ISP China Desk

ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်း

(Published on July 4, 2019) ကျောက်ဖြူရေနက်ဆိပ်ကမ်းသည် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင်တည်ရှိသည်။ မြန်မာနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းတွင်ရှိပြီး ဘင်္ဂလားပင်လယ်အော်ကို Read more...

မြန်မာနိုင်ငံ၏ လျှပ်စစ်စွမ်းအင်ကဏ္ဍတွင်တရုတ်၏ပါဝင်မှု

(Published on October 9, 2020) မြန်မာနိုင်ငံသည် အာဆီယံ နိုင်ငံများထဲတွင် လျှပ်စစ်စွမ်းအင်ရရှိမှု အနည်းဆုံးဖြစ်သည်။ လူဦးရေ ၅၅ သန်းနီးပါးရှိသော မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်အထိ တနိုင်ငံလုံးရှိအိမ်ထောင်စုဦးရေ၏ ၅၄ ရာခိုင်နှုန်းသာ နိုင်ငံမှဖြန့်ဖြူးသော ဓာတ်အားလိုင်းနှင့် ချိတ်ဆက်သုံးစွဲခွင့်ရနေသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက် အကူပြုစေရန်အတွက် စီးပွားရေးလုပ်ငန်းများအား လျှပ်စစ်စွမ်းအင် လုံလောက်စွာပေးနိုင်ရေးအတွက် အမေရိကန်ဒေါ်လာ ၂ ဘီလီယံခန့် နှစ်စဉ် သုံးစွဲရန်လိုအပ်မည်ဟု ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားသည်။ Read more...

တရုတ် ဒစ်ဂျစ်တယ် ပိုးလမ်းမစီမံကိန်းနှင့် မြန်မာနိုင်ငံ

(Published on November 19, 2020) ရပ်ဝန်းလမ်းကြောင်း အစီအမံ(BRI) ၏ အစိတ်အပိုင်းဖြစ်သည့် ဒစ်ဂျစ်တယ်ပိုးလမ်းမ (Digital Silk Road – DSR)ကို ၂၀၁၅ ခုနှစ်တွင် တရုတ်အစိုးရက တရားဝင် မိတ်ဆက်ခဲ့သည်။ ဒစ်ဂျစ်တယ် ပိုးလမ်းမကြီးသည် စတုတ္ထ စက်မှုတော်လှန်ရေးတွင် တရုတ်၏ ဦးဆောင်မှုကဏ္ဍနှင့် တရုတ်၏ စံချိန်စံညွှန်းများကို ကမ္ဘာ့နိုင်ငံများအကြားတွင် မြှင့်တင်ရန်လည်း ဖြစ်သည်။ ဘေဂျင်းက ကမ္ဘာ့နည်းပညာရေးရာ ကဏ္ဍတွင် ဦးဆောင်သူ တဦးအဖြစ် ရပ်တည်ရန် ရည်ရွယ်သည့် “တရုတ် စံချိန်စံညွှန်းများ ၂၀၃၅ ခုနှစ်”ဆိုသည့် စက္ကူဖြူစာတမ်းကို ထုတ်ဝေခဲ့သည်။ ထိုစာတမ်းတွင် DSR ၏ အဓိက မူဘောင်မှာ “သတင်းအချက်အလက် Read more...

တရုတ်-မြန်မာစီးပွားရေးစင်္ကြံ

(Published on December 10, 2019) တရုတ်-မြန်မာစီးပွားရေးစင်္ကြံသည် တရုတ်သမ္မတ ရှီကျင့်ဖျင်က၂၀၁၃ ခုနှစ်တွင် ကြေညာခဲ့သည့် ရည်မှန်းချက်ကြီးမားပြီး မဟာဗျူဟာကျသော ခါးပတ်တစ်ကွင်းလမ်းတစ်စင်း(BRI) အစီအမံ၏ အစိတ်အပိုင်းဖြစ်သည်။ ခါးပတ်တစ်ကွင်းလမ်းတစ်စင်း အစီအမံမှာ စီးပွားရေး၊ ရင်းနှီးမြုပ်နှံမှုနှင့်သက်ဆိုင်သော အခြေခံအဆောက်အအုံများ၊ စက်မှုဇုန်ကြီးများ၊ လမ်းမများ၊ မီးရထားလမ်းများ၊ ရေနက်ဆိပ်ကမ်းများကို တည်ဆောက်ပြီး ရေလမ်း၊ ကုန်လမ်းများဖြင့်ချိတ်ဆက်ကာ နိုင်ငံပေါင်း ၇၀ နီးပါး ပါဝင်လာရန် Read more...

