မြှင့်တင့်ရန် မျှော်မှန်းထားကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သည်။

အစည်းအဝေး၏ အဓိကရည်ရွယ်ချက်မှာ မန္တလေးတိုင်းဒေသကြီးအစိုးရနှင့် ယူနန်ပြည်နယ်တို့ကြား ရပ်ဝန်းလမ်းကြောင်း အစီအမံအောက်တွင် သဘောတူထားသည့် စီမံကိန်းများ အကောင်အထည်ဖော်ရန် တွန်းအားပေးခြင်းဖြစ်သလို ဒစ်ဂျစ်တယ် စီးပွားရေး၊ အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေးတို့ မြှင့်တင့်ရန်လည်း ဆွေးနွေးခဲ့သည်။

ဆွေးနွေးပွဲအပြီးတွင် တရုတ်သံရုံး၏ ထုတ်ပြန်ချက်အရ ယူနန်ပြည်နယ်မှ တာဝန်ရှိသူများက မန္တလေးတိုင်းအတွင်းရှိ စိုက်ပျိုးရေးထွက်ကုန်များ ပို့ကုန်လုပ်ငန်းလုပ်ကိုင်သည့် စီးပွားရေးလုပ်ငန်းရှင်များကို နယ်စပ်ဖြတ်ကျော် အီလက်ထရောနစ်စနစ်ဖြင့် ရောင်းဝယ်ဖောက်ကားနိုင်မည့် သင်တန်းပေးရန်လည်း သဘောတူညီခဲ့သည်။

ထို့အပြင် အီလက်ထရောစနစ် ကူးသန်းရောင်းဝယ်ရေးနှင့် ပတ်သက်သည့် လူ့စွမ်းအားအရင်းအမြစ် မြှင့်တင့်ခြင်းတို့ကိုလည်း ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့သည်။ ထိုပူးပေါင်းဆောင်ရွက်မှုကို ကြည့်ခြင်းအားဖြင့် တရုတ်အစိုးရသည် မြန်မာနိုင်ငံတွင် အစိုးရမှ စတင်ပြီး အကောင်အထည်ဖော်မည့် အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေးတွင် ဦးဆောင်ကဏ္ဍမှ ပါဝင်ရန် ခြေလှမ်းလှမ်းလိုက်ခြင်းပင် ဖြစ်သည်။

တရုတ်၏ DSR ကို အကောင်အထည်ဖော်နေသည့် အကြီးဆုံး ကုမ္ပဏီကြီးဖြစ်သည့် အလီဘာဘာ ကုမ္ပဏီသည်လည်း မြန်မာနိုင်ငံတွင် အွန်လိုင်းရှော့ပင်းကဏ္ဍ၌ ရင်းနှီးမြှုပ်နှံပြီးဖြစ်သလို မကြာသေးခင်က နိုင်ငံအနှံ့အပြား အောက်ခြေလူတန်းစားအထိ လူသုံးအများဆုံးဖြစ်သော ဒစ်ဂျစ်တယ် ငွေကြေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု စတင်လိုက်ပြီ ဖြစ်သည်။

တရုတ်နိုင်ငံ၏ အကြီးဆုံး အွန်လိုင်းရှော့ပင်း ဝန်ဆောင်မှုပေးသော ကုမ္ပဏီကြီးဖြစ်သည့် အလီဘာဘာ ကုမ္ပဏီသည် ၂၀၁၈ ခုနှစ်တွင် မြန်မာ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာနှင့် နီပေါနိုင်ငံများတွင် နာမည်ရထားပြီး အွန်လိုင်းရှော့ပင်းတည်ထောင်ထားသော Daraz Group ကို ဝယ်ယူလိုက်သည်။ ထိုသို့ ဝယ်ယူလိုက်ခြင်းအားဖြင့် မြန်မာနိုင်ငံတွင် shop.com.mm အဖြစ် လူသိများပြီး အများဆုံး အသုံးပြုကြတဲ့ အွန်လိုင်းရှော့ပင်းကို အလီဘာဘာက ထိန်းချုပ်ခွင့် ရရှိထားသည်။

အလီဘာဘာ၏ လုပ်ငန်းခွဲဖြစ်သော Alipay ဖုန်းငွေပေးချေခြင်း ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီ၏ အော်ပရေတာ Ant Financial Services သည်လည်း မြန်မာနိုင်ငံတွင် လူပေါင်း ၂၁ သန်းကျော် သုံးစွဲနေသော ဒစ်ဂျစ်တယ် ငွေကြေး ဝန်ဆောင်မှု Wavemoney တွင် ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း ၂၀၂၀ ပြည့်နှစ်၊ မေက ကြေညာခဲ့သည်။

Wavemoney တွင် အမေရိကန် ဒေါ်လာ ၇၃ ဒသမ ၅ သန်း ထည့်ဝင်ပြီး Alipay သည် ၎င်း၏ နည်းပညာအပြင်၊ ကျွမ်းကျင်သူများ၏ အကူအညီဖြင့် ဈေးကွက်ထဲတွင် လူအများ ပိုမိုသုံးစွဲလာအောင် ကြိုးပမ်းမည်ဟု ထုတ်ပြန်ထားသည်။ Wavemoney သည် မူလက တယ်လီနော ကုမ္ပဏီနှင့် Yoma Strategic Holdingတို့က ဖက်စပ်လုပ်ကိုင်သည် ဖြစ်သော်လည်း Ant Financial Services ဝင်ရောက်ပြီး မကြာခင်မှာပင် တယ်လီနောက ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို ရိုးမကို ရောင်းချလိုက်သည်။ ထိုသဘောတူညီချက်ကြောင့် Wavemoney ရဲ့ ၆၇ ရာခိုင်နှုန်းကို Yoma Strategic က ပိုင်ဆိုင်မည်ဖြစ်ပြီး ကျန်ရှယ်ယာ ၃၃ ရာခိုင်နှုန်းကို Ant Financial Services က ပိုင်ဆိုင်သွားမည် ဖြစ်သည်။

လက်ရှိအချိန်တွင် ဘဏ်လုပ်ငန်းနှင့် စီးပွားရေးလုပ်ငန်းများစွာ ပိုင်ဆိုင်သော ရိုးမသည် အလီဘာဘာ၏နည်းပညာကိုသုံးကာ မြန်မာပြည်တွင်းရှိ ဘဏ်ဝန်ဆောင်မှုသုံးစွဲသူများ၊ အသေးစား စီးပွားရေးလုပ်ငန်းရှင်များကို ချေးငွေထုတ်ပေးမည့် စနစ်ကို စမ်းသပ်နေသည်။ ထိုနည်းပညာဖြင့် သုံးစွဲသူနှင့် စီးပွားရေး အော်ပရေတာများ၏ ချေးငွေသုံးစွဲမှုအပြင် ပုဂ္ဂလိက ငွေပေးချေမှုများ၊ မီးနှင့်ရေ မီတာအဖိုးအခ ပေးချေမှုများကို မိုဘိုင်း အက်ပလီကေးရှင်းကတဆင့် တွက်ချက်စောင့်ကြည့်ပေးနိုင်မည့် စနစ်များ ပါဝင်သည်။ ထိုသုံးစွဲမှု ရမှတ်အပေါ် အခြေခံပြီး Yoma သည် အိမ်ခြံမြေလုပ်ငန်း၊ လက်လီရောင်း/ဝယ်မှု၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် မော်တော်ကားရောင်းဝယ်သည့် လုပ်ငန်းများနှင့် ချေးငွေလျှောက်ထားသူများနှင့် ချိတ်ဆက်ပေးမည် ဖြစ်သည်။

ထို့အပြင် Yoma သည် Wave Money အက်ပလီကေးရှင်း အသုံးပြုသူ ဦးရေကို ၂၀၂၄ ခုနှစ်တွင် ဆယ်ဆခန့်တိုးရန် မျှော်မှန်းထားပြီး နိုင်ငံအတွင်း သုံးစွဲသူ ၁၁ ဒသမ ၂ သန်း သို့မဟုတ် နိုင်ငံလူဦးရေ၏ ငါးပုံတပုံအထိ ရောက်လာမည်ဟု ခန့်မှန်းထားသည်။

