တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေး ကဏ္ဍအသီးသီးတွင် သက်ရောက်လွှမ်းမိုးနိုင်မှု များစွာရှိသည်။ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်ကို လေ့လာရာတွင် တရုတ်နိုင်ငံ၏အခန်းကဏ္ဍကို ချန်လှပ်ထား၍ မရနိုင်ပါ။ ထို့အတူ တရုတ်နိုင်ငံမှ တိုက်တွန်းနှိုးဆော်လျက်ရှိသော ခါးပတ်တစ်ကွင်း လမ်းတစ်စင်းအဆိုပြုချက်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံလမ်း စီမံကိန်းများကို အကောင်အထည်ဖော်ရန် စိုင်းပြင်းနေချိန်ဖြစ်ပါသည်။ ထိုစီမံကိန်းသည် မြန်မာနိုင်ငံလူဦးရေ၏ ၆၆ ရာခိုင်နှုန်းကျော်ရှိသော ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ နေပြည်တော်ကောင်စီ၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်တို့ကို ဖြတ်သန်းသွားမည် ဖြစ်သည်။ ရထားလမ်း၊ ကားလမ်းများ၊ စက်မှုဇုံများ၊ ဆိပ်ကမ်းများ ပါဝင်သော ထိုစီမံကိန်းများသည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုများ၊ ငြိမ်းချမ်းရေးဖြစ်စဉ်များနှင့် များစွာဆက်စပ်နေသလို ဒေသခံပြည်သူလူထု၏ နေ့စဉ်လူမှုဘဝများအပေါ်တွင် များစွာသက်ရောက်မှုများ ရှိလာမည်။ သို့ဖြစ်ရာ မြစ်ဆုံဆည်အရေး၊ မူဆယ်-မန္တလေးရထားလမ်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း၊ ရန်ကုန်မြို့သစ်စီမံကိန်း အစရှိသည့် ပမာဏကြီးမားပြီး မြန်မာနိုင်ငံ၏ ပြည်တွင်းရေး၊ နိုင်ငံခြားဆက်ဆံရေး၊ လူမှုစီးပွားရေး ကဏ္ဍများအပေါ်တွင် သက်ရောက်မှုများနိုင်သော စီမံကိန်းများ၊ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တရုတ်နိုင်ငံ၏ ပါဝင်မှုများနှင့် အလေးပေးသင့်သည်ဟု ယူဆသည့် အကြောင်းအရာများအား အထူးကဏ္ဍတရပ်အနေဖြင့် ဖော်ပြသွားမည်ဖြစ်ပါသည်။
EconomicBRICMECမြန်မာနိုင်ငံ၏ လျှပ်စစ်စွမ်းအင်ကဏ္ဍတွင်တရုတ်၏ပါဝင်မှု(Published on October 9, 2020) မြန်မာနိုင်ငံသည် အာဆီယံ နိုင်ငံများထဲတွင် လျှပ်စစ်စွမ်းအင်ရရှိမှု အနည်းဆုံးဖြစ်သည်။ လူဦးရေ ၅၅ သန်းနီးပါးရှိသော မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်အထိ တနိုင်ငံလုံးရှိအိမ်ထောင်စုဦးရေ၏ ၅၄ ရာခိုင်နှုန်းသာ နိုင်ငံမှဖြန့်ဖြူးသော ဓာတ်အားလိုင်းနှင့် ချိတ်ဆက်သုံးစွဲခွင့်ရနေသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက် အကူပြုစေရန်အတွက် စီးပွားရေးလုပ်ငန်းများအား လျှပ်စစ်စွမ်းအင် လုံလောက်စွာပေးနိုင်ရေးအတွက် အမေရိကန်ဒေါ်လာ ၂ ဘီလီယံခန့် နှစ်စဉ် သုံးစွဲရန်လိုအပ်မည်ဟု ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားသည်။ Read more... Updated On August 2, 2022
EconomicBRIကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်း(Published on July 4, 2019) ကျောက်ဖြူရေနက်ဆိပ်ကမ်းသည် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင်တည်ရှိသည်။ မြန်မာနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းတွင်ရှိပြီး ဘင်္ဂလားပင်လယ်အော်ကို Read more... Updated On December 20, 2022