ရွှေကုက္ကိုစီမံကိန်း

(Published on May 11, 2020) ရွှေကုက္ကို နိုင်ငံတကာအဆင့်မီ မြို့သစ်စီမံကိန်းသည် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့၏ မြောက်ဘက်ဆယ်မိုင်အကွာ(၁၅ ကီလိုမီတာခန့်)အကွာတွင် အကောင်အထည်ဖော်နေသော စီမံကိန်းတခုဖြစ်သည်။ ရွှေကုက္ကိုမြိုင်မြို့သစ်စီမံကိန်းသည် ကရင်ပြည်နယ်၏ China Town ဟု Read more...

မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်စီမံကိန်း
(ချင်းရွှေဟော်-လင်ချမ်း နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်)

(Published on August 24, 2020) ချင်းရွှေဟော်နယ်စပ်ဂိတ်သည် နှစ်နိုင်ငံအကြားတွင် ဒုတိယအကြီးဆုံးကုန်သွယ်ဂိတ်ဖြစ်သည်။ ယခု တည်ဆောက်ရန်ပြင်ဆင်နေသည့် ချင်းရွှေဟော် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်သည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လောက်ကိုင်မြို့နယ်အတွင်းမှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ဘက်ခြမ်းရှိ မန်တိန့် နယ်စပ်ဂိတ်တည်ရှိရာ၊ လင်ချမ်းမြို့သို့ ချိတ်ဆက်သွားမည် Read more...

မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်စီမံကိန်း
(ကန်ပိုက်တီ-ထိန်ချုံး နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်)

(Published on August 24, 2020) ကန်ပိုက်တီ နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်၏ အဓိကအစိတ်အပိုင်းဖြစ်သော ကန်ပိုက်တီ စီးပွားရေးနယ်မြေစီမံကိန်းကို အကောင်အထည်ဖော်ရန် အဆိုပြုချက်ကို ကချင်ပြည်နယ် လွှတ်တော်က ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် အတည်ပြုခဲ့သည်။ ထို့အပြင် ကချင်ပြည်နယ်အစိုးရက မြန်မာဟိန်ယ ရင်းနှီးမြှုပ်နှံမှုဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက်နှင့် စီမံကိန်း အကောင်အထည်ဖော်ရေးသဘောတူညီမှု နားလည်မှုစာချွန်လွှာကို ၂၀၂၀ ခုနှစ် မတ်လ ၄ ရက်နေ့ တွင် Read more...

မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်စီမံကိန်း
(မူဆယ်-ရွှေလီ နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်)

(Published on August 25, 2020) မူဆယ်(ဟိုဆောင်)- ရွှေလီ(ကျယ်ဂေါင်) နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်တွင် နိုင်ငံတကာ စီးပွားရေးပင်မဇုန် (Core Zone)၊ ပို့ကုန်ထုတ်လုပ်မှုဇုန်နှင့် ကုန်လှောင်ရုံဇုန်များ ၊ သွင်းကုန်ထုတ်လုပ်မှုဇုံနှင့် ကုန်လှောင်ရုံဇုန်များ Read more...

တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း

(Published on December 6, 2019) တရုတ်- မြန်မာနှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းသည် မြန်မာနိုင်ငံ၏ ရခိုင်ပြည်နယ် အနောက်ဘက်ကမ်းရိုးတန်းမှ အရှေ့မြောက် ရှမ်းပြည်နယ်ကတဆင့် တရုတ်နိုင်ငံ၏ အနောက်ဘက်ပြည်နယ်များအထိ ဆက်သွယ်ထားသော စီမံကိန်းကြီးဖြစ်သည်။ တရုတ်နှင့် မြန်မာ နှစ်နိုင်ငံအတွင်း စုစုပေါင်း ကီလိုမီတာ ၂၅၂၀(မိုင် ၁၅၀၀ ကျော်) ရှည်လျားသော အဆိုပါပိုက်လိုင်းများစီမံကိန်းသည် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးမှုအနောက်ကျဆုံးဖြစ်သည့် အနောက်တောင်ဘက်ဒေသ၏ စွမ်းအင်လိုအပ်ချက်များကို Read more...

ရန်ကုန်မြို့သစ်စီမံကိန်း

(Published on July 3, 2020) မြို့သစ်တွင် စက်မှုဇုန်များ၊ အဆင့်မြင့်အိမ်ရာများ၊ အပန်းဖြေအိမ်ရာများ၊ ဈေးဝယ်စင်တာ များ၊ မြို့တွင်း ပြေးဆွဲမည့် အမြန်ရထား၊ ဘတ်စ်ကား ဆက်သွယ်ရေးလမ်းကြောင်းများ စသည့် မြို့တမြို့၏အင်္ဂါရပ်များ အစုံအလင်ထည့်သွင်းတည်ဆောက်ရန် စီမံထားသည့် နည်းပညာသုံး စက်မှုမြို့သစ် စီမံကိန်းအဖြစ် အကောင်အထည်ဖော်ရန် Read more...