အလားတူပင် တရုတ်နိုင်ငံတွင် လူသုံးများသည့် ငွေပေးချေမှုစနစ်တခုဖြစ်သည့် WeChat Pay စနစ်ကို စမ်းသပ်ကာလဖြင့် လက်ခံရန် မြန်မာနိုင်ငံ ဗဟိုဘဏ်က ၂၀၁၉ ခုနှစ်၊ မတ်လ ၂၆ ရက်တွင် ဆုံးဖြတ်ခဲ့သည်။ တရုတ်ခရီးသွားများ အများဆုံး သွားရောက်လည်ပတ်သည့် ရန်ကုန်နှင့် မန္တလေး နေရာအချို့တွင် စတင် အသုံးပြုခွင့် ပေးခဲ့သည်။ WeChat Pay ကိုမြန်မာနိုင်ငံတွင် အသုံးပြုရန် စတင်လျှောက်ထားသော ကုမ္ပဏီမှာ Paypb Company Limited နှင့် QFPay တို့ဖြစ်ပြီး ကမ္ဘောဇဘဏ်နှင့်လည်း ချိတ်ဆက်ထားကြောင်း ထုတ်ပြန်ထားသည်။

၂၀၁၉ ခုနှစ်၊ ဇူလိုင်တွင် စမ်းသပ်ကာလကို သုံးလ ထပ်မံတိုးချဲ့ပေးမည်ဖြစ်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ခဲ့သည်။ သို့ရာတွင် ၂၀၁၉  ဒီဇင်ဘာအတွင်း WeChat ကို အသုံးပြုခွင့်ပေးခြင်းသည်  ဇီးရိုးဘတ်ဂျက်ခရီးသွားများကို အားပေးသလိုဖြစ်ခြင်းကြောင့် ဗဟိုဘဏ်နှင့်ဆွေးနွေးကာ သုံးစွဲခွင့် ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဒုတိယဝန်ကြီး ဦးတင်လတ်က လွှတ်တော်တွင် ပြောကြားခဲ့သည်။

ထိုကအပြင် ၂၀၁၈ ခုနှစ်၊ မတ်တွင် မိုဘိုင်း ငွေပေးချေစနစ် အကောင်အထည်ဖော်ရန် ကြိုးပမ်းနေသည့် ကမ္ဘောဇဘဏ်လီမီတက်နှင့် ဟွာဝေးတို့ကြား ဒစ်ဂျစ်တယ်ငွေကြေးစနစ် တခုအကောင်အထည်ဖော်ရန် သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့သည်။ ထိုသဘောတူညီမှု စာချုပ်ကို ရှန်းကျန့်ရှိ ဟွာဝေးဌာနချုပ်တွင် ပြုလုပ်ခဲ့သော်လည်း ပူးပေါင်းဆောင်ရွက်မှု အသေးစိတ်ကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ချေ။

ထိုအချိန်က ဟွာဝေး၏ မိုဘိုင်းငွေပေးချေမှု စနစ်အတွက် အဓိကဖြစ်သည့် Digital Payment Cloud ကို တရားဝင် မိတ်ဆက်ထားခြင်း မရှိသေးချေ။ ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်တွင် ကုမ္ပဏီက ထိုစနစ်ကို တရားဝင် ကြေညာခဲ့ပြီး ထိုစနစ်ကို KBZpay အကောင်အထည်ဖော်ရာတွင် စမ်းသပ်သုံးစွဲခဲ့ကြောင်း  ထုတ်ပြန်ခဲ့သည်။ လက်ရှိအချိန်တွင် KBZpay ကို မြန်မာနိုင်ငံတွင် လူခြောက်သန်းက မှတ်ပုံတင်ထားကာ အသုံးပြုနေသည်ဟု ကုမ္ပဏီထုတ်ပြန်ချက်အရ သိရှိရသည်။ ထိုစနစ်မှာ ဒစ်ဂျစ်တယ် ငွေပေးခြေစနစ် လုပ်ကိုင်သူများကို ဗဟို ငွေပေးချေမှု စနစ်တခုဖြစ်လာမည့် ဒစ်ဂျစ်တယ် အက်ပလီကေးရှင်းတခု တည်ဆောက်ရန် နည်းပညာများ ကူညီပေးခြင်း ဖြစ်သည်။

(၈) ရန်ကုန် ဘတ်စ်ကား ငွေပေးချေစနစ်နှင့် တရုတ်နည်းပညာ

ရန်ကုန်မြို့၊ ဘတ်စ်ကားများတွင် တပ်ဆင်ထားသည့် အီလက်ထရောနစ် စနစ်သုံး ငွေပေးချေစက် များတွင်လည်း တရုတ်နည်းပညာများ သုံးစွဲထားခြင်း ဖြစ်သည်။ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက့်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရက ရန်ကုန်ဘတ်စ်ကားစနစ်(YBS)ရှိ ခရီးသည်တင်ယာဉ်များကို အီလက်ထရောနစ် ငွေပေးကတ်စနစ်များအဖြစ် ပြောင်းလဲရန်အတွက် တင်ဒါ ခေါ်ယူခဲ့သည်။

ထိုနှစ် ဇွန် ၁၃ ရက်တွင် တင်ဒါအောင်မြင်သည့် စာရင်းကို ကြေငြာခဲ့ရာ Asia Starmar Transport Intelligent ကုမ္ပဏီက တင်ဒါ အောင်မြင်ခဲ့သည်။ ထိုကုမ္ပဏီက အီလက်ထရောနစ်စနစ်သုံး ငွေပေးချေစက်များကို Chongqing မှ တင်သွင်းခဲ့ကြောင်း တရုတ်မီဒီယာများက ဖော်ပြထားသည်။

၎င်းကတ်များကို နီးစပ်ရာ စတိုးဆိုင်များတွင် အလွယ်တကူ ဝယ်ယူနိုင်ကြောင်း ကြေညာထားသည်။ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA)၏ ကုမ္ပဏီ မှတ်ပုံတင် စာရင်းအရ ၎င်းကုမ္ပဏီမှာ ၂၀၁၇ ခုနှစ်တွင် မှတ်ပုံတင်ခဲ့သည်ဟု တွေ့ရှိရသည်။

ကုမ္ပဏီ၏ ဒါရိုက်တာများအဖြစ် တရုတ်နိုင်ငံသား သုံးဦး ပါဝင်သည်ကို တွေ့ရှိရပြီး ၎င်းကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာမှာ Yunnan Zhongyun Information Technology (China) and Starmar Pte Ltd (Singapore)၏ ဥက္ကဋ္ဌ အဖြစ်လည်း တွဲဖက် ထမ်းဆောင်နေသူ ဖြစ်သည်။

ကုမ္ပဏီ၏ မှတ်တမ်းအရ အဆိုပါပုဂ္ဂိုလ်မှာ ယူနန်တက္ကသိုလ်နှင့် Chongqing တို့တွင် ဘွဲ့ရရှိခဲ့ကြောင်း ဖော်ပြထားသည်။

(၉) ICT နည်းပညာဖွံ့ဖြိုးရေးကဏ္ဍတွင်ပါဝင်လာမှုများ

ဟွာဝေးကုမ္ပဏီသည် မြန်မာအစိုးရ၏ ဆက်သွယ်ရေး၊ နည်းပညာဆိုင်ရာ စီမံကိန်းများ၊ ပညာရေးနှင့် ပတ်သက်သော စီမံကိန်းများတွင် ၂၀၁၄ ခုနှစ်ကတည်းက စတင်ပါဝင်ခဲ့သည်။ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာတွင် ဟွာဝေးကုမ္ပဏီနှင့် မြန်မာပါမောက္ခချုပ်များကော်မတီက ပညာရေးဝန်ကြီးဌာန၏ စီမံခန့်ခွဲမှုဖြင့် လုပ်ဆောင်မည့် အိုင်စီတီနည်းပညာဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့သည်။

ထိုအစီအစဉ်တွင် အိုင်စီတီနည်းပညာ ဖွံ့ဖြိုးရေးအတွက်သင်တန်းများ၊ အနာဂတ်အတွက် မျိုးစေ့များ (Seeds for the Future) အစီအစဉ်နှင့် ဟွာဝေး Authorized Information and Network Academy တည်ထောင်ခြင်း၊ အိုင်စီတီနည်းပညာနှင့် ပတ်သက်ပြီး ကျွမ်းကျင်သည့် တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားများကို ပညာသင်ထူးချွန်ဆုများ ပေးအပ်ခြင်း၊ ပွဲများကို ဟွာဝေး၏ အထောက်အပံ့နှင့် ပြုလုပ်ခြင်း၊ သိပ္ပံနှင့် နည်းပညာ၊ အိုင်တီနည်းပညာနှင့် ပတ်သက်သော သုတေသန လုပ်ငန်းများကို ဟွာဝေးက နည်းပညာအရ အကူအညီပေးခြင်းတို့ ပါဝင်သည်။ ၂၀၁၄ ခုနှစ်တွင်လည်း အလားတူ သဘောတူညီချက်တခု ရေးထိုးခဲ့ပြီး ဟွာဝေးက အိုင်စီတီကျွမ်းကျင်သူ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ ၁,၅၀၀ ခန့်ကို လေ့ကျင့်ပေးခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။