PoliticCMECEconomicSecurityDiplomacySoft powerBRIတရုတ် ဒစ်ဂျစ်တယ် ပိုးလမ်းမစီမံကိန်းနှင့် မြန်မာနိုင်ငံ(Published on November 19, 2020) ရပ်ဝန်းလမ်းကြောင်း အစီအမံ(BRI) ၏ အစိတ်အပိုင်းဖြစ်သည့် ဒစ်ဂျစ်တယ်ပိုးလမ်းမ (Digital Silk Road – DSR)ကို ၂၀၁၅ ခုနှစ်တွင် တရုတ်အစိုးရက တရားဝင် မိတ်ဆက်ခဲ့သည်။ ဒစ်ဂျစ်တယ် ပိုးလမ်းမကြီးသည် စတုတ္ထ စက်မှုတော်လှန်ရေးတွင် တရုတ်၏ ဦးဆောင်မှုကဏ္ဍနှင့် တရုတ်၏ စံချိန်စံညွှန်းများကို ကမ္ဘာ့နိုင်ငံများအကြားတွင် မြှင့်တင်ရန်လည်း ဖြစ်သည်။ ဘေဂျင်းက ကမ္ဘာ့နည်းပညာရေးရာ ကဏ္ဍတွင် ဦးဆောင်သူ တဦးအဖြစ် ရပ်တည်ရန် ရည်ရွယ်သည့် “တရုတ် စံချိန်စံညွှန်းများ ၂၀၃၅ ခုနှစ်”ဆိုသည့် စက္ကူဖြူစာတမ်းကို ထုတ်ဝေခဲ့သည်။ ထိုစာတမ်းတွင် DSR ၏ အဓိက မူဘောင်မှာ “သတင်းအချက်အလက် ပိုးလမ်းမကြီး”အကောင်အထည်ဖော်ရန် ဖြစ်သည်ဟု ဖော်ပြခဲ့သည်။ Read more... Updated On July 9, 2021
EconomicBRICMECတရုတ်-မြန်မာစီးပွားရေးစင်္ကြံ(Published on December 10, 2019) တရုတ်-မြန်မာစီးပွားရေးစင်္ကြံသည် တရုတ်သမ္မတ ရှီကျင့်ဖျင်က၂၀၁၃ ခုနှစ်တွင် ကြေညာခဲ့သည့် ရည်မှန်းချက်ကြီးမားပြီး မဟာဗျူဟာကျသော ခါးပတ်တစ်ကွင်းလမ်းတစ်စင်း(BRI) အစီအမံ၏ အစိတ်အပိုင်းဖြစ်သည်။ ခါးပတ်တစ်ကွင်းလမ်းတစ်စင်း အစီအမံမှာ စီးပွားရေး၊ ရင်းနှီးမြုပ်နှံမှုနှင့်သက်ဆိုင်သော အခြေခံအဆောက်အအုံများ၊ စက်မှုဇုန်ကြီးများ၊ လမ်းမများ၊ မီးရထားလမ်းများ၊ ရေနက်ဆိပ်ကမ်းများကို တည်ဆောက်ပြီး ရေလမ်း၊ ကုန်လမ်းများဖြင့်ချိတ်ဆက်ကာ နိုင်ငံပေါင်း ၇၀ နီးပါး ပါဝင်လာရန် Read more... Updated On July 6, 2021
EconomicSecurityBRICMECရွှေကုက္ကိုစီမံကိန်း(Published on May 11, 2020) ရွှေကုက္ကို နိုင်ငံတကာအဆင့်မီ မြို့သစ်စီမံကိန်းသည် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့၏ မြောက်ဘက်ဆယ်မိုင်အကွာ(၁၅ ကီလိုမီတာခန့်)အကွာတွင် အကောင်အထည်ဖော်နေသော စီမံကိန်းတခုဖြစ်သည်။ ရွှေကုက္ကိုမြိုင်မြို့သစ်စီမံကိန်းသည် ကရင်ပြည်နယ်၏ China Town ဟု Read more... Updated On June 29, 2021
EconomicBRICMECမြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်စီမံကိန်း(ချင်းရွှေဟော်-လင်ချမ်း နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်)(Published on August 24, 2020) ချင်းရွှေဟော်နယ်စပ်ဂိတ်သည် နှစ်နိုင်ငံအကြားတွင် ဒုတိယအကြီးဆုံးကုန်သွယ်ဂိတ်ဖြစ်သည်။ ယခု တည်ဆောက်ရန်ပြင်ဆင်နေသည့် ချင်းရွှေဟော် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်သည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လောက်ကိုင်မြို့နယ်အတွင်းမှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ဘက်ခြမ်းရှိ မန်တိန့် နယ်စပ်ဂိတ်တည်ရှိရာ၊ လင်ချမ်းမြို့သို့ ချိတ်ဆက်သွားမည် Read more... Updated On June 29, 2021