မြစ်ဆုံဆည်စီမံကိန်း

(Published on July 3, 2019) ဧရာဝတီမြစ်ဖျားဒေသရှိ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းသည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့အနီး ၃၇ ကီလိုမီတာ အကွာတွင် တည်ရှိသည်။ မြန်မာနိုင်ငံ၏ အဓိကမြစ်တစ်ခုဖြစ်သော ဧရာဝတီမြစ် စတင်မြစ်ဖျားခံရာ အင်မိုင်ခ(မေခ)နှင့် မလိခ တို့ပေါင်းဆုံရာ မြစ်ဆုံနေရာနှင့် မြစ်လက်တက်များပေါ်တွင် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၂၁၆၀၀ နီးပါး ထုတ်လုပ်နိုင်မည့် ရေကာတာ(ဆည်) ၇ ခုကို တည်ဆောက်အကောင်အထည်ဖော်မည့် Read more...

တရုတ်-မြန်မာ ဧရာဝတီမြစ်စီးပွားရေးရပ်ဝန်း (သို့) ရေကြောင်းခါးပတ်လမ်းစီမံကိန်း

(Published on February 19, 2020) ‘တရုတ်-မြန်မာ ဧရာဝတီမြစ်စီးပွားရေးရပ်ဝန်း’ သို့မဟုတ် ‘တရုတ်-မြန်မာ ရေကြောင်းခါးပတ်လမ်း’ စီမံကိန်းသည် အိန္ဒိယသမုဒ္ဒရာကို ပိုင်ဆိုင်ရန်ကြိုးပမ်းသည့် တရုတ်၏ စီမံကိန်းများအနက်မှ တစ်ခုဖြစ်သည်။ ဘေဂျင်းက ကျောထောက်နောက်ခံပြုပေးထားပြီး ယူနန်ပြည်နယ်မှ တာဝန်ယူအကောင်အထည်ဖော်ရန် စီမံထားသော စီမံကိန်းလည်း Read more...

မူဆယ်-မန္တလေး မီးရထားလမ်း

(Published on August 16, 2019) မူဆယ်-မန္တလေး မီးရထားလမ်းသည် တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှ မြန်မာနိုင်ငံအလယ်ပိုင်းရှိ ကုန်သွယ်ရေးအချက်အချာဖြစ်သော မန္တလေးမြို့ကို ချိတ်ဆက်ဖောက်လုပ်မည့် အမြန်ရထားလမ်းဖြစ်သည်။ ထိုစီမံကိန်းသည် တရုတ်နိုင်ငံမှ အဆိုပြုထားသော တရုတ်-မြန်မာစီးပွားရေးစင်္ကြံလမ်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ တရုတ်-မြန်မာစီးပွားရေး စင်္ကြံလမ်းသည် မြန်မာနိုင်ငံ အနောက်ဘက်ကမ်းရိုးတမ်းရှိ ကျောက်ဖြူမြို့၊ စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်မြို့တို့နှင့် မူဆယ်မြို့အား မန္တလေး မြို့မှတဆင့် အမြန်ရထားလမ်းများ၊ ကာားလမ်းများ၊ Read more...

မြစ်ကြီးနားစီးပွားဖွံ့ဖြိုးတိုးတက်ရေးဇုန် (သို့မဟုတ်) နန်ကျင် စီးပွားရေးစက်မှုဇုန် စီမံကိန်း

(Published on September 11, 2020) မြစ်ကြီးနားစီးပွားဖွံ့ဖြိုးတိုးတက်ရေးဇုန် (သို့မဟုတ်) နန်ကျင် စီးပွားရေးစက်မှုဇုန် စီမံကိန်းသည် မြစ်ကြီးနားမြို့၏ အနောက်မြောက်ဘက် နန်ကျင်ရွာနှင့် ၁၀ ကီလိုမီတာခန့် အကွာအဝေးရှိ နန့်ကွေ့ချောင်းအနီး၊ လီဒိုလမ်းမကြီးပေါ် မြေဧက ၄,၇၀၀ ကျော်တွင် တည်ဆောက်ရန် လျာထားသည့် ဘက်စုံစီးပွားရေးဇုန်များ ပါဝင်မည့် Read more...