၂၀၁၉ ခုနှစ်၊ ဧပြီတွင် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်နှင့် ဟွာဝေးကုမ္ပဏီတို့ကြား နှစ်နှစ်တာသက်တမ်းရှိ နားလည်မှုစာချွန်လွှာ (MoU)ကို လက်မှတ်ရေးထိုးခဲ့သည်။ ထိုသဘောတူညီချက်အရ ဟွာဝေးနှင့် မြန်မာအင်ဂျင်နီယာအသင်းချုပ် (Fed.MES)တို့ ပူးပေါင်းပြီး လူငယ်မျိုးဆက်သစ် အင်ဂျင်နီယာများ၏ အရည်အသွေးမြှင့်တင်ခြင်းဆောင်ရွက်ရန်၊ Indoor Coverage (5G ကွန်ရက်နှင့် ဆက်စပ်နေသော ဝန်ဆောင်မှုများ)နှင့် FTTH စံချိန်စံညွှန်းများ (အင်တာနက်ကွန်ရက်၊ ဖိုင်ဘာကွန်ရက်) ဖွံ့ဖြိုးတိုးတက်မှုများအတွက် လုပ်ဆောင်ရန် သဘောတူညီခဲ့သည်။

Fed. MES သည် တနိုင်ငံလုံးရှိ အင်ဂျင်နီများကို လွှမ်းခြုံဖွဲ့စည်းထားသော အဖွဲ့အစည်း ဖြစ်သောကြောင့် ထိုခြေလှမ်းမှာ ဟွာဝေးအတွက် အဓိကျသော သဘောတူညီချက် ဖြစ်သည်။ Fed. MES သည် မြန်မာအင်ဂျင်နီယာများအတွက် လေ့ကျင့်ရေးသင်တန်းများနှင့် အထောက်အပံ့များ ပေးနေသည့်အပြင် တက္ကသိုလ်များနှင့် အလုပ်သင် အစီအစဉ်များအတွက်လည်း ပူးပေါင်းဆောင်ရွက်နေသည်။

ထိုသဘောတူညီချက်အရ Fed. MES နှင့် ဟွာဝေးကုမ္ပဏီသည် အစိုးရ၊ ဆက်သွယ်ရေး အော်ပရေတာများ၊ အိမ်ခြံမြေ လုပ်ငန်းလုပ်ကိုင်သူများ၊ စက်မှုလုပ်ငန်း လေ့လာဆန်းစစ်သည့် ကုမ္ပဏီများနှင့် အခြားသြဇာရှိသည့် အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး မြန်မာနိုင်ငံအတွင်း Indoor Digital Transformation ကို အကောင်အထည်ဖော်ရန် ဖြစ်သည်။

နားလည်မှုစာချွန်လွှာအရ နှစ်နိုင်ငံအတွင်း၌ ရေရှည်လွှမ်းခြုံမှုနှင့် ပတ်သက်သည့် ဒစ်ဂျစ်တယ် ထိပ်သီးအစည်းအဝေး (Long-term Indoor Coverage Digitalization)နှင့် အခြားဆက်စပ်နေသော လှုပ်ရှားမှုများအား အတူတကွ ကျင်းပရန် သဘောတူထားသည်။ ထို့အပြင် Indoor Digital Coverage နှင့် FTTH စံချိန်စံညွှန်းများ မြှင့်တင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အထူးသဖြင့် Cloud၊ e-learning၊ အသိအမှတ်ပြု လက်မှတ်နှင့် အလုပ်သင် အစီအစဉ်များ ပူးပေါင်းရန် သဘောတူညီထားသည်။

၂၀၁၉ ခုနှစ် မေတွင် ပိတ်ဆို့မှုကြောင့် အမေရိကန်နှင့် ဟွာဝေးကုမ္ပဏီကြား အငြင်းပွားနေချိန်တွင် Myanmar Indoor Coverage Digitalization Summit ကို ကျင်းပခဲ့သည်။ ထိုပွဲကို အင်ဂျင်နီယာအသင်းနှင့် ဟွာဝေးတို့က ဦးဆောင်ကျင်းပခဲ့ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက အရာရှိများ တက်ရောက်ခဲ့သည်။ ထိုပွဲတွင် ဟွာဝေးကုမ္ပဏီသည် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးနည်းပညာအတွက် စိတ်ချယုံကြည်ရသော နည်းပညာများကို ဖလှယ်ပေးနေသောကြောင့် ဟွာဝေးနှင့် ဆက်လက် လက်တွဲလုပ်ဆောင်သွားမည်ဟု ဆက်သွယ်ရေးဝန်ကြီးဌာနက ကတိပြုခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ကွန်ရက် တည်ဆောက်ရာတွင်လည်း ဟွာဝေး အကူအညီရယူသွားမည်ဟု ပြောဆိုခဲ့သည်။

ဝိရောဓိများ

DSR သည် ကုန်သွယ်ရေးကဏ္ဍတွင် တရုတ်နိုင်ငံက ထုတ်လုပ်ထားသော နည်းပညာများကို သုံးစွဲခြင်းဖြင့် မြန်မာနိုင်ငံအတွက် ဒစ်ဂျစ်တယ် အသွင်ပြောင်း ထွန်းသစ်စစီးပွားရေးများကို ပံ့ပိုးပေးနိုင်သည့် အားသာချက် ရှိသည်။

သို့ရာတွင် DSR သည် ဒစ်ဂျစ်တယ် အချုပ်အခြာအာဏာအပေါ် တရုတ်သြဇာ လွှမ်းမိုးမှုအတွက် ရည်ရွယ်ထားသောကြောင့် လက်ခံထားကြသော ရပ်ဝန်းလမ်းကြောင်းအဖွဲ့ဝင်နိုင်ငံများအတွက် ဒစ်ဂျစ်တယ် အချုပ်အခြာအာဏာအပေါ်တွင် စိန်ခေါ်မှုအပြင် ရေရှည်တွင် စီးပွားရေး၊ သတင်းအချက်အလက် လုံခြုံရေးနှင့် ကျင့်ဝတ်ဆိုင်ရာ ပြဿနာများ ကြုံတွေ့နိုင်သည်ဟု နိုင်ငံတကာ အစီရင်ခံစာများက သုံးသပ်ထားသည်။

တရုတ် မိုဘိုင်းအီလက်ထရောနစ် ငွေပေးချေစနစ်များ တိုးချဲ့ခြင်းအပြင် ဒစ်ဂျစ်တယ် ပိုးလမ်းမကြီးတလျှောက် တရုတ်နိုင်ငံမှ တည်ဆောက်ထားသော အိုင်စီတီကွန်ရက်များနှင့် နည်းပညာများသည် တရုတ်နိုင်ငံ၏ ငွေကြေးသုံးစွဲမှုနှင့် ၎င်း၏ ကုမ္ပဏီများက ထုတ်လုပ်ထားသည့် နည်းပညာများကို လက်ဝေခံ နိုင်ငံများက  မဖြစ်မနေ ရွေးချယ်ရမည့် စနစ်တခုကို ဖန်တီးနေသည်ဟု ထိုအစီရင်ခံစာများက စွပ်စွဲထားသည်။

မြန်မာနိုင်ငံသည် လက်ရှိအချိန်တွင် ဒစ်ဂျစ်တယ် လုံခြုံရေး၊ အင်တာနက်လုံခြုံရေး၊ သတင်း အချက်အလက် လုံခြုံရေးနှင့် ပတ်သက်ပြီး ထိထိရောက်ရောက် ကိုင်တွယ်နိုင်သော ဥပဒေများ၊ ညွှန်ကြားချက်များ မရှိသေးချေ။ ထို့အပြင် အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေးနှင့် ပတ်သက်သော ဥပဒေများ၊ ညွှန်ကြားချက်များ၊ ဒစ်ဂျစ်တယ်ငွေကြေးနှင့် ပတ်သက်၍ တိကျသော ဥပဒေများ မပြဌာန်းနိုင်သေးသောကြောင့် ပြည်ပနိုင်ငံများနှင့် လက်တွဲလုပ်ဆောင်ရာတွင် နိုင်ငံ၏ ဒစ်ဂျစ်တယ် အချုပ် အခြာအာဏာအပေါ် ထိခိုက်မှု၊ ပုဂ္ဂလိက သတင်းအချက်လက်၊ စီးပွားရေးဆိုင်ရာ သတင်းအချက်အလက် စသည်တို့ ယိုစီးနိုင်ချေနှင့် လုံခြုံရေးဆိုင်ရာ ပြဿနာများ ကြုံတွေ့ရနိုင်ကြောင်း ပညာရှင်များက သတိပေးထားသည်။

စီမံကိန်း အခြေအနေများကို ၂၀၂၁ခုနှစ် ဇူလိုင် ( ၉ ) ရက်နေ့တွင်ထပ်မံဖြည့်စွက်ထားပါသည်။

Reference:

The Digital Silk Road: Expanding China’s digital footprint

Will China Control the Global Internet Via its Digital Silk Road?

Unpacking China’s Digital Silk Road

Myanmar, China to Promote Cross-Border e-Commerce Systems

Huawei to Supply Mandalay’s ‘Safe City’ Project with Cameras, Security Equipment

Amid Int’l Espionage Concerns, Mandalay to Embrace Huawei for ‘Safe City’ Project

Spurned by the West, Embraced by Myanmar

Myanmar to use Huawei in telecoms sector

KBZ Bank, Huawei jointly offer greater financial access to all

Mandalay project with telco under review, says chief minister

China, Myanmar sign MoU on ICT talent development program

CCTV Contract with Huawei Will Guard Against Spying: Mandalay Chief Minister

Huawei and Federation of Myanmar Engineering Societies sign 2-year MoU for ICT cooperation

Summit on indoor coverage digitalization held in Myanmar

Huawei launches digital payment cloud solution

In Myanmar, Huawei has cooperated with KBZ Bank to launch KBZPay and, within 18 months, successfully grew the service to 6 million registered users, > 1000 partners, and > 290,000 merchants. KBZPay’s transaction value has reached more than $7 billion!

Huawei Launches New Digital Payment Cloud Solution

ကမ္ဘောဇဘဏ် ထုတ်ပြန်ချက်

Huawei Launches Digital Payment Cloud Solution

Myanmar conglomerate to offer loans online using Alibaba tech

Alibaba secures foothold in Myanmar market, growth in e-commerce expected

Myanmar’s Yoma Strategic to Buy Majority Stake in Wave Money From Telenor

Operator of China’s Alipay to Invest Over US$73 Million in Myanmar’s Wave Money

Govt commits to developing secure ecosystem for e-commerce in Myanmar

CBM extends WeChat pay pilot phase by three months

CBM Suspends Acceptance of Mobile Payments from ‘Zero-Budget’ Tourists

Negotiations on to ensure Alipay, WeChat use CBM payment gateway

缅甸每日读报：缅甸公交卡支付系统采用中国技术

Asia Starmar Transport Intelligent Co. Ltd.

Company Profile of Asia Starmar (DICA)

Yangon Payment System launched

The post တရုတ် ဒစ်ဂျစ်တယ် ပိုးလမ်းမစီမံကိန်းနှင့် မြန်မာနိုင်ငံ appeared first on ISP Myanmar China Desk.

တရုတ်နိုင်ငံနှင့် မြန်မာ့ငြိမ်းချမ်းရေး
၁။ မြန်မာ့လက်နက်ကိုင်ပဋိပက္ခ နောက်ခံအခြေအနေအကျဉ်းချုပ်

မြန်မာ့ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခသည် အင်္ဂလိပ်ကိုလိုနီအစိုးရထံမှ လွတ်လပ်ရေးမရမီ ၁၉၄၇ ခုနှစ် ၀န်းကျင်တွင် စတင်သန္ဓေတည်ပေါ်‌ပေါက်ခဲ့ခြင်း ဖြစ်သည်။

လွတ်လပ်ရေးတိုက်ပွဲ၀င် နိုင်ငံရေးခေါင်းဆောင်အချို့ပါ၀င်သည့် ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)၊ ကရင်၊ ကရင်နီတို့အပါအ၀င် တိုင်းရင်းသားလက်နက်ကိုင်အင်အားစုအချို့သည် နိုင်ငံလွတ်လပ်ရေးရသည့် ၁၉၄၈ ခုနှစ် ၀န်းကျင်မှာပင် လက်နက်ကိုင်တော်လှန်‌ရေးကို ဆင်နွဲခဲ့ကြသည်။

ဗိုလ်ချုပ်ကြီး နေ၀င်း၏ တော်လှန်ရေးကောင်စီအစိုးရက အာဏာသိမ်းခဲ့သည့်ကာလ ၁၉၆၀ ပြည့်နှစ်၀န်းကျင်တွင် ကချင်၊ ရှမ်း၊ ရခိုင်တို့အပါအ၀င် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ထပ်မံပေါ်ပေါက်ခဲ့သလို နိုင်ငံလုံးချီလူထုအရေးတော်ပုံကြီးဖြစ်ပေါ်ခဲ့သည့် ၁၉၈၈ ခုနှစ် ၀န်းကျင်တို့တွင်လည်း ၀၊ မိုင်းလား၊ ကိုးကန့်၊ ချင်း စသည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအင်အားစုများ ထပ်မံပေါ်ပေါက်ခဲ့သည်။

ပြည်တွင်းစစ်၏ အစောပိုင်းကာလမှစ၍ ၁၉၈၀ ပြည့်နှစ်၀န်းကျင်အထိ ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)၏ အခန်းကဏ္ဍသည် နိုင်ငံအတွင်း ‌ဒေသများစွာတွင် ကျယ်ပြန့်စွာ ရှိနေခဲ့သည်။  ၁၉၈၉ ခုနှစ်တွင် ပါတီတွင်း ပုန်ကန်မှုများကို ကြုံတွေ့ခဲ့ရပြီး ပါတီအနေနှင့် ပြိုကွဲသွားခဲ့ကာ တိုင်းရင်းသားတော်လှန်ရေးအင်အားစု(၀၊ မိုင်းလား၊ ကိုးကန့်)များအဖြစ် ဆက်လက်ကျန်ရှိခဲ့သည်။

၁၉၉၀ ပြည့်နှစ်အလွန်၊ တပ်မတော်အစိုးရအနေနှင့် တရုတ်နိုင်ငံနယ်စပ်တလျှောက်ရှိ ကချင်၊ ရှမ်း၊ ၀ တို့အပါအ၀င် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အများအပြားနှင့် နှစ်ဖက်အပစ်အခတ်ရပ်စဲထားခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြဌာန်းလိုက်ပြီးနောက် အပစ်ရပ်ထားသည့် လက်နက်ကိုင်အဖွဲ့အစည်းများကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် ကြိုးပမ်းခဲ့ရာမှ အပစ်ရပ်သဘောတူညီချက်များ ပျက်ပြယ်သွားကာ နှစ်ဖက်အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် တရုတ်နယ်စပ်ရှိ ကိုးကန့်အဖွဲ့နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သလို ၂၀၁၁ ခုနှစ်တွင် မြန်မာနိုင်ငံမြောက်ပိုင်းရှိ ကချင်နှင့် ဖြစ်ပွားခဲ့သည်။ ယင်းနောက် ပလောင်၊ ရှမ်း၊ ရခိုင် စသည့် အဖွဲ့များနှင့်လည်း ဆက်တိုက် တိုက်ပွဲများ ရှိနေခဲ့သည်။

၂၀၁၁ ခုနှစ်၊ မတ်လတွင် သမ္မတဦးသိန်းစိန်အစိုးရအဖွဲ့တက်လာသည်။ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလတွင် ကရင်၊ ပအို့၀်၊ ချင်းတို့အပါအ၀င် အဖွဲ့ ၈ ဖွဲ့က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) ကို လက်မှတ်ထိုးခဲ့ကြသည်။ အဆိုပါအဖွဲ့များမှာ ထိုင်းနိုင်ငံနယ်စပ်တလျောက်တွင် အခြေစိုက်သည့် အဖွဲ့များ ဖြစ်သည်။ လက်နက်ကိုင်တိုင်းရင်းသားအုပ်စုများထဲတွင် အင်အားကြီးမားပြီး တရုတ်နယ်စပ်တွင် အခြေစိုက်သည့် အဖွဲ့များကမူ လက်မှတ်မထိုးခဲ့ကြပေ။

၂၀၁၆ ခုနှစ်၊ မတ်လကုန်တွင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက အစိုးရတာ၀န်ကို ရယူသည်။ ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ယခင်အစိုးရက ချန်ထားရစ်ခဲ့သည့် လမ်းကြောင်းအတိုင်း ဆက်လက်‌လျှောက်လှမ်းခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် မွန်နှင့် လားဟူအဖွဲ့နှစ်က NCA တွင် ပါ၀င်လာကြရာ လက်မှတ်ထိုးပြီးသည့် အဖွဲ့ ၁၀ ဖွဲ့ ဖြစ်လာသည်။

နိုင်ငံ၏ မြို့နယ်စုစုပေါင်း ၃၃၀ အနက် ၁၁၀ ကျော်သည် စစ်ပွဲများနှင့် ဆက်စပ်ဒုက္ခများကို ရင်ဆိုင်နေရသည်။ တစ်နည်းအားဖြင့် နိုင်ငံ၏ နယ်မြေသုံးပုံတစ်ပုံ ဖြစ်သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ တချို့တစ်၀က်သာ ပါ၀င်ဆင်နွဲနိုင်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို သမ္မတ ဦးသိန်းစိန်လက်ထက်တွင် တစ်ကြိမ်၊ လက်ရှိအစိုးရလက်ထက်တွင် သုံးကြိမ်(၂၁ ရာစု ပင်လုံ ဟူ၍လည်း ခေါ်သည်။) ကျင်းပနိုင်ခဲ့ပြီး အချက် ၅၁ ချက်ကို ပြည်ထောင်စုသဘောတူညီမှုအဖြစ် စာချုပ်ချုပ်ဆိုနိုင်ထားသည်။ သို့သော် အရေးကြီးသည့် နိုင်ငံရေးဆိုင်ရာသဘောတူညီချက်များကို မရရှိသေးပေ။

၂၀၁၈ ခုနှစ်၊ ဇူလိုင်လတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁ ရာစု-ပင်လုံ) ကို သုံးကြိမ်မြောက်အဖြစ် ကျင်းပခဲ့ပြီးနောက် ယခု(၂၀၁၉ ခုနှစ်၊ သြဂုတ်လ)အထိ ဆက်လက်ကျင်းပနိုင်ခြင်း မရှိသေးပေ။

၂။ တရုတ်နိုင်ငံ၏ အခန်းကဏ္ဍ

တပ်မတော်အစိုးရလက်ထက်၊ ၁၉၉၀ ပြည့်နှစ်အလွန်ကာလများတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တပ်မတော်အကြား အပစ်အခတ်ရပ်စဲထားချိန်အတွင်း တရုတ်နယ်စပ်ဒေသသည် တည်ငြိမ်နေခဲ့သည်။ ထိုအတောအတွင်း မြန်မာ့နယ်စပ်ရေးရာကိစ္စရပ်များနှင့်ပတ်သက်၍ ယူနန်ပြည်နယ်မှ အဓိက ကိုင်တွယ်ခဲ့သည်။ ယူနန်ပြည်နယ်ရှိ ဒေသန္တရအာဏာပိုင်များ၊ စီးပွားရေးသမားများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား ကိုယ်စီအကျိုးစီးပွားတို့အတွက် အပြန်အလှန် ချိတ်ဆက်ယှက်နွယ်နေသည့် ကူးလူးဆက်ဆံမှုများ ရှိနေခဲ့သည်။ မြန်မာနယ်စပ်ရေးရာနှင့်ပတ်သက်၍ လုပ်ပိုင်ခွင့်များကို ယူနန်ပြည်နယ်အစိုးရအား တရုတ်နိုင်ငံ၊ ဗဟိုအစိုးရက ကျယ်ကျယ်ပြန့်ပြန့် ပေးထားခဲ့သည်။  တရုတ်နိုင်ငံသည် မြန်မာ့ပြည်တွင်းစစ်နှင့် ပတ်သက်၍ ယခင် တပ်မတော်အစိုးရလက်ထက်တွင် ပေယျာလကန်ပြုထားခဲ့သော်လည်း တပ်မတော်အစိုးရ၏ နောက်ဆုံးအချိန်ကာလတွင် ဘေဂျင်းသည် ပြန်လည်အလေးထားလာခဲ့သည်။

၂၀၀၉ ခုနှစ်တွင် ကိုးကန့်(MNDAA)အဖွဲ့နှင့် တပ်မတော်တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာချိန်တွင် တရုတ်နိုင်ငံအနေနှင့် မြန်မာ့ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ကို ခေါင်းထောင်၍ ကြည့်လာရသည်။ တိုက်ပွဲများကြောင့် ကိုးကန့်တိုင်းရင်းသားအများစုပါ၀င်သည့် စစ်ဘေးရှောင် သုံးသောင်းခုနစ်ထောင်ကျော်သည် တရုတ်နိုင်ငံအတွင်းသို့ ထွက်ပြေးခိုလှုံခဲ့ကြသည်။ ယင်းအတွက်ကြောင့် ဘေဂျင်းရှိ ဗဟိုအစိုးရကို အလုပ်ရှုပ်သွားစေခဲ့သည်။ မြန်မာအစိုးရအနေနှင့် ပြည်တွင်းရေးကို ကောင်းမွန်စွာ ဖြေရှင်းရန်၊ မြန်မာနိုင်ငံအတွင်းရှိ တရုတ်နိုင်ငံသားများကို အကာအကွယ်ပေးရန် တရုတ်ဘက်က တိုက်တွန်းခဲ့သည်။

၂၀၁၁ ခုနှစ်တွင် ကချင်(KIO)အဖွဲ့နှင့်လည်း တပ်မတော်တို့ တိုက်ပွဲများ ဖြစ်ပွားလာပြီးနောက် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍသည် မြန်မာ့ငြိမ်းချမ်းရေးတွင် ပို၍ကြီးမားလာသည်။

အဆိုပါကာလအတွင်း မြစ်ဆုံဆည်စီမံကိန်းကို သမ္မတ ဦးသိန်းစိန်က ရပ်ဆိုင်းလိုက်ရာ တရုတ်နှင့် မြန်မာ ဆက်ဆံရေးသည် အေးစက်သွားခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် ကိုးကန့်ဒေသတွင် တိုက်ပွဲများ တစ်ကျော့ပြန်ဖြစ်ပွားခဲ့သည်။ တပ်မတော်အနနှင့် ကိုးကန့်အဖွဲ့အပေါ် စစ်ဆင်ရေးကို အရှိန်မြှင့်တင်ခဲ့ပြီး လနှင့်ချီ၍ စစ်ဆင်ရေးကို ဆင်နွှဲနေခဲ့သည်။ တပ်မတော်က ပစ်ခတ်သည့် လက်နက်ကြီးကျည်ဆန်များသည် နယ်နိမိတ်ကိုကျော်လွန်၍ တရုတ်နိုင်ငံအတွင်းသို့ ကျရောက်ခဲ့ပြီး တရုတ်နိုင်ငံသား ငါးဦး သေဆုံးကာ ကိုးဦး ဒဏ်ရာရခဲ့သည်။

နယ်စပ်‌ဒေသတွင် စစ်ပွဲများ ဖြစ်ပွားလာခြင်းက မြန်မာနှင့် နယ်နိမိတ်ချင်းထိနေသည့် ယူနန်ပြည်နယ်အစိုးရအဖွဲ့ကို ကျော်လွန်၍ တရုတ်နိုင်ငံ၏ ဗဟိုအစိုးရအထိပါ ခေါင်းခဲစေခဲ့သည်။ ဗဟိုအစိုးရအနေနှင့် နယ်စပ်ဒေသနှင့်ပတ်သက်သည့် မူ၀ါဒ သို့မဟုတ် မြန်မာနှင့် ပတ်သက်သည့် မူ၀ါဒတို့ကို ပြန်လည်သုံးသပ်ပြီး ပြင်ဆင်မှုအချို့ကို လုပ်ဆောင်ခဲ့သည်။ တစ်ချိန်တည်းမှာပင် မြန်မာ့ငြိမ်းချမ်းရေးကိစ္စနှင့်ပတ်သက်၍ သူ၏အခန်းကဏ္ဍကို တိုးမြှင့်လိုက်သည်။

ကိုးကန့်နှင့် ကချင်တို့အပါအ၀င် NCA ကို လက်မှတ်မထိုးရသေးသည့် ၀(UWSP)၊ မိုင်းလား(NDAA)၊ ရှမ်း(SSPP)၊ ပလောင်(PSLF) စသည့် လက်နက်ကိုင်အဖွဲ့အစည်းအများစုသည် တရုတ်နှင့် မြန်မာနိုင်ငံတို့ နယ်နိမိတ်ချင်းထိစပ်လျက်ရှိသည့် နယ်စပ်ဒေသများတွင် ဖြစ်သည်။

တရုတ်နိုင်ငံနယ်စပ်တွင် အခြေပြုသည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအပေါ် တရုတ်နိုင်ငံက သြဇာရှိနေ သို့မဟုတ် လွှမ်းမိုးနိုင်စွမ်း ရှိနေကြာင်း စစ်ရေး၊ နိုင်ငံရေး လေ့သုံးသပ်သူများက မကြာခဏပင် ထုတ်ဖော် ပြာဆိုကြသည်။ တစ်ခါတစ်ရံတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၀င်များကိုယ်တိုင်ပင် ထုတ်ဖော် ၀န်ခံလေ့ရှိကြသည်။

မြန်မာပြည်တွင်းစစ်ပွဲများရပ်တံ့နိုင်ရေးနှင့် ပြဿနာများ ပြေလည်စေရေးအတွက် တရုတ်နိုင်ငံအနေနှင့် ကြား၀င်စေ့စပ်ပေးပါဟူ၍ မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့သုံးခုဖြစ်သည့် ရခိုင်(AA), တအန်း(TNLA) နှင့် ကိုးကန့်(MNDAA) တို့က ၂၀၁၉ ခုနှစ်၊ ဧပြီလအတွင်းက ပူးတွဲထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် ထည့်သွင်းအကူအညီတောင်းခံခဲ့သည်။ အလားတူပင် ၀(UWSA) အဖွဲ့ကလည်း တရုတ်နိုင်ငံအနေနှင့် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဖြစ်စဥ်တွင် ပါ၀င်ကူညီပေးရန် ၂၀၁၆ ခုနှစ်က ထုတ်ပြန်ကြေညာခဲ့သေးသည်။

တိုင်းရင်းသားလက်နက်ကိုင်များအနေနှင့် NCA တွင် ပါ၀င်လက်မှတ်ထိုးကြရန် NLD အစိုးရလက်ထက်တွင် တိုက်တွန်းပြောဆိုလာသလို အစိုးရနှင့် တွေ၌ဆုံဆွေးနွေးမှုများ ဖြစ်ပေါ်လာစေရန် ကြး၀င်စေ့စပ်ပေးခြင်း၊ ကမကထပြုပေးခြင်း၊ တရုတ်နိုင်ငံအတွင်းတွင် နေရာစီစဥ်ပေးခြင်းတို့ကိုလည်း ဆောင်ရွက်လာသည်။ ပြီးခဲ့သည့် နောက်ဆုံးညီလာခံနှစ်ခုတွင် မြောက်ပိုင်းတိုင်းရင်းသားအဖွဲ့များကို တရုတ်နိုင်ငံပိုင်လေကြောင်းလိုင်းဖြင့် နေပြည်တော်သို့ ခေါ်ဆောင်ပေးခဲ့သည်။

အဆိုပါလက်နက်ကိုင်အဖွဲ့များအနေနှင့် ၄င်းတို့အဖွဲ့အစည်းများ ရပ်တည်ရှင်သန်ရေးအတွက် ကုန်သွယ်ရေး၊ စီးပွားရေး၊ ဆက်သွယ်ရေး စသည်တို့တွင်  တရုတ်နိုင်ငံကို တစုံတရာအားကိုး နေရသည်။ အလားတူပင် ၄င်းတို့အတွက် ငွေကြေးအရင်းအနှီးရှိရန်လိုအပ်ပြီး ယင်းအတွက် ကုန်သွယ်ရေးနှင့် စီးပွားရေးမိတ်ဖက်အဖြစ် တရုတ်နိုင်ငံကိုသာ အားကိုးနေရခြင်း ဖြစ်သည်။

၁၉၄၀ ပြည့်နှစ်၀န်းကျင်မှသည် နောင်နှစ်ပေါင်း ၄၀ ၀န်းကျင်ကြာ သည်အထိ နိုင်ငံအတွင်း၌ အင်အားအကြီးမားဆုံး လက်နက်ကိုင်တော်လှန်ရေးအင်အားစုဖြစ်သည့် ဗမာပြည်ကွန်မြူနစ်ပါတီ(BCP) သည် တရုတ်ထံမှ အကူအညီဖြတ်တောက်လိုက်ပြီး မကြာခင်တွင် ပြိုကွဲသွားခဲ့သည့် သာဓကလည်းရှိခဲ့ရာ ယင်းကို ထောက်၍ တရုတ်နိုင်ငံအနေနှင့် မြန်မာ့ငြိမ်းချမ်းရေးကို အဆုံးအဖြတ်ပေးနိုင်သည်ဟု ရှုမြင်ကြသူများလည်း ရှိနေသည်။

သို့သော်၊ အဆိုပါ ဗမာပြည်ကွန်မြူနစ်ပါတီနှင့် လက်ရှိတိုင်းရင်းသားအဖွဲ့အစည်းတို့၏ ရပ်တည်မှုပုံစံခြင်း မတူသလို ခေတ်ကာလအခြေအနေချင်းလည်း ကွဲပြားခဲ့ပြီ ဖြစ်သည်။

ဗမာပြည်ကွန်မြူနစ်ပါတီသည် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း ဟုတ်ဟုတ်ညားညားမရှိဘဲ တရုတ်၏ကူညီစောင်မမှုကိုသာ အားကိုးအားထားပြုနေခဲ့ရခြင်းဖြစ်သည်။ လက်ရှိတိုင်းရင်းသားအဖွဲ့များတွင် သစ်၊ သတ္တုနှင့် အခြားသယံဇာတတို့အပါအ၀င် စီးပွားရေးလုပ်ငန်းများ ရှိကြသည်။ တချိန်တည်းမှာပင် ယင်းစီးပွားရေးလုပ်ငန်းတို့သည် တရုတ်နိုင်ငံရှိ စီးပွားရေးသမားများ၊ လုပ်ငန်းများနှင့် ချိတ်ဆက်ယှက်နွယ်နေရာ ၄င်းတို့ကို ဖြတ်တောက်ရန်မှာ တရုတ်အစိုးရအနေနှင့် လွယ်ကူသည့်ကိစ္စမဟုတ်ပေ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ အစိုးရလက်ထက်တွင် တရုတ်အစိုးရအနေနှင့် မြစ်ဆုံအပါအ၀င် စီမံကိန်းအချို့ကို ပြန်လည်စတင်နိုင်ရန် သိသိသာသာ လှုပ်ရှားလာသည်။ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ(CMEC) အကောင်အထည်ဖော်ရေးကို အစိုးရသစ်နှင့် သဘောတူနိုင်ခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံအနေနှင့် ၄င်း၏ကမ္ဘာလွှမ်းအစီအစဥ်ဖြစ်သည့် ရပ်၀န်းနှင့် လမ်းကြောင်း(BRI)စီမံကိန်းကို  အလုံးစုံအကောင်အထည်ဖော်နိုင်ရေးအတွက် မြန်မာနိုင်ငံသည် အရေးပါသည့်နေရာတွင် တည်ရှိနေသည်။

အဆိုပါစီမံကိန်းများသည် မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဆက်စပ်လျက်ရှိနေသည်။ စီးပွားရေးစင်္ကြံရော ရပ်၀န်းနှင့် လမ်းကြောင်းစီမံကိန်းများပါ မြန်မာနိုင်ငံကို ဖြတ်သန်း၍ အနောက်ဘက်ရှိ ပင်လယ်၊ သမုဒ္ဒရာနှင့် နိုင်ငံများကို ချိတ်ဆက်မည်ဖြစ်သည်။ မြန်မာနိုင်ငံအတွင်း စစ်မက်ဖြစ်ပွားနေခြင်းသည် တရုတ်၏ ကြီးမားသည့်အိပ်မက်တွင် အပါအ၀င်ဖြစ်သည့် အဆိုပါစီမံကိန်းများအတွက် အနှောင့်အယှက်အဟန့်အတားများ ဖြစ်စေသည်။

၃။ မြန်မာ့ငြိမ်းချမ်းရေးနှင့် တရုတ်၏ပါ၀င်ပတ်သက်မှုဖြစ်စဉ်

၂၀၀၉ နှင့် ၂၀၁၁ ခုနှစ်များ၌ ကိုးကန့်နှင့် ကချင်တို့တွင် တိုက်ပွဲများဖြစ်ပွားလာခြင်းက နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး သို့မဟုတ် ကိုယ်ကျိုးစီးပွားကို စောင့်ရှောက်ရန်လိုအပ်သည့် တရုတ်နိုင်ငံအနေနှင့် မြန်မာ့ငြိမ်းချမ်းရေးတွင် ပါ၀င်လာစေရန် အကြောင်းများ ဖြစ်လာစေသည်။

၂၀၁၁ ခုနှစ်၊ နို၀င်ဘာလတွင် အစိုးရနှင့် ကချင်(KIA/KIO) တို့ကို တရုတ်နိုင်ငံ ရွှေလီမြို့တွင် တွေ့ဆုံနိုင်စေရန် စီစဉ်ပေးခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် အခြားနိုင်ငံတနိုင်ငံ၏ အစိုးရနှင့် လက်နက်ကိုင်အဖွဲ့တို့၏ ဆွေးနွေးပွဲကို မိမိမြေပေါ်တွင် ပထမဆုံးအကြိမ်အဖြစ် တရား၀င် လက်ခံဆောင်ရွက်ပေးခြင်းလည်းဖြစ်ရာ တရုတ်နိုင်ငံ၏မူဝါဒအချိုးအကွေ့တခုဖြစ်သည်ဟု တရုတ်နိုင်ငံအရေးလေ့လာသူများက ထောက်ပြကြသည်။ လက်ရှိအချိန်အထိ အစိုးရနှင့် လက်နက်ကိုင်များအကြား အလွတ်သဘောဆွေးနွေးပွဲများစွာကို တရုတ်နိုင်ငံက လက်ခံကျင်းပပေးနေခဲ့သည်။

တရုတ်အနေနှင့် ၄င်း၏ မဟာစီမံကိန်းဖြစ်သည့် ခါးပတ်နှင့် လမ်းကြောင်းစီမံကိန်း(BRI) ကို ၂၀၁၃ ခုနှစ်တွင် မိတ်ဆက်ကြေညာခဲ့သည်။ ယင်းစီမံကိန်းတွင် မြန်မာနိုင်ငံသည်လည်း တစိတ်တပိုင်းပါ၀င်နေရာ မြန်မာ့ငြိမ်းချမ်းရေးကိစ္စသည်လည်း ၄င်းတို့အတွက် ပို၍အလေးထားစရာ ဖြစ်လာသည်။

၂၀၁၃ ခုနှစ်ထဲမှာပင် မြန်မာ့ငြိမ်းချမ်းရေးအတွင် အကျိုးဆောင်နေရာက ပါ၀င်လှုပ်ရှားမည့် အာရှရေးရာအထူးကိုယ်စားလှယ်နေရာကို ဖန်တီးလိုက်ကာ မစ္စတာ ၀မ်ယီဖန်း(Wang Yingfan)ကို ခန့်အပ်လိုက်သလို ကချင်(KIA/KIO)အဖွဲ့နှင့် မြန်မာအစိုးရတို့ကို တရုတ်နိုင်ငံ ရွှေလီမြို့တွင် တွေ့ဆုံစေခဲ့သည်။

၂၀၁၅ ခုနှစ်တွင် အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ ၀မ်ယီဖန်းနေရာကို သံတမန်ရေးရာကျွမ်းကျင်သည့် ဝါရင့်သံအမတ်ကြီးဟောင်း မစ္စတာ ဆွန်းကော်ရှန်(Sun Guoxiang)ဖြင့် အစားထိုးလဲလှယ်လိုက်သည်။

NLD အစိုးရလက်ထက်တွင် တရုတ်နိုင်ငံအနေနှင့် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပို၍ ထဲထဲ၀င်၀င် ၀င်ရောက်လာခဲ့သည်။ NCA လက်မှတ်မထိုးရသေးသည့် အဖွဲ့များကို လက်မှတ်ထိုးရန် တရုတ်နိုင်ငံအနေနှင့် မကြာခဏ တိုက်တွန်းစေ့ဆော်မှုများ ပြုလုပ်လျက်ရှိသလို ငြိမ်းချမ်းရေးညီလာခံတို့တွင် ၄င်းအဖွဲ့အစည်းများ တက်ရောက်နိုင်ရေးအတွက် ကမကထပြု ခေါ်ဆောင်ပေးခြင်း၊ အစိုးရနှင့် တွေ့ဆုံဆွေး‌နွေးပွဲများ ဖြစ်မြောက်လာစေရေးကို ပံ့ပိုးပေးခြင်းတို့ကို တွန်းတွန်းတိုက်တိုက် လုပ်ဆောင်လျက်ရှိသည်။ တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် တပ်မတော်အပါအ၀င် အစိုးရနှင့် မျက်နှာချင်းမဆိုင်လိုသည့် ကချင်(KIO)နှင့် မြောက်ပိုင်းလက်နက်ကိုင်အင်အားစုတို့ကို တရုတ်နိုင်ငံက ဖြောင်းဖျနိုင်ခဲ့ကာ ၂၀၁၇ နှင့် ၂၀၁၈ ခုနှစ်တို့အတွင်း ကျင်းပသည် ညီလာခံတို့အတွက် နေပြည်တော်သို့ ပို့ပေးနိုင်ခဲ့သည်။

အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ ဆွန်းကော်ရှန်အနေနှင့်လည်း အထူးသံတမန်အဖြစ် တာ၀န်ယူပြီးချိန်မှစ၍ မြန်မာပြည်သို့ မကြာခဏလာရောက်ကာ နိုင်ငံတော်အတိုင်ပင်ခံ၊ ကာကွယ်ရေးဦးစီးချုပ်အပါအ၀င် အစိုးရတာ၀န်ရှိသူများနှင့် တွေ့ဆုံလျက်ရှိသလို နယ်စပ်ဒေသရှိ တိုင်းရင်းသားအဖွဲ့အည်းများနှင့်လည်း မကြာခဏပင် တွေ၌ဆုံလျက်ရှိသည်။  မြန်မာ့ငြိမ်းချမ်းရေးအတွက်ဆိုလျှင် မည်သည့်အရာကိုမဆို ကူညီသွားမည်ဟူ၍ တရုတ်အစိုးရတာ၀န်ရှိသူများ၊ ခေါင်းဆောင်များက ပြောကြားထားသည်။

တရုတ်နိုင်ငံအနေနှင့် မြန်မာ့ငြိမ်းချမ်းရေးတွင် ပါ၀င်ကူညီနေသည်ဟုဆိုသော်လည်း အလုံးစုံငြိမ်းချမ်းရေး သို့မဟုတ် နိုင်ငံရေးပြဿနာများ ပြေလည်သွားရေးထက် လက်နက်ကိုင်အင်အားစုများအကြား အပစ်အခတ်များ ဖြစ်ပွားမနေရေးကိုသာ ဦးတည်ပုံရသည်။ တရုတ်နိုင်ငံအနေနှင့် မြန်မာနိုင်ငံအပေါ်ထားရှိသည့် သဘောထားမှာ မီးစတစ်ဖက်၊ ရေမှုတ်တစ်ဖက် လေ့လာသုံးသပ်သူများက ရှုမြင်ကြသည်။ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်ကို ကူညီနေသည်ဟုဆိုသော်လည်း အခြားတစ်ဘက်တွင် ငြိမ်းချမ်းရေးဖြစ်စဉ်ကို အသုံးချ၍ ၄င်း၏အကျိုးစီးပွားကို ဖော်ဆောင်လိုမှုကို ထောက်ပြကြသည်။ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက်၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အစိုးရ၊ တပ်မတော်တို့အကြား ကြား၀င်စေ့စပ်သူအဖြစ်ပါ၀င်နေသော်လည်း မည်သူက မှန်သည်၊ မည်သည့်ဘက်က မှားသည်ဟူ၍ ဆုံးဖြတ်ပေးသည့် ဒိုင်လူကြီးတစ်ဦးအဖြစ် ပါ၀င်ခြင်းမျိုးမဟုတ်ကြောင်း ၂၀၁၇ ခုနှစ်က ကူမင်းမြို့တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံစဉ် အာရှရေးရာအထူးကိုယ်စားလှယ်က ပြောကြားခဲ့သည်။

၄။ ပြည်ထောင်စုငြိမ်းချမ်ရေးညီလာခံနှင့် တရုတ်နိုင်ငံ၏အခန်းကဏ္ဍ

(က) ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ

သမ္မတ ဦးသိန်းစိန်အစိုးရ သက်တမ်းကုန်ဆုံးခါနီး၊ ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ပထမဆုံးအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို ကျင်းပသည်။ အဆိုပါ ညီလာခံသည် မည်ကာမတ္တသဘောဆောင်ပြီး ဆုံးဖြတ်ချက်များကို ချမှတ်နိုင်ခဲ့ခြင်း မရှိပေ။ NCA စာချုပ်ပါ ပြဌာန်းလမ်းညွှန်ချက်များကို လိုက်နာ အကောင်အထည်ဖော်ဆောင်သည့်အနေဖြင့် ညီလာခံကို ခေါ်ယူခဲ့ခြင်းသာ ဖြစ်သည်။

ညီလာခံသို့ NCA လက်မှတ်ထိုးထားသည့် အဖွဲ့ ၈ ဖွဲ့သာ တက်ရောက်နိုင်ခဲ့သည်။ အိန္ဒိယနယ်စပ်အခြေစိုက် နာဂ(NSCN-K) အဖွဲ့က လေ့လာသူအဖြစ် တက်ရောက်ခဲ့သည်။

(ခ) ဒုတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစု-ပင်လုံ အစည်းအဝေး)

NLD အစိုးရတက်လာပြီး ၆ လအကြာ၌ ဒုတိယအကြိမ်အဖြစ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့တွင် ကျင်းပသည်။ မြန်မာနိုင်ငံလွတ်လပ်ရေးမရမီ၊ ၁၉၄၇ ခုနှစ်က ခေတ်သစ်မြန်မာနိုင်ငံကို ထူထောင်ရေး ပြုလုပ်ခဲ့သည့် ရှမ်းပြည်နယ်၊ ပင်လုံညီလာခံကို အမွေဆက်ခံသည့်သဘောဖြင့် ညီလာခံကို ၂၁ ရာစု-ပင်လုံဟူ၍လည်း အစိုးရက အမည်ပေးခဲ့သည်။

ငြိမ်းချမ်းရေးဖြစ်န္ဒိတွင်ပါ၀င်ခွင့်မှ ငြင်းပယ်ခံထားရသည့် မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ဖြစ်သည့် ရခိုင်(AA)၊ တအန်း(TNLA) နှင့် ကိုးကန့်(MNDAA) တို့မှလွဲ၍ လက်မှတ်မထိုးရသေးသည့် အခြားအဖွဲ့အစည်းများသည် အစိုးရသစ်၏ ညီလာခံသို့ တက်ရောက်ခဲ့ကြသည်။ သို့သော် ဖိတ်ကြားရေး၊ ဧည့်ခံကြိုဆိုရေးနှင့် နေရာချထားရေး စသည့်ပြဿနာအချို့ပေါ်ပေါက်ခဲ့ရာ အဆိုပါအဖွဲ့များအနေနှင့် ညီလာခံပြီးဆုံးသည်အထိ မနေခဲ့ကြပေ။

တရုတ်နယ်စပ်ရှိ လက်မှတ်မထိုးရသေးသည့် အဖွဲ့အစည်းများက မတက်ရောက်ခဲ့ပေ။ ညီလာခံပြုလုပ်နိုင်မှုကို ချီးကျူးကြောင်း တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဌာနက ထုတ်ဖော်ပြောဆိုခဲ့သလို ညီလာခံသို့ လည်း မစ္စတာ စွန်းဂေါ်ရှန်း တက်ရောက်ခဲ့သည်။

(ဂ) တတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁ ရာစု-ပင်လုံ ဒုတိယအစည်းအဝေး)

၂၀၁၇ ခုနှစ် မေလ ၂၄ ရက်နေ့တွင် တတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ သို့မဟုတ်  ၂၁ ရာစု-ပင်လုံ ဒုတိယအစည်းအဝေးကို ကျင်းပသည်။

ကချင်နှင့် ၀ တို့အပါအ၀င် လက်မှတ်မထိုးရသေးသည့် မြောက်ပိုင်းအွဲ့အစည်းများက အစည်းအဝေးတက်ရောက်ရန် ကနဦးတွင် ငြင်းပယ်ခဲ့သည်။ အစည်းအဝေးမကျင်းပမီ ရက်ပိုင်းအလိုတွင် မစ္စတာ စွန်းဂေါ်ရှန်းက အဆိုပါအဖွဲ့ခေါင်းဆောင်များကို တရုတ်နိုင်ငံ၊ ယူန်ပြည်နယ်၊ ကူမင်းမြို့သို့ ဖိတ်ကြားကာ တွေ့ဆုံဆွေးနွေးခဲ့သလို ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် မြန်မာအစိုးရတာ၀န်ရှိသူများနှင့်လည်း နေပြည်တောင်တွင် တွေ့ဆုံခဲ့သည်။

ယင်းနောက်တွင် ‌မြောက်ပိုင်းအဖွဲ့များအနေနှင့် ကူမင်းမြို့မှတဆင့် တရုတ်အစိုးရလေယာဉ်ဖြင့် နေပြည်တော်သို့ လာရောက်ခဲ့ကြပြီး အစည်းအဝေးတက်ရောက်ခဲ့ကြသည်။ အဆိုပါ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့အစည်းများ၏ လုံခြုံရေးကိစ္စကိုပါ တရုတ်နိုင်ငံကပင် တာ၀န်ယူခဲ့ခြင်း ဖြစ်သည်။

(ဃ) စတုတ္ထအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁ ရာစု-ပင်လုံ တတိယအစည်းအဝေး)

၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့တွင် စတုတ္ထအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁ ရာစု-ပင်လုံ တတိယအစည်းအဝေး) ကို ကျင်းပသည်။

၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက မွန်(NMSP)နှင့် လားဟူ(LDU) တို့က NCA တွင် လက်မှတ်ထိုးခဲ့ကြရာ လက်မှတ်ထိုးပြီးသည့် အဖွဲ့ ၁၀ ဖွဲ့ ရှိလာပြီ ဖြစ်သည်။

ညီလာခံကို တက်ရောက်ရန် လက်မှတ်မထိုးရေးသည့် မြောက်ပိုင်းအဖွဲ့များကို အစိုးရဘက်ကလည်း ဖိတ်ကြားခဲ့သလို တရုတ်အစိုးရဘက်ကလည်း ယခင်ကဲ့သို့ပင် ကြား၀င်စေ့စပ်ပေးခဲ့သည်။ ယင်းအဖွဲ့များကို နေပြည်တော်သို့ တရုတ်နိုင်ငံမှတဆင့် လေယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့သလို လုံခြုံရေးကိုလည်း တာ၀န်ယူပေးခဲ့သည်။

၅။ NCA လက်မှတ်ရေး ထိုးထားသည့်အဖွဲ့များ

၁။ ချင်းအမျိုးသားတပ်ဦး(CNF)

၂။ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)

၃။ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)

၄။ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)

၅။ ကရင်အမျိုးသားအစည်းအရုံး(KNU)

၆။ ကရင်အမျိုးသား အစည်းအရုံး၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) (KNU/KNLA)(PC)

၇။ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)

၈။ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)

၉။ မွန်ပြည်သစ်ပါတီ(NMSP)

၁၀။ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)

၆။ NCA လက်မှတ်မထိုးရသေးသည့် အဖွဲ့များ

၁။ ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)

၂။ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် – မိုင်းလားတပ်ဖွဲ့(NDAA)

၃။ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)

၄။ ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)

၅။ မြန်မာအမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော်-ကိုးကန့်တပ်ဖွဲ့(MNDAA)

၆။ တအန်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊

၇။ ရက္ခိုင့်တပ်မတော်(AA)

၈။ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ(KNPP)

၉။ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ(NSCN-K)

၁၀။ ရခိုင်အမျိုးသားကောင်စီ(ANC)

The post တရုတ်နိုင်ငံနှင့် မြန်မာ့ငြိမ်းချမ်းရေး appeared first on ISP Myanmar China Desk.